Home Blog Page 757

အသက္မဲ့သြားတဲ့ ခ်စ္သူရဲ႕ ႐ုပ္အေလာင္းနဲ႔ မဂၤလာပြဲကုိ ဆက္လက္က်င္းပခဲ့တဲ့ အမ်ိဳးသား

0

ေပ်ာ္စရာအေကာင္းဆုံးေန႔ဆုိတာ တစ္ေယာက္ခ်င္းဆီရဲ႕ ခံယူခ်က္ေပၚမူတည္ၿပီး ကြဲျပားသြားႏုိင္ပါတယ္။ တစ္စုံတစ္ေယာက္အတြက္ေတာ့ ထီေပါက္တဲ့ေန႔ဟာ ေပ်ာ္စရာအေကာင္းဆုံးေန႔ ျဖစ္ႏုိင္ၿပီး၊ တစ္စုံတစ္ေယာက္အတြက္ေတာ့ ႏွစ္ရွည္လမ်ား ကြဲကြာေနတဲ့ မိဘႏွစ္ပါးကုိ သက္ရွိထင္ရွား ျပန္ေတြ႕ရတာက ေပ်ာ္စရာ အေကာင္းဆုံးေန႔ ျဖစ္ႏုိင္ပါတယ္။

ျမန္မာစကားပုံမွာေတာ့ ေပ်ာ္စရာအေကာင္းဆုံးေန႔ကုိ သုံးခုအျဖစ္ ေဖာ္ျပထားပါတယ္။ ” ရွင္လိင္ျပန္၊ ေထာင္ထြက္၊ မဂၤလာေဆာင္တဲ့ရက္” ဆုိတဲ့ စကားပုံေလးနဲ႔ပါ။ ရွင္လိင္ျပန္တဲ့ေန႔ဟာ ခ်စ္သူနဲ႔ ေတြ႕ရမွာမုိ႔ ေပ်ာ္စရာ အေကာင္းဆုံးဆုိတာ ျဖစ္ႏုိင္ပါတယ္။

ေထာင္ထြက္တဲ့ေန႔ဆုိတာကလည္း သိတဲ့အတုိင္းပါဘဲ သူ႕ေလာက္ ေပ်ာ္စရာေကာင္းမယ့္သူ သူပဲ ရွိမွာပါ။ မဂၤလာေဆာင္တဲ့ေန႕ဆုိတာကလည္း ကိုယ္ခ်စ္ရတဲ့သူနဲ႔ လက္တြဲရတာမုိ႔ ဒီထက္ ေပ်ာ္စရာေကာင္းတာ ဘာရွိဦးမလဲေပါ့။ အခုလည္း မဂၤလာေဆာင္ကာနီးမွာ ခ်စ္ရသူအမ်ိဳးသမီး ကြယ္လြန္သြားေပမယ့္ မဂၤလာပြဲကုိ ဆက္လက္က်င္းပခဲ့တဲ့ ထုိင္၀မ္ႏုိင္ငံသားတစ္ဦးရဲ႕ အျဖစ္ဟာ တကယ္တမ္း ေပ်ာ္စရာေကာင္းတဲ့ မဂၤလာပြဲေတာ့ မဟုတ္ခဲ့ပါဘူး။

သူတုိ႔ေမာင္ႏွံဟာ Hungry Ghost Festival ပြဲေတာ္ေန႔မွာ မဂၤလာပြဲဆင္ႏႊဲဖုိ႔ စီစဥ္ခဲ့ပါတယ္။ Hungry Ghost Festival ပြဲေတာ္ဟာ ယခုႏွစ္မွာေတာ့ စက္တင္ဘာလ 5 ရက္ေန႔မွာ က်ေရာက္ပါတယ္။ ဒါေပမယ့္ ၾသဂုတ္လ 26 ရက္ေန႔မွာ Tsai တုိ႔ ႏွစ္ေယာက္စလုံးအတြက္ ကံဆုိးမုိးေမွာင္ က်ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Chen ဟာ ယာဥ္မေတာ္ဆမႈ ျဖစ္ပြားခဲ့ၿပီး၊ ေနရာမွာပင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ပါတယ္။

အိပ္မက္ေတြ အရာရာ ၿပိဳကြဲခဲ့ၿပီျဖစ္တဲ့ Tsai ကေတာ့ ခ်စ္သူရဲ႕ စ်ာပနေန႔မွာ အသက္မဲ့ေနတဲ့ Chen ရဲ႕ ခႏၶာကိုယ္ေလးကို ဖြဖြေလးေပြ႕ဖက္ၿပီး၊ သူရဲ႕လက္ထပ္ပြဲကုိ ဆက္လက္ဆင္ႏႊဲခဲ့ပါတယ္။ သူရည္ရြယ္ထားတဲ ့လက္ထပ္လက္စြပ္ကိုလည္း အသက္မဲ့ေနတဲ့ ခ်စ္သူရဲ႕ လက္ေခ်ာင္းေဖာင္းေဖာင္းေလးေတြေပၚမွာ ၀တ္ဆင္ေပးခဲ့ပါတယ္။

အိပ္မက္ေတြ အရာရာ ၿပိဳကြဲခဲ့ၿပီျဖစ္တဲ့ Tsai ကေတာ့ ခ်စ္သူရဲ႕ စ်ာပနေန႔မွာ အသက္မဲ့ေနတဲ့ Chen ရဲ႕ ခႏၶာကိုယ္ေလးကို ဖြဖြေလးေပြ႕ဖက္ၿပီး၊ သူရဲ႕လက္ထပ္ပြဲကုိ ဆက္လက္ဆင္ႏႊဲခဲ့ပါတယ္။ သူရည္ရြယ္ထားတဲ ့လက္ထပ္လက္စြပ္ကိုလည္း အသက္မဲ့ေနတဲ့ ခ်စ္သူရဲ႕ လက္ေခ်ာင္းေဖာင္းေဖာင္းေလးေတြေပၚမွာ ၀တ္ဆင္ေပးခဲ့ပါတယ္။


Credit- Shwemom

Unicode

ပျော်စရာအကောင်းဆုံးနေ့ဆိုတာ တစ်ယောက်ချင်းဆီရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ တစ်စုံတစ်ယောက်အတွက်တော့ ထီပေါက်တဲ့နေ့ဟာ ပျော်စရာအကောင်းဆုံးနေ့ ဖြစ်နိုင်ပြီး၊ တစ်စုံတစ်ယောက်အတွက်တော့ နှစ်ရှည်လများ ကွဲကွာနေတဲ့ မိဘနှစ်ပါးကို သက်ရှိထင်ရှား ပြန်တွေ့ရတာက ပျော်စရာ အကောင်းဆုံးနေ့ ဖြစ်နိုင်ပါတယ်။

မြန်မာစကားပုံမှာတော့ ပျော်စရာအကောင်းဆုံးနေ့ကို သုံးခုအဖြစ် ဖော်ပြထားပါတယ်။ ” ရှင်လိင်ပြန်၊ ထောင်ထွက်၊ မင်္ဂလာဆောင်တဲ့ရက်” ဆိုတဲ့ စကားပုံလေးနဲ့ပါ။ ရှင်လိင်ပြန်တဲ့နေ့ဟာ ချစ်သူနဲ့ တွေ့ရမှာမို့ ပျော်စရာ အကောင်းဆုံးဆိုတာ ဖြစ်နိုင်ပါတယ်

ထောင်ထွက်တဲ့နေ့ဆိုတာကလည်း သိတဲ့အတိုင်းပါဘဲ သူ့လောက် ပျော်စရာကောင်းမယ့်သူ သူပဲ ရှိမှာပါ။ မင်္ဂလာဆောင်တဲ့နေ့ဆိုတာကလည်း ကိုယ်ချစ်ရတဲ့သူနဲ့ လက်တွဲရတာမို့ ဒီထက် ပျော်စရာကောင်းတာ ဘာရှိဦးမလဲပေါ့။ အခုလည်း မင်္ဂလာဆောင်ကာနီးမှာ ချစ်ရသူအမျိုးသမီး ကွယ်လွန်သွားပေမယ့် မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တဲ့ ထိုင်ဝမ်နိုင်ငံသားတစ်ဦးရဲ့ အဖြစ်ဟာ တကယ်တမ်း ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲတော့ မဟုတ်ခဲ့ပါဘူး။

သူတို့မောင်နှံဟာ Hungry Ghost Festival ပွဲတော်နေ့မှာ မင်္ဂလာပွဲဆင်နွှဲဖို့ စီစဉ်ခဲ့ပါတယ်။ Hungry Ghost Festival ပွဲတော်ဟာ ယခုနှစ်မှာတော့ စက်တင်ဘာလ 5 ရက်နေ့မှာ ကျရောက်ပါတယ်။ ဒါပေမယ့် သြဂုတ်လ 26 ရက်နေ့မှာ Tsai တို့ နှစ်ယောက်စလုံးအတွက် ကံဆိုးမိုးမှောင် ကျခဲ့ပါတယ်။ အကြောင်းကတော့ Chen ဟာ ယာဉ်မတော်ဆမှု ဖြစ်ပွားခဲ့ပြီး၊ နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အိပ်မက်တွေ အရာရာ ပြိုကွဲခဲ့ပြီဖြစ်တဲ့ Tsai ကတော့ ချစ်သူရဲ့ ဈာပနနေ့မှာ အသက်မဲ့နေတဲ့ Chen ရဲ့ ခန္ဓာကိုယ်လေးကို ဖွဖွလေးပွေ့ဖက်ပြီး၊ သူရဲ့လက်ထပ်ပွဲကို ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ သူရည်ရွယ်ထားတဲ့လက်ထပ်လက်စွပ်ကိုလည်း အသက်မဲ့နေတဲ့ ချစ်သူရဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေပေါ်မှာ ဝတ်ဆင်ပေးခဲ့ပါတယ်။

အိပ်မက်တွေ အရာရာ ပြိုကွဲခဲ့ပြီဖြစ်တဲ့ Tsai ကတော့ ချစ်သူရဲ့ ဈာပနနေ့မှာ အသက်မဲ့နေတဲ့ Chen ရဲ့ ခန္ဓာကိုယ်လေးကို ဖွဖွလေးပွေ့ဖက်ပြီး၊ သူရဲ့လက်ထပ်ပွဲကို ဆက်လက်ဆင်နွှဲခဲ့ပါတယ်။ သူရည်ရွယ်ထားတဲ့လက်ထပ်လက်စွပ်ကိုလည်း အသက်မဲ့နေတဲ့ ချစ်သူရဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေပေါ်မှာ ဝတ်ဆင်ပေးခဲ့ပါတယ်။
Credit- Shwemom

 

ေဘာလုံးတစ္ပြဲမွ မကစားဖူးပဲ ကမာၻေက်ာ္ေဘာလုံးသမားျဖစ္ခဲ့တဲ့ လူလိမ္လူညာႀကီး

0

ေဘာလုံးပြဲတစ္ပြဲမွ မကစားဖူးပဲ ကမာၻေက်ာ္ေဘာလုံးသမားတစ္ေယာက္ ဘယ္လုိလုပ္ျဖစ္ႏုိင္မွာလဲလုိ႔ ေတြးေကာင္းေတြးမိပါလိမ့္မယ္။ ဒါေပမယ့္ ဘရာဇီးေဘာလံုးသမားေဟာင္းတစ္ဦးျဖစ္တဲ့ ကားလုိ႔စ္ကုိင္ဇာ ကေတာ့ တကယ့္ကုိ ေဘာလုံးတစ္ပြဲမွ မကစားရပဲ နာမည္ေက်ာ္တစ္ေယာက္အျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။ သူ႕ရဲ႕ေဘာလုံးစြမ္းရည္ကုိ ဘယ္သူမွ အတိအက် မသိခဲ့ၾကသလုိ၊ ပေရာ္ဖက္ရွင္နယ္အဆင့္ ေဘာလုံးပြဲေတြလည္း တစ္ပြဲမွ မကစားခဲ့ပဲ ေဘာလုံးေလာကမွာ (၂၆)ႏွစ္ေက်ာ္ေလာက္ က်င္လည္ေနခဲ့တဲ့ ကုိင္ဇာဟာ ဒီေန႔ေခတ္ စကားနဲ႔ေျပာရရင္ေတာ့ ေဘာလုံးေလာကကုိ ေကာင္းေကာင္းႀကီး ဂ်င္းထည့္သြားသူတစ္ေယာက္လုိ႔ေတာင္ ဆုိရမလုိပါပဲ။

ကုိင္ဇာဟာ သူ႕ရဲ႕ငယ္ဘ၀ကုိ ဘုိတာဖုိဂုိ၊ ဖလာမင္ဂုိ စတဲ့ လူငယ္အသင္းေတြမွာ ကစားခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးကြင္းက ေျခစြမ္းကုိသေဘာက်ခဲ့တဲ့ မကၠဆီကုိကလပ္ Puebla အသင္းက (၁၉၇၉) ခုႏွစ္မွာ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့တာပါ။ သူဟာ မကၠဆီကုိ ကလပ္ရဲ႕ အရန္ခုံတန္းမွာပဲ အခ်ိန္ကုန္ခဲ့ရၿပီး အသင္းအတြက္ တစ္ပြဲမွ မကစားေပးခဲ့ရပဲ တစ္ရာသီကုန္ဆုံးခ်ိန္မွာ ဘရာဇီးလ္ေျမကုိ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ကုိင္ဇာဟာ ဘရာဇီးရဲ႕ နာမည္ေက်ာ္ေဘာလုံးသမားေတြျဖစ္တဲ့ ရီကာဒုိရုိခ်ာ၊ ကားလုိ႔စ္အယ္လ္ဘာတုိ၊ ဘီဘက္တုိ စတဲ့ ကစားသမားေတြနဲ႔ သူငယ္ခ်င္းျဖစ္ေအာင္ ႀကိိဳးစားခဲ့ၿပီး ဒီကစားသမားေတြက သူအသင္းေျပာင္းခ်င္တဲ့အခ်ိန္တုိင္း သူ႔ကုိေထာက္ခံေပးခဲ့ၾကပါတယ္။

ကုိင္ဇာဟာ သူ႕ရဲ႕ CV ကုိ အပ်ံစားျဖစ္ေအာင္ ျပင္ဆင္ထားေလ့ရွိၿပီး ကလပ္အသင္းေတြရဲ႕ ဥကၠဌေတြဆီ တုိက္ရုိက္ေပးပုိ႔ေလ့ရွိသူပါ။ သူဟာ သူ႕ကုိယ္သူ ေကာင္းေကာင္းေၾကာ္ျငာတတ္တဲ့သူျဖစ္ၿပီး ကုိယ့္ကုိယ္ကုိယ္ ဘယ္လုိေရာင္းရမလဲဆုိတာကုိလည္း ေကာင္းေကာင္းသိသူျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက အင္တာနက္ေတြ မရွိေသးတဲ့ေနာက္ ကုိင္ဇာအေနနဲ႔ ဘယ္ေလာက္ေကာင္းေကာင္း ကစားႏုိင္တယ္ဆုိတာကုိ ဘယ္သူမွ မရွာေဖြႏုိင္ၾကပဲ သူေရးတဲ့ CV ၊ သူ႕မိတ္ေဆြေဘာလုံးသမားေတြရဲ႕ ေထာက္ခံခ်က္ စတာေတြနဲ႔ ေဘာလုံးတစ္သင္းကေန တစ္သင္းကုိေျပာင္းေရႊ႕ခြင့္ရေနခဲ့တာပါ။

ေဆးစစ္မႈေတြမွာလည္း အလားတူပါပဲဲ။ အဲဒီအခ်ိန္တုန္းက MRI စက္ေတြဆုိတာ ၾကားေတာင္မၾကားဖူးၾကေသးလုိ႔ ကုိင္ဇာဟာ အသင္းဆရာ၀န္ေတြကိုိ အရူးလုပ္ႏုိင္ခဲ့ပါတယ္။ ကုိင္ဇာ ဆီမွာ သြားဆရာ၀န္သူငယ္ခ်င္းတစ္ေယာက္ရွိၿပီး အသင္းက မကစားမျဖစ္ ကစားရမယ္လုိ႔ ဖိအားေပးလာတဲ့ အခါတုိင္း သူ႕မွာ သြားနဲ႔ပတ္သက္ၿပီး ျပႆနာရွိေနတယ္လုိ႔ သူ႕ရဲ႕သြားဆရာ၀န္ သူငယ္ခ်င္းကုိ ေထာက္ခံခုိင္းခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ လူခ်စ္လူခင္မ်ားတဲ့သူတစ္ေယာက္ျဖစ္ၿပီး လူတစ္ေယာက္ကုိ လြယ္လြယ္ေလးသေဘာက်လာေအာင္ ေျပာႏုိင္စြမ္းရွိသူတစ္ေယာက္ပါ။ ကုိင္ဇာဟာ သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ aဘာလုံးသမားဘ၀မွာ အမ်ိဳးသမီး အေယာက္ (၁,၀၀၀)နီးပါးနဲ႔ အိပ္ခဲ့ဖူးတယ္လုိ႔ သိရၿပီး မိန္းမရႈပ္ျခင္းကသာ သူ႕ရဲ႕ တကယ့္ ပေရာ္ဖက္ရွင္နယ္ အစစ္အမွန္ျဖစ္ခဲ့တာပါ။

၁၉၉၄ ခုႏွစ္တုန္းက ကမာၻ႕ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ဘရာဇီးနာမည္ေက်ာ္ ဘီဘက္တုိ က “ကုိင္ဇာဟာ တကယ့္ကုိ ႏွစ္လုိဖြယ္ေကာင္းတဲ့သူပါ။ သူစကားေျပာၿပီဆုိတာနဲ႔ နားေထာင္တဲ့သူက အလုိလုိသေဘာတူၿပီးသားျဖစ္သြားေရာပဲ။ သူ႕စကားလုံးေတြကုိ ဘာမွ ျပန္မျငင္းႏုိင္ေတာ့ပဲ သူလုိခ်င္တာကုိခြင့္ျပဳေပးလုိက္ရေတာ့တာပဲ” လုိ႔ ကုိင္ဇာနဲ႔ ပတ္သက္ၿပီးမွတ္ခ်က္ေပးခဲ့ပါတယ္။

ကုိင္ဇာဟာ ဒီေန႔မွာေတာ့ ေဘာလုံးေလာကထဲကေန ထြက္ခြာသြားခဲ့ပါၿပီ။ ဒါေပမယ့္ သူ႕ရဲ႕စိတ္၀င္စားဖုိ႔ေကာင္းတဲ့ ဘ၀ေနာက္ခံဇာတ္ေၾကာင္းေၾကာင့္ ဒါရုိက္တာ မုိင္လက္စ္က သူ႕ရဲ႕အတၳဳပတၱိကုိ မွတ္တမ္းရုပ္ရွင္ပုံစံ ရုိက္ကူးခံခဲ့ရပါတယ္။ အဲဒီ မွတ္တမ္းရုပ္ရွင္နာမည္ကုိ Kaiser: The Greatest Footballer Never To Play Football လုိ႔ နာမည္ေပးထားၿပီး ၿပီးခဲ့တဲ့ ဇူလုိင္ (၂၆) ရက္ေန႔က UK မွာ ရုံတင္ျပသသြားခဲ့ပါတယ္။

ဒီအေၾကာင္းအရာက တကယ့္အျဖစ္အပ်က္ပါဆုိတာကုိ မၾကားဖူးတဲ့သူတစ္ေယာက္ေယာက္ကုိ သြားေျပာတုိင္း “မျဖစ္ႏုိင္ဘူး” လုိ႔ အေျပာခံရမွာျဖစ္ေပမယ့္ ကုိင္ဇာကေတာ့ သူဘာလုပ္ခဲ့တယ္ဆုိတာကုိ ျပန္ၿပီး ေဖာက္သည္ခ်လုိက္ပါၿပီ။
Credit- Shwemom

Unicode

ဘောလုံးပွဲတစ်ပွဲမှ မကစားဖူးပဲ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဘရာဇီးဘောလုံးသမားဟောင်းတစ်ဦးဖြစ်တဲ့ ကားလို့စ်ကိုင်ဇာ ကတော့ တကယ့်ကို ဘောလုံးတစ်ပွဲမှ မကစားရပဲ နာမည်ကျော်တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ သူ့ရဲ့ဘောလုံးစွမ်းရည်ကို ဘယ်သူမှ အတိအကျ မသိခဲ့ကြသလို၊ ပရော်ဖက်ရှင်နယ်အဆင့် ဘောလုံးပွဲတွေလည်း တစ်ပွဲမှ မကစားခဲ့ပဲ ဘောလုံးလောကမှာ (၂၆)နှစ်ကျော်လောက် ကျင်လည်နေခဲ့တဲ့ ကိုင်ဇာဟာ ဒီနေ့ခေတ် စကားနဲ့ပြောရရင်တော့ ဘောလုံးလောကကို ကောင်းကောင်းကြီး ဂျင်းထည့်သွားသူတစ်ယောက်လို့တောင် ဆိုရမလိုပါပဲ။

ကိုင်ဇာဟာ သူ့ရဲ့ငယ်ဘဝကို ဘိုတာဖိုဂို၊ ဖလာမင်ဂို စတဲ့ လူငယ်အသင်းတွေမှာ ကစားခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးကွင်းက ခြေစွမ်းကိုသဘောကျခဲ့တဲ့ မက္ကဆီကိုကလပ် Puebla အသင်းက (၁၉၇၉) ခုနှစ်မှာ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့တာပါ။ သူဟာ မက္ကဆီကို ကလပ်ရဲ့ အရန်ခုံတန်းမှာပဲ အချိန်ကုန်ခဲ့ရပြီး အသင်းအတွက် တစ်ပွဲမှ မကစားပေးခဲ့ရပဲ တစ်ရာသီကုန်ဆုံးချိန်မှာ ဘရာဇီးလ်မြေကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကိုင်ဇာဟာ ဘရာဇီးရဲ့ နာမည်ကျော်ဘောလုံးသမားတွေဖြစ်တဲ့ ရီကာဒိုရိုချာ၊ ကားလို့စ်အယ်လ်ဘာတို၊ ဘီဘက်တို စတဲ့ ကစားသမားတွေနဲ့ သူငယ်ချင်းဖြစ်အောင် ကြိုးစားခဲ့ပြီး ဒီကစားသမားတွေက သူအသင်းပြောင်းချင်တဲ့အချိန်တိုင်း သူ့ကိုထောက်ခံပေးခဲ့ကြပါတယ်။

ကိုင်ဇာဟာ သူ့ရဲ့ CV ကို အပျံစားဖြစ်အောင် ပြင်ဆင်ထားလေ့ရှိပြီး ကလပ်အသင်းတွေရဲ့ ဥက္ကဌတွေဆီ တိုက်ရိုက်ပေးပို့လေ့ရှိသူပါ။ သူဟာ သူ့ကိုယ်သူ ကောင်းကောင်းကြော်ငြာတတ်တဲ့သူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရောင်းရမလဲဆိုတာကိုလည်း ကောင်းကောင်းသိသူဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အင်တာနက်တွေ မရှိသေးတဲ့နောက် ကိုင်ဇာအနေနဲ့ ဘယ်လောက်ကောင်းကောင်း ကစားနိုင်တယ်ဆိုတာကို ဘယ်သူမှ မရှာဖွေနိုင်ကြပဲ သူရေးတဲ့ CV ၊ သူ့မိတ်ဆွေဘောလုံးသမားတွေရဲ့ ထောက်ခံချက် စတာတွေနဲ့ ဘောလုံးတစ်သင်းကနေ တစ်သင်းကိုပြောင်းရွှေ့ခွင့်ရနေခဲ့တာပါ။

ဆေးစစ်မှုတွေမှာလည်း အလားတူပါပဲ။ အဲဒီအချိန်တုန်းက MRI စက်တွေဆိုတာ ကြားတောင်မကြားဖူးကြသေးလို့ ကိုင်ဇာဟာ အသင်းဆရာဝန်တွေကို အရူးလုပ်နိုင်ခဲ့ပါတယ်။ ကိုင်ဇာ ဆီမှာ သွားဆရာဝန်သူငယ်ချင်းတစ်ယောက်ရှိပြီး အသင်းက မကစားမဖြစ် ကစားရမယ်လို့ ဖိအားပေးလာတဲ့ အခါတိုင်း သူ့မှာ သွားနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ သူ့ရဲ့သွားဆရာဝန် သူငယ်ချင်းကို ထောက်ခံခိုင်းခဲ့ပါတယ်။

ဒါပေမယ့် သူဟာ လူချစ်လူခင်များတဲ့သူတစ်ယောက်ဖြစ်ပြီး လူတစ်ယောက်ကို လွယ်လွယ်လေးသဘောကျလာအောင် ပြောနိုင်စွမ်းရှိသူတစ်ယောက်ပါ။ ကိုင်ဇာဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် aဘာလုံးသမားဘဝမှာ အမျိုးသမီး အယောက် (၁,၀၀၀)နီးပါးနဲ့ အိပ်ခဲ့ဖူးတယ်လို့ သိရပြီး မိန်းမရှုပ်ခြင်းကသာ သူ့ရဲ့ တကယ့် ပရော်ဖက်ရှင်နယ် အစစ်အမှန်ဖြစ်ခဲ့တာပါ။

၁၉၉၄ ခုနှစ်တုန်းက ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဘရာဇီးနာမည်ကျော် ဘီဘက်တို က “ကိုင်ဇာဟာ တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့သူပါ။ သူစကားပြောပြီဆိုတာနဲ့ နားထောင်တဲ့သူက အလိုလိုသဘောတူပြီးသားဖြစ်သွားရောပဲ။ သူ့စကားလုံးတွေကို ဘာမှ ပြန်မငြင်းနိုင်တော့ပဲ သူလိုချင်တာကိုခွင့်ပြုပေးလိုက်ရတော့တာပဲ” လို့ ကိုင်ဇာနဲ့ ပတ်သက်ပြီးမှတ်ချက်ပေးခဲ့ပါတယ်။

ကိုင်ဇာဟာ ဒီနေ့မှာတော့ ဘောလုံးလောကထဲကနေ ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ ဘဝနောက်ခံဇာတ်ကြောင်းကြောင့် ဒါရိုက်တာ မိုင်လက်စ်က သူ့ရဲ့အတ္ထုပတ္တိကို မှတ်တမ်းရုပ်ရှင်ပုံစံ ရိုက်ကူးခံခဲ့ရပါတယ်။ အဲဒီ မှတ်တမ်းရုပ်ရှင်နာမည်ကို Kaiser: The Greatest Footballer Never To Play Football လို့ နာမည်ပေးထားပြီး ပြီးခဲ့တဲ့ ဇူလိုင် (၂၆) ရက်နေ့က UK မှာ ရုံတင်ပြသသွားခဲ့ပါတယ်။

ဒီအကြောင်းအရာက တကယ့်အဖြစ်အပျက်ပါဆိုတာကို မကြားဖူးတဲ့သူတစ်ယောက်ယောက်ကို သွားပြောတိုင်း “မဖြစ်နိုင်ဘူး” လို့ အပြောခံရမှာဖြစ်ပေမယ့် ကိုင်ဇာကတော့ သူဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်ပြီး ဖောက်သည်ချလိုက်ပါပြီ။
Credit- Shwemom

 

 

မ်က္လံုးအားေကာင္းေစေသာအစားအစာ (10) မ်ိဳး

0

1. ငရုတ္ပြသီးအနီ (အစိမ္း)

ငရုတ္ပြအနီသီးေတြမွာ ဗီတာမင္ စီဓာတ္ပါဝင္မႈအမ်ားဆံုးျဖစ္ျပီး မ်က္လံုးထဲမွာရွိတဲ့ေသြးေၾကာေတြအတြက္ေကာင္းတဲ့အတြက္ အတြင္းတိမ္ျဖစ္ႏိုင္ေခ်ေလ်ာ့နည္းေစတယ္လို႔ဆိုပါတယ္။ ဗီတာမင္စီကို ပန္းေဂၚဖီ၊ သေဘၤာသီး၊ စေတာ္ဘယ္ရီ အပါအဝင္ ဟင္းသီးဟင္းရြက္နဲ႔သစ္သီးအမ်ိဳးမ်ိဳးမွာေတြ႕ႏိုင္ပါတယ္။ အပူက ဗီတာမင္စီကို ေက်ပ်က္ေစတဲ့အတြက္ တတ္ႏိုင္ရင္ အစိမ္းစားတာအေကာင္းဆံုးပါပဲ၊ အေရာင္ေတာက္ပတဲ့ ငရုတ္သီးေတြမွာ မ်က္စိအားေကာင္းေစတဲ့ ဗီတာမင္ A,E ေတြလည္းပါဝင္ပါတယ္။

2. ေနၾကာေစ့ႏွင့္ အခြံမာအသီးမ်ား

ေနၾကာေစ့ (သို႔) အယ္မြန္သီး တစ္ေအာင္စမွာဆိုရင္ အရြယ္ေရာက္ျပီးသူတစ္ေယာက္တစ္ေန႔လိုအပ္တဲံ ဗီတာမင္ E ပမာဏရဲ႕ တစ္ဝက္ပါဝင္ပါတယ္။ ေလ့လာမႈေတြအရ ဗီတာမင္ E ကိုအျခားအာဟာရဓာတ္ေတြနဲ႔တြဲဖက္စားသံုးျခင္းျဖင့္ အသက္ၾကီးလာလို႔ မ်က္လံုးပ်က္စီးလာျခင္းကို ေလ်ာ့က်ေစတယ္လို႔ဆိုပါတယ္။ ေျမပဲနဲ႔ ေျမပဲေထာပတ္ေတြမွာလည္း ဗီတာမင္ E ၾကြယ္ဝစြာပါဝင္ပါတယ္။

3. အစိမ္းရင့္ေရာင္ရွိေသာအရြက္မ်ား

ကိုက္လန္၊ ဟင္းႏုႏြယ္ရြက္၊ ေဂၚဖီထုပ္ စတဲ့အစိမ္းရင့္ေရာင္ရွိတဲ့အသီးအရြက္ေတြမွာ ဗီတာမင္ E နဲ႔ C ႏွစ္မ်ိဳးလံုးၾကြယ္ဝစြာ ပါဝင္ပတယ္။ ဒါ့အျပင္ နာတာရွည္ မ်က္လံုးေရာဂါေတြ၊ အသက္အရြယ္ေၾကာင့္ အျမင္အာရံုပ်က္စီးျခင္း၊ အတြင္းတိမ္ စတဲ့ ေရာဂါေတြျဖစ္ပြားမႈကို ေလ်ာ့နည္းေစတဲ့ carotenoids lutein နဲ႔ zeaxanthin ဆိုတဲ့ အပင္ကအေျခခံတဲ့ ဗီတာမင္ A လည္းပါဝင္ပါတယ္။ အေနာက္တိုင္းအစားအစာေတြစားတဲ့ လူအမ်ားစုမွာ ဒီလို ဗီတာမင္ေတြလံုေလာက္စြာမရၾကပါဘူး။

4. ဆယ္မြန္ငါး

ကၽြႏု္ပ္တို႕ရဲ႕ျမင္လႊာေတြေကာင္းေကာင္းအလုပ္လုပ္ဖို႔အတြက္ DHA နဲ႔ EPA လို႔ေခၚတဲံ omega-3 fatty acids ၂ မ်ိဳးကို လိုအပ္ပါတယ္။ ဒီႏွစ္မ်ိဳးစလံုးကို ဆယ္မြန္၊တူနာစတဲ့အဆီမ်ားတဲ့ငါးေတြနဲ႔ အျခားပင္လယ္စာေတြကေနရရွိႏိုင္ပါတယ္။ omega 3 က အသက္ၾကီးလာလို႔ မ်က္လ့ဳးပ်က္စီးတာနဲ႔ ေရတိမ္ျဖစ္ျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒီဓာတ္နည္းပါးျခင္းက မ်က္လံုးေျခာက္ျခင္းကိုျဖစ္ေစပါတယ္။

5. ကန္စြန္းဥ

ကန္စြန္းဥ၊ မုန္လာဥနီ၊ သရက္သီး၊ သခြားေမႊးသီး၊ ဆီးခ်ိဳသီးစတဲ့ လိေမၼာ္ေရာင္ရွိတဲ့ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာ အေမွာင္ထဲမွာ အျမင္အာရံဳအားေကာင္းေစတဲံ beata-carotene ဆိုတဲ့ ဓာတ္ပါဝင္ပါတယ။္ ကန္စြန္းဥတစ္လံုးမွာ ကၽြႏု္ပ္တို႔တစ္ေန႔လိုအပ္တဲ့ ဗီတာမင္ C ဓာတ္တစ္ဝက္ေက်ာ္နဲ႔ ဗီတာမင္ E အနည္းငယ္ပါဝင္ပါတယ္။

6. အဆီမပါေသာအသား

ဇင့္က ဗီတာမင္ A ကို အသည္းကေနျပီး ျမင္လႊာဆီေရာက္ေအာင္သယ္ေပးပါတယ္။ ခရုကမာေကာင္ေတြမွာ အျခားအစားအစာေတြထက္ ဇင့္ဓာတ္ပိုမိုပါဝင္ပါတယ္။ အမဲသား၊ ဝက္သား၊ ၾကက္သားေတြကလည္း ဇင့္ဓာတ္ရရွိႏိုင္ပါတယ္။

7. ပဲအမ်ိဳးမ်ိဳး

သတ္သတ္လြတ္စားတဲ့သူေတြအတြက္ အဆီနည္းျပီး အမွ်င္ဓာတ္မ်ားမ်ားစားသံုးျခင္းျဖင့္ အျမင္အာရံဳစူးရွေစျပီးေတာ့ အသက္အရြယ္ေၾကာင့္မ်က္စိပ်က္စီးျခင္းကိုလည္း ကာကြယ္ေစႏိုင္ပါတယ္။ ကုလားပဲ၊ ပဲနီကေလး၊ ဘိုကိတ္ပဲ စတဲ့ပဲေတြမွာ ဇင့္ဓာတ္ၾကြယ္ဝစြာပါဝင္ပါတယ္။

8. ဥအမ်ိဳးမ်ိဳး

ဥထဲမွာပါဝင္တဲ့ ဇင့္ဓာတ္က ဥအႏွစ္မွာရွိတဲ့ lutein နဲ႔ zeaxanthin ဆိုတဲ့ ဓာတ္ေတြကို ခႏၶာကိုယ္က အသံုးျပဳတဲ့ေနရာမွာ ကူညီေပးပါတယ္။ ၾကက္ဥႏွစ္ရဲ႕ အေရာင္က ျမင္လႊာကို အျပာေရာင္အလင္းေတြရဲ႕ အႏၲရာယ္ကေန ကာကြယ္ပိတ္ဆို႔ေပးပါတယ္။

9. ေရႊဖရံုသီး၊ သခြားေမႊးသီး

ကၽြႏု္ပ္တို႕ရဲ႕ ခႏၶာကိုယ္က မထုတ္လုပ္ႏိုင္တဲ့ lutein နဲ႔ zeaxanthin ဓာတ္ကို သခြားေမႊးသီး၊ ေရႊဖရံုသီးစသည္တို႔က ရရွိႏိုင္ပါတယ္။ ေနြရာသီမွာထြက္တဲ့အသီးေတြက ဗီတာမင္ စီနဲ႔ ဇင့္ဓာတ္ၾကြယ္ဝျပီးေတာ့ ေဆာင္းတြင္းသီးေတြကေတာ့ ဗီတာမင္ ေအနဲ႔စီတို႔အျပင္ omega-3 fatty acids ကိုပါေပးစြမး္ႏိုင္ပါတယ္။

10. မုန္လာမ်ိဳးႏြယ္အပင္မ်ား

မုန္လာမ်ိဳးနြယ္အပင္ေတြမွာလည္း ဗီတာမင္ ေအ၊ စီ၊ အီးစတဲ့ အာဟာရဓာတ္ေတြ ေပါင္းစပ္ပါဝင္ပါတယ္။ ဒါေတြအားလံုးက မ်က္လံုးကိုကာကြယ္ေပးတဲ့ အင္တီေအာက္ဆီးဒင့္ေတြပဲျဖစ္ပါတယ္။ ကၽြႏ္ုပ္တို႔ရဲ႕ ျမင္လႊာက ထိခိုက္ခံစားလြယ္တဲ့အတြက္ ဒီလို မ်က္လံုးအားေကာင္းတဲ့အစားအစာေတြကို လံုေလာက္စြာစားသံုးေပးဖို႔လိုအပ္ပါတယ္။
Credit- Dr. Mya Myo Myo Swe

Unicode

1. ငရုတ်ပွသီးအနီ (အစိမ်း)

ငရုတ်ပွအနီသီးတွေမှာ ဗီတာမင် စီဓာတ်ပါဝင်မှုအများဆုံးဖြစ်ပြီး မျက်လုံးထဲမှာရှိတဲ့သွေးကြောတွေအတွက်ကောင်းတဲ့အတွက် အတွင်းတိမ်ဖြစ်နိုင်ချေလျော့နည်းစေတယ်လို့ဆိုပါတယ်။ ဗီတာမင်စီကို ပန်းဂေါ်ဖီ၊ သင်္ဘောသီး၊ စတော်ဘယ်ရီ အပါအဝင် ဟင်းသီးဟင်းရွက်နဲ့သစ်သီးအမျိုးမျိုးမှာတွေ့နိုင်ပါတယ်။ အပူက ဗီတာမင်စီကို ကျေပျက်စေတဲ့အတွက် တတ်နိုင်ရင် အစိမ်းစားတာအကောင်းဆုံးပါပဲ၊ အရောင်တောက်ပတဲ့ ငရုတ်သီးတွေမှာ မျက်စိအားကောင်းစေတဲ့ ဗီတာမင် A,E တွေလည်းပါဝင်ပါတယ်။

2. နေကြာစေ့နှင့် အခွံမာအသီးများ

နေကြာစေ့ (သို့) အယ်မွန်သီး တစ်အောင်စမှာဆိုရင် အရွယ်ရောက်ပြီးသူတစ်ယောက်တစ်နေ့လိုအပ်တဲံ ဗီတာမင် E ပမာဏရဲ့ တစ်ဝက်ပါဝင်ပါတယ်။ လေ့လာမှုတွေအရ ဗီတာမင် E ကိုအခြားအာဟာရဓာတ်တွေနဲ့တွဲဖက်စားသုံးခြင်းဖြင့် အသက်ကြီးလာလို့ မျက်လုံးပျက်စီးလာခြင်းကို လျော့ကျစေတယ်လို့ဆိုပါတယ်။ မြေပဲနဲ့ မြေပဲထောပတ်တွေမှာလည်း ဗီတာမင် E ကြွယ်ဝစွာပါဝင်ပါတယ်။

3. အစိမ်းရင့်ရောင်ရှိသောအရွက်များ

ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ် စတဲ့အစိမ်းရင့်ရောင်ရှိတဲ့အသီးအရွက်တွေမှာ ဗီတာမင် E နဲ့ C နှစ်မျိုးလုံးကြွယ်ဝစွာ ပါဝင်ပတယ်။ ဒါ့အပြင် နာတာရှည် မျက်လုံးရောဂါတွေ၊ အသက်အရွယ်ကြောင့် အမြင်အာရုံပျက်စီးခြင်း၊ အတွင်းတိမ် စတဲ့ ရောဂါတွေဖြစ်ပွားမှုကို လျော့နည်းစေတဲ့ carotenoids lutein နဲ့ zeaxanthin ဆိုတဲ့ အပင်ကအခြေခံတဲ့ ဗီတာမင် A လည်းပါဝင်ပါတယ်။ အနောက်တိုင်းအစားအစာတွေစားတဲ့ လူအများစုမှာ ဒီလို ဗီတာမင်တွေလုံလောက်စွာမရကြပါဘူး။

4. ဆယ်မွန်ငါး

ကျွနု်ပ်တို့ရဲ့မြင်လွှာတွေကောင်းကောင်းအလုပ်လုပ်ဖို့အတွက် DHA နဲ့ EPA လို့ခေါ်တဲံ omega-3 fatty acids ၂ မျိုးကို လိုအပ်ပါတယ်။ ဒီနှစ်မျိုးစလုံးကို ဆယ်မွန်၊တူနာစတဲ့အဆီများတဲ့ငါးတွေနဲ့ အခြားပင်လယ်စာတွေကနေရရှိနိုင်ပါတယ်။ omega 3 က အသက်ကြီးလာလို့ မျက်လ့ုးပျက်စီးတာနဲ့ ရေတိမ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီဓာတ်နည်းပါးခြင်းက မျက်လုံးခြောက်ခြင်းကိုဖြစ်စေပါတယ်။

5. ကန်စွန်းဥ

ကန်စွန်းဥ၊ မုန်လာဥနီ၊ သရက်သီး၊ သခွားမွှေးသီး၊ ဆီးချိုသီးစတဲ့ လိမ္မော်ရောင်ရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမှောင်ထဲမှာ အမြင်အာရုံအားကောင်းစေတဲံ beata-carotene ဆိုတဲ့ ဓာတ်ပါဝင်ပါတယ။် ကန်စွန်းဥတစ်လုံးမှာ ကျွနု်ပ်တို့တစ်နေ့လိုအပ်တဲ့ ဗီတာမင် C ဓာတ်တစ်ဝက်ကျော်နဲ့ ဗီတာမင် E အနည်းငယ်ပါဝင်ပါတယ်။

6. အဆီမပါသောအသား

ဇင့်က ဗီတာမင် A ကို အသည်းကနေပြီး မြင်လွှာဆီရောက်အောင်သယ်ပေးပါတယ်။ ခရုကမာကောင်တွေမှာ အခြားအစားအစာတွေထက် ဇင့်ဓာတ်ပိုမိုပါဝင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်သားတွေကလည်း ဇင့်ဓာတ်ရရှိနိုင်ပါတယ်။

7. ပဲအမျိုးမျိုး

သတ်သတ်လွတ်စားတဲ့သူတွေအတွက် အဆီနည်းပြီး အမျှင်ဓာတ်များများစားသုံးခြင်းဖြင့် အမြင်အာရုံစူးရှစေပြီးတော့ အသက်အရွယ်ကြောင့်မျက်စိပျက်စီးခြင်းကိုလည်း ကာကွယ်စေနိုင်ပါတယ်။ ကုလားပဲ၊ ပဲနီကလေး၊ ဘိုကိတ်ပဲ စတဲ့ပဲတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

8. ဥအမျိုးမျိုး

ဥထဲမှာပါဝင်တဲ့ ဇင့်ဓာတ်က ဥအနှစ်မှာရှိတဲ့ lutein နဲ့ zeaxanthin ဆိုတဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က အသုံးပြုတဲ့နေရာမှာ ကူညီပေးပါတယ်။ ကြက်ဥနှစ်ရဲ့ အရောင်က မြင်လွှာကို အပြာရောင်အလင်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပိတ်ဆို့ပေးပါတယ်။

9. ရွှေဖရုံသီး၊ သခွားမွှေးသီး

ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့ lutein နဲ့ zeaxanthin ဓာတ်ကို သခွားမွှေးသီး၊ ရွှေဖရုံသီးစသည်တို့က ရရှိနိုင်ပါတယ်။ နွေရာသီမှာထွက်တဲ့အသီးတွေက ဗီတာမင် စီနဲ့ ဇင့်ဓာတ်ကြွယ်ဝပြီးတော့ ဆောင်းတွင်းသီးတွေကတော့ ဗီတာမင် အေနဲ့စီတို့အပြင် omega-3 fatty acids ကိုပါပေးစွမ်းနိုင်ပါတယ်။

10. မုန်လာမျိုးနွယ်အပင်များ

မုန်လာမျိုးနွယ်အပင်တွေမှာလည်း ဗီတာမင် အေ၊ စီ၊ အီးစတဲ့ အာဟာရဓာတ်တွေ ပေါင်းစပ်ပါဝင်ပါတယ်။ ဒါတွေအားလုံးက မျက်လုံးကိုကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့်တွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မြင်လွှာက ထိခိုက်ခံစားလွယ်တဲ့အတွက် ဒီလို မျက်လုံးအားကောင်းတဲ့အစားအစာတွေကို လုံလောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။
Credit- Dr. Mya Myo Myo Swe

၁၅ေပအရွည္ရွိတဲ့မိေက်ာင္းနဲ႔ မိ္တ္ေဆြေတြျဖစ္ေနတဲ့ အမ်ိဳးသမီး

0

ပံုမွာေတြ႔ရတဲ့အတိုင္းပဲ အမ်ိဳးသမီးတစ္ေယာက္ဟာ ဂံုးေကာင္ေတြကိုေရေဆးေနပါတယ္။ ထိုအခ်ိန္မွာ မိေက်ာင္းတစ္ေကာင္က အစာရွာဖို႔အတြက္ မ်က္လံုးနဲ႔ႏွာေယာင္ေတြကိုေရေပၚေဖာ္ကာ သူမအိမ္နားကိုကပ္လာခဲ့ပါတယ္။

ထိုအမ်ိဳးသမီးက မိေက်ာင္းၾကီးကိုအစာေကြ်းေနက်ျဖစ္ၿပီး မိေက်ာင္းၾကီးကလည္း သူမအိမ္နားမွာအျမဲအစာလာေတာင္းေလ့ရွိပါတယ္။ Ambo အမည္ရတဲ့အဆိုပါအမ်ိဳးသမီးက လတ္လတ္ဆတ္ဆတ္ဖမ္းထားတဲ့ ဂံုးေကာင္ေလးေတြကိုေရေဆးေနရင္း မိေက်ာင္းကုိေရပိုက္နဲ႔ထိုးၿပီး စလိုက္ပါတယ္။

ေယာက်္ားျဖစ္သူက အနီးနားမွာရပ္ေနရင္းနဲ႔ သူမကမၾကာခဏဆိုသလို ဂံုးအစအေနကေလးေတြကို ဗိုက္ဆာေနတဲ့မိေက်ာင္းၾကီးကို ပစ္ပစ္ၿပီးေကြ်းေနပါတယ္။ မိေက်ာင္းၾကီးက စိတ္ရွည္လက္ရွည္နဲ႔ေစာင့္စားၿပီး ေနာက္ပိုင္းေတာ့ ေရထဲကိုျပန္ငုပ္လ်ိဳးသြားခဲ့ပါတယ္။

အသက္၂၇ႏွစ္ရွိၿပီျဖစ္တဲ့ Agus Trianto ကမိေက်ာင္းအစာေကြ်းေနပံုကို ဗီဒီယိုရိုက္ကူးၿပီး လႊင့္တင္ခဲ့တာပါ။ မိေက်ာင္းၾကီးက အိမ္ကိုအစာရဖို႔အတြက္ ပံုမွန္လာတတ္ေၾကာင္း သိရပါတယ္။ ပံုမွန္အေနနဲ႔ပင္လယ္ထဲက ငါးဖမ္းသမားေတြက မိေက်ာင္းၾကီးကို သူတို႔ဖမ္းမိလာတဲ့ငါးေတြေကြ်းေလ့ရွိပါတယ္။

အခုအျဖစ္အပ်က္ေလးကေတာ့ အင္ဒိုနီးရွား ကမ္းရိုးတန္းၿမိဳ႕ေလးတစ္ၿမိဳ႕ျဖစ္တဲ့ Bontang မွာျဖစ္ၿပီး ဆားငံေရထဲေနထိုင္ေလ့ရွိတဲ့ မိေက်ာင္းေတြက ေရထဲမွာသြားလာေနၾကတာပါ။ တံငါရြာေလးမွာရွိတဲ့ အိမ္ေတြဟာငါးဖမ္းေလွေတြနဲ႔ အလြယ္တကူကူးသန္းသြားလာႏိုင္ဖို႔ ေျခတိုင္ရွည္အိမ္ေတြနဲ႔တည္ေဆာက္ထားေလ့ရွိပါတယ္။ ပံုမွာေတြ႔ရတဲ့အစာလာေတာင္းတဲ့ မိေက်ာင္းကေတာ့ ၁၂ေပကေန ၁၅ေပၾကားရွိမယ္လို႔ခန္႔မွန္းရေၾကာင္း Mirror သတင္းမွာေတြ႔ရွိရပါတယ္။

Credit- Shwemom

Unicode

ပုံမှာတွေ့ရတဲ့အတိုင်းပဲ အမျိုးသမီးတစ်ယောက်ဟာ ဂုံးကောင်တွေကိုရေဆေးနေပါတယ်။ ထိုအချိန်မှာ မိကျောင်းတစ်ကောင်က အစာရှာဖို့အတွက် မျက်လုံးနဲ့နှာယောင်တွေကိုရေပေါ်ဖော်ကာ သူမအိမ်နားကိုကပ်လာခဲ့ပါတယ်။

ထိုအမျိုးသမီးက မိကျောင်းကြီးကိုအစာကျွေးနေကျဖြစ်ပြီး မိကျောင်းကြီးကလည်း သူမအိမ်နားမှာအမြဲအစာလာတောင်းလေ့ရှိပါတယ်။ Ambo အမည်ရတဲ့အဆိုပါအမျိုးသမီးက လတ်လတ်ဆတ်ဆတ်ဖမ်းထားတဲ့ ဂုံးကောင်လေးတွေကိုရေဆေးနေရင်း မိကျောင်းကိုရေပိုက်နဲ့ထိုးပြီး စလိုက်ပါတယ်။

ယောကျ်ားဖြစ်သူက အနီးနားမှာရပ်နေရင်းနဲ့ သူမကမကြာခဏဆိုသလို ဂုံးအစအနေကလေးတွေကို ဗိုက်ဆာနေတဲ့မိကျောင်းကြီးကို ပစ်ပစ်ပြီးကျွေးနေပါတယ်။ မိကျောင်းကြီးက စိတ်ရှည်လက်ရှည်နဲ့စောင့်စားပြီး နောက်ပိုင်းတော့ ရေထဲကိုပြန်ငုပ်လျိုးသွားခဲ့ပါတယ်။

အသက်၂၇နှစ်ရှိပြီဖြစ်တဲ့ Agus Trianto ကမိကျောင်းအစာကျွေးနေပုံကို ဗီဒီယိုရိုက်ကူးပြီး လွှင့်တင်ခဲ့တာပါ။ မိကျောင်းကြီးက အိမ်ကိုအစာရဖို့အတွက် ပုံမှန်လာတတ်ကြောင်း သိရပါတယ်။ ပုံမှန်အနေနဲ့ပင်လယ်ထဲက ငါးဖမ်းသမားတွေက မိကျောင်းကြီးကို သူတို့ဖမ်းမိလာတဲ့ငါးတွေကျွေးလေ့ရှိပါတယ်။

အခုအဖြစ်အပျက်လေးကတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမြို့လေးတစ်မြို့ဖြစ်တဲ့ Bontang မှာဖြစ်ပြီး ဆားငံရေထဲနေထိုင်လေ့ရှိတဲ့ မိကျောင်းတွေက ရေထဲမှာသွားလာနေကြတာပါ။ တံငါရွာလေးမှာရှိတဲ့ အိမ်တွေဟာငါးဖမ်းလှေတွေနဲ့ အလွယ်တကူကူးသန်းသွားလာနိုင်ဖို့ ခြေတိုင်ရှည်အိမ်တွေနဲ့တည်ဆောက်ထားလေ့ရှိပါတယ်။ ပုံမှာတွေ့ရတဲ့အစာလာတောင်းတဲ့ မိကျောင်းကတော့ ၁၂ပေကနေ ၁၅ပေကြားရှိမယ်လို့ခန့်မှန်းရကြောင်း Mirror သတင်းမှာတွေ့ရှိရပါတယ်။
Credit- Shwemom

 

(၆)ေပ အရပ္အျမင့္ရွိတဲ့ ရာဇဝတ္သားကို ခက္ခက္ခဲခဲဖမ္းခဲ့ရတဲ့ ေလးေပခြဲ ရဲေမ

0

ရဲေမတစ္ဦးဟာ မူးယစ္ေဆး၀ါးေတြ လက္၀ယ္သယ္ေဆာင္ထားတယ္လို႔ သံသယရွိသူတစ္ဦးကို အျခားရဲအကူေတြေရာက္မလာခင္ ဖမ္းဆီးႏိုင္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ရပါတယ္။ အခင္းျဖစ္ပြားရာကေတာ့ လန္ဒန္ၿမိဳ႕ေတာင္ပိုင္း၊ ဘရစၥတန္မွာ ျဖစ္ၿပီး တရားခံက အသက္ ၂၁ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။

ရဲေမက တရားခံကို သတိျပဳမိခဲ့ၿပီးေနာက္ လမ္းၾကားတစ္ခုအေရာက္မွာေတာ့ ထိုအမ်ိဳးသားဆီကုိ ခ်ဥ္းကပ္ၿပီး ေဆးမႈနဲ႔ ရွာေဖြစစ္ေဆးဖို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ အမ်ိဳးသားက အဖမ္းမခံဘဲ ခုခံၿပီး ရဲေမဆီကေန ထြက္ေျပးဖို႔ ၾကိဳးစားခဲ့ပါတယ္။ ယင္းအျဖစ္ကို အမည္မေဖာ္လိုတဲ့ လမ္းသြားလမ္းလာတစ္ဦးက ေတြ႔ရွိခဲ့ၿပီး စိတ္လည္း၀င္စား၊ ရဲေမကိုလည္း စိတ္မခ်တာေၾကာင့္ သူတို႔ေနာက္လိုက္ၿပီး ဗီဒီယိုမွတ္တမ္းတင္ထားခဲ့ပါတယ္။

မသကၤာဖြယ္ရာ အမ်ိဳးသားဟာ အရပ္အျမင့္(၆)ေပေလာက္ ရွိမယ္ထင္ပါတယ္။ ရဲေမက သူ႔ကို လက္ထိပ္ခတ္ဖို႔ အသားကုန္ၾကိဳးစားေပမယ့္ သူက ေရွာင္လႊဲၿပီး ဂရုမစိုက္ဘဲ ေရွ႕ဆက္လမ္းေလွ်ာက္သြားခဲ့တာျဖစ္ပါတယ္။ မၾကာခင္မွာေတာ့ ရဲအကူေတြပါ ေရာက္ရွိလာတာေၾကာင့္ ထိုအမ်ိဳးသားကို ၀ိုင္း၀န္းဖမ္းဆီးၿပီး စစ္ေဆးဖို႔ စခန္းေခၚသြားခဲ့ပါတယ္။

ဗီဒီယိုမွတ္တမ္းတင္သူ အမ်ိဳးသားကေတာ့ “ရဲေမပုပုေလးေတြ၊ ရဲသား အေကာင္ညွက္ညွက္ေလးေတြက လမ္းေပၚမွာ ကင္းလွည့္ေနတာကို ကြ်န္ေတာ္ အျမဲေတြ႔ေနရတယ္။ သူတို႔အရပ္၊ သူတို႔ဗလနဲ႔ တကယ္တမ္း ရာဇ၀တ္သား ၾကီးၾကီးမားမားေတြ႔ရင္ ဘာမွမလုပ္ႏိုင္ဘူး။ ဖမ္းဆီးမႈ ျဖစ္ခ်ိန္တုန္းကေတာ့ ရဲေမက ယဥ္ယဥ္ေက်းေက်း ေျပာရွာပါတယ္။ လူၾကီးမင္း.. ရပ္ေနေပးပါေပါ့။”

“ဒီစကားကို ရဲေမက အာေပါက္ေအာင္ ေျပာတယ္။ ဒါေပမယ့္ အဲဒီလူက မရပ္ဘူးဗ်။ ရဲေမကို ဖယ္တြန္းၿပီး ဆက္လမ္းေလွ်ာက္သြားတယ္။ ရဲေမက ဘယ္လိုမွ လက္ထိတ္ခပ္လို႔ကို မရတာ။ ဘယ္ရမလဲဗ်ာ။ ရဲေမက အရပ္ ေလးေပခြဲေလာက္ပဲ ရွိတာကို။ သူဖမ္းမယ့္လူက်ေတာ့ ေျခာက္ေပေလာက္ရွိတယ္ေလ။ ဘယ္ဖမ္းႏိုင္မလဲ။” လို႔ ေမးလ္အြန္လိုင္းသတင္းဌာနကုိ ေျပာျပသြားခဲ့ပါတယ္။
Credit- Shwemom

Unicode

ရဲမေတစ်ဦးဟာ မူးယစ်ဆေးဝါးတွေ လက်ဝယ်သယ်ဆောင်ထားတယ်လို့ သံသယရှိသူတစ်ဦးကို အခြားရဲအကူတွေရောက်မလာခင် ဖမ်းဆီးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။ အခင်းဖြစ်ပွားရာကတော့ လန်ဒန်မြို့တောင်ပိုင်း၊ ဘရစ္စတန်မှာ ဖြစ်ပြီး တရားခံက အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။

ရဲမေက တရားခံကို သတိပြုမိခဲ့ပြီးနောက် လမ်းကြားတစ်ခုအရောက်မှာတော့ ထိုအမျိုးသားဆီကို ချဉ်းကပ်ပြီး ဆေးမှုနဲ့ ရှာဖွေစစ်ဆေးဖို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားက အဖမ်းမခံဘဲ ခုခံပြီး ရဲမေဆီကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ယင်းအဖြစ်ကို အမည်မဖော်လိုတဲ့ လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိခဲ့ပြီး စိတ်လည်းဝင်စား၊ ရဲမေကိုလည်း စိတ်မချတာကြောင့် သူတို့နောက်လိုက်ပြီး ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ်။

မသင်္ကာဖွယ်ရာ အမျိုးသားဟာ အရပ်အမြင့်(၆)ပေလောက် ရှိမယ်ထင်ပါတယ်။ ရဲမေက သူ့ကို လက်ထိပ်ခတ်ဖို့ အသားကုန်ကြိုးစားပေမယ့် သူက ရှောင်လွှဲပြီး ဂရုမစိုက်ဘဲ ရှေ့ဆက်လမ်းလျှောက်သွားခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာတော့ ရဲအကူတွေပါ ရောက်ရှိလာတာကြောင့် ထိုအမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးပြီး စစ်ဆေးဖို့ စခန်းခေါ်သွားခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းတင်သူ အမျိုးသားကတော့ “ရဲမေပုပုလေးတွေ၊ ရဲသား အကောင်ညှက်ညှက်လေးတွေက လမ်းပေါ်မှာ ကင်းလှည့်နေတာကို ကျွန်တော် အမြဲတွေ့နေရတယ်။ သူတို့အရပ်၊ သူတို့ဗလနဲ့ တကယ်တမ်း ရာဇဝတ်သား ကြီးကြီးမားမားတွေ့ရင် ဘာမှမလုပ်နိုင်ဘူး။ ဖမ်းဆီးမှု ဖြစ်ချိန်တုန်းကတော့ ရဲမေက ယဉ်ယဉ်ကျေးကျေး ပြောရှာပါတယ်။ လူကြီးမင်း.. ရပ်နေပေးပါပေါ့။”

“ဒီစကားကို ရဲမေက အာပေါက်အောင် ပြောတယ်။ ဒါပေမယ့် အဲဒီလူက မရပ်ဘူးဗျ။ ရဲမေကို ဖယ်တွန်းပြီး ဆက်လမ်းလျှောက်သွားတယ်။ ရဲမေက ဘယ်လိုမှ လက်ထိတ်ခပ်လို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ရဲမေက အရပ် လေးပေခွဲလောက်ပဲ ရှိတာကို။ သူဖမ်းမယ့်လူကျတော့ ခြောက်ပေလောက်ရှိတယ်လေ။ ဘယ်ဖမ်းနိုင်မလဲ။” လို့ မေးလ်အွန်လိုင်းသတင်းဌာနကို ပြောပြသွားခဲ့ပါတယ်။
Credit- Shwemom

 

စားစရာမရွိေတာ့လုိ႔ ေသသြားတဲ့ သူ႔သခင္အေလာင္းကုိ စားပစ္ခဲ့တဲ့ ေခြးေလး

0

ထုိင္းႏုိင္ငံ၊ ဆပ္တာဟစ္ျပည္နယ္ထဲမွာေနထုိင္တဲ့ ကေနဒါႏုိင္ငံသားတစ္ဦးဟာ ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက သူ႕ရဲ႕တုိက္ခန္းအတြင္းမွာ ေသဆုံးေနခဲ့ပါတယ္။ အသက္ (၆၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကေနဒါႏုိင္ငံသား ဂလင္း ပက္တင္ဆန္ဟာ သူ႕ရဲ႕ေခြးေလးနဲ႔အတူ ေနထုိင္တာျဖစ္ၿပီး သူ႕ရဲ႕တုိက္ခန္းထဲမွာ ေသဆုံးေနခဲ့တာပါ။

ပတ္တင္ဆန္ေသဆုံးသြားခဲ့တာကုိ သူ႕ရဲ႕ပတ္၀န္းက်င္ကလည္း မသိၾကပဲ (၁၀)ရက္ေလာက္အထိ ၾကာျမင့္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ပက္တင္ဆန္ရဲ႕ ေခြးေလးအတြက္ ေရြးခ်ယ္စရာမရွိေတာ့ပဲ ေသဆုံးေနၿပီျဖစ္တဲ့ သူ႕သခင္ရဲ႕အသားကုိ ျပန္ၿပီးစားရပါေတာ့တယ္။

မီဒီယာေတြကေတာ့ ဒီအျဖစ္အပ်က္ကုိ နာမည္ေက်ာ္ သည္းထိတ္ရင္ဖုိ စာေရးဆရာ စတီဖင္ကင္းရဲ႕ “Cujo” ဆုိတဲ့ ရုပ္ရွင္နဲ႔ ခိုင္းႏိႈင္းၿပီးေရးသားၾကပါတယ္။ လူသားစားတဲ့ ေခြးတစ္ေကာင္အေၾကာင္း ရုိက္ကူးထားတဲ့ ကူဂ်ိဳ ရုပ္ရွင္ဟာ အျပင္မွာ တကယ္ျဖစ္လာၿပီလုိ႔ မီဒီယာေတြက ေရးသားၾကၿပီး ပတ္တင္ဆန္ရဲ႕ေခြးဟာ သူ႕သခင္ရဲ႕မ်က္ႏွာတစ္၀က္ေလာက္ကုိ စားပစ္ခဲ့ပါတယ္။

ပတ္တင္ဆန္ေသဆုံးၿပီး (၁၀)ရက္ေလာက္အၾကာမွာေတာ့ သူ႕ရဲ႕အိမ္နီးခ်င္းေတြက တရစပ္ေဟာင္တဲ့ ေခြးေဟာင္သံေတြကုိ အၿမဲၾကားေနခဲ့ရၿပီး ရဲတပ္ဖြဲ႕ကုိ အသိေပးခဲ့တာပါ။

အဲဒီေနာက္ ရဲေတြေရာက္လာခဲ့ခ်ိန္မွာေတာ့ အ၀တ္ဗလာနဲ႔ ၾကမ္းျပင္ေပၚလဲက်ေနတဲ့ ပတ္တင္ဆန္ကုိေတြ႕ခဲ့ရၿပီး သူ႕ရဲ႕ေခြးဟာ အေလာင္းရဲ႕အနီးမွာ ထုိင္ေနခဲ့ပါတယ္။ ေခြးရဲ႕ပါးစပ္မွာလည္း ေသြးေတြေပေနခဲ့ၿပီး အနီးတ၀ုိက္မွာ အရုိးအနည္းငယ္ရွိေနခဲ့ပါတယ္။ ပက္တင္ဆန္ရဲ႕ မ်က္ႏွာတစ္ျခမ္းက ပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့ၿပီး ရဲတပ္ဖြဲ႕က သူေမြးထားတဲ့ေခြးက သူ႕ကုိျပန္စားခဲ့တာျဖစ္တယ္လုိ႔ ထုတ္ျပန္လုိက္ပါတယ္။

ပတ္တင္ဆန္ရဲ႕အိမ္နီးခ်င္းေတြက ဒီကေနဒါႏုိင္ငံသားဟာ ဒီေနရာမွာ (၃)ႏွစ္ၾကာေလာက္ေနထုိင္ခဲ့သူျဖစ္ေၾကာင္းနဲ႔ သေဘာေကာင္းသူတစ္ေယာက္ျဖစ္တယ္လုိ႔ ေျပာျပခဲ့ပါတယ္။ ပတ္တင္ဆန္ဟာ သူ႕ေခြးကုိအရမ္းခ်စ္သူျဖစ္ၿပီး ညတုိင္းလုိလုိ သူ႕ေခြးနဲ႔လမ္းေလွ်ာက္ထြက္ေလ့ရွိတယ္လုိ႔ ေျပာျပၾကပါတယ္။

သူက တစ္ေယာက္တည္းေနသူျဖစ္္ေပမယ့္ သူ႕အိမ္ကုိ အမ်ိဳးသမီးမ်ားစြာ လာေရာက္္ၾကၿပီး ပတ္တင္ဆန္အေနနဲ႔ ေပ်ာ္ရႊင္ေနခဲ့တယ္လုိ႔ သူ႕ရဲ႕အိမ္နီးခ်င္းတစ္ဦးျဖစ္တဲ့ ဆူခ်င္း က ဆုိပါတယ္။

ရဲတပ္ဖြဲ႕ရဲ႕ေျပာေရးဆုိခြင့္ရွိသူတစ္ေယာက္က “သူေသဆုံးခဲ့တာ (၇)ရက္ကေန (၁၀)ရက္အတြင္းရွိခဲ့ပါၿပီ။ သူ႕ရဲ႕ေခြးဟာ ေရေသာက္စရာေတာင္မရွိပဲ သူ႕သခင္နားမွာရွိေနခဲ့တယ္လုိ႔ ယူဆရပါတယ္။ အခန္းထဲမွာေတာ့ ပဋိပကၡျဖစ္ထားတဲ့အေျခအေနမ်ိဳးေတြ မေတြ႕ရသလုိ ေသဆုံးမႈအတြက္အေျဖရွာေနတုန္းပါပဲ” လုိ႔ဆုိလိုက္ပါတယ္။
Credit- Shwemom

Unicode

ထိုင်းနိုင်ငံ၊ ဆပ်တာဟစ်ပြည်နယ်ထဲမှာနေထိုင်တဲ့ ကနေဒါနိုင်ငံသားတစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူ့ရဲ့တိုက်ခန်းအတွင်းမှာ သေဆုံးနေခဲ့ပါတယ်။ အသက် (၆၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား ဂလင်း ပက်တင်ဆန်ဟာ သူ့ရဲ့ခွေးလေးနဲ့အတူ နေထိုင်တာဖြစ်ပြီး သူ့ရဲ့တိုက်ခန်းထဲမှာ သေဆုံးနေခဲ့တာပါ။

ပတ်တင်ဆန်သေဆုံးသွားခဲ့တာကို သူ့ရဲ့ပတ်ဝန်းကျင်ကလည်း မသိကြပဲ (၁၀)ရက်လောက်အထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပက်တင်ဆန်ရဲ့ ခွေးလေးအတွက် ရွေးချယ်စရာမရှိတော့ပဲ သေဆုံးနေပြီဖြစ်တဲ့ သူ့သခင်ရဲ့အသားကို ပြန်ပြီးစားရပါတော့တယ်။

မီဒီယာတွေကတော့ ဒီအဖြစ်အပျက်ကို နာမည်ကျော် သည်းထိတ်ရင်ဖို စာရေးဆရာ စတီဖင်ကင်းရဲ့ “Cujo” ဆိုတဲ့ ရုပ်ရှင်နဲ့ ခိုင်းနှိုင်းပြီးရေးသားကြပါတယ်။ လူသားစားတဲ့ ခွေးတစ်ကောင်အကြောင်း ရိုက်ကူးထားတဲ့ ကူဂျို ရုပ်ရှင်ဟာ အပြင်မှာ တကယ်ဖြစ်လာပြီလို့ မီဒီယာတွေက ရေးသားကြပြီး ပတ်တင်ဆန်ရဲ့ခွေးဟာ သူ့သခင်ရဲ့မျက်နှာတစ်ဝက်လောက်ကို စားပစ်ခဲ့ပါတယ်။

ပတ်တင်ဆန်သေဆုံးပြီး (၁၀)ရက်လောက်အကြာမှာတော့ သူ့ရဲ့အိမ်နီးချင်းတွေက တရစပ်ဟောင်တဲ့ ခွေးဟောင်သံတွေကို အမြဲကြားနေခဲ့ရပြီး ရဲတပ်ဖွဲ့ကို အသိပေးခဲ့တာပါ။

အဲဒီနောက် ရဲတွေရောက်လာခဲ့ချိန်မှာတော့ အဝတ်ဗလာနဲ့ ကြမ်းပြင်ပေါ်လဲကျနေတဲ့ ပတ်တင်ဆန်ကိုတွေ့ခဲ့ရပြီး သူ့ရဲ့ခွေးဟာ အလောင်းရဲ့အနီးမှာ ထိုင်နေခဲ့ပါတယ်။ ခွေးရဲ့ပါးစပ်မှာလည်း သွေးတွေပေနေခဲ့ပြီး အနီးတဝိုက်မှာ အရိုးအနည်းငယ်ရှိနေခဲ့ပါတယ်။ ပက်တင်ဆန်ရဲ့ မျက်နှာတစ်ခြမ်းက ပုံပျက်ပန်းပျက်ဖြစ်နေခဲ့ပြီး ရဲတပ်ဖွဲ့က သူမွေးထားတဲ့ခွေးက သူ့ကိုပြန်စားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ပတ်တင်ဆန်ရဲ့အိမ်နီးချင်းတွေက ဒီကနေဒါနိုင်ငံသားဟာ ဒီနေရာမှာ (၃)နှစ်ကြာလောက်နေထိုင်ခဲ့သူဖြစ်ကြောင်းနဲ့ သဘောကောင်းသူတစ်ယောက်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ပတ်တင်ဆန်ဟာ သူ့ခွေးကိုအရမ်းချစ်သူဖြစ်ပြီး ညတိုင်းလိုလို သူ့ခွေးနဲ့လမ်းလျှောက်ထွက်လေ့ရှိတယ်လို့ ပြောပြကြပါတယ်။

သူက တစ်ယောက်တည်းနေသူဖြစ်ပေမယ့် သူ့အိမ်ကို အမျိုးသမီးများစွာ လာရောက်ကြပြီး ပတ်တင်ဆန်အနေနဲ့ ပျော်ရွှင်နေခဲ့တယ်လို့ သူ့ရဲ့အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ဆူချင်း က ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “သူသေဆုံးခဲ့တာ (၇)ရက်ကနေ (၁၀)ရက်အတွင်းရှိခဲ့ပါပြီ။ သူ့ရဲ့ခွေးဟာ ရေသောက်စရာတောင်မရှိပဲ သူ့သခင်နားမှာရှိနေခဲ့တယ်လို့ ယူဆရပါတယ်။ အခန်းထဲမှာတော့ ပဋိပက္ခဖြစ်ထားတဲ့အခြေအနေမျိုးတွေ မတွေ့ရသလို သေဆုံးမှုအတွက်အဖြေရှာနေတုန်းပါပဲ” လို့ဆိုလိုက်ပါတယ်။
Credit- Shwemom

 

လက္၂ဖက္မရွိေပမယ့္ ဘ၀ကို အရႈံးမေပးပဲ ျဖတ္သန္းေနတဲ့သားအမိ

0

အေမျဖစ္တဲ့ Linda နဲ႔ သားျဖစ္သူ Timmy Bannon တို႔ဟာေမြးကတည္းက လက္ႏွစ္ဖက္ပါမလာခဲ့ပါဘူး။ သို႔ေပမယ့္လည္း ဘ၀ကိုေပ်ာ္ရႊင္ေက်နပ္စြာျဖတ္သန္းေနတဲ့အေၾကာင္းကို Rachfeed သတင္းစာမ်က္ႏွာမွာအခုလိုေတြ႔ရွိထားပါတယ္။

ဓာတ္ပံုေတြမွာေတြ႔ျမင္ရတဲ့အတိုင္း ပံုမွန္လူေတြလိုပဲ သြားလာလႈပ္ရွားေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။ လက္မရွိေပမယ့္လည္း သိမ္ငယ္ေနပံုမေတြ႔ရပါဘူး။ အရာေတာ္ေတာ္မ်ားမ်ားကိုလုပ္ကိုင္တဲ့ေနရာမွာ..ဥပမာ စာေရးတာ ၊ ထမင္းစားတာ မ်ိဳးေတြမွာ ေျခေထာက္ကိုအားျပဳၿပီးလုပ္ကိုင္ေနတာကိုလည္းေတြ႔ျမင္ရမွာျဖစ္ပါတယ္။

သားအမိႏွစ္ေယာက္စလံုးက အမီွခိုကင္းကင္းနဲ႔လႈပ္ရွားေနၾကေပမယ့္ ေရခ်ိဳးခန္းလို ေနရာမ်ိဳး..ဥပမာ..ပစၥည္းပစၥယယူတာေတြဆိုရင္ေတာ့အကူညီလိုေကာင္းလိုပါလိမ့္မယ္။ အခုဆိုရင္လည္း ဗီဒီယိုထဲမွာသာမန္လူေတြလိုပဲေရကူးေနတာကို ခ်ီးမြမ္းဖြယ္ျမင္ေနရမွာပါ။

Credit- Shwemom

Unicode

အမေဖြစ်တဲ့ Linda နဲ့ သားဖြစ်သူ Timmy Bannon တို့ဟာမွေးကတည်းက လက်နှစ်ဖက်ပါမလာခဲ့ပါဘူး။ သို့ပေမယ့်လည်း ဘဝကိုပျော်ရွှင်ကျေနပ်စွာဖြတ်သန်းနေတဲ့အကြောင်းကို Rachfeed သတင်းစာမျက်နှာမှာအခုလိုတွေ့ရှိထားပါတယ်။

ဓာတ်ပုံတွေမှာတွေ့မြင်ရတဲ့အတိုင်း ပုံမှန်လူတွေလိုပဲ သွားလာလှုပ်ရှားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ လက်မရှိပေမယ့်လည်း သိမ်ငယ်နေပုံမတွေ့ရပါဘူး။ အရာတော်တော်များများကိုလုပ်ကိုင်တဲ့နေရာမှာ..ဥပမာ စာရေးတာ ၊ ထမင်းစားတာ မျိုးတွေမှာ ခြေထောက်ကိုအားပြုပြီးလုပ်ကိုင်နေတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

သားအမိနှစ်ယောက်စလုံးက အမှီခိုကင်းကင်းနဲ့လှုပ်ရှားနေကြပေမယ့် ရေချိုးခန်းလို နေရာမျိုး..ဥပမာ..ပစ္စည်းပစ္စယယူတာတွေဆိုရင်တော့အကူညီလိုကောင်းလိုပါလိမ့်မယ်။ အခုဆိုရင်လည်း ဗီဒီယိုထဲမှာသာမန်လူတွေလိုပဲရေကူးနေတာကို ချီးမွမ်းဖွယ်မြင်နေရမှာပါ။
Credit- Shwemom

 

အမ်ိဳးသမီးမ်ား ဘီယာပံုမွန္ ေသာက္ေပးျခင္းဟာ ႏွလံုးေရာဂါ ျဖစ္ႏို္င္ေခ်နည္းပါး

0

မိန္းကေလး တစ္ေယာက္မွာ အႀကိဳက္ဆံုး ဘီယာ ရွိေနျခင္းဟာ က်န္းမာေရး အတြက္ ေကာင္းမြန္ ေစႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ပတ္ကို ၂ ပိုင့္သာ ေသာက္သံုးေပးဖို႔ေတာ့ လိုအပ္ပါတယ္။

တန္ေဆး လြန္ေဘး ဆိုသလိုပါပဲ။ အပတ္တိုင္း ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ခန္႔ ေသာက္သံုးတဲ့ အမ်ိဳးသမီးေတြဟာ ႏွလံုးေရာဂါ ျဖစ္ပြားျခင္းကို ခံစားရဖို႔ အခြင့္အလမ္း နည္းေစတယ္ လို႔ Gothenburg တကၠသိုလ္က သုေတသီေတြက ရွာေဖြ ေတြ႕ရွိခဲ့ ၾကပါတယ္။

ဒီလို အပတ္စဥ္ ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ ခန္႔ ေသာက္သံုးသူေတြဟာ ဘီယာ အလြန္အကၽြံ ေသာက္သံုးသူေတြ ၊ ဘီယာ လံုး၀ မေသာက္သူေတြနဲ႔ ယွဥ္ရင္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း နည္းပါးေနပါတယ္။

သုေတသီ ေတြဟာ အသက္ ၅၀ ၀န္းက်င္ ရွိေနၿပီျဖစ္တဲ့ အမ်ိဳးသမီး အေယာက္ ၁၅၀၀ ကို ေလ့လာမႈ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ဟာ ထို အသက္အရြယ္ အလယ္အလတ္ ရွိတဲ့ အမ်ိဳးသမီးေတြကို ၁၉၆၈ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္အထိ ေတာက္ေလွ်ာက္ ေလ့လာမႈေတြ ျပဳလုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ယမကာ မွီ၀ဲမႈေတြကိုလည္း ေရာဂါ ျဖစ္ပြားႏႈန္းနဲ႔ ႏိႈင္းယွဥ္ ေလ့လာခဲ့ၾကတာ ျဖစ္ပါတယ္။

၃၂ ႏွစ္တာ ေလ့လာခဲ့တဲ့ ရလဒ္ကေတာ့ အမ်ိဳးသမီး ၁၈၅ ေယာက္ဟာ ႏွလံုးေရာဂါ ျဖစ္ခဲ့ၾကၿပီး ၁၆၀ ေယာက္ ဆီးခ်ိဳေသြးခ်ိဳ နဲ႔ ၃၄၅ ေယာက္တို႔က ကင္ဆာ ျဖစ္ခဲ့ၾကတာကိုေတြ႕ခဲ့ရပါတယ္။

အဲဒီ ရလဒ္ေတြကို ခြဲျခမ္းစိတ္ျဖာ ၾကည့္တဲ့အခါမွာေတာ့ ယမကာ အလြန္အကၽြံ ေသာက္သံုးသူေတြဟာ ကင္ဆာေရာဂါ ျဖစ္ႏိုင္ေခ် ၅၀ ရာခိုင္ႏႈန္းအထိ တိုးလာတာကို ေတြ႕ရသလို တစ္ပတ္ကို ဘီယာ ၁ ပိုင့္ (သို႔) ၂ ပိုင့္ခန္႔သာ ေသာက္သံုးသူေတြကေတာ့ ဘီယာ အလြန္အကၽြံ ေသာက္သံုးသူေတြနဲ႔ လံုး၀ မေသာက္တတ္သူေတြထက္ ႏွလံုးေရာဂါ ျဖစ္ႏိုင္ေခ် ၃၀ ရာခိုင္ႏႈန္း နည္းပါးတာကိုေတြ႕ရျပန္ပါတယ္။

ထို ေလ့လာမႈကိုေတာ့ ဇူလိုင္လမွာ ထြက္ရွိခဲ့တဲ့ Scandinavian Journal of Primary Health Care မွာ ပံုႏွိပ္ေဖာ္ျပခဲ့ပါတယ္။
Credit- Phothutaw

Unicode

မိန်းကလေး တစ်ယောက်မှာ အကြိုက်ဆုံး ဘီယာ ရှိနေခြင်းဟာ ကျန်းမာရေး အတွက် ကောင်းမွန် စေနိုင်ပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ၂ ပိုင့်သာ သောက်သုံးပေးဖို့တော့ လိုအပ်ပါတယ်။

တန်ဆေး လွန်ဘေး ဆိုသလိုပါပဲ။ အပတ်တိုင်း ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ နှလုံးရောဂါ ဖြစ်ပွားခြင်းကို ခံစားရဖို့ အခွင့်အလမ်း နည်းစေတယ် လို့ Gothenburg တက္ကသိုလ်က သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ ကြပါတယ်။

ဒီလို အပတ်စဉ် ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့် ခန့် သောက်သုံးသူတွေဟာ ဘီယာ အလွန်အကျွံ သောက်သုံးသူတွေ ၊ ဘီယာ လုံး၀ မသောက်သူတွေနဲ့ ယှဉ်ရင် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးနေပါတယ်။

သုတေသီ တွေဟာ အသက် ၅၀ ဝန်းကျင် ရှိနေပြီဖြစ်တဲ့ အမျိုးသမီး အယောက် ၁၅၀၀ ကို လေ့လာမှု ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ထို အသက်အရွယ် အလယ်အလတ် ရှိတဲ့ အမျိုးသမီးတွေကို ၁၉၆၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ တောက်လျှောက် လေ့လာမှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ယမကာ မှီဝဲမှုတွေကိုလည်း ရောဂါ ဖြစ်ပွားနှုန်းနဲ့ နှိုင်းယှဉ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

၃၂ နှစ်တာ လေ့လာခဲ့တဲ့ ရလဒ်ကတော့ အမျိုးသမီး ၁၈၅ ယောက်ဟာ နှလုံးရောဂါ ဖြစ်ခဲ့ကြပြီး ၁၆၀ ယောက် ဆီးချိုသွေးချို နဲ့ ၃၄၅ ယောက်တို့က ကင်ဆာ ဖြစ်ခဲ့ကြတာကိုတွေ့ခဲ့ရပါတယ်။

အဲဒီ ရလဒ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်တဲ့အခါမှာတော့ ယမကာ အလွန်အကျွံ သောက်သုံးသူတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ ၅၀ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရသလို တစ်ပတ်ကို ဘီယာ ၁ ပိုင့် (သို့) ၂ ပိုင့်ခန့်သာ သောက်သုံးသူတွေကတော့ ဘီယာ အလွန်အကျွံ သောက်သုံးသူတွေနဲ့ လုံး၀ မသောက်တတ်သူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်း နည်းပါးတာကိုတွေ့ရပြန်ပါတယ်။

ထို လေ့လာမှုကိုတော့ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Scandinavian Journal of Primary Health Care မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Credit- Phothutaw

အသက္ရွင္ေသးေၾကာင္းျပသဖို႔ အုတ္ဂူကိုျပန္တူးျပမယ္ဆိုတဲ့အမ်ိဳးသမီး

0

ေသသြားျပီလို႔သတ္မွတ္ခံရတဲ့အမ်ိဳးသမီးက သူမအသက္ရွင္ေနေသးေၾကာင္းသက္ေသျပဖို႔အတြက္ သူမအုတ္ဂူကိုကိုယ္တိုင္တူးေဖာ္ခ်င္ေနတဲ့အေၾကာင္းကို Metro သတင္းကေနေတြ႔ရွိရပါတယ္။ အမ်ိဳးသမီးတစ္ေယာက္ဟာ၂၀၁၀မွာတုန္းကေသသြားျပီဆိုျပီး မမွန္မကန္ေၾကညာခံခဲ့ရပါတယ္။ အသက္ရွင္ေနဆဲျဖစ္တဲ့ Juana Escudero ဟာစပိန္ႏိုင္ငံ Serville ျမိဳ့ကျဖစ္ပါတယ္။ သူမကအသက္ရွင္ေနေပမယ့္ သူ႔ႏိုင္ငံကေတာ့ အဆိုပါအမ်ိဳးသမီးကို ရံုးပိုင္းဆိုင္ရာမွားယြင္းမွဳေတြေၾကာင့္ လြန္ခဲ့တဲ့၇ႏွစ္ကတည္းက ေသလူအျဖစ္အသတ္မွတ္ထားခဲ့တာပါ။

၂၀၁၀ခုႏွစ္ ေမလတုန္းက အဆိုပါအမ်ိဳးသမီးၾကီးနဲ႔ နာမည္ေကာ ေမြးရက္ပါတူတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေသဆံုးခဲ့ရာမွာ စပိန္ႏိုင္ငံ လူမွဳေရးရာလံုျခံဳေရးအဖြဲ႔ဟာ တစ္ေယာက္ထဲကိုပဲ ေသစာရင္းသြင္းရမယ့္အစား မွားယြင္းစြာနဲ႔ႏွစ္ေယာက္စလံုးကို ေသစာရင္းသြင္းခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းကိုအမ်ိဳးသမီးၾကီးက ဆရာ၀န္သြားျပတဲ့အခါက်မွ သူမကေသစာရင္းထဲမွာမွတ္တမ္းတင္ထားတာကို သိရွိခဲ့တာျဖစ္ပါတယ္။ သူမဟာ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးလို႔မရတဲ့အျပင္ ဆရာ၀န္ေတြဆီကိုလည္း သြားျပလို႔မရခဲ့ဘူးလို႔ဆိုပါတယ္။ သူမကအစိုးရအေနနဲ႔ သူမကိုေသလူလို႔သတ္မွတ္ထားေပမယ့္ ဘဏ္စာရင္းထဲမွာက်ေတာ့ သူမကအသက္ရွင္ေနေသးျပီး ေခ်းေငြေတြကိုေပးေနရတုန္းပါပဲ။ နယ္ေျမတရားရံုးအျပင္ဘ႑ာေရးဌာနကိုသြားေတြ႔ခဲ့ေပမယ့္ သူမကိုအသက္ရွင္ေနဆဲျဖစ္ေၾကာင္း စပိန္အစိုးရက မယံုၾကည္ႏိုင္ပါဘူး။

အခုဆိုရင္ Escudero ဟာသူမအသက္ရွင္ေၾကာင္းျပသဖို႔အတြက္ျပင္းထန္တဲ့ေဆာင္ရြက္မွဳေတြျပဳလုပ္ဖို႔ၾကံစည္ေနပါတယ္။ အစိုးရက သူမလို႔ယူဆထားတဲ့အုတ္ဂူကိုဖ်က္ျပီး DNA စစ္ေဆးဖို႔ရန္အတြက္ အသနားခံစာျပင္ဆင္ေနပါတယ္။ တကယ္ေတာ့ အဲဒီအုတ္ဂူက သူမနဲ႔ နာမည္ေရာေမြးရက္ပါတူတဲ့ ေသဆံုးသူတျခားအမ်ိဳးသမီးရဲ့အုတဂူျဖစ္ပါတယ္။
Credit- Shwemom

Unicode

သေသွားပြီလို့သတ်မှတ်ခံရတဲ့အမျိုးသမီးက သူမအသက်ရှင်နေသေးကြောင်းသက်သေပြဖို့အတွက် သူမအုတ်ဂူကိုကိုယ်တိုင်တူးဖော်ချင်နေတဲ့အကြောင်းကို Metro သတင်းကနေတွေ့ရှိရပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ၂၀၁၀မှာတုန်းကသေသွားပြီဆိုပြီး မမှန်မကန်ကြေညာခံခဲ့ရပါတယ်။ အသက်ရှင်နေဆဲဖြစ်တဲ့ Juana Escudero ဟာစပိန်နိုင်ငံ Serville မြို့ကဖြစ်ပါတယ်။ သူမကအသက်ရှင်နေပေမယ့် သူ့နိုင်ငံကတော့ အဆိုပါအမျိုးသမီးကို ရုံးပိုင်းဆိုင်ရာမှားယွင်းမှုတွေကြောင့် လွန်ခဲ့တဲ့၇နှစ်ကတည်းက သေလူအဖြစ်အသတ်မှတ်ထားခဲ့တာပါ။

၂၀၁၀ခုနှစ် မေလတုန်းက အဆိုပါအမျိုးသမီးကြီးနဲ့ နာမည်ကော မွေးရက်ပါတူတဲ့ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ရာမှာ စပိန်နိုင်ငံ လူမှုရေးရာလုံခြုံရေးအဖွဲ့ဟာ တစ်ယောက်ထဲကိုပဲ သေစာရင်းသွင်းရမယ့်အစား မှားယွင်းစွာနဲ့နှစ်ယောက်စလုံးကို သေစာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုအမျိုးသမီးကြီးက ဆရာဝန်သွားပြတဲ့အခါကျမှ သူမကသေစာရင်းထဲမှာမှတ်တမ်းတင်ထားတာကို သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလို့မရတဲ့အပြင် ဆရာဝန်တွေဆီကိုလည်း သွားပြလို့မရခဲ့ဘူးလို့ဆိုပါတယ်။ သူမကအစိုးရအနေနဲ့ သူမကိုသေလူလို့သတ်မှတ်ထားပေမယ့် ဘဏ်စာရင်းထဲမှာကျတော့ သူမကအသက်ရှင်နေသေးပြီး ချေးငွေတွေကိုပေးနေရတုန်းပါပဲ။ နယ်မြေတရားရုံးအပြင်ဘဏ္ဍာရေးဌာနကိုသွားတွေ့ခဲ့ပေမယ့် သူမကိုအသက်ရှင်နေဆဲဖြစ်ကြောင်း စပိန်အစိုးရက မယုံကြည်နိုင်ပါဘူး။

အခုဆိုရင် Escudero ဟာသူမအသက်ရှင်ကြောင်းပြသဖို့အတွက်ပြင်းထန်တဲ့ဆောင်ရွက်မှုတွေပြုလုပ်ဖို့ကြံစည်နေပါတယ်။ အစိုးရက သူမလို့ယူဆထားတဲ့အုတ်ဂူကိုဖျက်ပြီး DNA စစ်ဆေးဖို့ရန်အတွက် အသနားခံစာပြင်ဆင်နေပါတယ်။ တကယ်တော့ အဲဒီအုတ်ဂူက သူမနဲ့ နာမည်ရောမွေးရက်ပါတူတဲ့ သေဆုံးသူတခြားအမျိုးသမီးရဲ့အုတ်ဂူဖြစ်ပါတယ်။
Credit- Shwemom

 

ဘတ္ေငြစကၠဴဒီဇိုင္း အသစ္ထုတ္

0

ထိုင္းရာမမင္းဆက္၁၀ဆက္ေျမာက္ဘုရင္ ့ေမြးေန႔အထိမ္းအမွတ္ ဘတ္ေငြစကၠဴဒီဇိုင္း အသစ္ထုတ္

====================================

ဇူလိုင္လ၂၈ရက္ေန႔ ဒီကေန႔မွာက်ေရာက္တဲ ့ထိုင္းရာမမင္းဆက္ ၁၀ဆက္္ ေျမာက္ ဘုရင္ျဖစ္သူ မဟာ၀ဇီရေလာင္ကြန္းရဲ ့ အသက္ ၆၆ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ထိုင္းႏိုင္ငံဗဟိုဘဏ္ကထုတ္မယ့္ ဘတ္ေငြ ဒီဇိုင္းအသစ္ ၅မ်ိဳးကို ျပည္သူလူထုသိေစဖို ့ ထိုင္းအစိုးရက အသိေပး ထုတ္ေဖာ္ျပသလိုက္ပါ တယ္။

ဒီတစ္ေခါက္ ဒီဇိုင္းအသစ္ထုတ္မယ့္ ေငြစကၠဴေတြက ၁၀၀၀တန္၊ ၅၀၀တန္၊ ၁၀၀တန္၊ ၅၀တန္နဲ႔ ၂၀တန္ ေတြျဖစ္ပါတယ္။

ယခင္ထုတ္ၿပီးသား ေငြစကၠဴဒီဇိုင္းေဟာင္းေတြကိုလည္း ပံုမွန္အတိုင္း ဆက္လက္အသံုးျပဳႏိုင္သလို ပံုစံသစ္အသံုးျပဳလိုလ်င္လည္း ဒီေန႔မွာပဲ ထိုင္းႏိုင္ငံတစ္၀န္းက ATM ေငြထုတ္ စက္တိုင္းနဲ႔ ဘဏ္တိုင္းမွာထုတ္ယူသံုး စြဲႏိုင္ေၾကာင္းကိုလည္း ေၾကညာထားပါတယ္။

Credit:Popular News Journal

UNICODE

ထိုင်းရာမမင်းဆက်၁၀ဆက်မြောက်ဘုရင့်မွေးနေ့အထိမ်းအမှတ် ဘတ်ငွေစက္ကူဒီဇိုင်း အသစ်ထုတ်

====================================

ဇူလိုင်လ၂၈ရက်နေ့ ဒီကနေ့မှာကျရောက်တဲ့ထိုင်းရာမမင်းဆက် ၁၀ဆက် မြောက် ဘုရင်ဖြစ်သူ မဟာဝဇီရလောင်ကွန်းရဲ့ အသက် ၆၆နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံဗဟိုဘဏ်ကထုတ်မယ့် ဘတ်ငွေ ဒီဇိုင်းအသစ် ၅မျိုးကို ပြည်သူလူထုသိစေဖို့ ထိုင်းအစိုးရက အသိပေး ထုတ်ဖော်ပြသလိုက်ပါ တယ်။

ဒီတစ်ခေါက် ဒီဇိုင်းအသစ်ထုတ်မယ့် ငွေစက္ကူတွေက ၁၀၀၀တန်၊ ၅၀၀တန်၊ ၁၀၀တန်၊ ၅၀တန်နဲ့ ၂၀တန် တွေဖြစ်ပါတယ်။

ယခင်ထုတ်ပြီးသား ငွေစက္ကူဒီဇိုင်းဟောင်းတွေကိုလည်း ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်သလို ပုံစံသစ်အသုံးပြုလိုလျင်လည်း ဒီနေ့မှာပဲ ထိုင်းနိုင်ငံတစ်ဝန်းက ATM ငွေထုတ် စက်တိုင်းနဲ့ ဘဏ်တိုင်းမှာထုတ်ယူသုံး စွဲနိုင်ကြောင်းကိုလည်း ကြေညာထားပါတယ်။

Credit:Popular News Journal

Recent Posts