Home Blog Page 729

ပရိတ္သတ္ေတြ စိတ္ဝင္စားေနၾကတဲ့ ယြန္းဝတီလြင္မိုးရဲ႕ သားေလး

0

အႏုပညာေလာကရဲ႕ နာမည္ႀကီးမိသားစုတစ္ခုျဖစ္သလို ပရိသတ္ေတြအားေပးခ်စ္ခင္ရတဲ့ မိသားစုကေတာ့ လြင္မိုးတို႔ မိသားစုျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ဦးလြင္မိုးတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ကေတာ့ အဘိုးအဘြားေတြအျဖစ္ ရာထူးတိုးသြားၾကၿပီး သမီးႀကီးျဖစ္တဲ့ ယြန္းဝတီလြင္မိုးကေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ ေမြးဖြားလိုက္ၿပီပဲ ျဖစ္ပါတယ္ ပရိသတ္ႀကီးေရ။

ယြန္းဝတီလြင္မိုးဟာ ကေလးမီးဖြားၿပီးၿပီျဖစ္ေၾကာင္းကိုေတာ့ သူမရဲ႕ instagram ကတစ္ဆင့္ေၾကညာခဲ့တာ ေတြ႕ရၿပီး ကေလးေလးရဲ႕ ဓာတ္ပုံကိုေတာ့ ထုတ္ျပတာမ်ိဳး မေတြ႕ရေသးပါဘူး။ ဒါေပမဲ့ မိခင္ျဖစ္တဲ့ မေမသူနဲ႔ ညီမျဖစ္တဲ့ ယြန္းနဒီတို႔ Instagram မွာေတာ့ သူတို႔ရဲ႕ ေျမးေလးဓာတ္ပုံအရိပ္အႁမြက္ေလးကို တင္ထားတာ ေတြ႕ရပါတယ္။ ပရိသတ္ေတြကေတာ့ သူတို႔ခ်စ္တဲ့ ေခးေခးရဲ႕ ရင္ေသြးေလးကို ျမင္ခ်င္ေနၾကၿပီး ဘယ္သူနဲ႔တူလဲဆိုတဲ့ ေမးခြန္းေလးေတြလည္း ေမးထားၾကပါတယ္။

လက္ရွိမွာေတာ့ ယြန္းဝတီလြင္မိုးနဲ႔ ေမြးစအ႐ြယ္ကေလးငယ္တစ္ဦးတို႔ရဲ႕ ဓာတ္ပုံေလးနဲ႔ပတ္သတ္လို႔ ယြန္းဝတီလြင္မိုးက ပုံပါကေလးေလးဟာ သူမရဲ႕သားေလးမဟုတ္ေၾကာင္း ရွင္းျပထားတာကိုလည္း ေတြ႕ရပါတယ္။ “ေခးကေလးမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ (၂) ႏွစ္ေလာက္က အသိတစ္ေယာက္ရဲ႕ သမီးေလးနဲ႔ ႐ိုက္ထားတဲ့ပုံပါ” ဆိုၿပီး ျပန္လည္ရွင္းျပထားတာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ေခးကေတာ့ သူမရဲ႕သားေလးကို ျမင္ခ်င္ေနတဲ့ ပရိသတ္ေတြအတြက္လည္း ျပမွာပါဆိုၿပီး လြန္ခဲ့တဲ့ရက္အနည္းငယ္က ေျပာထားတာ ေတြ႕ရပါတယ္။


credit-

unicode

အနုပညာလောကရဲ့ နာမည်ကြီးမိသားစုတစ်ခုဖြစ်သလို ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ မိသားစုကတော့ လွင်မိုးတို့ မိသားစုဖြစ်ပါတယ်။ လတ်တလောမှာတော့ ဦးလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အဘိုးအဘွားတွေအဖြစ် ရာထူးတိုးသွားကြပြီး သမီးကြီးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက် မွေးဖွားလိုက်ပြီပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ။

ယွန်းဝတီလွင်မိုးဟာ ကလေးမီးဖွားပြီးပြီဖြစ်ကြောင်းကိုတော့ သူမရဲ့ instagram ကတစ်ဆင့်ကြေညာခဲ့တာ တွေ့ရပြီး ကလေးလေးရဲ့ ဓာတ်ပုံကိုတော့ ထုတ်ပြတာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ မိခင်ဖြစ်တဲ့ မမေသူနဲ့ ညီမဖြစ်တဲ့ ယွန်းနဒီတို့ Instagram မှာတော့ သူတို့ရဲ့ မြေးလေးဓာတ်ပုံအရိပ်အမြွက်လေးကို တင်ထားတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ ခေးခေးရဲ့ ရင်သွေးလေးကို မြင်ချင်နေကြပြီး ဘယ်သူနဲ့တူလဲဆိုတဲ့ မေးခွန်းလေးတွေလည်း မေးထားကြပါတယ်။

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးနဲ့ မွေးစအရွယ်ကလေးငယ်တစ်ဦးတို့ရဲ့ ဓာတ်ပုံလေးနဲ့ပတ်သတ်လို့ ယွန်းဝတီလွင်မိုးက ပုံပါကလေးလေးဟာ သူမရဲ့သားလေးမဟုတ်ကြောင်း ရှင်းပြထားတာကိုလည်း တွေ့ရပါတယ်။ “ခေးကလေးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က အသိတစ်ယောက်ရဲ့ သမီးလေးနဲ့ ရိုက်ထားတဲ့ပုံပါ” ဆိုပြီး ပြန်လည်ရှင်းပြထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ခေးကတော့ သူမရဲ့သားလေးကို မြင်ချင်နေတဲ့ ပရိသတ်တွေအတွက်လည်း ပြမှာပါဆိုပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ပြောထားတာ တွေ့ရပါတယ်။
credit-

ကိုယ့္ညီမ အရင္းကို ျပဳက်င့္ရန္ခိုင္းေစခဲ့ၿပီး အဘြားကို ဓားျပျပန္တိုက္ခဲ့တဲ့ အမ်ိဳးသမီး

0

ထိုင္းႏိုင္ငံမွာေတာ့ ညီမအရင္းျဖစ္သူကို အမျဖစ္သူက တျခားသူတစ္ေယာက္ကိုေစခိုင္းၿပီး အဓမၼျပဳက်င့္ေစခဲ့မႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။

ထိုသို႔ျပဳက်င့္ခံခဲ့ရတဲ့ ညီမျဖစ္သူကေတာ့ မသန္စြမ္းကေလးငယ္တစ္ဦးျဖစ္သလို အမျဖစ္သူဟာဆိုရင္လည္း သူမရဲ႕ ရည္းစားျဖစ္သူကို အခုလိုေစခိုင္းခဲ့တာပဲျဖစ္ပါတယ္

ဒါ့အျပင္ အမျဖစ္သူနဲ႔ သူ႔ရဲ႕ရည္းစားဟာ အိမ္မွာရွိေနတဲ့ အဘြားကိုပါ ေငြညႇစ္ဓားျပတိုက္မႈေတြပါ က်ဴးလြန္ခဲ့တယ္လို႔သိရပါတယ္။

အဓမၼျပဳက်င့္ခံရတဲ့ မသန္စြမ္းမိန္းကေလးဟာ အသက္ ၁၂ ႏွစ္အ႐ြယ္သာရွိပါေသးတယယ္။

အသက္ ၁၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ သူမရဲ႕အမျဖစ္သူကေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ သူ႔ရဲ႕ ရည္းစားကို အဓမၼျပဳက်င့္ေစခဲ့ၿပီးေနာက္ အဘြားထံမွ ဘတ္ ၃၀၀ ဓားျပတိုက္ခဲ့တာပဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးကို ရဲေတြကဖမ္းမိၿပီျဖစ္ၿပီး အဓမၼျပဳက်င့္ခံခဲ့ရတဲ့ အသန္စြမ္းဆယ္ေက်ာ္သက္ မိန္းကေလးကိုေတာ့ ဖခင္ျဖစ္သူထံမွာ ထိန္းသိမ္းေစာင့္ေရွာက္ထားပါတယ္။

သို႔ေပမယ့္ တရားခံျဖစ္သူႏွစ္ဦးကေတာ့ သူတို႔မက်ဴးလြန္ဘူးဆိုၿပီး ညင္းဆိုေနတယ္လို႔သိရပါတယ္။

အမရဲ႕ခ်စ္သူျဖစ္သူကေတာ့ ထိုကေလးမေလးရဲ႕အမဟာ ညီမျဖစ္သူေၾကာင့္ အၿမဲဆူပူခံေနရတဲ့အတြက္ တိုက္ခိုက္ခ်င္ေနခဲ့တာလို႔ လည္းေျပာၾကားထားခဲ့ပါတယ္။

credit-

unicode

ထိုင်းနိုင်ငံမှာတော့ ညီမအရင်းဖြစ်သူကို အမဖြစ်သူက တခြားသူတစ်ယောက်ကိုစေခိုင်းပြီး အဓမ္မပြုကျင့်စေခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

ထိုသို့ပြုကျင့်ခံခဲ့ရတဲ့ ညီမဖြစ်သူကတော့ မသန်စွမ်းကလေးငယ်တစ်ဦးဖြစ်သလို အမဖြစ်သူဟာဆိုရင်လည်း သူမရဲ့ ရည်းစားဖြစ်သူကို အခုလိုစေခိုင်းခဲ့တာပဲဖြစ်ပါတယ်

ဒါ့အပြင် အမဖြစ်သူနဲ့ သူ့ရဲ့ရည်းစားဟာ အိမ်မှာရှိနေတဲ့ အဘွားကိုပါ ငွေညှစ်ဓားပြတိုက်မှုတွေပါ ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ မသန်စွမ်းမိန်းကလေးဟာ အသက် ၁၂ နှစ်အရွယ်သာရှိပါသေးတယယ်။

အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမရဲ့အမဖြစ်သူကတော့ အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ ရည်းစားကို အဓမ္မပြုကျင့်စေခဲ့ပြီးနောက် အဘွားထံမှ ဘတ် ၃၀၀ ဓားပြတိုက်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးကို ရဲတွေကဖမ်းမိပြီဖြစ်ပြီး အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသန်စွမ်းဆယ်ကျော်သက် မိန်းကလေးကိုတော့ ဖခင်ဖြစ်သူထံမှာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

သို့ပေမယ့် တရားခံဖြစ်သူနှစ်ဦးကတော့ သူတို့မကျူးလွန်ဘူးဆိုပြီး ညင်းဆိုနေတယ်လို့သိရပါတယ်။

အမရဲ့ချစ်သူဖြစ်သူကတော့ ထိုကလေးမလေးရဲ့အမဟာ ညီမဖြစ်သူကြောင့် အမြဲဆူပူခံနေရတဲ့အတွက် တိုက်ခိုက်ချင်နေခဲ့တာလို့ လည်းပြောကြားထားခဲ့ပါတယ်။

credit-

ႏိုင္ငံေတာ္အတြက္ ၿမိဳ႕ျပမုဆိုးတစ္ေယာက္အျဖစ္ မေကာင္းမႈေတြကို ေဖာ္ထုတ္ေပးခ်င္ေနတဲ့ ခ်စ္ခ်စ္ေဇာ္

0

လတ္တေလာ အႏုပညာေလာကကို ႐ိုက္ခတ္ေနတာက မူးယစ္ေဆးဝါးအမႈေတြပါ ။ အဆိုေတာ္ ေ႐ႊထိုက္ကစ ရသ ၿပီးေနာက္မွာ ဒါ႐ိုက္တာ မိုက္တီး ထိ မူးယစ္ေဆးဝါးလက္ဝယ္ေတြ႕ရွိလို႔ ထိန္းသိမ္းခံခဲ့ၾကရပါတယ္ ။ ေက်ာ္ၾကားလူသိမ်ားသူေတြျဖစ္တဲ့အတြက္ ပရိတ္သတ္ေတြၾကားမွာလည္း ဒီအမႈေတြက စိတ္ဝင္စားစရာ အမႈေတြျဖစ္လို႔ေနပါတယ္ ။ အႏုပညာနဲ႔အသက္မေမြးခ်င္ေတာ့ဘူးေကာင္းေရာင္းေကာင္းဝယ္ ေခါက္ဆြဲလည္းမေရာင္းခ်င္ေတာ့ဘူးဘာဆိုဘာမွမလုပ္ခ်င္ေတာ့ဘဲ ႏိုင္ငံေတာ္အတြက္ ၿမိဳ႕ျပမုဆိုးတစ္ေယာက္အျဖစ္ မေကာင္းမႈေတြကို ေဖာ္ထုတ္ခ်င္သူက ေတာ့ ခ်စ္ခ်စ္ေဇာ္ပါ ။

မၾကာေသးခင္က မူးယစ္ေဆးဝါးေတြနဲ႔ ဖမ္းဆီးရရွိခဲ့တဲ့ အစ္ကိုျဖစ္သူ ဒါ႐ိုက္တာမိုက္တီးအဖမ္းခံခဲ့ရၿပီးေနာက္ပိုင္းမွာ ခ်စ္ခ်စ္ေဇာ္တစ္ေယာက္ အခုလိုေရးသားၿပီး လူမႈကြန္ယက္စာမ်က္ႏွာေပၚမႈာမွ်ေဝခဲ့တာပါ ။”အႏုပညာနဲ႔အသက္မေမြးခ်င္ေတာ့ဘူးေကာင္းေရာင္းေကာင္းဝယ္ ေခါက္ဆြဲလည္းမေရာင္းခ်င္ေတာ့ဘူးဘာဆိုဘာမွမလုပ္ခ်င္ေတာ့ဘူး.လူငယ္ထုေတာ္ေတာ္မ်ားမ်ားကို မူးယစ္မႈိင္းတိုက္ၿပီး ဘာတစ္ခုမွစိတ္မဝင္စားႏိူင္ေအာင္၊ဒါေတြကို ပဲေလွာ္ဝယ္သလိုဝယ္ယူလို႔ရေအာင္၊ျဖန႔္ျဖဴးေပးေနၾကတဲ့တစ္ကယ့္အႀကီးစားမုဆိုးေတြကိုရေအာင္ေဖာ္ထုတ္ခ်င္တယ္။” လို႔ သူမရဲ႕ အေတြးအျမင္ေတြကို မွ်ေဝထားပါတယ္။

လတ္တေလာျဖစ္ပြားေနၾကမယ့္ ကိစၥေတြမ်ားလာတဲ့အေပၚ သူမက “မိလိုက္ၾကတဲ့ပိုင္ရွင္မဲ့ အထုပ္အထည္ေတြ-တစ္ကယ့္အႀကီးစားေတြ-ဘယ္ေနရာမွာ ဘယ္လိုေတြ႕တယ္ခဏခဏၾကားရတဲ့သတင္းေတြ-ၿပီးေတာ့ ပိုင္ရွင္မဲ့ေတြျဖစ္ေနေရာ ..အဲဒါေတြက်ေတာ့မုဆိုးေတြလြတ္ၿပီး သားေကာင္ေတြကိုအျပစ္ေပးမွာလားသားသမီးေတြေၾကာင့္ နကိုကမွ စိတ္ေထာင္းကိုယ္ေၾကျဖစ္ေနၾကရတဲ့မိသားစုေတြ အမ်ားႀကီး …….က်န္းမာေရးလူမႈ႕ေရးေငြေရးေၾကးေရးစိတ္ဓာတ္ အားလုံးခြၽတ္ၿခဳံက်ၾကေတာ့မည္။” ဆိုၿပီး စိုးရိမ္စိတ္ေတြျဖစ္ေနတာလည္းေတြ႕ရပါတယ္။ ပရိသတ္ႀကီးေရ ႏိုင္ငံေတာ္အတြက္ ၿမိဳ႕ျပမုဆိုးျဖစ္ခ်င္ခဲ့တဲ့ ခ်စ္ခ်စ္ေဇာ္အတြက္ မွတ္ခ်က္မွာ အားေပးစကားေလးေတြေျပာေပးခဲ့ၾကပါေနာ္။

credit-

unicode

လတ်တလော အနုပညာလောကကို ရိုက်ခတ်နေတာက မူးယစ်ဆေးဝါးအမှုတွေပါ ။ အဆိုတော် ရွှေထိုက်ကစ ရသ ပြီးနောက်မှာ ဒါရိုက်တာ မိုက်တီး ထိ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိလို့ ထိန်းသိမ်းခံခဲ့ကြရပါတယ် ။ ကျော်ကြားလူသိများသူတွေဖြစ်တဲ့အတွက် ပရိတ်သတ်တွေကြားမှာလည်း ဒီအမှုတွေက စိတ်ဝင်စားစရာ အမှုတွေဖြစ်လို့နေပါတယ် ။ အနုပညာနဲ့အသက်မမွေးချင်တော့ဘူးကောင်းရောင်းကောင်းဝယ် ခေါက်ဆွဲလည်းမရောင်းချင်တော့ဘူးဘာဆိုဘာမှမလုပ်ချင်တော့ဘဲ နိုင်ငံတော်အတွက် မြို့ပြမုဆိုးတစ်ယောက်အဖြစ် မကောင်းမှုတွေကို ဖော်ထုတ်ချင်သူက တော့ ချစ်ချစ်ဇော်ပါ ။

မကြာသေးခင်က မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရရှိခဲ့တဲ့ အစ်ကိုဖြစ်သူ ဒါရိုက်တာမိုက်တီးအဖမ်းခံခဲ့ရပြီးနောက်ပိုင်းမှာ ချစ်ချစ်ဇော်တစ်ယောက် အခုလိုရေးသားပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှုာမျှဝေခဲ့တာပါ ။”အနုပညာနဲ့အသက်မမွေးချင်တော့ဘူးကောင်းရောင်းကောင်းဝယ် ခေါက်ဆွဲလည်းမရောင်းချင်တော့ဘူးဘာဆိုဘာမှမလုပ်ချင်တော့ဘူး.လူငယ်ထုတော်တော်များများကို မူးယစ်မှိုင်းတိုက်ပြီး ဘာတစ်ခုမှစိတ်မဝင်စားနိူင်အောင်၊ဒါတွေကို ပဲလှော်ဝယ်သလိုဝယ်ယူလို့ရအောင်၊ဖြန့်ဖြူးပေးနေကြတဲ့တစ်ကယ့်အကြီးစားမုဆိုးတွေကိုရအောင်ဖော်ထုတ်ချင်တယ်။” လို့ သူမရဲ့ အတွေးအမြင်တွေကို မျှဝေထားပါတယ်။

လတ်တလောဖြစ်ပွားနေကြမယ့် ကိစ္စတွေများလာတဲ့အပေါ် သူမက “မိလိုက်ကြတဲ့ပိုင်ရှင်မဲ့ အထုပ်အထည်တွေ-တစ်ကယ့်အကြီးစားတွေ-ဘယ်နေရာမှာ ဘယ်လိုတွေ့တယ်ခဏခဏကြားရတဲ့သတင်းတွေ-ပြီးတော့ ပိုင်ရှင်မဲ့တွေဖြစ်နေရော ..အဲဒါတွေကျတော့မုဆိုးတွေလွတ်ပြီး သားကောင်တွေကိုအပြစ်ပေးမှာလားသားသမီးတွေကြောင့် နကိုကမှ စိတ်ထောင်းကိုယ်ကြေဖြစ်နေကြရတဲ့မိသားစုတွေ အများကြီး …….ကျန်းမာရေးလူမှု့ရေးငွေရေးကြေးရေးစိတ်ဓာတ် အားလုံးချွတ်ခြုံကျကြတော့မည်။” ဆိုပြီး စိုးရိမ်စိတ်တွေဖြစ်နေတာလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးရေ နိုင်ငံတော်အတွက် မြို့ပြမုဆိုးဖြစ်ချင်ခဲ့တဲ့ ချစ်ချစ်ဇော်အတွက် မှတ်ချက်မှာ အားပေးစကားလေးတွေပြောပေးခဲ့ကြပါနော်။

credit-

ဖုန္းထေပါက္လို႔လက္ျပတ္ကာမ်က္စိကြယ္ခဲ့ရတဲ့ကေလး

0

တ႐ုတ္ႏိုင္ငံအတြင္းမွာေတာ့ သတိမထားမိတဲ့အရာေလးကေန လူေတြအၿမဲသတိထားရေလာက္ေအာင္ကိုျပင္းထန္တဲ့ျဖစ္ရပ္ေလးတစ္ခုျဖစ္ခဲ့ပါတယ္။ ထိုျဖစ္ရပ္ေလးကေတာ့ ကေလးငယ္တစ္ဦးက မိုဘိုင္းဖုန္းကိုအားသြင္းရာမွ ထိုဖုန္းကေပါက္ကြဲၿပီး လက္တစ္ေခ်ာင္းျပတ္ထြက္ကာ မ်က္စိကြယ္ခဲ့ရတဲ့ျဖစ္ရပ္ေလးပဲျဖစ္ပါတယ္။ မျဖစ္ခင္ႀကိဳတင္တားဆီးသင့္ေပမယ့္ ျဖစ္ၿပီးတဲ့အခ်ိန္မွာေတာ့ ထိခိုက္ခဲ့ရတဲ့ကေလးငယ္ေလးအတြက္ေတာ့ ဝမ္းနည္းစရာျဖစ္ရပ္ေလးပါပဲ။

ျဖစ္စဥ္အျပည့္အစုံကေတာ့ တ႐ုတ္ႏိုင္ငံ၊ ကြမ္စီျပည္နယ္၊ ဟီခ်ီ ၿမိဳ႕၊ တုရန္းေယာင္စီရင္စုမွာ က်ီစုလို႔ အ မည္ရတဲ့ အသက္ ၁၂ ႏွစ္အ႐ြယ္ ေယာ က္်m;ေလးတစ္ေယာက္က အိမ္မွာ ဖုန္း အားသြင္းရာကေန ဖုန္းကေပါက္ကြဲခဲ့တာလို႔သိရပါတယ္။ အဆိုပါေပါက္ကြဲမႈေၾကာင့္ ကေလးက လက္တစ္ေခ်ာင္းျပတ္သြားခဲ့ၿပီး မ်က္စိတစ္ဖက္လည္းကြယ္သြားခဲ့ရတယ္လို႔သိရပါတယ္။ထိုကေလးက ဖုန္းကိုအားသြင္းရင္းကိုင္ထားတုန္းမွာပဲ ဖုန္းက မေတာ္တဆ ထေပါက္ကြဲခဲ့တာျဖစ္ၿပီး ညာဘက္လက္ညႇိဳးတစ္ေခ်ာင္းျပတ္သြားခဲ့ကာ ခႏၶာကိုယ္ တစ္ခုလုံးကို ေသြးေတြ ႐ႊဲသြားခဲ့ရတာျဖစ္တယ္လို႔လဲသိရပါတယ္။

ကေလးကို ေဆး႐ုံကိုပို႔ေဆာင္ေပးခဲ့ ၿပီး ငါးနာရီၾကာ ခြဲစိတ္ကုသမႈျပဳလုပ္ေပးခဲ့ ရကာ ကေလးရဲ႕ညာဘက္မ်က္လုံးက လည္း ဖုန္းေပါက္ကြဲတဲ့ဒဏ္ေၾကာင့္ အ ျမင္အာ႐ုံကြယ္ ေပ်ာက္သြားခဲ့ရတယ္လို႔ ဆရာဝန္ေတြကေျပာၾကားခဲ့ပါတယ္။ ထိုေပါက္ကြဲတဲ့ဖုန္းကေတာ့ တ႐ုတ္ႏိုင္ ငံထုတ္ဖုန္းတစ္ လုံးျဖစ္ၿပီး Hua Tang VT-V59 ဖုန္းကေန အားသြင္းစဥ္ ထ ေပါက္ကြဲခဲ့တာျဖစ္ပါတယ္လို႔သိရပါတယ္။ ေပါက္ကြဲတဲ့ အသံက်ယ္ႀကီး ထြက္ခဲ့ၿပီးေနာက္ ေသြး ေတြနဲ႔လဲက်ေနတဲ့ က်ီစုကို အမျဖစ္သူက ျမင္ေတြ႕ခဲ့တာ ျဖစ္ၿပီး ေဆး႐ုံကိုပို႔ လာခ်ိန္မွာ ျပတ္သြားတဲ့လက္ေခ်ာင္းကို မယူလာခဲ့တာေၾကာင့္ လက္ေခ်ာင္းကို ျပန္မဆက္ေပးႏိုင္ေတာ့ဘူးလို႔ သမား ေတာ္လန္ထ်န္းပင္က ေျပာၾကားခဲ့တာျဖစ္တယ္လို႔လဲသိရပါတယ္။

credit-

unicode

တရုတ်နိုင်ငံအတွင်းမှာတော့ သတိမထားမိတဲ့အရာလေးကနေ လူတွေအမြဲသတိထားရလောက်အောင်ကိုပြင်းထန်တဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်လေးကတော့ ကလေးငယ်တစ်ဦးက မိုဘိုင်းဖုန်းကိုအားသွင်းရာမှ ထိုဖုန်းကပေါက်ကွဲပြီး လက်တစ်ချောင်းပြတ်ထွက်ကာ မျက်စိကွယ်ခဲ့ရတဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။ မဖြစ်ခင်ကြိုတင်တားဆီးသင့်ပေမယ့် ဖြစ်ပြီးတဲ့အချိန်မှာတော့ ထိခိုက်ခဲ့ရတဲ့ကလေးငယ်လေးအတွက်တော့ ဝမ်းနည်းစရာဖြစ်ရပ်လေးပါပဲ။

ဖြစ်စဉ်အပြည့်အစုံကတော့ တရုတ်နိုင်ငံ၊ ကွမ်စီပြည်နယ်၊ ဟီချီ မြို့၊ တုရန်းယောင်စီရင်စုမှာ ကျီစုလို့ အ မည်ရတဲ့ အသက် ၁၂ နှစ်အရွယ် ယော က်ျm;လေးတစ်ယောက်က အိမ်မှာ ဖုန်း အားသွင်းရာကနေ ဖုန်းကပေါက်ကွဲခဲ့တာလို့သိရပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် ကလေးက လက်တစ်ချောင်းပြတ်သွားခဲ့ပြီး မျက်စိတစ်ဖက်လည်းကွယ်သွားခဲ့ရတယ်လို့သိရပါတယ်။ထိုကလေးက ဖုန်းကိုအားသွင်းရင်းကိုင်ထားတုန်းမှာပဲ ဖုန်းက မတော်တဆ ထပေါက်ကွဲခဲ့တာဖြစ်ပြီး ညာဘက်လက်ညှိုးတစ်ချောင်းပြတ်သွားခဲ့ကာ ခန္ဓာကိုယ် တစ်ခုလုံးကို သွေးတွေ ရွှဲသွားခဲ့ရတာဖြစ်တယ်လို့လဲသိရပါတယ်။

ကလေးကို ဆေးရုံကိုပို့ဆောင်ပေးခဲ့ ပြီး ငါးနာရီကြာ ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ ရကာ ကလေးရဲ့ညာဘက်မျက်လုံးက လည်း ဖုန်းပေါက်ကွဲတဲ့ဒဏ်ကြောင့် အ မြင်အာရုံကွယ် ပျောက်သွားခဲ့ရတယ်လို့ ဆရာဝန်တွေကပြောကြားခဲ့ပါတယ်။ ထိုပေါက်ကွဲတဲ့ဖုန်းကတော့ တရုတ်နိုင် ငံထုတ်ဖုန်းတစ် လုံးဖြစ်ပြီး Hua Tang VT-V59 ဖုန်းကနေ အားသွင်းစဉ် ထ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်။ ပေါက်ကွဲတဲ့ အသံကျယ်ကြီး ထွက်ခဲ့ပြီးနောက် သွေး တွေနဲ့လဲကျနေတဲ့ ကျီစုကို အမဖြစ်သူက မြင်တွေ့ခဲ့တာ ဖြစ်ပြီး ဆေးရုံကိုပို့ လာချိန်မှာ ပြတ်သွားတဲ့လက်ချောင်းကို မယူလာခဲ့တာကြောင့် လက်ချောင်းကို ပြန်မဆက်ပေးနိုင်တော့ဘူးလို့ သမား တော်လန်ထျန်းပင်က ပြောကြားခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

သက္ေသခိုင္မာတဲ့အတြက္ ႏွင္းအိေ႐ႊရည္က အမွန္တရားကို ဖြင့္ခ်မယ္လို႔ မင္းထက္ကို သတိေပး

0

ခ်စ္ပရိသတ္ႀကီးေရ ဗီဒီယို႐ုပ္ရွင္ ဇာတ္ကားေတြမွာ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ရင္း ပရိတ္သတ္အသိမွတ္ျပဳခံထားရတဲ့ မင္းသား မင္းထက္ဟာ လတ္တေလာမွာေတာ့ မင္းသမီးစိုးနႏၵာေက်ာ္နဲ႔ ပက္သတ္ၿပီး ေဝဖန္မႈေတြ လူမႈကြန္ယက္ စာမ်က္ႏွာေပၚတြင္ ထြက္ေပၚေနတာေတြ႕ရပါတယ္။ မင္းထက္ကေတာ့ ဇနီးမယားဆိုတာ တစ္ေယာက္ထည္း ရွိတယ္လို႔ ေျပာဆိုေနေပမယ့္ သုံးပြင့္ဆိုင္ အခ်စ္အရႈပ္ေတာ္ပုံဟာ တစ္စတစ္စ ပိုမို ရႈပ္ေထြးလာေနတာပါ ။ဒီကိစၥေတြနဲ႔ ပတ္သက္ၿပီး ထပ္မံဖြင့္ခ်လာခဲ့သူက ဖြင့္ခ်လာခဲ့သူက ေတာ့ မင္းထက္ ရဲ႕ ဇနီးျဖစ္သူ ႏွင္းအိေ႐ႊရည္ပါ ။

ႏွင္းအိေ႐ႊရည္က “မိုးႀကိဳးပစ္တာကိုထန္းလွ်က္နဲ႔ကာလည္း ဘာမွမထူးဘူးေနာ္..နင္တို႔ဘာေတြပဲေျပာေျပာ နင္တို႔ေထာက္ျပတဲ့အခ်က္တိုင္းအတြက္ ငါ့မွာခိုင္လုံတဲ့အေထာက္အထားေတြအကုန္ရွိတယ္..ငါဥပေဒနားလည္တဲ့မိန္းမတစ္ေယာက္..ငါ့ဘက္ကမေသခ်ာပဲ ငါ့မွာသက္ေသမခိုင္မာပဲ ငါ publicကိုဘယ္ေတာ့မွခ်မျပဘူး..။ေသခ်ာတာကေတာ့ အမွန္တရားတစ္ခုကိုလက္ကိုင္ထားတဲ့သူျဖစ္တဲ့အတြက္ ငါကေတာ့ေရွ႕ဆက္ေလွ်ာက္မွာပဲ..။အဲ့ဒါကလည္း SNDKကိုမနာလိုလို႔မဟုတ္ဘူးေနာ္..။ ဆိုၿပီးေရးသားထားတာကိုေတြ႕ရပါတယ္။

ႏွင္းအိေ႐ႊရာ္က ….”အရင္ကငါ့မွာအဲ့ဒီအမွန္တရားကိုေဖာ္ထုတ္ဖို႔ထက္ ငါတို႔သားအမိအသက္ရွင္ႏိုင္ဖို႔ ငါအရင္ႀကိဳးစား႐ုန္းကန္းေနရတာ..။အခုမွအေျခက်စျပဳလာၿပီမို႔..ငါအမွန္တရားကိုေဖာ္ထုတ္ဖို႔ ငါအခ်ိန္တန္ၿပီလို႔ထင္လို႔ငါေဖာ္ထုတ္တာ..။အဲ့ဒါကလည္းငါ့အတြက္မဟုတ္..။နင့္သမီးငါ့သမီးရဲ႕အနာဂတ္အတြက္” ဆိုၿပီးမင္းထက္ကို သတိေပးရင္း အဆုံးသတ္ထားတာကို လည္း ေတြ႕ရပါတယ္။ ပရိသတ္ႀကီးေရ မင္းထက္ ရဲ႕ ရင္တြင္းအရႈပ္ေတာ္ပုံ ရဲ႕ ဇာတ္ရွိန္ျမင့္တက္လာတဲ့အေပၚ မွာ အျမင္သေဘာထားေလးေတြကို မွတ္ခ်က္ေပးဖို႔ မေမ့နဲ႔ေနာ္။


credit-

unicode

ချစ်ပရိသတ်ကြီးရေ ဗီဒီယိုရုပ်ရှင် ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ရင်း ပရိတ်သတ်အသိမှတ်ပြုခံထားရတဲ့ မင်းသား မင်းထက်ဟာ လတ်တလောမှာတော့ မင်းသမီးစိုးနန္ဒာကျော်နဲ့ ပက်သတ်ပြီး ဝေဖန်မှုတွေ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ထွက်ပေါ်နေတာတွေ့ရပါတယ်။ မင်းထက်ကတော့ ဇနီးမယားဆိုတာ တစ်ယောက်ထည်း ရှိတယ်လို့ ပြောဆိုနေပေမယ့် သုံးပွင့်ဆိုင် အချစ်အရှုပ်တော်ပုံဟာ တစ်စတစ်စ ပိုမို ရှုပ်ထွေးလာနေတာပါ ။ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထပ်မံဖွင့်ချလာခဲ့သူက ဖွင့်ချလာခဲ့သူက တော့ မင်းထက် ရဲ့ ဇနီးဖြစ်သူ နှင်းအိရွှေရည်ပါ ။

နှင်းအိရွှေရည်က “မိုးကြိုးပစ်တာကိုထန်းလျှက်နဲ့ကာလည်း ဘာမှမထူးဘူးနော်..နင်တို့ဘာတွေပဲပြောပြော နင်တို့ထောက်ပြတဲ့အချက်တိုင်းအတွက် ငါ့မှာခိုင်လုံတဲ့အထောက်အထားတွေအကုန်ရှိတယ်..ငါဥပဒေနားလည်တဲ့မိန်းမတစ်ယောက်..ငါ့ဘက်ကမသေချာပဲ ငါ့မှာသက်သေမခိုင်မာပဲ ငါ publicကိုဘယ်တော့မှချမပြဘူး..။သေချာတာကတော့ အမှန်တရားတစ်ခုကိုလက်ကိုင်ထားတဲ့သူဖြစ်တဲ့အတွက် ငါကတော့ရှေ့ဆက်လျှောက်မှာပဲ..။အဲ့ဒါကလည်း SNDKကိုမနာလိုလို့မဟုတ်ဘူးနော်..။ ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

နှင်းအိရွှေရာ်က ….”အရင်ကငါ့မှာအဲ့ဒီအမှန်တရားကိုဖော်ထုတ်ဖို့ထက် ငါတို့သားအမိအသက်ရှင်နိုင်ဖို့ ငါအရင်ကြိုးစားရုန်းကန်းနေရတာ..။အခုမှအခြေကျစပြုလာပြီမို့..ငါအမှန်တရားကိုဖော်ထုတ်ဖို့ ငါအချိန်တန်ပြီလို့ထင်လို့ငါဖော်ထုတ်တာ..။အဲ့ဒါကလည်းငါ့အတွက်မဟုတ်..။နင့်သမီးငါ့သမီးရဲ့အနာဂတ်အတွက်” ဆိုပြီးမင်းထက်ကို သတိပေးရင်း အဆုံးသတ်ထားတာကို လည်း တွေ့ရပါတယ်။ ပရိသတ်ကြီးရေ မင်းထက် ရဲ့ ရင်တွင်းအရှုပ်တော်ပုံ ရဲ့ ဇာတ်ရှိန်မြင့်တက်လာတဲ့အပေါ် မှာ အမြင်သဘောထားလေးတွေကို မှတ်ချက်ပေးဖို့ မမေ့နဲ့နော်။
credit-

CCTVမွာ မွတ္တမ္းတင္ႏိုုင္ခ့ဲတဲ့ ဘုန္းေတာ္ႀကီး႐ုပ္ခႏၶာမွ ၀ိဉာဥ္ထြက္ခြာမႈ

0

လားမားဘုန္းေတာ္ႀကီးတစ္ပါးျဖစ္တဲ့ Dashi-Dorzho Itigilov ဟာ ထုိင္လွ်က္နဲ႔ မံမီျဖစ္သြားခဲ့ၿပီး၊ ယုံၾကည္ကုိကြယ္သူေတြကေတာ့ ဆရာေတာ္ႀကီးဟာ သက္ရွိထင္ရွားအျဖစ္နဲ႔ စံေနေတာ္မူဆဲလုိ႔ ယူဆခဲ့ၾကပါတယ္။ ဆရာေတာ္ႀကီး Itigilov ဟာ ထုိင္လွ်က္ပုံစံနဲ႔ ပ်ံလြန္ေတာ္မူခဲ့တာ ႏွစ္ေပါင္း 79 ႏွစ္မွ မၾကာေသးခင္ကအထိ ၀ိဉာဥ္ပညာရွင္ေတြက သက္ရွိထင္ရွား စံေနဆဲလုိ႔ ေထာက္ခံခဲ့ၾကပါတယ္။

အခုဆုိရင္ Itigilov ရဲ႕ အသက္ဟာ 164 ႏွစ္အထိ ရွိၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ ၎ရဲ႕ ႐ုပ္ကလာပ္ေတာ္ဟာ တင္ပလႅင္ေခြလ်က္ ပုံစံျဖစ္ပါတယ္။ ႐ုပ္ကလာပ္ေတာ္ ပတ္ပတ္လည္မွာ တပ္ဆင္ထားတဲ့ လုံၿခဳံေရးကင္မရာေတြက မၾကာေသးမီရက္ပုိင္းက Itigilov ရဲ႕ ခႏၶာကိုယ္ထဲကေန ၀ိဉာဥ္အၿပီးတုိင္ ထြက္သြားပုံကုိ မွတ္တမ္းတင္ထားခဲ့တယ္လုိ႔ သိရပါတယ္။

Itigilov ဟာ ႐ုရွႏုိင္ငံမွာ အလြန္ေက်ာ္ၾကားခဲ့တဲ့ ဘုန္းေတာ္ႀကီးေခါင္းေဆာင္တစ္ပါး ျဖစ္ၿပီး၊ ၾသဇာတိကၠမလည္း ႀကီးမားခဲ့ပါတယ္။ ၎ရဲ႕႐ုပ္ကလာပ္ကုိ မည့္သည့္ေဆးမွ အသုံးအမျပဳပဲ ဖန္သားအိမ္ထဲမွာ သဘာ၀အတုိင္းသာ ထားရွိခဲ့ပါ
တယ္။ Itigilov ဟာ ဆားဘီးယားနယ္စပ္အနီး Ulan-Ude ၿမိဳ႕က စံေက်ာင္းမွာ သာသနာျပဳခဲ့ၿပီး၊ ယခု ႐ုပ္ကလာပ္ကုိ
လည္း စံေက်ာင္းေတာ္ ဒုတိယအထပ္မွာ ထားရွိ ပူေဇာ္ခဲ့ၾကပါတယ္။

ဆရာေတာ္ႀကီး Itigilov သက္ရွိထင္ရွား ရွိစဥ္က ၎ေနထုိင္ရာသုိ႔ တရုတ္၊ အိႏၵိယမွ အႏြယ္တူဘုန္းေတာ္ႀကီးမ်ား လာေရာက္ကာ ကမၼ႒ာန္းနည္းေတြ ဥပနိႆယ ခံယူစည္းပူးခဲ့ၾကတဲ့အထိ ဘုန္းတန္ခုိး ထြားခဲ့တဲ့ ဆရာေတာ္ႀကီးျဖစ္ပါတယ္။ ေဂၚပက အဖြဲ႕၀င္ေတြက Itigilov ဟာ ေအာက္တုိဘာ 9 ရက္ 10 ရက္မွာ ဘ၀နတ္ထံ အၿပီးျပန္လြန္ေတာ္မူခဲ့ၿပီး ၿငိမ္းခ်မ္းရာမွာ ေျပာင္းေရႊ႕စံေနေတာ္မူခဲ့တယ္လုိ႔ CCTV အရ အတည္ျပဳခဲ့ၾကပါတယ္။

ဒီအျဖစ္အပ်က္ကို လက္ရွိ သံဃာေခါင္းေဆာင္အျဖစ္ ေဆာင္ရြက္ေနတဲ့ လားမားဆရာေတာ္ႀကီး Ayusheev ကလည္း အတည္ျပဳ ေျပာၾကားခဲ့ၿပီး၊ ဆရာေတာ္ႀကီးရဲ႕ ႐ုပ္ကလာပ္ေတာ္မွ ၀ိဉာဥ္ထြက္ခြာပုံကို ျမင္ေတြ႕လုိက္ရတဲ့ လူေတြကလည္း အင္တာနက္ ကြန္ယက္ေတြေပၚမွာ ျဖန္႔ေ၀မႈေတြ အေျမာက္အမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
Credit- Shwemom

Unicode

လားမားဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Dashi-Dorzho Itigilov ဟာ ထိုင်လျှက်နဲ့ မံမီဖြစ်သွားခဲ့ပြီး၊ ယုံကြည်ကိုကွယ်သူတွေကတော့ ဆရာတော်ကြီးဟာ သက်ရှိထင်ရှားအဖြစ်နဲ့ စံနေတော်မူဆဲလို့ ယူဆခဲ့ကြပါတယ်။ ဆရာတော်ကြီး Itigilov ဟာ ထိုင်လျှက်ပုံစံနဲ့ ပျံလွန်တော်မူခဲ့တာ နှစ်ပေါင်း 79 နှစ်မှ မကြာသေးခင်ကအထိ ဝိဉာဉ်ပညာရှင်တွေက သက်ရှိထင်ရှား စံနေဆဲလို့ ထောက်ခံခဲ့ကြပါတယ်။

အခုဆိုရင် Itigilov ရဲ့ အသက်ဟာ 164 နှစ်အထိ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ၎င်းရဲ့ ရုပ်ကလာပ်တော်ဟာ တင်ပလ္လင်ခွေလျက် ပုံစံဖြစ်ပါတယ်။ ရုပ်ကလာပ်တော် ပတ်ပတ်လည်မှာ တပ်ဆင်ထားတဲ့ လုံခြုံရေးကင်မရာတွေက မကြာသေးမီရက်ပိုင်းက Itigilov ရဲ့ ခန္ဓာကိုယ်ထဲကနေ ဝိဉာဉ်အပြီးတိုင် ထွက်သွားပုံကို မှတ်တမ်းတင်ထားခဲ့တယ်လို့ သိရပါတယ်။

Itigilov ဟာ ရုရှနိုင်ငံမှာ အလွန်ကျော်ကြားခဲ့တဲ့ ဘုန်းတော်ကြီးခေါင်းဆောင်တစ်ပါး ဖြစ်ပြီး၊ သြဇာတိက္ကမလည်း ကြီးမားခဲ့ပါတယ်။ ၎င်းရဲ့ရုပ်ကလာပ်ကို မည့်သည့်ဆေးမှ အသုံးအမပြုပဲ ဖန်သားအိမ်ထဲမှာ သဘာဝအတိုင်းသာ ထားရှိခဲ့ပါ
တယ်။ Itigilov ဟာ ဆားဘီးယားနယ်စပ်အနီး Ulan-Ude မြို့က စံကျောင်းမှာ သာသနာပြုခဲ့ပြီး၊ ယခု ရုပ်ကလာပ်ကို
လည်း စံကျောင်းတော် ဒုတိယအထပ်မှာ ထားရှိ ပူဇော်ခဲ့ကြပါတယ်။

ဆရာတော်ကြီး Itigilov သက်ရှိထင်ရှား ရှိစဉ်က ၎င်းနေထိုင်ရာသို့ တရုတ်၊ အိန္ဒိယမှ အနွယ်တူဘုန်းတော်ကြီးများ လာရောက်ကာ ကမ္မဋ္ဌာန်းနည်းတွေ ဥပနိဿယ ခံယူစည်းပူးခဲ့ကြတဲ့အထိ ဘုန်းတန်ခိုး ထွားခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။ ဂေါ်ပက အဖွဲ့ဝင်တွေက Itigilov ဟာ အောက်တိုဘာ 9 ရက် 10 ရက်မှာ ဘဝနတ်ထံ အပြီးပြန်လွန်တော်မူခဲ့ပြီး ငြိမ်းချမ်းရာမှာ ပြောင်းရွှေ့စံနေတော်မူခဲ့တယ်လို့ CCTV အရ အတည်ပြုခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ကို လက်ရှိ သံဃာခေါင်းဆောင်အဖြစ် ဆောင်ရွက်နေတဲ့ လားမားဆရာတော်ကြီး Ayusheev ကလည်း အတည်ပြု ပြောကြားခဲ့ပြီး၊ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်မှ ဝိဉာဉ်ထွက်ခွာပုံကို မြင်တွေ့လိုက်ရတဲ့ လူတွေကလည်း အင်တာနက် ကွန်ယက်တွေပေါ်မှာ ဖြန့်ဝေမှုတွေ အမြောက်အများ ပြုလုပ်ခဲ့ကြပါတယ်။
Credit- Shwemom

 

ေရရွားပါးတဲ့ေဒသေတြမွာ စက္ေရတြင္းနဲ႔ ေရစဥ္ေရကန္ေတြ လိုက္လံတူးေဖာ္လွဴဒါန္းေနတဲ့ ခင္လိႈင္

0

အႏုပညာေလာကမွာ ပရိသတ္ေတြရဲ႕ အခိုင္အမာအားေပးခ်စ္ခင္မႈေတြကို အျပည့္အဝရရွိထားတဲ့ ဝါရင့္သ႐ုပ္ေဆာင္ ခင္လႈိင္တစ္ေယာက္ကေတာ့ ျပည္သူ႔အက်ိဳးျပဳလႉဒါန္းမႈေတြကို ဆက္တိုက္ျပဳလုပ္ေနတာ ေတြ႕ရပါတယ္..။

ေရရွားပါးတဲ့ ျပည္သူေဒသေတြအတြက္ ေရကုသိုလ္ေတာ္အက်ိဳးေဆာင္အသင္းနဲ႔အတူ ေရကုသိုလ္အျဖစ္ စက္ေရတြင္းနဲ႔ေရစဥ္ေရကန္ေတြ လိုက္လံတူးေဖာ္လႉဒါန္းေနတာပဲ ျဖစ္ပါတယ္..။

ယေန႔ ၾသဂုတ္လ(၃၀)ရက္ေန႔မွာပဲ ေခ်ာက္ၿမိဳ႕နယ္ မန္က်ီးကုန္းေက်း႐ြာမွာ စက္ေရတြင္းနဲ႔ ေရစဥ္ေရကန္ ေရစက္လႉဒါန္းဖို႔အတြက္ စရံေပးေခ်ခဲ့တာ ေတြ႕ရပါတယ္..။

အခုလို လႉဒန္းမႈေတြကို မၾကခဏျပဳလုပ္ေလ့ရွိၿပီး ေရတြင္းတူးလႉဒါန္းမႈဟာ ယခုတစ္ေခါက္မွာေတာ့ တတိယအႀကိမ္ေျမာက္လႉဒါန္းကုသိုလ္ယူမႈျဖစ္တယ္လို႔ သိရပါတယ္..။

ဝမ္းသာပီတိေတြနဲ႔ သာဓုေခၚစရာ ေရကုသိုလ္အလႉေလးကိုလည္း ပရိသတ္ေတြသာဓုေခၚကုသိုလ္ယူႏိုင္ဖို႔အတြက္ ခင္လႈိင္က သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေနလည္း ဓာတ္ပုံေလးေတြနဲ႔အတူ ျပန္လည္မွ်ေဝထားပါေသးတယ္..။

“၇ ရက္သားသမီး ေရကုသိုလ္ရွင္မ်ားႏွင့္ ေရကုသိုလ္အက်ိဳးေတာ္ေဆာင္အင္း၏

တတိယအႀကိမ္ ေရကုသိုလ္အလႈေတာ္ပါ..” ဆိုၿပီး (၇)ရက္သားသမီး ပရိသတ္ေတြကိုလည္း သာဓုေခၚကုသိုလ္ယူႏိုင္ဖို႔ ကုသိုလ္ေပးေဝထားတာပဲ ျဖစ္ပါတယ္..။

Photo – ခင္လႈိင္

Unicode

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အခိုင်အမာအားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ခင်လှိုင်တစ်ယောက်ကတော့ ပြည်သူ့အကျိုးပြုလှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတာ တွေ့ရပါတယ်..။

ရေရှားပါးတဲ့ ပြည်သူဒေသတွေအတွက် ရေကုသိုလ်တော်အကျိုးဆောင်အသင်းနဲ့အတူ ရေကုသိုလ်အဖြစ် စက်ရေတွင်းနဲ့ရေစဉ်ရေကန်တွေ လိုက်လံတူးဖော်လှူဒါန်းနေတာပဲ ဖြစ်ပါတယ်..။

ယနေ့ သြဂုတ်လ(၃၀)ရက်နေ့မှာပဲ ချောက်မြို့နယ် မန်ကျီးကုန်းကျေးရွာမှာ စက်ရေတွင်းနဲ့ ရေစဉ်ရေကန် ရေစက်လှူဒါန်းဖို့အတွက် စရံပေးချေခဲ့တာ တွေ့ရပါတယ်..။

အခုလို လှူဒန်းမှုတွေကို မကြခဏပြုလုပ်လေ့ရှိပြီး ရေတွင်းတူးလှူဒါန်းမှုဟာ ယခုတစ်ခေါက်မှာတော့ တတိယအကြိမ်မြောက်လှူဒါန်းကုသိုလ်ယူမှုဖြစ်တယ်လို့ သိရပါတယ်..။

ဝမ်းသာပီတိတွေနဲ့ သာဓုခေါ်စရာ ရေကုသိုလ်အလှူလေးကိုလည်း ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ခင်လှိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေလည်း ဓာတ်ပုံလေးတွေနဲ့အတူ ပြန်လည်မျှဝေထားပါသေးတယ်..။

“၇ ရက်သားသမီး ရေကုသိုလ်ရှင်များနှင့် ရေကုသိုလ်အကျိုးတော်ဆောင်အသင်း၏

တတိယအကြိမ် ရေကုသိုလ်အလှုတော်ပါ..” ဆိုပြီး (၇)ရက်သားသမီး ပရိသတ်တွေကိုလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ ကုသိုလ်ပေးဝေထားတာပဲ ဖြစ်ပါတယ်..။

Photo – ခင်လှိုင်

 

 

သတိရတဲ့စိတ္လြမ္းတဲ့စိတ္ေတြနဲ႔ တကယ္ေနာင္တရေနပါျပီလို႔ဖြင့္ဟလာတဲ့ ေက်ာ္ဇင္ထြဋ္

0

အႏုပညာေလာကမွာ နာမည္ႀကီးတဲ့ဇာတ္ပို႔ သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ ေက်ာ္ဇင္ထြဋ္ကေတာ့ လက္တေလာမွာ မိသားစုျပသနာေလးေတြနဲ႔ ရင္ဆိုင္ေနရၿပီး ေန႔ရက္တိုင္းလြမ္းတဲ့စိတ္ေတြနဲ႔ စိတ္ထိခိုက္ေနရတာကို စိတ္မေကာင္းဖြယ္ျမင္ေတြ႕ရပါတယ္။ေက်ာ္ဇင္ထြဋ္ကေတာ့လက္ရွိမွာ ခ်စ္ရတဲ့မိသားစုေလးနဲ႔ ခြဲခြာေနရတာ (၃)လနီးပါးရွိလာခဲ့ၿပီပဲျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ သူတို႔မိသားစုေလး စိတ္မေကာင္းစရာခြဲခြာေနရတဲ့ ျပသနာအရင္းအျမစ္ကိုေတာ့မသိရေပမယ့္လည္း သူတို႔မိသားစုေလးကို အရင္လိုသိုက္သိုက္ဝန္းဝန္းနဲ႔ ျပန္လည္ဆုံဆည္းေစခ်င္ေနၾကတာပဲ ျဖစ္ပါတယ္။

ေက်ာ္ဇင္ထြဋ္ကိုယ္တိုင္လည္း ခ်စ္ဇနီးသည္ေလးနဲ႔ သမီးေလးေတြနဲ႔ အရင္လိုမိသားစုစုံစုံလင္လင္ ေလးျပန္လည္ေနရဖို႔ အျပည့္အ၀ ဆႏၵရွိေနတာပဲ ျဖစ္ပါတယ္။သူရဲ႕လူမႈကြန္ယက္မွာလည္း မိသားစုေလးကိုဘယ္ေလာက္လြမ္းေၾကာင္း မိသားစုေတြမရွိတဲ့ဘဝမွာတစ္ေယာက္ထဲျဖတ္သန္း ရတဲ့ဘယ္ေလာက္ခက္ခဲေၾကာင္းစာေလးေတြတင္ေလ့ရွိၿပီး သူရဲ႕ လြမ္းဆြတ္သတိရမႈေတြနဲ႔ ထပ္တူပရိသတ္ေတြမွာ စိတ္မေကာင္းျဖစ္ခဲ့ၾကရတာပဲ ျဖစ္ပါတယ္။ဒီေန႔မွာလည္း လူမႈကြန္ယက္မွာကေန ရင္ဖြင့္စာေလးေတြနဲ႔ အတူခ်စ္ရတဲ့ဇနီးသည္ေလးေတြနဲ႔ သမီးေလးေတြကို ေမတၱာရပ္ခံခဲ့ျပန္ပါတယ္။

သူရဲ႕လူမႈကြန္ယက္မွာေတာ့” 30-8-2018 အတုေရ ၃လေတာင္ျပည့္ေတာ့မယ္ဟာ ဒီေလာက္ဆို ေက်နပ္သင့္ပါၿပီဟာ သတိရတဲ့စိတ္ ၊ လြမ္းတဲ့စိတ္ေတြနဲ႔ ေက်ာ္သူ ေနာင္တ တကယ္ရေနပါၿပီလို႔”ဆိုတဲ့စာေလးေရးသားခဲ့တာပဲ ျဖစ္ပါတယ္။ေက်ာ္ဇင္ထြဋ္အတြက္ေတာ့ တကယ့္ကို ရင္ထဲမေကာင္းျဖစ္မိပါတယ္။သူတို႔မိသားစုေလးအျမန္ဆုံးျပန္လည္ေပါင္းစည္းႏိုင္ဖို႔ပရိသတ္ေတြက ဆုေတာင္းစကားေလးဆိုခဲ့ၾကပါအုန္းေန္ာ။

သတင္းအရင္းအျမစ္ – ေက်ာ္ဇင္ထြဋ္

Unicode

အနုပညာလောကမှာ နာမည်ကြီးတဲ့ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ကျော်ဇင်ထွဋ်ကတော့ လက်တလောမှာ မိသားစုပြသနာလေးတွေနဲ့ ရင်ဆိုင်နေရပြီး နေ့ရက်တိုင်းလွမ်းတဲ့စိတ်တွေနဲ့ စိတ်ထိခိုက်နေရတာကို စိတ်မကောင်းဖွယ်မြင်တွေ့ရပါတယ်။ကျော်ဇင်ထွဋ်ကတော့လက်ရှိမှာ ချစ်ရတဲ့မိသားစုလေးနဲ့ ခွဲခွာနေရတာ (၃)လနီးပါးရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူတို့မိသားစုလေး စိတ်မကောင်းစရာခွဲခွာနေရတဲ့ ပြသနာအရင်းအမြစ်ကိုတော့မသိရပေမယ့်လည်း သူတို့မိသားစုလေးကို အရင်လိုသိုက်သိုက်ဝန်းဝန်းနဲ့ ပြန်လည်ဆုံဆည်းစေချင်နေကြတာပဲ ဖြစ်ပါတယ်။

ကျော်ဇင်ထွဋ်ကိုယ်တိုင်လည်း ချစ်ဇနီးသည်လေးနဲ့ သမီးလေးတွေနဲ့ အရင်လိုမိသားစုစုံစုံလင်လင် လေးပြန်လည်နေရဖို့ အပြည့်အ၀ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။သူရဲ့လူမှုကွန်ယက်မှာလည်း မိသားစုလေးကိုဘယ်လောက်လွမ်းကြောင်း မိသားစုတွေမရှိတဲ့ဘဝမှာတစ်ယောက်ထဲဖြတ်သန်း ရတဲ့ဘယ်လောက်ခက်ခဲကြောင်းစာလေးတွေတင်လေ့ရှိပြီး သူရဲ့ လွမ်းဆွတ်သတိရမှုတွေနဲ့ ထပ်တူပရိသတ်တွေမှာ စိတ်မကောင်းဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း လူမှုကွန်ယက်မှာကနေ ရင်ဖွင့်စာလေးတွေနဲ့ အတူချစ်ရတဲ့ဇနီးသည်လေးတွေနဲ့ သမီးလေးတွေကို မေတ္တာရပ်ခံခဲ့ပြန်ပါတယ်။

သူရဲ့လူမှုကွန်ယက်မှာတော့” 30-8-2018 အတုရေ ၃လတောင်ပြည့်တော့မယ်ဟာ ဒီလောက်ဆို ကျေနပ်သင့်ပါပြီဟာ သတိရတဲ့စိတ် ၊ လွမ်းတဲ့စိတ်တွေနဲ့ ကျော်သူ နောင်တ တကယ်ရနေပါပြီလို့”ဆိုတဲ့စာလေးရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ကျော်ဇင်ထွဋ်အတွက်တော့ တကယ့်ကို ရင်ထဲမကောင်းဖြစ်မိပါတယ်။သူတို့မိသားစုလေးအမြန်ဆုံးပြန်လည်ပေါင်းစည်းနိုင်ဖို့ပရိသတ်တွေက ဆုတောင်းစကားလေးဆိုခဲ့ကြပါအုန်းနေ်ာ။

သတင်းအရင်းအမြစ် – ကျော်ဇင်ထွဋ်

 

ဆြာ ေရေဘးသင့္ ျပည္သူေတြကို ကိုယ္တိုင္သြားေရာက္ကူညီ ကယ္တင္ေပးေတာ႕မဲ႕ ကြီးေနထူးနိုင္

0

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ေနထူးႏိုင္ကေတာ့ အနပညာေလာကမွာ နာမည္တစ္လုံးနဲ႔ရပ္တည္ေနႏိုင္တဲ့ အနပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ျမန္မာဗီဒိယိုေလလာကရဲ႕ အေအာင္ျမင္ဆုံးသ႐ုပ္ေဆာင္ျဖစ္တဲ့ေနထူးႏိုင္ကေတာ့ ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကိုရရွိေနသူပဲျဖစ္ပါတယ္။ မေန႔က ဆြာတာတမံက်ိဳးပဲ့မႈကို ဆြာၿမိဳ႕ေနျပည္သူေတြေရးေဘးခံစားခဲ့ရပါတယ္။

ေနထူးႏိုင္ကေတာ့ ” ဆြာဆည္ေရေဘးသင့္ရာသို႔ကြၽန္ေတာ္တို႔အဖြဲ႕We love Mya Thin Chalအဖြဲ႕ႏွင့္ေတာင္ငူဗီဒီယိုအေျခခံအဖြဲ႕တို႔ပူးေပါင္း၍(1-9-2018စေနေန႔)သြားပါမည္လိုက္ပါလႉဒါန္းလိုသူမ်ားဆက္သြယ္ႏိုင္ပါသည္ ” ဆိုၿပီးေျပာထားပါတယ္။ ေနထူးႏိုင္ကေတာ့ ဆြာတာတမံက်ိဳးပဲ့မႈေၾကာင့္ ေရေဘးခံစားခဲ့ရတဲ့ ျပည္သူေတြကို သြားေရာက္ကူညီလႉဒါန္းမွာပဲျဖစ္ပါတယ္။

ခ်စ္ပရိသတ္ေတြကေတာ့ ေနထူးႏိုင္ရဲ႕ အခုလို လူတစ္ဖက္သားကို ကူညီခ်င္တဲ့ စိတ္ဓာတ္ေၾကာင့္လဲ တခဲနက္အားေပးခဲ့တာျဖစ္ပါတယ္။ ဆြာၿမိဳ႕ေနျပည္သူေတြကေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာသြားေရာက္ေနထိုင္ေနၾကပါတယ္။မေန႔ကေတာ့ ဆြာတာတမံက်ိဳးပဲ့မႈေၾကာင့္ ေရေတြတတ္လာေပမဲ့လဲ ယေန႔မွာေတာ့ ေရေတြက်သြားခဲ့ၿပီျဖစ္ပါတယ္။

source: nayhtoonaing

Unicode

ပရိသတ်တွေရဲ့ အချစ်တော်နေထူးနိုင်ကတော့ အနပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ မြန်မာဗီဒိယိုလေလာကရဲ့ အအောင်မြင်ဆုံးသရုပ်ဆောင်ဖြစ်တဲ့နေထူးနိုင်ကတော့ ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုရရှိနေသူပဲဖြစ်ပါတယ်။ မနေ့က ဆွာတာတမံကျိုးပဲ့မှုကို ဆွာမြို့နေပြည်သူတွေရေးဘေးခံစားခဲ့ရပါတယ်။

နေထူးနိုင်ကတော့ ” ဆွာဆည်ရေဘေးသင့်ရာသို့ကျွန်တော်တို့အဖွဲ့We love Mya Thin Chalအဖွဲ့နှင့်တောင်ငူဗီဒီယိုအခြေခံအဖွဲ့တို့ပူးပေါင်း၍(1-9-2018စနေနေ့)သွားပါမည်လိုက်ပါလှူဒါန်းလိုသူများဆက်သွယ်နိုင်ပါသည် ” ဆိုပြီးပြောထားပါတယ်။ နေထူးနိုင်ကတော့ ဆွာတာတမံကျိုးပဲ့မှုကြောင့် ရေဘေးခံစားခဲ့ရတဲ့ ပြည်သူတွေကို သွားရောက်ကူညီလှူဒါန်းမှာပဲဖြစ်ပါတယ်။

ချစ်ပရိသတ်တွေကတော့ နေထူးနိုင်ရဲ့ အခုလို လူတစ်ဖက်သားကို ကူညီချင်တဲ့ စိတ်ဓာတ်ကြောင့်လဲ တခဲနက်အားပေးခဲ့တာဖြစ်ပါတယ်။ ဆွာမြို့နေပြည်သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာသွားရောက်နေထိုင်နေကြပါတယ်။မနေ့ကတော့ ဆွာတာတမံကျိုးပဲ့မှုကြောင့် ရေတွေတတ်လာပေမဲ့လဲ ယနေ့မှာတော့ ရေတွေကျသွားခဲ့ပြီဖြစ်ပါတယ်။

source: nayhtoonaing

 

လူမႈကြန္ယက္မွာ ပရိသတ္ေတြကို အသည္းယားေစတဲ့ စူးရွထက္ရဲ႕ ဗီဒီယို

0

ပရိသတ္ေတြ စိတ္ဝင္တစားေစာင့္ၾကည့္မႈေတြအမ်ားဆုံးရရွိထားတဲ့ ေမာ္လ္ဒယ္ သ႐ုပ္ေဆာင္ စူးရွထက္ကေတာ့ ပရိသတ္ေတြကို အသည္းယားေစမယ့္ ဗီဒီယိုဖိုင္ေလးတစ္ခုကို မွ်ေဝလိုက္ပါတယ္..။

လတ္တေလာလူမႈကြန္ယက္မွာ ပရိသတ္ေတြၾကား အရမ္းကိုေရပန္းစားေနတဲ့ TikTok ဗီဒီယိုဖိုင္ေလးမွာ ခ်စ္စဖြယ္အမူအရာေလးေတြနဲ႔ ပရိသတ္ေတြရဲ႕အခ်စ္ေတြကို သိမ္းပိုက္လိုက္တာပဲ ျဖစ္ပါတယ္..။

အေပ်ာ္သေဘာေလး ေဆာ့ထားတဲ့ သူမရဲ႕Tik Tok ဗီဒီယိုဖိုင္ေလးကိုေတာ့ စူးရွထက္က သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာကေနလည္း ပရိသတ္ေတြကို ျပန္လည္မွ်ေဝထားတာလည္း ေတြ႕ရပါတယ္..။

TikTok ဗီဒီယိုေလးေတြကေတာ့ ပရိသတ္ေတြနဲ႔ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား ေရပန္စားအသုံးျပဳေနၾကတဲ့ ေဆာ့ဝဲဗီဒီယိုေလးတစ္ခုမို႔ စူးရွထက္ကလည္း သူမရဲ႕အသည္းယားစရာဗီယိုဖိုင္ေလးကိုလည္း ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေပးလိုက္တာပဲ ျဖစ္ပါတယ္..။

ေမာ္လ္ဒယ္သ႐ုပ္ေဆာင္ စူးရွထက္ကေတာ့ အဆိုေတာ္ အစၥဏီကို မုဒိန္းမႈနဲ႔ တရားစြဲဆိုထားတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး လူမႈကြန္ယက္ပရိသတ္ေတြၾကား ေစာင့္ၾကည့္ခံရမႈေတြအမ်ားဆုံးရရွိထားတဲ့ အႏုပညာရွင္တစ္ဦးဆိုလည္း မမွားပါဘူး..။

ေဖေဖနဲ႔တူလို႔😆

Posted by Zar Chi on Wednesday, 29 August 2018

စူးရွထက္ဟာ လတ္တေလာမွာလည္း အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေဆာင္ေနၿပီး သူမတို႔ရဲ႕ အမႈကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ေထြေထြထူးထူး ထူးျခားမႈမရွိေသးဘူးလို႔ သိရပါတယ္.. ။

Photo – စူးရွထက္

Unicode

ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်မှုတွေအများဆုံးရရှိထားတဲ့ မော်လ်ဒယ် သရုပ်ဆောင် စူးရှထက်ကတော့ ပရိသတ်တွေကို အသည်းယားစေမယ့် ဗီဒီယိုဖိုင်လေးတစ်ခုကို မျှဝေလိုက်ပါတယ်..။

လတ်တလောလူမှုကွန်ယက်မှာ ပရိသတ်တွေကြား အရမ်းကိုရေပန်းစားနေတဲ့ TikTok ဗီဒီယိုဖိုင်လေးမှာ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်လိုက်တာပဲ ဖြစ်ပါတယ်..။

အပျော်သဘောလေး ဆော့ထားတဲ့ သူမရဲ့Tik Tok ဗီဒီယိုဖိုင်လေးကိုတော့ စူးရှထက်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

TikTok ဗီဒီယိုလေးတွေကတော့ ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများ ရေပန်စားအသုံးပြုနေကြတဲ့ ဆော့ဝဲဗီဒီယိုလေးတစ်ခုမို့ စူးရှထက်ကလည်း သူမရဲ့အသည်းယားစရာဗီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှပေးလိုက်တာပဲ ဖြစ်ပါတယ်..။

မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ အဆိုတော် အစ္စဏီကို မုဒိန်းမှုနဲ့ တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပရိသတ်တွေကြား စောင့်ကြည့်ခံရမှုတွေအများဆုံးရရှိထားတဲ့ အနုပညာရှင်တစ်ဦးဆိုလည်း မမှားပါဘူး..။

စူးရှထက်ဟာ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး သူမတို့ရဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူး ထူးခြားမှုမရှိသေးဘူးလို့ သိရပါတယ်.. ။

Photo – စူးရှထက်

 

Recent Posts