Home Blog Page 733

ေက်ာင္းဆက္တက္ႏုိင္ဖုိ႔ သန္႔ရွင္းေရး အလုပ္လာေလွ်ာက္တဲ့ ငါးတန္းေက်ာင္းသားေလး

0

တစ္ခ်ိဳ႕ေသာမိသားစုေတြေဟာ ေဆြခုႏွစ္ဆက္ မ်ိဳးခုႏွစ္ဆက္ ထုိင္စားလုိ႔ မကုန္ႏုိင္တဲ့ စည္းစိမ္ေတြကို ပိုင္ဆုိင္ထားၾကေပမယ့္၊ တစ္ခ်ိဳ႕တစ္ေတြက်ျပန္ေတာ့ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ ဘ၀ေတြ၊ ဒီထက္ ပုိဆုိးတာက တစ္ခ်ိဳ႕ေသာ မိသားစုေတြဟာ တစ္ေန႔ လုပ္တာေတာင္ တစ္ေန႔စာ မစားေလာက္တဲ့ အေျခအေနေတြလည္း ရွိပါတယ္။

ငယ္ငယ္ရြယ္ရြယ္မွာ ပညာသင္ၾကားရမယ္ဆုိတဲ့ အသိ လူတုိင္းမွာ ရွိေပမယ့္၊ မိသားစုရဲ႕ အရပ္ရပ္အေျခအေနေၾကာင့္ ေက်ာင္းေနခ်င္ေပမယ့္၊ အလုပ္ထြက္လုပ္ေနရတဲ့ ကေလးေတြ၊ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ ေက်ာင္းတက္ေနရတဲ့ ကေလးေတြ ရွိေနပါေသးတယ္။ ဒီအထဲမွာ 5 တန္းေက်ာင္းသားေလး Kervy James Villarejo ပါ၀င္ပါတယ္။

Kervy ဟာ ဖိလစ္ပိုင္ႏုိင္ငံေတာင္ပုိင္း၊ General Santos ၿမိဳ႕က Jose Catolico Sr. Elementary School ေက်ာင္းမွာ တက္ေရာက္ေနတဲ့ ေက်ာင္းသားေလးပါ။ သူ ေရရွည္ေက်ာင္းဆက္တက္ႏုိင္ဖုိ႔အတြက္ အပတ္စဥ္ ေက်ာင္းပိတ္ရက္တုိင္း အလုပ္တစ္ခုခု လုပ္ၿပီး ပုိက္ဆံရွာမယ္လုိ႔ သူ ေတြးခဲ့ပါတယ္။

Kervy ဟာ Charter Ping An Insurance Corporation ကုမၼဏီကို ရဲရဲ၀င့္၀င့္သြားေရာက္ခဲ့ၿပီး၊ ႐ုံးမွာ သန္႔ရွင္းေရးအလုပ္ လုိအပ္တယ္ဆုိရင္ လုပ္ခ်င္တဲ့အေၾကာင္း၊ ပုိက္ဆံလည္း ေပးသေလာက္သာ ယူပါ့မယ္ဆုိတဲ့အေၾကာင္း၊ ဆုိပါတယ္။ ကုမၼဏီ၀န္ထမ္းေတြဟာ Kervy ရဲ႕ သတၱိကို အေတာ္အံ့ၾသေနၾကပါတယ္။

မန္ေနဂ်ာက ကေလးလုပ္သားဥပေဒအရ ကေလးတစ္ေယာက္ကို အလုပ္ခန္႔ဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူးဆုိတာ သိပါတယ္။ ဒါေပမယ့္ ကေလးရဲ႕ဆႏၵကုိ ျဖည့္ဆည္းဖုိ႔အတြက္ အင္တာဗ်ဴးေတြဘာေတြေတာင္ ေလးေလးစားစားလုပ္ၿပီး၊ သူလုပ္ေပးမယ့္ သန္႔ရွင္းေရးအလုပ္ကို လက္ခံေပးခဲ့ပါတယ္။

Credit: Takhon

Unicode

တစ်ချို့သောမိသားစုတွေဟော ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် ထိုင်စားလို့ မကုန်နိုင်တဲ့ စည်းစိမ်တွေကို ပိုင်ဆိုင်ထားကြပေမယ့်၊ တစ်ချို့တစ်တွေကျပြန်တော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေ၊ ဒီထက် ပိုဆိုးတာက တစ်ချို့သော မိသားစုတွေဟာ တစ်နေ့ လုပ်တာတောင် တစ်နေ့စာ မစားလောက်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

ငယ်ငယ်ရွယ်ရွယ်မှာ ပညာသင်ကြားရမယ်ဆိုတဲ့ အသိ လူတိုင်းမှာ ရှိပေမယ့်၊ မိသားစုရဲ့ အရပ်ရပ်အခြေအနေကြောင့် ကျောင်းနေချင်ပေမယ့်၊ အလုပ်ထွက်လုပ်နေရတဲ့ ကလေးတွေ၊ ချို့ချို့တဲ့တဲ့နဲ့ ကျောင်းတက်နေရတဲ့ ကလေးတွေ ရှိနေပါသေးတယ်။ ဒီအထဲမှာ 5 တန်းကျောင်းသားလေး Kervy James Villarejo ပါဝင်ပါတယ်။

Kervy ဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ General Santos မြို့က Jose Catolico Sr. Elementary School ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားလေးပါ။ သူ ရေရှည်ကျောင်းဆက်တက်နိုင်ဖို့အတွက် အပတ်စဉ် ကျောင်းပိတ်ရက်တိုင်း အလုပ်တစ်ခုခု လုပ်ပြီး ပိုက်ဆံရှာမယ်လို့ သူ တွေးခဲ့ပါတယ်။

Kervy ဟာ Charter Ping An Insurance Corporation ကုမ္မဏီကို ရဲရဲဝင့်ဝင့်သွားရောက်ခဲ့ပြီး၊ ရုံးမှာ သန့်ရှင်းရေးအလုပ် လိုအပ်တယ်ဆိုရင် လုပ်ချင်တဲ့အကြောင်း၊ ပိုက်ဆံလည်း ပေးသလောက်သာ ယူပါ့မယ်ဆိုတဲ့အကြောင်း၊ ဆိုပါတယ်။ ကုမ္မဏီဝန်ထမ်းတွေဟာ Kervy ရဲ့ သတ္တိကို အတော်အံ့သြနေကြပါတယ်။

မန်နေဂျာက ကလေးလုပ်သားဥပဒေအရ ကလေးတစ်ယောက်ကို အလုပ်ခန့်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကလေးရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အင်တာဗျူးတွေဘာတွေတောင် လေးလေးစားစားလုပ်ပြီး၊ သူလုပ်ပေးမယ့် သန့်ရှင်းရေးအလုပ်ကို လက်ခံပေးခဲ့ပါတယ်။

Credit: Takhon

 

Justin Bieber ရဲ႕ ရက္စက္မႈေၾကာင့္ ပုိးစုိးပက္စက္အသည္းကြဲေနရတဲ့ Selena Gomez

0

Justin တစ္ေယာက္ကေတာ့ ဘယ္အညိဳးနဲ႔မ်ား ရက္စက္ေနသလဲမသိဘူးလို႔ေတာင္ဆိုရမွာပါ။ နွစ္ေပါင္းဆယ္နွစ္ေလာက္တြဲလာၾကတဲ့ Justin နဲ႔ Selena တို႔နွစ္ဦး အျပန္အလွန္ၾကင္နာယုယျပီးခ်စ္ၾကည္နူးတစ္တီတူးေနခဲ့ၾကတဲ့ျမင္ကြင္းေတြက လြန္ခဲ့တဲ့ေျခာက္လေလာက္ကမွျဖစ္ပ်က္ခဲ့တာျဖစ္ျပီး အိုေဟာင္းမသြားေသးပဲ တစ္ကမၻာလံုးက ပရိသတ္ေတြၾကားထဲမွာပလူပ်ံေနဆဲပါ။ ဒါေပမယ့္ Justin တစ္ေယာက္ကေတာ့ အျခားမိန္းကေလးတစ္ဦးနဲ႔လက္ထပ္ဖို႔အစစအရာရာအဆင္သင့္ျဖစ္ေနခဲ့ပါျပီ။

ကုိယ္နွစ္ရွည္လမ်ားခ်စ္ခဲ့တဲ့ ေယာက္်ားတစ္ေယာက္က အျခားမိန္းကေလးတစ္ေယာက္နဲ႔လက္ထပ္ေတာ့မယ့္အျဖစ္ဟာ ျပံဳးျပံဳးေလးေက်ာ္သြားရေလာက္ေအာင္လြယ္ကူတဲ့အရာတစ္ခုေတာ့မဟုတ္ပါဘူး။ ဘယ္ေလာက္ပဲမခံစားရပါဘူးလုိ႔ေျပာေျပာ အနည္းနဲ႔အမ်ားေတာ့နာက်င္ရတာခ်ည္းပါပဲ။ Selena ဟာလည္း မိန္းကေလးေတြထဲကမိန္းကေလးတစ္ဦးပဲမို႔ နာက်င္ရမွာအေသအခ်ာပါ။ အထူးသျဖင့္သူခ်စ္တဲ့ေယာက္်ားက ကမၻာၾကီးရဲ႕ဘယ္ေနရာမွာမွ ေရွာင္ပုန္းလို႔မလြတ္နုိင္တဲ့ ကမၻာေက်ာ္အဆိုေတာ္တစ္ဦးျဖစ္ေနတဲ့အခါမ်ိဳးမွာေပါ့။ Justin ရဲ႕အေငြ႕အသက္ေတြကလြတ္တဲ့ေနရာကိုသြားခ်င္ရင္ Selena အဖို႔ အဂၤါျဂိဳလ္ေပၚမွာသြားေနမွပဲရပါလိမ့္မယ္။ ပုိဆိုးတာက သူတို႔နွစ္ဦးရဲ႕အခ်စ္ေရးဟာ တစ္ကမၻာလံုးကပရိသတ္ေတြေရွ႕မွာနွစ္ေတြအၾကာၾကီးျဖစ္ပ်က္လာခဲ့ၾကျပီး ပရိသတ္ေတြကလည္း သူတို႔နွစ္ေယာက္ကုိပဲ သေဘာတူတဲ့အေၾကာင္း မျပီးနုိင္မစီးနုိင္ေျပာေနၾကတဲ့အခါ Selena မွာ ပရိသတ္ေတြနဲ႔ ဖက္ငုိေနရမလားေတာင္ မသိေတာ့ပါဘူး။ Selena က Justin ကုိ ထားခဲ့တယ္ဆိုလည္းပဲ ခဏတာခြဲေနၾကမယ္လုိ႔သာေျပာခဲ့တာျဖစ္ျပီး Selena ဘက္က သူမအေမကုိ ေျဖာင့္ဖ်ဖို႔အခ်ိန္အနည္းငယ္ယူခဲ့တာပါ။ ဒါကုိ Selena မရွိရင္အသက္မရွင္နုိင္ပါဘူးဆိုတဲ့ Justin က Selena ထြက္သြားျပီး ေလးလေလာက္သာၾကာတဲ့အခ်ိန္မွာ အျခားတစ္ေယာက္နဲ႔ ေကာက္တြဲလိုက္ျပီး လက္ထပ္မယ္ဆိုတဲ့အထိ ျဖစ္သြားေတာ့တာပါပဲ။

Justin ဘက္ကေတာ့ အေျခအေနဘယ္လိုရွိတယ္မသိေပမယ့္ Selena က သူမရဲ႕ဖုန္းထဲက couple photo ေတြကုိမဖ်က္ရက္နုိင္ပဲ ၾကည့္ေနခဲ့တာကို သူငယ္ခ်င္းအခ်ိဳ႕ကမိသြားခဲ့တယ္လို႔ Selena နဲ႔ရင္းနွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ေျပာစကားအရ The Hollywood Life Megazine က ေဖာ္ျပခဲ့ပါတယ္။ အခုလည္းတစ္ဖန္ Selena နဲ႔ ရင္းနွီးသူတစ္ေယာက္က Selena ဟာ Justin ရဲ႕ ရက္စက္မႈေတြေၾကာင့္ အသည္းကြဲေနရေၾကာင္းေျပာျပလာျပန္ပါတယ္။

Justin က သိပ္မၾကာခင္ကပဲ Hailey Baldwin နဲ႔အတူေနဖို႔ဆုိျပီး သူ႔ရဲ႕ေမြးရပ္ေျမျဖစ္တဲ့ Canada, Ontario မွာ ေဒၚလာငါးသန္းတန္ဧရာမျခံၾကီးတစ္ျခံကုိ ဝယ္ယူလုိက္ပါတယ္။ Hollywood ရဲ႕ အရႈပ္အေထြးေတြနဲ႔ေဝးရာအရပ္မွာေပါ့။ ဒီသတင္းကိုၾကားရတဲ့ Selena က ဟန္မေဆာင္နုိင္ေအာင္ေၾကကြဲဝမ္းနည္းသြားခဲ့တယ္လို႔သိရပါတယ္။ ေအးခ်မ္းတဲ့ျမိဳ႕ငယ္ေလးမွာ ျခံေလးတစ္ျခံနဲ႔တိတ္ဆိတ္ျငိမ္သက္တဲ့ပတ္ဝန္းက်င္နဲ႔ အေျခခ်ေနထုိင္ျပီး ေရကူးကန္ပါတဲ့အိမ္ၾကီးထဲမွာ Justin နဲ႔ ရတဲ့ ရင္ေသြးေတြကုိျပဳစုေစာင့္ေရွာက္ဖို႔ဆိုတာ Justin နဲ႔နွစ္ေယာက္အတူတူ နွစ္ေတြအၾကာၾကီးမက္ခဲ့တဲ့အိပ္မက္တစ္ခုျဖစ္ခဲ့တယ္လို႔ Selena က ေျပာပါတယ္တဲ့။ အခုေတာ့ Justin က အဲ့ဒါကိုအျခားမိန္းမတစ္ေယာက္နဲ႔ျပဳလုပ္ေနပါျပီ။ Justin ရဲ႕ အဲဒီအျပဳအမူဟာ Justin တစ္ေယာက္ တကယ္ကုိပဲ Hailey နဲ႔ ေသခ်ာေပါက္လက္ထပ္ေတာ့မယ္ဆိုတဲ့ လကၡဏာပဲလို႔ Selena က မွတ္ယူသြားခဲ့ပါျပီ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ..Justin က Hailey နဲ႔ တကယ္ၾကီးလက္ထပ္ေတာ့မယ္လို႔ယံုၾကည္လား။ ဒါမွမဟုတ္ Selena ရဲ႕ မ်က္ရည္စေတြကုိေတြ႕တဲ့အခါ အရာအားလံုးကုိပစ္ခ်ျပီး Selena အနားကုိျပန္ေရာက္လာမယ္လို႔ထင္လား။

Credit: Can’t Wait To Say

Unicode

Justin တစ်ယောက်ကတော့ ဘယ်အညိုးနဲ့များ ရက်စက်နေသလဲမသိဘူးလို့တောင်ဆိုရမှာပါ။ နှစ်ပေါင်းဆယ်နှစ်လောက်တွဲလာကြတဲ့ Justin နဲ့ Selena တို့နှစ်ဦး အပြန်အလှန်ကြင်နာယုယပြီးချစ်ကြည်နူးတစ်တီတူးနေခဲ့ကြတဲ့မြင်ကွင်းတွေက လွန်ခဲ့တဲ့ခြောက်လလောက်ကမှဖြစ်ပျက်ခဲ့တာဖြစ်ပြီး အိုဟောင်းမသွားသေးပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားထဲမှာပလူပျံနေဆဲပါ။ ဒါပေမယ့် Justin တစ်ယောက်ကတော့ အခြားမိန်းကလေးတစ်ဦးနဲ့လက်ထပ်ဖို့အစစအရာရာအဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ကိုယ်နှစ်ရှည်လများချစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်တော့မယ့်အဖြစ်ဟာ ပြုံးပြုံးလေးကျော်သွားရလောက်အောင်လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဘယ်လောက်ပဲမခံစားရပါဘူးလို့ပြောပြော အနည်းနဲ့အများတော့နာကျင်ရတာချည်းပါပဲ။ Selena ဟာလည်း မိန်းကလေးတွေထဲကမိန်းကလေးတစ်ဦးပဲမို့ နာကျင်ရမှာအသေအချာပါ။ အထူးသဖြင့်သူချစ်တဲ့ယောက်ျားက ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှ ရှောင်ပုန်းလို့မလွတ်နိုင်တဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်နေတဲ့အခါမျိုးမှာပေါ့။ Justin ရဲ့အငွေ့အသက်တွေကလွတ်တဲ့နေရာကိုသွားချင်ရင် Selena အဖို့ အင်္ဂါဂြိုလ်ပေါ်မှာသွားနေမှပဲရပါလိမ့်မယ်။ ပိုဆိုးတာက သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေရှေ့မှာနှစ်တွေအကြာကြီးဖြစ်ပျက်လာခဲ့ကြပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကိုပဲ သဘောတူတဲ့အကြောင်း မပြီးနိုင်မစီးနိုင်ပြောနေကြတဲ့အခါ Selena မှာ ပရိသတ်တွေနဲ့ ဖက်ငိုနေရမလားတောင် မသိတော့ပါဘူး။ Selena က Justin ကို ထားခဲ့တယ်ဆိုလည်းပဲ ခဏတာခွဲနေကြမယ်လို့သာပြောခဲ့တာဖြစ်ပြီး Selena ဘက်က သူမအမေကို ဖြောင့်ဖျဖို့အချိန်အနည်းငယ်ယူခဲ့တာပါ။ ဒါကို Selena မရှိရင်အသက်မရှင်နိုင်ပါဘူးဆိုတဲ့ Justin က Selena ထွက်သွားပြီး လေးလလောက်သာကြာတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ ကောက်တွဲလိုက်ပြီး လက်ထပ်မယ်ဆိုတဲ့အထိ ဖြစ်သွားတော့တာပါပဲ။

Justin ဘက်ကတော့ အခြေအနေဘယ်လိုရှိတယ်မသိပေမယ့် Selena က သူမရဲ့ဖုန်းထဲက couple photo တွေကိုမဖျက်ရက်နိုင်ပဲ ကြည့်နေခဲ့တာကို သူငယ်ချင်းအချို့ကမိသွားခဲ့တယ်လို့ Selena နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ပြောစကားအရ The Hollywood Life Megazine က ဖော်ပြခဲ့ပါတယ်။ အခုလည်းတစ်ဖန် Selena နဲ့ ရင်းနှီးသူတစ်ယောက်က Selena ဟာ Justin ရဲ့ ရက်စက်မှုတွေကြောင့် အသည်းကွဲနေရကြောင်းပြောပြလာပြန်ပါတယ်။

Justin က သိပ်မကြာခင်ကပဲ Hailey Baldwin နဲ့အတူနေဖို့ဆိုပြီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Canada, Ontario မှာ ဒေါ်လာငါးသန်းတန်ဧရာမခြံကြီးတစ်ခြံကို ဝယ်ယူလိုက်ပါတယ်။ Hollywood ရဲ့ အရှုပ်အထွေးတွေနဲ့ဝေးရာအရပ်မှာပေါ့။ ဒီသတင်းကိုကြားရတဲ့ Selena က ဟန်မဆောင်နိုင်အောင်ကြေကွဲဝမ်းနည်းသွားခဲ့တယ်လို့သိရပါတယ်။ အေးချမ်းတဲ့မြို့ငယ်လေးမှာ ခြံလေးတစ်ခြံနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်နဲ့ အခြေချနေထိုင်ပြီး ရေကူးကန်ပါတဲ့အိမ်ကြီးထဲမှာ Justin နဲ့ ရတဲ့ ရင်သွေးတွေကိုပြုစုစောင့်ရှောက်ဖို့ဆိုတာ Justin နဲ့နှစ်ယောက်အတူတူ နှစ်တွေအကြာကြီးမက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ Selena က ပြောပါတယ်တဲ့။ အခုတော့ Justin က အဲ့ဒါကိုအခြားမိန်းမတစ်ယောက်နဲ့ပြုလုပ်နေပါပြီ။ Justin ရဲ့ အဲဒီအပြုအမူဟာ Justin တစ်ယောက် တကယ်ကိုပဲ Hailey နဲ့ သေချာပေါက်လက်ထပ်တော့မယ်ဆိုတဲ့ လက္ခဏာပဲလို့ Selena က မှတ်ယူသွားခဲ့ပါပြီ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော..Justin က Hailey နဲ့ တကယ်ကြီးလက်ထပ်တော့မယ်လို့ယုံကြည်လား။ ဒါမှမဟုတ် Selena ရဲ့ မျက်ရည်စတွေကိုတွေ့တဲ့အခါ အရာအားလုံးကိုပစ်ချပြီး Selena အနားကိုပြန်ရောက်လာမယ်လို့ထင်လား။

Credit: Can’t Wait To Say

 

အနည္​းဆံုး မိန္းမနွစ္ေယာက္ မယူရင္ ေထာင္ခ်မယ့္ႏိုင္ငံ

0

အဲရစ္ထရီးယားနိုင္ငံအစိုးရဟာ နိုင္ငံတြင္းကအမိ်ဳးသားေတြကို အနည္းဆံုးမိန္းမနွစ္ေယာက္ယူဖို႔ အမိန္႔ထုတ္ျပန္လိုက္ျပီး မလိုက္နာဘူးဆိုရင္ ေထာင္ခ်မွာျဖစ္ပါတယ္။

အမ်ိဳးသားဦးေရျပတ္လပ္မႈကို ၾကံဳေတြ႕ေနရတဲ့ နိုင္ငံရဲ႕အေျခအေနအရပ္ရပ္အရ အဲရစ္ထရီးယားအစိုးရဟာ ေအာက္ပါအခ်က္ေတြကို ထုတ္ျပန္ေၾကညာလိုက္တယ္ဆိုျပီး အဆိုပါအမိန္႔ကို႔ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ေၾကညာလိုက္တာျဖစ္ပါတယ္။

အမ်ိဳးသားတိုင္းဟာ အနညး္ဆံုးမိန္းမနွစ္ေယာက္ယူရမွာျဖစ္ျပီး ပ်က္ကြက္တဲ့အမ်ိဳးသားကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွာျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူက ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးလက္ထပ္ရာမွာ တားဆီးပိတ္ပင္မႈေတြလုပ္ေနတဲ့အမ်ိဳးသမီးေတြကိုလည္း ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မယ္လို႔ အဆိုပါေၾကညာခ်က္မွာပါဝင္ပါတယ္။

၁၉၉၈ ခုနွစ္ကေန ၂၀၀၀ ခုနွစ္အတြင္း အဲရစ္ထရီးယားနိုင္ငံဟာ အီသီယိုးပီးယားနိုင္ငံနဲ႕စစ္ျဖစ္ခဲ့ျပီး စစ္သား ၁၅၀၀၀၀ ေသဆံုးခဲ့တာေၾကာင့္ နိုင္ငံရဲ႕ေယာက်္ားေလးဦးေရဟာ သာမန္ထက္ေလ်ာ့နည္းသြားခဲ့ပါတယ္။ အဲရစ္ထရီးယားဟာ အေရွ႕အာဖရိကမွာတည္ရွိတဲ့ နိုင္ငံတစ္နုိင္ငံျဖစ္ျပီး စုစုေပါင္းလူဦးေရဟာ ၄ သန္းခန္႔သာရွိတာျဖစ္ပါတယ္။

Credit: Duwun

Unicode

အဲရစ်ထရီးယားနိုင်ငံအစိုးရဟာ နိုင်ငံတွင်းကအမျိုးသားတွေကို အနည်းဆုံးမိန်းမနှစ်ယောက်ယူဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်နာဘူးဆိုရင် ထောင်ချမှာဖြစ်ပါတယ်။

အမျိုးသားဦးရေပြတ်လပ်မှုကို ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့အခြေအနေအရပ်ရပ်အရ အဲရစ်ထရီးယားအစိုးရဟာ အောက်ပါအချက်တွေကို ထုတ်ပြန်ကြေညာလိုက်တယ်ဆိုပြီး အဆိုပါအမိန့်ကို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာလိုက်တာဖြစ်ပါတယ်။

အမျိုးသားတိုင်းဟာ အနည်းဆုံးမိန်းမနှစ်ယောက်ယူရမှာဖြစ်ပြီး ပျက်ကွက်တဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက နောက်ထပ်အမျိုးသမီးတစ်ဦးလက်ထပ်ရာမှာ တားဆီးပိတ်ပင်မှုတွေလုပ်နေတဲ့အမျိုးသမီးတွေကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမယ်လို့ အဆိုပါကြေညာချက်မှာပါဝင်ပါတယ်။

၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အဲရစ်ထရီးယားနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀ သေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ယောကျ်ားလေးဦးရေဟာ သာမန်ထက်လျော့နည်းသွားခဲ့ပါတယ်။ အဲရစ်ထရီးယားဟာ အရှေ့အာဖရိကမှာတည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းလူဦးရေဟာ ၄ သန်းခန့်သာရှိတာဖြစ်ပါတယ်။

Credit: Duwun

ေစ့စပ္ေၾကာင္းလမ္းမႈကို ဝမ္းနည္းစြာဘဲ ဖ်က္သိမ္းလိုက္ပါပီဆိုတဲ့ အလွမယ္ဂုဏ္ရည္ေအးေက်ာ္

0

ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး ေမာ္ဒယ္မေလးေတြထဲမွာတစ္ေယာက္အပါအဝင္ျဖစ္တဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ဂုဏ္ရည္ေက်ာ္ကေတာ့ သူမရဲ႕ လူမႈကြန္ယက္မွာတင္လိုက္တဲ့စာေလးတစ္ေစာင္ေၾကာင့္ ပရိသတ္ေတြၾကား ႐ုတ္႐ုတ္သဲသဲျဖစ္သြားခဲ့ရပါတယ္။အေၾကာင္းကေတာ့ သူမဟာလူမႈကြန္ယက္ ေပၚမွာ Live လြင့္စကားေျပာထားတဲ့ ဗီဒီယိုဖိုင္ေလးနဲ႔အတူ ေစ့စပ္ေၾကာင္းလမ္းမႈကို ဝမ္းနည္းစြာဘဲ ဖ်က္သိမ္းလိုက္ပါပီဆိုတဲ့စာေလးေရးသားခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္။

တကယ့္ပဲသူမရဲ႕ ေစ့စပ္ပြဲကိုျဖတ္သိမ္းလိုက္တာလား တကယ့္ပဲ စိတ္မေကာင္းျဖစ္ရေတာ့မွာလားဆိုတဲ့ သိုေလာသိုေလာ ေမးခြန္းေတြနဲ႔ အတူစိတ္ပူျခင္းမ်ားစြာနဲ႔ ပရိသတ္ေတြအားလုံးကို ေတြေဝသြားေစခဲ့တာပဲ ျဖစ္ပါတယ္။တကယ့္ေတာ့ သူမဟာဇာတ္ကား႐ိုက္ကူးေနတာျဖစ္ၿပီး ဇာတ္ကားရဲ႕ ဇာတ္ဝင္ခန္းထဲမွာခ်စ္သူနဲ႔နားလည္မႈေတြပ်က္ျပားၿပီးညႇိႏႈိင္းမရတဲ့အေျခအေနေတြေၾကာင့္ ေစ့စပ္ေၾကာင္းလမ္းမႈကိုဖ်က္သိမ္းလိုက္ရတဲ့ ဇာတ္ဝင္ခန္းကို႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။သူမဟာလက္ရွိမွာေတာ့ hospital diary ဆိုတဲ့႐ုပ္သံဇာတ္လမ္းတြဲေလးကို႐ိုက္ကူးေနတာျဖစ္ၿပီး ဒီဇာတ္ကားေလးထဲမွာ ဆရာဝန္မေလးတစ္ေယာက္အျဖစ္ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။

စိတ္ပူေနၾကတဲ့ပရိသတ္ႀကီးေရသူမကေတာ့တကယ္ ေစ့စပ္ေၾကာင္းလမ္းမႈကိုဖ်က္သိမ္းလိုက္ရတာမဟုတ္ပဲ ဇာတ္ကား႐ိုက္ကူးေနတာပါတဲ့ေနာ္။ hospital diary လို႔အမည္ရတဲ့ ဒီဇာတ္ကားေလးထဲမွာေတာ့သ႐ုပ္ေဆာင္ ေအာင္ျမင့္ျမတ္၊ စြမ္းထက္၊ ျမတ္သူသူေအာင္၊ သူရထူး၊ ႏြယ္ဒါလီထြန္းတို႔နဲ႔အတူ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ဒီ႐ုပ္သံဇာတ္လမ္းတြဲေလးထုတ္လြင့္ျပသတဲ့အခါက်ရင္လည္း ပရိသတ္ခ်စ္တဲ့ သ႐ုပ္ေဆာင္ေမာ္ဒယ္မ ေလး ဂုဏ္ရည္ေအးေက်ာ္ကို အားေပးလိုက္ၾကပါအုန္းပရိသတ္ႀကီးေရ။

Hello from Nay Pyi Daw ..

Posted by GonYi Aye Kyaw ဂုဏ္ရည္ေအးေက်ာ္ on Tuesday, 21 August 2018

သတင္းအရင္းအျမစ္ – ဂုဏ္ရည္ေအးေက်ာ္

Unicode

မြန်မာနိုင်ငံရဲ့ နာမည်ကြီး မော်ဒယ်မလေးတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်ဂုဏ်ရည်ကျော်ကတော့ သူမရဲ့ လူမှုကွန်ယက်မှာတင်လိုက်တဲ့စာလေးတစ်စောင်ကြောင့် ပရိသတ်တွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရပါတယ်။အကြောင်းကတော့ သူမဟာလူမှုကွန်ယက် ပေါ်မှာ Live လွင့်စကားပြောထားတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ စေ့စပ်ကြောင်းလမ်းမှုကို ဝမ်းနည်းစွာဘဲ ဖျက်သိမ်းလိုက်ပါပီဆိုတဲ့စာလေးရေးသားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

တကယ့်ပဲသူမရဲ့ စေ့စပ်ပွဲကိုဖြတ်သိမ်းလိုက်တာလား တကယ့်ပဲ စိတ်မကောင်းဖြစ်ရတော့မှာလားဆိုတဲ့ သိုလောသိုလော မေးခွန်းတွေနဲ့ အတူစိတ်ပူခြင်းများစွာနဲ့ ပရိသတ်တွေအားလုံးကို တွေဝေသွားစေခဲ့တာပဲ ဖြစ်ပါတယ်။တကယ့်တော့ သူမဟာဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းထဲမှာချစ်သူနဲ့နားလည်မှုတွေပျက်ပြားပြီးညှိနှိုင်းမရတဲ့အခြေအနေတွေကြောင့် စေ့စပ်ကြောင်းလမ်းမှုကိုဖျက်သိမ်းလိုက်ရတဲ့ ဇာတ်ဝင်ခန်းကိုရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။သူမဟာလက်ရှိမှာတော့ hospital diary ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးကိုရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်ကားလေးထဲမှာ ဆရာဝန်မလေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

စိတ်ပူနေကြတဲ့ပရိသတ်ကြီးရေသူမကတော့တကယ် စေ့စပ်ကြောင်းလမ်းမှုကိုဖျက်သိမ်းလိုက်ရတာမဟုတ်ပဲ ဇာတ်ကားရိုက်ကူးနေတာပါတဲ့နော်။ hospital diary လို့အမည်ရတဲ့ ဒီဇာတ်ကားလေးထဲမှာတော့သရုပ်ဆောင် အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူသူအောင်၊ သူရထူး၊ နွယ်ဒါလီထွန်းတို့နဲ့အတူရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ဒီရုပ်သံဇာတ်လမ်းတွဲလေးထုတ်လွင့်ပြသတဲ့အခါကျရင်လည်း ပရိသတ်ချစ်တဲ့ သရုပ်ဆောင်မော်ဒယ်မ လေး ဂုဏ်ရည်အေးကျော်ကို အားပေးလိုက်ကြပါအုန်းပရိသတ်ကြီးရေ။

သတင်းအရင်းအမြစ် – ဂုဏ်ရည်အေးကျော်

 

 

မနက္ခင္းေရငုပ္ရင္း မေမွ်ာ္လင့္ပဲ ဧရာမျပည္ၾကီးငါးၾကီးနဲ႔ တိုးခဲ့ရတဲ့ ညီအကိုမ်ား

0

နယူးဇီလန္ႏိုင္ငံ ၀ယ္လင္တန္ၿမိဳ႕မွာ ညီအကိုသံုးဦးဟာ မနက္ခင္းတစ္ခုမွာ ေရငုပ္ထြက္လာခဲ့ၾကပါတယ္။ ညီအကိုသံုးဦးကေတာ့ ဒယ္နီယယ္၊ ဂ်က္ခ္နဲ႔ မက္သ်ဴး အမည္ရပါတယ္။ အဆိုပါညီအစ္ကိုသံုးဦးဟာ ၿမိဳ႕ေတာင္ဘက္ ကမ္းရိုးတန္း ရက္ဒ္္ေရာ့ခ္စ္ တစ္ေလွ်ာက္ ေရငုပ္ေနခဲ့ၾကတာပါ။ ဒီလိုနဲ႔ မေမွ်ာ္လင့္ပဲ (၄.၂)မီတာ အရွည္ရွိတဲ့ ဧရာမျပည္ၾကီးငါးၾကီးတစ္ေကာင္နဲ႔ ရင္ဆိုင္တိုးကာ ျပည္ၾကီးငါးၾကီးကို ဖမ္းဆီးခဲ့ၾကပါတယ္။

သူတို႔က အရင္ေရငုပ္ခဲ့စဥ္တုန္းကလည္း ငါးမန္းေတြနဲ႔ ရင္ဆုိင္တိုးဖူးခဲ့ေပမယ့္ အခုေလာက္ၾကီးမားတဲ့ ျပည္ၾကီးငါးမ်ိဳးေတာ့ မၾကံဳဖူးေၾကာင္း ဆိုပါတယ္။ ျပည္ၾကီးငါးၾကီးကို တိပ္ၾကိဳးနဲ႔ တိုင္းတာၿပီးတဲ့အခါမွာေတာ့ သံုးေယာက္သား NIWA (National Institute of Water and Atmospheric Research) ဌာနကုိ ဆက္သြယ္ခဲ့ၾကပါတယ္။

ဌာနက တာ၀န္ရွိသူေတြကေတာ့ ဒယ္နီယယ္တို႔ ေတြ႔ရွိခဲ့တဲ့ ျပည္ၾကီးငါးၾကီးကို လာေရာက္ယူေဆာင္သြားခဲ့ပါတယ္။ တာ၀န္ရွိသူတစ္ဦးကေတာ့ “ဒီိလိုျပည္ၾကီးငါးေတြဟာ အေတြ႔ရနည္းေပမယ့္ ရွားပါးမ်ိဳးထဲေတာ့ မပါပါဘူး။” လို႔ဆိုပါတယ္။ ဆိုရွယ္မီဒီိယာေပၚမွာေတာ့ သိၾကတဲ့အတိုင္း ဧရာမျပည္ၾကီးငါးကို အထူးအဆန္းတစ္ရပ္အေနနဲ႔ ေျပာဆိုေနၾကပါတယ္။

တခ်ိဳ႕ေတြကေတာ့ နယူးဇီလန္ ၀ယ္လင္တန္က တီပါပါျပတိုက္မွာ ျပသထားတဲ့ ဧရာမျပည္ၾကီးငါးၾကီးကို သတိတရနဲ႔ ေျပာၾကပါေသးတယ္။ တီပါပါထဲက ျပည္ၾကီးငါးကေတာ့ အရွည္(၅.၄)မီတာရွိတာေၾကာင့္ လက္ရွိ ဖမ္းဆီးရမိခဲ့တဲ့ အေကာင္ထက္ေတာ့ ပိုၾကီးပါတယ္။ ဒါေပမယ့္လည္း အခ်ိဳ႕ကေတာ့ လက္ရွိဖမ္းဆီးရမိခဲ့တဲ့ ျပည္ၾကီးငါးဟာ ျပတိုက္ထဲက အေကာင္ထက္ေတာင္ ပို္ၾကီးသေယာင္ထင္ရေၾကာင္း အျငင္းအခုန္ေဆြးေႏြးခဲ့ၾကပါေသးတယ္။

Ref: Dailymail

Unicode

နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့မှာ ညီအကိုသုံးဦးဟာ မနက်ခင်းတစ်ခုမှာ ရေငုပ်ထွက်လာခဲ့ကြပါတယ်။ ညီအကိုသုံးဦးကတော့ ဒယ်နီယယ်၊ ဂျက်ခ်နဲ့ မက်သျူး အမည်ရပါတယ်။ အဆိုပါညီအစ်ကိုသုံးဦးဟာ မြို့တောင်ဘက် ကမ်းရိုးတန်း ရက်ဒ်ရော့ခ်စ် တစ်လျှောက် ရေငုပ်နေခဲ့ကြတာပါ။ ဒီလိုနဲ့ မမျှော်လင့်ပဲ (၄.၂)မီတာ အရှည်ရှိတဲ့ ဧရာမပြည်ကြီးငါးကြီးတစ်ကောင်နဲ့ ရင်ဆိုင်တိုးကာ ပြည်ကြီးငါးကြီးကို ဖမ်းဆီးခဲ့ကြပါတယ်။

သူတို့က အရင်ရေငုပ်ခဲ့စဉ်တုန်းကလည်း ငါးမန်းတွေနဲ့ ရင်ဆိုင်တိုးဖူးခဲ့ပေမယ့် အခုလောက်ကြီးမားတဲ့ ပြည်ကြီးငါးမျိုးတော့ မကြုံဖူးကြောင်း ဆိုပါတယ်။ ပြည်ကြီးငါးကြီးကို တိပ်ကြိုးနဲ့ တိုင်းတာပြီးတဲ့အခါမှာတော့ သုံးယောက်သား NIWA (National Institute of Water and Atmospheric Research) ဌာနကို ဆက်သွယ်ခဲ့ကြပါတယ်။

ဌာနက တာဝန်ရှိသူတွေကတော့ ဒယ်နီယယ်တို့ တွေ့ရှိခဲ့တဲ့ ပြည်ကြီးငါးကြီးကို လာရောက်ယူဆောင်သွားခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးကတော့ “ဒီလိုပြည်ကြီးငါးတွေဟာ အတွေ့ရနည်းပေမယ့် ရှားပါးမျိုးထဲတော့ မပါပါဘူး။” လို့ဆိုပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတော့ သိကြတဲ့အတိုင်း ဧရာမပြည်ကြီးငါးကို အထူးအဆန်းတစ်ရပ်အနေနဲ့ ပြောဆိုနေကြပါတယ်။

တချို့တွေကတော့ နယူးဇီလန် ဝယ်လင်တန်က တီပါပါပြတိုက်မှာ ပြသထားတဲ့ ဧရာမပြည်ကြီးငါးကြီးကို သတိတရနဲ့ ပြောကြပါသေးတယ်။ တီပါပါထဲက ပြည်ကြီးငါးကတော့ အရှည်(၅.၄)မီတာရှိတာကြောင့် လက်ရှိ ဖမ်းဆီးရမိခဲ့တဲ့ အကောင်ထက်တော့ ပိုကြီးပါတယ်။ ဒါပေမယ့်လည်း အချို့ကတော့ လက်ရှိဖမ်းဆီးရမိခဲ့တဲ့ ပြည်ကြီးငါးဟာ ပြတိုက်ထဲက အကောင်ထက်တောင် ပိုကြီးသယောင်ထင်ရကြောင်း အငြင်းအခုန်ဆွေးနွေးခဲ့ကြပါသေးတယ်။

Ref: Dailymail

 

TV ဇာတ္လမ္းထဲကအတိုင္း ညီမျဖစ္သူကို လုပ္ျပရင္း အသက္ေပးခဲ့ရတဲ့ ၄တန္းေက်ာင္းသားတစ္ဦး

0

လက္ရွိျဖစ္ေပၚေနတဲ့ ေသဆုံးမႈေတြထဲက အျဖစ္ဆန္းၾကယ္လွတဲ့ျဖစ္ရပ္တစ္ခုကေတာ့ မေန႔က ၾသဂုတ္လ ၂၆ရက္ေန႔မွာျဖစ္ေပၚခဲ့တာေတြ႕ရပါတယ္။ အဆိုပါ ျဖစ္စဥ္ကေတာ့ ေက်ာက္တန္းၿမိဳ႕နယ္ေခ်ာင္းဝေက်း႐ြာတြင္ ေလးတန္းေက်ာင္းသားကေလးငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈ႕ျဖစ္စဥ္ပဲ ျဖစ္ပါတယ္။ မေန႔က ညေနပိုင္း ၄နာရီ ၂၀မိနစ္ခန႔္ တြင္ ေတာင္ပိုင္းခ႐ိုင္ ေက်ာက္တန္းၿမိဳ႕နယ္၊ေခ်ာင္းဝေက်း႐ြာရွိ ေမာင္ဝင္းေဌးအသက္(၁၀)ႏွစ္ ကေလးငယ္တစ္ဦးကေတာ့ ညီမျဖစ္သူႏွင့္ ေဆာ့ကစားရင္း ႀကိဳးဆြဲခ်ေသးဆုံးခဲ့ေၾကာင္းသိရပါတယ္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ” မေန႔က ညေန(၄/၂၀)နာရီအခ်ိန္ခန႔္တြင္ ေတာင္ပိုင္းခ႐ိုင္ ၊ေက်ာက္တန္းၿမိဳ႕နယ္၊ေခ်ာင္းဝေက်း႐ြာတြင္ကေလးငယ္တစ္ဦးႀကိဳးဆြဲခ်ေသဆုံးခဲ့ေၾကာင္းသတင္းအရေက်ာက္တန္းၿမိဳ႕မစခန္းမွတာဝန္ရွိသူမ်ားႏွင့္ေခ်ာင္းဝေက်း႐ြာအုပ္ခ်ဴပ္ေရးမႈး၊ရာအိမ္မႈးမ်ားႏွင့္အတူသြားေရာက္စစ္ေဆးရာေခ်ာင္းဝေက်း႐ြာရွိေဒၚလွလွေဌး၏ေနအိမ္၊ အိမ္ေရွခန္းတြင္ေမာင္ဝင္းေဌး(၁၀)ႏွစ္(ဘ)ဦးခင္ေ႐ႊ(၄)တန္းေက်ာင္းသားသည္(၆)ေပခန႔္ရွည္ေသာႏိုင္လြန္ႀကိဳးျဖင့္(၆)ေပျမင့္ေနအိမ္ထုတ္တန္းမွဖေႏွာင့္လြတ္ၿပီး ေျခႏွင့္ၾကမ္းျပင္ထိ႐ုံ အေနအထားျဖင့္ ႀကိဳးဆြဲခ်ေသဆုံးေနသည္ကိုေတြ႕ရွိရၿပီးျပင္ပဒဏ္ရာတစ္စုံတစ္ရာမေတြ႕ရွိရသျဖင့္ ဆက္လက္စုံစမ္းရာအခင္းျဖစ္ခ်ိန္တြင္ေသဆုံးသူႏွင့္ညီမျဖစ္သူ မခိုင္သဇင္ဦး(၅)ႏွစ္(KG)တန္းေက်ာင္းသားႏွင့္ေနအိမ္တြင္ႏွစ္ဦးထဲရွိေနခဲ့ၿပီး မိဘမ်ားမွာ အလုပ္ကိစၥႏွင့္အျပင္သြားေနခ်ိန္တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသျဖင့္အေလာင္းအား ရဲေဆးစာျဖင့္ ေက်ာက္တန္းၿမိဳ႕ျပည္သူ႔ ဆး႐ုံသို႔ပို႔ေဆာင္ၿပီး စစ္ေဆးေဆာင္႐ြတ္လ်က္ရွိေၾကာင္းသိရပါတယ္။

ေက်း႐ြာေနျပည္သူအခ်ိဴ႕နင့္ေသဆုံးသူ၏မိခင္ျဖစ္သူတို႔ေျပာျပခ်က္အရေသဆုံးသူ(ေမာင္ဝင္းေဌး)သည္ညီမျဖစ္သူမခိုင္သဇင္ဦးႏွင့္အတူ မေန႔က ေန႔ခင္းပိုင္းတြင္(TV)႐ုပ္သံဇာတ္လမ္းတြင္ပါရွိေသာ(ႀကိဳးဆြဲခ်)ေသဆုံးျခင္းသ႐ုပ္ေဆာင္အခန္းကို ညီမျဖစ္သူအားလုပ္ျပရင္းေသဆုံးသည္ဟုသိရွိခဲ့ရပါတယ္။ အဆိုပါ ျဖစ္စဥ္က ကေလးငယ္မ်ားအိမ္အတြင္းျပဳလုပ္တက္တဲ့ အေလ့အထေတြထဲက အႏၲရယ္ရွိေသာအရာေတြျဖစ္ေၾကာင္း သတိျပဳႏိုင္ရန္မွ်ေဝေပးလိုက္ပါတယ္။

Photos – Myint Zaw

Unicode

လက်ရှိဖြစ်ပေါ်နေတဲ့ သေဆုံးမှုတွေထဲက အဖြစ်ဆန်းကြယ်လှတဲ့ဖြစ်ရပ်တစ်ခုကတော့ မနေ့က သြဂုတ်လ ၂၆ရက်နေ့မှာဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ကျောက်တန်းမြို့နယ်ချောင်းဝကျေးရွာတွင် လေးတန်းကျောင်းသားကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု့ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ မနေ့က ညနေပိုင်း ၄နာရီ ၂၀မိနစ်ခန့် တွင် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ချောင်းဝကျေးရွာရှိ မောင်ဝင်းဌေးအသက်(၁၀)နှစ် ကလေးငယ်တစ်ဦးကတော့ ညီမဖြစ်သူနှင့် ဆော့ကစားရင်း ကြိုးဆွဲချသေးဆုံးခဲ့ကြောင်းသိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ” မနေ့က ညနေ(၄/၂၀)နာရီအချိန်ခန့်တွင် တောင်ပိုင်းခရိုင် ၊ကျောက်တန်းမြို့နယ်၊ချောင်းဝကျေးရွာတွင်ကလေးငယ်တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်းသတင်းအရကျောက်တန်းမြို့မစခန်းမှတာဝန်ရှိသူများနှင့်ချောင်းဝကျေးရွာအုပ်ချူပ်ရေးမှုး၊ရာအိမ်မှုးများနှင့်အတူသွားရောက်စစ်ဆေးရာချောင်းဝကျေးရွာရှိဒေါ်လှလှဌေး၏နေအိမ်၊ အိမ်ရှေခန်းတွင်မောင်ဝင်းဌေး(၁၀)နှစ်(ဘ)ဦးခင်ရွှေ(၄)တန်းကျောင်းသားသည်(၆)ပေခန့်ရှည်သောနိုင်လွန်ကြိုးဖြင့်(၆)ပေမြင့်နေအိမ်ထုတ်တန်းမှဖနှောင့်လွတ်ပြီး ခြေနှင့်ကြမ်းပြင်ထိရုံ အနေအထားဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရပြီးပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းရာအခင်းဖြစ်ချိန်တွင်သေဆုံးသူနှင့်ညီမဖြစ်သူ မခိုင်သဇင်ဦး(၅)နှစ်(KG)တန်းကျောင်းသားနှင့်နေအိမ်တွင်နှစ်ဦးထဲရှိနေခဲ့ပြီး မိဘများမှာ အလုပ်ကိစ္စနှင့်အပြင်သွားနေချိန်တွင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသဖြင့်အလောင်းအား ရဲဆေးစာဖြင့် ကျောက်တန်းမြို့ပြည်သူ့ ဆးရုံသို့ပို့ဆောင်ပြီး စစ်ဆေးဆောင်ရွတ်လျက်ရှိကြောင်းသိရပါတယ်။

ကျေးရွာနေပြည်သူအချိူ့နင့်သေဆုံးသူ၏မိခင်ဖြစ်သူတို့ပြောပြချက်အရသေဆုံးသူ(မောင်ဝင်းဌေး)သည်ညီမဖြစ်သူမခိုင်သဇင်ဦးနှင့်အတူ မနေ့က နေ့ခင်းပိုင်းတွင်(TV)ရုပ်သံဇာတ်လမ်းတွင်ပါရှိသော(ကြိုးဆွဲချ)သေဆုံးခြင်းသရုပ်ဆောင်အခန်းကို ညီမဖြစ်သူအားလုပ်ပြရင်းသေဆုံးသည်ဟုသိရှိခဲ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်က ကလေးငယ်များအိမ်အတွင်းပြုလုပ်တက်တဲ့ အလေ့အထတွေထဲက အန္တရယ်ရှိသောအရာတွေဖြစ်ကြောင်း သတိပြုနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photos – Myint Zaw

 

လိုက္ဖက္ညီညီ အတူတူယွဥ္တြဲေတြ႕ရတဲ့ စိုင္းစိုင္းနဲ႔ ပိုးမမွီသာ

0

ပိုးမမွီသာကေတာ့ စိုင္းစိုင္းရဲ႕ တကၠသိုလ္ေပါင္းစုံ Queen ေ႐ြးခ်ယ္ပြဲကေန အေ႐ြးခံရၿပီး အႏုပညာေလာကထဲ ကိုေရာက္ရွိလာတဲ့ ဆရာဝန္မေခ်ာေခ်ာေလးဘဲ ျဖစ္ပါတယ္ ။

စိုင္းစိုင္း ရဲ႕ သိဂၤရသီခ်င္းတစ္ပုဒ္ လို႔ အမည္ရတဲ့ music MTV မွာ သ႐ုပ္ေဆာင္ခဲ့ရ တာကေန ပရိ သတ္အားေပးလက္ခံမႈ အခိုင္အမာရရွိခဲ့တဲ့ သူဘဲ ျဖစ္ပါတယ္ ။

လက္ရွိ မွာေတာ့ သူ မ ဟာ ေဆးခန္းတစ္ဖက္နဲ႔ အႏုပညာလႈပ္ရွားမႈေတြလည္း တြဲ ဖက္ လုပ္ကိုင္ေန တယ္ လို႔သိရပါတယ္ ။

သူမရဲ႕ မိန္းမဆန္ၿပီး အိေျႏၵႀကီးတဲ့ ပုံရိပ္ေလးက ပရိသတ္ရင္ကို ေအးျမေစပါတယ္ ။ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ လက္မွတ္ေရးထိုးထားတဲ့ Sai Sai Limited Edition – G Shock x SAI SAI Collaboration Model မိတ္ဆက္ျခင္း အခမ္းအနားကို ၾသဂုတ္လ (၂၆) ရက္ေန႔က ရန္ကုန္၊ ဂမုန္းပြင့္ G – Shock နာရီဆိုင္မွာ ျပဳလုပ္ခဲ့ၿပီး ေမာ္ဒယ္ ပိုးမမွီသာ လည္း တက္ေရာက္ခဲ့ပါတယ္။

သူမက ေ႐ႊအိုေရာင္ ဖက္ရွင္အလန္းစားေလးနဲ႔ ပရိသတ္ေတြနဲ႔ ေပ်ာ္႐ႊင္စြာ ဆယ္လ္ဖီ ေတြလဲ ႐ိုက္ခဲ့ပါေသးတယ္ ။ မာနမႀကီးတတ္တဲ့ ပိုးမမွီသာေလးက အရမ္းခ်စ္ဖို႔ေကာင္း တယ္ ဟုတ္ ။

စိုင္းစိုင္း က သူမရဲ႕လက္ဦးဆရာျဖစ္သလို စိုင္းစိုင္းရဲ႕ လက္တြဲေခၚမႈေၾကာင့္ အႏုပညာ ေလာက မွာ ေနရာတစ္ေနရာ ရလာခဲ့တာျဖစ္ၿပီး သူမတို႔ႏွစ္ေယာက္ရဲ႕ G Shock ပြဲမွာအတူတူ ယွဥ္တြဲေတြ႕ျမင္ရတာ အရမ္းကို လိုက္ဖက္ညီလြန္းပါတယ္ ပရိသတ္ႀကီးေရ..။

စိုင္းစိုင္းနဲ႔ ပိုးမမွီသာေလးကို ခ်စ္တဲ့ပရိသတ္ႀကီးအတြက္ သူတို႔ရဲ႕ လိုက္ဖက္ညီတဲ့ ပုံရိပ္ေလး ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Phoe Mamhe Thar

Unicode

ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် မင်းသမီးချော ချစ်သုဝေကတော့ မြင်သူချစ်မိစေလောက်တဲ့ မျက်နှာနဲ့ အသားအရေလှလှလေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမအနေနဲ့ အဆိုတော် လင်းလင်းနဲ့အတူ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ချစ်စရာကောင်းလွန်းတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ အမြွှာသမီးချောလေးတွေကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ သူမရဲ့ချစ်သမီးလေးတွေက နတ်တွေဖန်ဆင်းပေးလိုက်တဲ့ ကလေးငယ်လေးတွေလို ဖြူဖြူဖွေးဖွေးနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် အားလုံးက ချစ်ခင်ကြပါတယ်။

ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို မေမေချစ်သုဝေက ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ အခုလည်း ချစ်သုဝေက အလုပ်ကိစ္စတွေကြောင့် သမီးလေးတွေနဲ့ ခွဲနေရတဲ့အခါ သမီးချောလေးတွေကို လွမ်းနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးတွေရဲ့အမှတ်တရဗီဒီယိုလေးတွေကို ကြည့်ရင်း သူမပရိသတ်တွေအတွက်လည်း ခေတ်လေးတို့ရဲ့အသည်းယားစရာ ဗီဒီယိုဖိုင်လေးတွေကို facebook မှာတင်ပေးခဲ့ပါတယ်။

ချစ်သုဝေက ”August တစ်လလုံး အလုပ်လောဘတွေကြီးမိလို့ သမီးလေးတွေနားမနေနိုင်ဘူး..မေမေရယ် မမကြီးရယ် ပလာတူးရယ် daeရယ် အာမိုကြီးရယ် ..သူတို့ရှိနေလို့သာပဲ…သမီးလေးတွေကိုလွမ်းကြတယ်ဆိုလို့ ဒီမေလည်း မန်းလေးမှာ လွမ်းလို့ ရိုက်ထားတာတွေပြန်ကြည့်ရင်းတင်လိုက်တယ်နော်” ဆိုတဲ့အလွမ်းစကားလေးတွေနဲ့ သမီးလေးတွေရဲ့ဗီဒီယိုလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတွေကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai

 

သမီးေလးေတြနဲ႔ ခြဲေနရတုန္း အလြမ္းသယ္ရင္း ဗီဒီယိုေလးေတြ တင္လိုက္တဲ့ ေမေမခ်စ္သုေဝ

0

ပရိသတ္ႀကီးေရ အဆိုေတာ္၊သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခ်စ္သုေဝကေတာ့ ျမင္သူခ်စ္မိေစေလာက္တဲ့ မ်က္ႏွာနဲ႔ အသားအေရလွလွေလးေတြကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သူမအေနနဲ႔ အဆိုေတာ္ လင္းလင္းနဲ႔အတူ လက္ထပ္ၿပီးေနာက္ပိုင္းမွာေတာ့ ခ်စ္စရာေကာင္းလြန္းတဲ့ ေမျမန္မာေခတ္နဲ႔ ေမျမန္မာသစ္ဆိုတဲ့ အႁမႊာသမီးေခ်ာေလးေတြကို ပိုင္ဆိုင္ရရွိခဲ့ပါတယ္။ သူမရဲ႕ခ်စ္သမီးေလးေတြက နတ္ေတြဖန္ဆင္းေပးလိုက္တဲ့ ကေလးငယ္ေလးေတြလို ျဖဴျဖဴေဖြးေဖြးနဲ႔ အရမ္းကိုခ်စ္စရာေကာင္းလြန္းတာေၾကာင့္ အားလုံးက ခ်စ္ခင္ၾကပါတယ္။

ေခတ္ေလးနဲ႔သစ္ေလးတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ ပုံေလးေတြနဲ႔ ဗီဒီယိုေလးေတြကို ေမေမခ်စ္သုေဝက ပရိသတ္ေတြအတြက္ အၿမဲေဝမွ်ေပးေလ့ရွိပါတယ္။ အခုလည္း ခ်စ္သုေဝက အလုပ္ကိစၥေတြေၾကာင့္ သမီးေလးေတြနဲ႔ ခြဲေနရတဲ့အခါ သမီးေခ်ာေလးေတြကို လြမ္းေနရတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သမီးေလးေတြရဲ႕အမွတ္တရဗီဒီယိုေလးေတြကို ၾကည့္ရင္း သူမပရိသတ္ေတြအတြက္လည္း ေခတ္ေလးတို႔ရဲ႕အသည္းယားစရာ ဗီဒီယိုဖိုင္ေလးေတြကို facebook မွာတင္ေပးခဲ့ပါတယ္။

ခ်စ္သုေဝက ”August တစ္လလုံး အလုပ္ေလာဘေတြႀကီးမိလို႔ သမီးေလးေတြနားမေနႏိုင္ဘူး..ေမေမရယ္ မမႀကီးရယ္ ပလာတူးရယ္ daeရယ္ အာမိုႀကီးရယ္ ..သူတို႔ရွိေနလို႔သာပဲ…သမီးေလးေတြကိုလြမ္းၾကတယ္ဆိုလို႔ ဒီေမလည္း မန္းေလးမွာ လြမ္းလို႔ ႐ိုက္ထားတာေတြျပန္ၾကည့္ရင္းတင္လိုက္တယ္ေနာ္” ဆိုတဲ့အလြမ္းစကားေလးေတြနဲ႔ သမီးေလးေတြရဲ႕ဗီဒီယိုေလးေတြကို တင္ေပးထားတာပဲ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ေခတ္ေလးနဲ႔သစ္ေလးတို႔ရဲ႕ ခ်စ္စရာေကာင္းတဲ့ဗီဒီယိုေလးေတြကို ၾကည့္ရႈဖို႔ ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

မစ္မီးေမာက္😚😍

Posted by Chit Thu Wai on Saturday, 25 August 2018

1..2..3..4..

Posted by Chit Thu Wai on Saturday, 25 August 2018

ရုပ္ကိုက😚😙

Posted by Chit Thu Wai on Saturday, 25 August 2018

ေခ်ာအီစိမ့္😚😙😍

Posted by Chit Thu Wai on Saturday, 25 August 2018

Source: Chit Thu Wai

Unicode

ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် မင်းသမီးချော ချစ်သုဝေကတော့ မြင်သူချစ်မိစေလောက်တဲ့ မျက်နှာနဲ့ အသားအရေလှလှလေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမအနေနဲ့ အဆိုတော် လင်းလင်းနဲ့အတူ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ချစ်စရာကောင်းလွန်းတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ အမြွှာသမီးချောလေးတွေကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ သူမရဲ့ချစ်သမီးလေးတွေက နတ်တွေဖန်ဆင်းပေးလိုက်တဲ့ ကလေးငယ်လေးတွေလို ဖြူဖြူဖွေးဖွေးနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းတာကြောင့် အားလုံးက ချစ်ခင်ကြပါတယ်။

ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ ဗီဒီယိုလေးတွေကို မေမေချစ်သုဝေက ပရိသတ်တွေအတွက် အမြဲဝေမျှပေးလေ့ရှိပါတယ်။ အခုလည်း ချစ်သုဝေက အလုပ်ကိစ္စတွေကြောင့် သမီးလေးတွေနဲ့ ခွဲနေရတဲ့အခါ သမီးချောလေးတွေကို လွမ်းနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သမီးလေးတွေရဲ့အမှတ်တရဗီဒီယိုလေးတွေကို ကြည့်ရင်း သူမပရိသတ်တွေအတွက်လည်း ခေတ်လေးတို့ရဲ့အသည်းယားစရာ ဗီဒီယိုဖိုင်လေးတွေကို facebook မှာတင်ပေးခဲ့ပါတယ်။

ချစ်သုဝေက ”August တစ်လလုံး အလုပ်လောဘတွေကြီးမိလို့ သမီးလေးတွေနားမနေနိုင်ဘူး..မေမေရယ် မမကြီးရယ် ပလာတူးရယ် daeရယ် အာမိုကြီးရယ် ..သူတို့ရှိနေလို့သာပဲ…သမီးလေးတွေကိုလွမ်းကြတယ်ဆိုလို့ ဒီမေလည်း မန်းလေးမှာ လွမ်းလို့ ရိုက်ထားတာတွေပြန်ကြည့်ရင်းတင်လိုက်တယ်နော်” ဆိုတဲ့အလွမ်းစကားလေးတွေနဲ့ သမီးလေးတွေရဲ့ဗီဒီယိုလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေတ်လေးနဲ့သစ်လေးတို့ရဲ့ ချစ်စရာကောင်းတဲ့ဗီဒီယိုလေးတွေကို ကြည့်ရှုဖို့ အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chit Thu Wai

 

သူ႔ဇနီးကိုသြားမထိနဲ႔ မိုးမီးေလာင္လိမ့္မယ္လို႔ ေျပာလာတဲ့ ပိုင္ေဇရဲထြန္း

0

ပရိသတ္ေတြအားက်ရေလာက္ေအာင္ သာယာေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ ထားတဲ့ အႏုပညာရွင္ေတြထဲမွာ မင္းသားေခ်ာပိုင္ေဇရဲထြန္းတို႔ ဇနီးေမာင္ႏွံ ေလး က ေတာ့ တကယ့္ကို ၾကည္ႏူးအားက်စရာေလးပါပဲေနာ္..။

ခ်စ္ဇနီးေခ်ာေလးကို အၿမဲအခ်စ္ပို အလိုလိုက္တတ္တဲ့ မင္းသားေခ်ာပိုင္ေဇရဲထြန္းကေတာ့ အေရွ႕ေတာင္အာရွရဲ႕အခ်စ္တတ္ဆုံးေယာက်ၤားေတြထဲ တစ္ဦးဆိုလည္း မွားမယ္ မထင္ ပါဘူး..။

ပရိသတ္ေတြအၿမဲအားက်ၾကည္ႏူးရတဲ့ ပိုင္ေဇရဲထြန္းတို႔ဇနီးေမာင္ႏွံေလးကေတာ့ ပရိသတ္ ေတြ အားက်ေအာင္ လုပ္ခ်လိုက္ျပန္ပါၿပီေနာ္ ။ ပိုင္ေဇရဲထြန္းတစ္ေယာက္ သိပ္ခ်စ္စရာ ေကာင္း တဲ့ သူ႔မိန္းမေလးက ခ်စ္စရာေကာင္းသလို စြာလဲစြာတယ္ သူမ်ားအေပၚမေကာင္း တဲ့စိတ္လဲ မေမြးသလို မဟုတ္မမွန္တာလဲ မလုပ္ပါဘူးတဲ့ ။

ဒါေပမယ့္ သူ႔ကိုလာထိရင္ေတာ့ မိုးမီးေလာင္လိမ့္မယ္ေနာ္ဆိုတဲ့ စာသားနဲ႔သူ႔ခ်စ္ဇနီး ဇင္သဲႏိုင္ရဲ႕ ခ်စ္စဖြယ္ ပုံရိပ္ေလးေတြကို သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေနတစ္ဆင့္ အ႐ႊန္းေဖာက္ၿပီး ခ်စ္ဇနီးေလးကို ခ်စ္စႏိုးနဲ႔ စေနာက္ခဲ့တာပါ ။

ပိုင္ေဇရဲထြန္းနဲ႔ သူရဲ႕ခ်စ္ရတဲ့ ဇနီးေခ်ာေလး ဇင္သဲႏိုင္တို႔ကေတာ့ လက္တေလာ ပရိသတ္ ေတြၾကားမွာ အရမ္း ကိုေရပန္းစားေနတဲ့ အႏုပညာရွင္စုံတြဲေလးေတြထဲမွာ တစ္တြဲ အပါ အဝင္ပဲ ျဖစ္ပါတယ္။

ခ်စ္စရာေကာင္းတဲ့သားသားမီးမီးေလးေတြ (၃)ေယာက္ရလာတဲ့အထိ ၾကင္စဦးဇနီးေမာင္ႏွံ ေလးေတြလို တစ္ေယာက္ကိုတစ္ေယာက္ ဂ႐ုစိုက္မႈ၊ၾကင္နာမႈ၊ မေျပာင္းလဲတဲ့အခ်စ္ ေတြ နဲ႔ ခ်စ္ၾကတဲ့ သူတို႔ဇနီးေမာင္ႏွံေလးကေတာ့ ျမင္တဲ့သူတိုင္းအားမက်ပဲ မေနႏိုင္ေလာက္ ေအာင္ပါပဲ ပရိသတ္ႀကီး ေရ။

Source : Paing Zay Ye Htun

Unicode

ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင် ထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသားချောပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ လေး က တော့ တကယ့်ကို ကြည်နူးအားကျစရာလေးပါပဲနော်..။

ချစ်ဇနီးချောလေးကို အမြဲအချစ်ပို အလိုလိုက်တတ်တဲ့ မင်းသားချောပိုင်ဇေရဲထွန်းကတော့ အရှေ့တောင်အာရှရဲ့အချစ်တတ်ဆုံးယောင်္ကျားတွေထဲ တစ်ဦးဆိုလည်း မှားမယ် မထင် ပါဘူး..။

ပရိသတ်တွေအမြဲအားကျကြည်နူးရတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံလေးကတော့ ပရိသတ် တွေ အားကျအောင် လုပ်ချလိုက်ပြန်ပါပြီနော် ။ ပိုင်ဇေရဲထွန်းတစ်ယောက် သိပ်ချစ်စရာ ကောင်း တဲ့ သူ့မိန်းမလေးက ချစ်စရာကောင်းသလို စွာလဲစွာတယ် သူများအပေါ်မကောင်း တဲ့စိတ်လဲ မမွေးသလို မဟုတ်မမှန်တာလဲ မလုပ်ပါဘူးတဲ့ ။

ဒါပေမယ့် သူ့ကိုလာထိရင်တော့ မိုးမီးလောင်လိမ့်မယ်နော်ဆိုတဲ့ စာသားနဲ့သူ့ချစ်ဇနီး ဇင်သဲနိုင်ရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် အရွှန်းဖောက်ပြီး ချစ်ဇနီးလေးကို ချစ်စနိုးနဲ့ စနောက်ခဲ့တာပါ ။

ပိုင်ဇေရဲထွန်းနဲ့ သူရဲ့ချစ်ရတဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ကတော့ လက်တလော ပရိသတ် တွေကြားမှာ အရမ်း ကိုရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ တစ်တွဲ အပါ အဝင်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေ (၃)ယောက်ရလာတဲ့အထိ ကြင်စဦးဇနီးမောင်နှံ လေးတွေလို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှု၊ကြင်နာမှု၊ မပြောင်းလဲတဲ့အချစ် တွေ နဲ့ ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ မြင်တဲ့သူတိုင်းအားမကျပဲ မနေနိုင်လောက် အောင်ပါပဲ ပရိသတ်ကြီး ရေ။

Source : Paing Zay Ye Htun

 

(၁၅)ေဒၚလာပဲ ဝင္ေငြရွိတဲ့ တကၠစီဆရာကုိ ရဲရဲဝင့္ဝင့္လက္တြဲခဲ့တဲ့ ေမာ္ဒယ္မေလး

0

ထုိင္းႏုိင္ငံရဲ႕ ႐ုပ္သံနဲ႔ေၾကာ္ညာေတြမွာ နာမည္ရထားတဲ့ ေမာ္ဒယ္တစ္ဦးဟာ သူမရဲ႕ ခ်စ္သူအျဖစ္ တကၠစီဆရာကုိ ေရြးခ်ယ္ခဲ့ပါတယ္။ ထုိင္းႏုိင္ငံမွာ တကၠစီဆရာေတြ မ်ားလာလုိ႔ တကၠစီဆရာတစ္ဦးရဲ႕ ဝင္ေငြဟာ (၁၅)ေဒၚလာေလာက္သာ ရွိပါတယ္။ ဒါေတာင္ ေတာ္ေတာ္ေလး ကားဆြဲေကာင္းမွ ရတာပါတဲ့။

ေမာ္ဒယ္မေလးရဲ႕အမည္ကေတာ့ Nutchanart Chaichan ျဖစ္ၿပီး အသက္ (၂၂)ႏွစ္ပါ။ သူမရဲ႕ခ်စ္သူ ေကာင္ေလးကေတာ့ Wutthichai Saeng-ngern ျဖစ္ၿပီး အသက္(၂၅)ႏွစ္ ျဖစ္ပါတယ္။ Chaichan ဟာ သူမကို လုိခ်င္သူေတြ ဝုိင္းဝုိင္းလည္ေနတဲ့ၾကားမွာ မြန္မြန္ရည္ရည္နဲ႔ သူေဌးတစ္ဦးကို ေခါင္းေခါက္ယူလုိ႔ ရပါတယ္။

ဒါေပမယ့္ Chaichan ကေတာ့ Saeng ကုိသာ ေရြးခ်ယ္ခဲ့တာပါ။ သူမဟာ Saeng ကုိ ေတြ႕မိလွ်င္ေတြ႕မိခ်င္းမွာပဲ စိတ္ထဲကေန ဘယ္သူမွ မတုိက္တြန္းရပါဘဲ ေမတၱာသက္ဝင္ ခ်စ္ပင္ေတြ ပ်ိဳးခ်င္ခဲ့မိတာပါ။ သူမရဲ႕ ရင္ခုန္သံေတြကေတာ့ ဖူးစာေရးနတ္က ႏွလုံးသားကို တံခါးေခါက္တဲ့အသံပါဘဲလုိ႔ Chaichan က ကဗ်ာဆန္ဆန္ တင္စားထားပါတယ္။

လူမႈကြန္ရက္ေပၚမွာ သူမ တင္ခဲ့တာက ” ရွင္ဘာစားစား …. ကၽြန္မ လုိက္စားမွာပဲ … ရွင္ဘယ္သြားသြား ကၽြန္မကို ေခၚပါ … ကၽြန္မတုိ႔အတြက္ေတာ့ ကိုယ္ေရြးခ်ယ္တဲ့အလုပ္ကို ဘယ္ေတာ့မွ ေစာဒကမတက္ဘဲ ေန႔မနား ညမနား လုပ္ခဲ့ရတာ .. ဒါေပမယ့္ ကၽြန္မအနားမွာ ရွင္ရွိေနရင္ … ေပ်ာ္တယ္ .. အားလုံးကုိ ေမ့ၿပီးေတာ့ေပါ့ “လုိ႔ ေရးထားပါတယ္။

Chaichan ဟာ လက္ရွိခ်စ္သူ Saeng တစ္ေယာက္တည္းကုိပဲ ရည္းစားအျဖစ္ ထားခဲ့ဖူးပါတယ္။ သူမတုိ႔ အခ်စ္ေရးဟာ အခုမွ မဟုတ္ပါဘူး။ သူမ အသက္(၁၇)ႏွစ္အရံယ္ ၿပီးခဲ့တဲ့ (၅)ႏွစ္ေလာက္ကတည္းကပါ။ လူေတြက Saeng ကုိ ေရြးခ်ယ္ခဲ့ျခငး္အတြက္ ဝုိင္းဝန္းျပစ္တင္ခဲ့ၾကခ်ိန္မွာ သူမက လွလွပပ တုန္႔ျပန္ခဲ့ပါတယ္။

Chaichan က ” ရွင္တုိ႔သာ ကိုယ္နဲ႔ထုိက္တန္တဲ့သူကို ခ်စ္တတ္ေအာင္ ႀကိဳးစားၾကပါ … ကၽြန္မကိစၥဘာမွ ဝင္မပါၾကနဲ႔ … ရွင္တုိ႔ ပုိက္ဆံမက္တယ္ဆုိရင္ ပုိက္ဆံရွိမယ့္သူကုိ ျမႇဴစြယ္ၾကေပါ့ “လုိ႔ တုန္႔ျပန္ခဲ့ပါတယ္။ သူမက ” အခ်စ္ကိုေရြးခ်ယ္မယ္ဆုိရင္ ေငြေရးေၾကးေရးကို ရွင္တုိ႔ၾကည့္ေနရင္ အခ်စ္စစ္ဆုိတာ ရမွာ မဟုတ္ပါဘူး … ကၽြန္မတုိ႔ ႏွစ္ေယာက္ေပါင္း ဝင္ေငြက ဘာမွ မရွိပါဘူး .. ဒါေပမယ့္ ကၽြန္မတုိ႔ ေပ်ာ္ေနတယ္ … ဝမ္းသာေနတယ္ “လုိ႔ ေျပာပါတယ္။

Chaichan ရဲ႕အဆုိအရ သူမတုိ႔ဟာ Nakhon Si Thammarat ၿမိ႕မွာ အိမ္နီးနားခ်င္း ျဖစ္ခဲ့ေၾကာင္း၊ ငယ္ငယ္ကတည္းက သံေယာဇဥ္တြယ္ခဲ့ၾကၿပီး၊ ဘန္ေကာက္ကို အတူေျပာင္းခဲ့ေၾကာင္း၊ Chaichan ကလည္း ေမာ္ဒယ္ေလာကမွာ ေအာင္ျမင့္သင့္သေလာက္ ေအာင္ျမင္လာခဲ့ေၾကာင္း ေနာက္ Ramkhamhaeng ေစ်းမွာ သူမတုိ႔ႏွစ္ေယာက္ေပါင္းၿပီး ဖတ္ရွင္စတုိးဆုိင္ေလး ဖြင့္ခဲ့ေပမယ့္ မေအာင္ျမင္လုိ႔ ခ်စ္သူ Saeng က ကားေမာင္းတဲ့အလုပ္ကို ေျပာင္းလုပ္ခဲ့တာလုိ႔ ဆုိပါတယ္။

credit

unicode

ထိုင်းနိုင်ငံရဲ့ ရုပ်သံနဲ့ကြော်ညာတွေမှာ နာမည်ရထားတဲ့ မော်ဒယ်တစ်ဦးဟာ သူမရဲ့ ချစ်သူအဖြစ် တက္ကစီဆရာကို ရွေးချယ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ တက္ကစီဆရာတွေ များလာလို့ တက္ကစီဆရာတစ်ဦးရဲ့ ဝင်ငွေဟာ (၁၅)ဒေါ်လာလောက်သာ ရှိပါတယ်။ ဒါတောင် တော်တော်လေး ကားဆွဲကောင်းမှ ရတာပါတဲ့။

မော်ဒယ်မလေးရဲ့အမည်ကတော့ Nutchanart Chaichan ဖြစ်ပြီး အသက် (၂၂)နှစ်ပါ။ သူမရဲ့ချစ်သူ ကောင်လေးကတော့ Wutthichai Saeng-ngern ဖြစ်ပြီး အသက်(၂၅)နှစ် ဖြစ်ပါတယ်။ Chaichan ဟာ သူမကို လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ကြားမှာ မွန်မွန်ရည်ရည်နဲ့ သူဌေးတစ်ဦးကို ခေါင်းခေါက်ယူလို့ ရပါတယ်။

ဒါပေမယ့် Chaichan ကတော့ Saeng ကိုသာ ရွေးချယ်ခဲ့တာပါ။ သူမဟာ Saeng ကို တွေ့မိလျှင်တွေ့မိချင်းမှာပဲ စိတ်ထဲကနေ ဘယ်သူမှ မတိုက်တွန်းရပါဘဲ မေတ္တာသက်ဝင် ချစ်ပင်တွေ ပျိုးချင်ခဲ့မိတာပါ။ သူမရဲ့ ရင်ခုန်သံတွေကတော့ ဖူးစာရေးနတ်က နှလုံးသားကို တံခါးခေါက်တဲ့အသံပါဘဲလို့ Chaichan က ကဗျာဆန်ဆန် တင်စားထားပါတယ်။

လူမှုကွန်ရက်ပေါ်မှာ သူမ တင်ခဲ့တာက ” ရှင်ဘာစားစား …. ကျွန်မ လိုက်စားမှာပဲ … ရှင်ဘယ်သွားသွား ကျွန်မကို ခေါ်ပါ … ကျွန်မတို့အတွက်တော့ ကိုယ်ရွေးချယ်တဲ့အလုပ်ကို ဘယ်တော့မှ စောဒကမတက်ဘဲ နေ့မနား ညမနား လုပ်ခဲ့ရတာ .. ဒါပေမယ့် ကျွန်မအနားမှာ ရှင်ရှိနေရင် … ပျော်တယ် .. အားလုံးကို မေ့ပြီးတော့ပေါ့ “လို့ ရေးထားပါတယ်။

Chaichan ဟာ လက်ရှိချစ်သူ Saeng တစ်ယောက်တည်းကိုပဲ ရည်းစားအဖြစ် ထားခဲ့ဖူးပါတယ်။ သူမတို့ အချစ်ရေးဟာ အခုမှ မဟုတ်ပါဘူး။ သူမ အသက်(၁၇)နှစ်အရံယ် ပြီးခဲ့တဲ့ (၅)နှစ်လောက်ကတည်းကပါ။ လူတွေက Saeng ကို ရွေးချယ်ခဲ့ခြင်းအတွက် ဝိုင်းဝန်းပြစ်တင်ခဲ့ကြချိန်မှာ သူမက လှလှပပ တုန့်ပြန်ခဲ့ပါတယ်။

Chaichan က ” ရှင်တို့သာ ကိုယ်နဲ့ထိုက်တန်တဲ့သူကို ချစ်တတ်အောင် ကြိုးစားကြပါ … ကျွန်မကိစ္စဘာမှ ဝင်မပါကြနဲ့ … ရှင်တို့ ပိုက်ဆံမက်တယ်ဆိုရင် ပိုက်ဆံရှိမယ့်သူကို မြှူစွယ်ကြပေါ့ “လို့ တုန့်ပြန်ခဲ့ပါတယ်။ သူမက ” အချစ်ကိုရွေးချယ်မယ်ဆိုရင် ငွေရေးကြေးရေးကို ရှင်တို့ကြည့်နေရင် အချစ်စစ်ဆိုတာ ရမှာ မဟုတ်ပါဘူး … ကျွန်မတို့ နှစ်ယောက်ပေါင်း ဝင်ငွေက ဘာမှ မရှိပါဘူး .. ဒါပေမယ့် ကျွန်မတို့ ပျော်နေတယ် … ဝမ်းသာနေတယ် “လို့ ပြောပါတယ်။

Chaichan ရဲ့အဆိုအရ သူမတို့ဟာ Nakhon Si Thammarat မြိ့မှာ အိမ်နီးနားချင်း ဖြစ်ခဲ့ကြောင်း၊ ငယ်ငယ်ကတည်းက သံယောဇဉ်တွယ်ခဲ့ကြပြီး၊ ဘန်ကောက်ကို အတူပြောင်းခဲ့ကြောင်း၊ Chaichan ကလည်း မော်ဒယ်လောကမှာ အောင်မြင့်သင့်သလောက် အောင်မြင်လာခဲ့ကြောင်း နောက် Ramkhamhaeng ဈေးမှာ သူမတို့နှစ်ယောက်ပေါင်းပြီး ဖတ်ရှင်စတိုးဆိုင်လေး ဖွင့်ခဲ့ပေမယ့် မအောင်မြင်လို့ ချစ်သူ Saeng က ကားမောင်းတဲ့အလုပ်ကို ပြောင်းလုပ်ခဲ့တာလို့ ဆိုပါတယ်။

Recent Posts