Home Blog Page 759
0
(၁) Lycurgus ခွက်
(၂) အခမဲ့ စွမ်းအင်
(၄)မကွဲတဲ့ ဖန်ခွက်
(၅) ဂရိ မီး
Unicode
တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့တဲ့ အံ့သြစရာရှေးခေတ်တီထွင်မှု(၆)မျိုး
ရှေးခေတ်အချိန်တုန်းက ဗဟုသုတများစွာနဲ့  လေ့လာမှုပေါင်းများစွာကို သင်ယူချင်သူများထံအရောက်ပို့ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ သူတို့လေ့လာသိရှိခဲ့တာကို နောက်မျိုးဆက်တွေအတွက် လက်ဆင့်မကမ်းခဲ့နိုင်ဘူးဆိုရင် တီထွင်မှု စည်းမျဉ်းတွေ ထာဝရပျောက်ကွယ်သွားနိုင်တယ်။ လူတွေသိပ်မသိခဲ့တဲ့ ရှေးခေတ်က အံ့သြစရာတီထွင်မျိုး (၆)မျိုးကို စာဖတ်သူများ ဗဟုသုတရစေရန် ပြန်လည်လက်ဆင့်ကမ်းပေးလိုက်ပါတယ်။
(၁) Lycurgus ခွက်
ဒီရှေးခေတ် ရိုမန်ခွက်ကို Lycurgus ဘုရင်ကြီး ရေးဆွဲခဲ့တာဖြစ်ပြီး သူ့ခွက်မှာ စိတ်ဝင်စားစရာ သွင်ပြင်လက္ခဏာတစ်ခုရှိခဲ့တယ်။အပြင်အလင်းရောင်နဲ့ ခွက်ထဲထည့်တဲ့ အရည်ပေါ်မူတည်ပြီး ခွက်အရောင်ကပြောင်းလဲသွားပါတယ်။ ဥပမာ အရိပ်ထဲမှာဆို ခွက်ကအစိမ်းရောင်ဖြစ်နေပေမယ့် အလင်းရောင်ရှိတဲ့နေရာ ရွေ့လိုက်ရင် ခွက်ကအနီရောင်ပြောင်းသွားတယ်။ ခွက်ထဲရေထည့်လိုက်မယ်ဆိုရင် ခွက်အပြာရောင်ဖြစ်သွားတယ်။ ဆီထည့်မယ်ဆို နီဝါရောင်ဖြစ်သွားပါတယ်။သိပံပညာရှင်တွေကတော့ ဒီခွက်ဟာ အဖျော်ယာမကာအတွက်တီထွင်ခဲ့တယ်လို့ ခန့်မှန်းပါတယ်။ သေးငယ်တဲ့ ငွေမှုန်၊ ရွှေမှုန်လေးတွေနဲ့ ခွက်ကိုပြုလုပ်ထားတာပါ။ ရှေးခေတ်လူတွေက အလွန်အသေးစိတ်ဆန်ပြီး လက်ရာသေသပ်လွန်းတာကြောင့်ဒီခေတ်မှာဆို ဘယ်သူမှဒီလိုလက်ရာမျိုးလုပ်နိုင်မှာမဟုတ်ပါဘူး။
(၂) အခမဲ့ စွမ်းအင်
Nikola Tesla ဆိုတာ အရမ်းထူးချွန်တဲ့ တီထွင်သူဖြစ်ပြီး အံ့သြစရာကောင်းတဲ့အရာများစွာကို ဒီဇိုင်းဖန်တီးခဲ့သူဖြစ်ပါတယ်။ ၁၉၀၁ခုနှစ်မှာ Wardenclyffe Tower ကို တည်ဆောက်ခဲ့ပြီး တစ်ကမ္ဘာလုံးက မည်သူ့နေရာမှာနေထိုင်သူမဆို စွမ်းအင်တွေရရှိအောင် ပြုလုပ်ပေးခဲ့တယ်။ ကံမကောင်းချင်တော့  Tesla ရဲ့ဓာတ်ခွဲခန်းငွေ လုံလောက်မှုမရှိတော့တာကြောင့် တာဝါကိုမကြာမီဖျက်သိမ်းလိုက်ရပါတယ်။ သူသေဆုံးပြီးနောက် သူ့တီထွင်မှုအချို့တစ်ဝက်သာ သိမ်းယူနိုင်ခဲ့ပြီး အခြားအစိတ်အပိုင်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။
(၃)ထူးခြားတဲ့ မြေအောက်နေရာ
Hypogeum of Hal-Saflieni ဆိုတာ ရှေးခေတ်တုန်းက မြေအောက်ပုန်းခိုတဲ့နေရာလို့ လူသိများခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းက ” The Oracle Chamber ” ပဲဖြစ်ပါတယ်။ သူက စူးရှလေးနက်တဲ့ယောကျ်ားအသံကလွဲရင် အခြားဘာအသံမှ အဲ့ဒီ်မှာ ပဲ့တင်မထပ်ဘူးလို့ သိရပါတယ်။ သိပံပညာရှင်တွေကတော့ရှေးခေတ်ကလူတွေ ထူးဆန်းစွာဘယ်လိုတီထွင်ခဲ့လဲဆိုတာကို ယနေ့ချိန်ထိလေ့လာနေဆဲပါပဲ။
(၄)မကွဲတဲ့ ဖန်ခွက်
ဘီစီ၁၄ နဲ့ ဘီစီ ၃၇ ကြားတုန်းက မကွဲတဲ့ဖန်ခွက်ဆိုပြီး လူ့အသိုင်းဝိုင်းအချို့သာသိခဲ့တဲ့ ဖန်ခွက်တစ်လုံးရှိခဲ့ပါတယ်။ Emperor Tiberius အတွက် ဒီဖန်ခွက်ကို  တီထွင်သူတစ်ယောက်ဖန်တီးခဲ့တာပါ။ အရက်မူးသမားတွေ ထိုခွက်ကို လွှင့်ပစ်လိုက်ချိန်လုံးဝမကွဲပဲ အကောင်းတိုင်းရှိနေတာကို အားလုံးထူးဆန်းစွာတွေ့ခဲ့ရတယ်။ ဒီအံ့သြစရာခွက်ကိူ ငွေမှုန်၊ ရွှေမှုန်တွေနဲ့ပြုလုပ်ထားတာဖြစ်နိုင်တယ်လို့ Tiberiusက ယုံကြည်ခဲ့တယ်။ ဒီခွက်အားတီထွင်ခဲ့တဲ့နည်းလမ်းကို ဘယ်သူမှမသိစေဘဲ တီထွင်သူကိုပါ တိတ်ဆိတ်စွာသေစေခဲ့တယ်။
(၅) ဂရိ မီး
ဂရိမီးကို ရေတပ်စစ်ပွဲတွေဖြစ်တုန်းက Byzanyines က အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကော့ပါးကျုတောင့််လေးဖြစ်ပြီး ထိုအထဲကနေ ထွက်လာတဲ့ မီးပန်းရည်တွေက အကွာအဝေး ၂၅ – ၃၀ မီတာထိရောက်နိုင်ပါတယ်။ ဂရိမီးကို သေချာခွဲခြမ်းစိတ်ဖြာဖို့ခက်ပါတယ်။ ရေထဲမှာတောင် ဒီမီးတွေကအလုပ်ဖြစ်ရဲ့လားဆိုတာကိုပါ။ အချိန်တွေကြာလာတော့ ဒီလက်နက်ကို သေနတ်တွေနေရာမှာအစားထိုးလာပါတယ်။ တီထွင်နည်းကတော့ ပျောက်ဆုံးသွားခဲ့တယ်။
(၆)ယူနီဗာဆယ် အဆိပ်ဖြေဆေး
Mithridates VI က ဘီစီ ၁၂၀ – ၆၃ တုန်းက Pontus ဘုရင်ကြီးဖြစ်ပါတယ်။ သူကအဆိပ်ခတ်ခံခဲ့ရမှာ အရမ်းကြောက်တာကြောင့်၇နှစ်လုံးလုံး အဆိပ်ဖြေဆေးကို သူရအောင်ရှာဖွေခဲ့တယ်။ အမျိုးစားပေါင်း ၅၄မျိုးကို ပေါင်းစပ်ပြီးသကာလမှာတော့ ယူနီဗာဆယ် အဆိပ်ဖြေဆေးကို သူရရှိခဲ့တယ်။ သူသေသုံးသွားပြီးနောက် သူ့ရဲ့အဆိပ်ဖြေဆေးဟာ ဘယ်လိုအဆိပ်မျိုးကိုမဆို ဖြေပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့တီထွင်မှုကို ဘယ်သူ့ကိုမှလက်ဆင့်မကမ်းပေးနိုင်ခဲ့ဘူး။
Recent Posts