Home Blog Page 661

အေျပာမဟုတ္ဘဲ တရား႐ုံးေတာ္အေရာက္ လက္ေတြ႕ သက္ေသျပ လိုက္ၿပီျဖစ္တဲ့ စိုးျမတ္နႏၵာ

0

ခ်စ္ပရိတ္သတ္ႀကီးေရ စိုးညီမေတြထဲက ပရိတ္သတ္ အခ်စ္ေတာ္တစ္ဦးျဖစ္တဲ့ စိုးျမတ္နႏၵာကေတာ့ ခင္မင္ရင္းႏွီးသူေတြနဲ႔အတူ မၾကာခင္ရက္ပိုင္းက ၾသစေတးလ်ကို သြားေရာက္လည္ပတ္ခဲ့တာလည္းျဖစ္ပါတယ္။သူမရဲ႕ ဗီဒီယို႐ုပ္ရွင္ဇာတ္ကားမ်ားကလည္း နာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့တာလည္းျဖစ္ပါတယ္။ ဒါဒါဟာ လတ္တေလာမွာေတာ့ ခ်စ္သူျဖစ္သူ စိုးသူရဲ႕ အေႂကြး သိန္း ၇၀၀ေက်ာ္ ကိစၥနဲ႔ပက္သက္ၿပီး သတိေပးခံထားရထာျဖစ္ၿပီး ထိုကိစၥမွာ သူမနဲ႔ မသက္ဆိုင္ပဲ နာမည္ကိုပူးတြဲကာ သတင္းစားမွာ ေဖာ္ျပထားခဲ့ျခင္းဟာ သူမရဲ႕ နာမည္ ဂုဏ္သိကၡာက်ဆင္းေအာင္ ျပဳလုပ္သျဖင့္ သူမကို နစ္နာေၾကးအေနျဖင့္ က်ပ္သိန္း ၁၅၀၀၀ ေလ်ာ္ေၾကးေပးရန္ သတင္းစာမွတစ္ဆင့္ ေတာင္းခံထားတာေတြ႕ရပါတယ္။

သ႐ုပ္ေဆာင္ စိုးျမတ္နႏၵာဟာ ယေန႔(ၾသဂုတ္လ ၂၄ ရက္) မွာ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးတြင္ ပုဒ္မ ၅၀၀ ျဖင့္ တရားစြဲဆိုရန္ ဦးတိုက္ေလွ်ာက္ထားလိုက္ပါၿပီ ။ ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ၾသဂုတ္လ ၁၈ ရက္က ဦးေက်ာ္ေက်ာ္ထြန္းဆိုသူသည္ စိုးသူႏွင့္ စိုးျမတ္နႏၵာတို႔အား က်န္ရွိသည့္အေႂကြးက်ပ္သိန္း ၂၀၀ ကို ၇ ရက္အတြင္း လာေရာက္ေပးေခ်ရန္အျပင္ စက္တင္ဘာလအတြင္း ေပးရမည့္ က်ပ္သိန္း ၁၆၀ နီးပါးကိုလည္း အခ်ိန္မီေပးရန္ သတင္းစာတြင္ ေၾကညာခဲ့တာလည္းျဖစ္ပါတယ္ ။ ဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးျမတ္နႏၵာ ေရာ စိုးသူေရာက သတင္းစာကေန တစ္ရက္ထည္း မွာ ေၾကျငာခ်က္ႏွစ္ခုကို ခ်က္ခ်င္းခဲ့ပါတယ္။

ဒီေန႔ မွာေတာ့ စိုးျမတ္နႏၵာဟာ မ်က္ႏွာမွာ အၿပဳံးပန္းတစ္ပြင့္ကို ဆင္ၿပီး အမွန္တရားတစ္ခုအတြက္ ရဲရဲဝံ့ဝံ့ ေလွ်ာက္ခဲ့တာလည္း ျဖစ္ပါတယ္။ပရိသတ္ေတြကေတာ့ စိုးျမတ္နႏၵာတစ္ေယာက္ရဲ႕ အေျပာမဟုတ္ အလုပ္နဲ႔ သက္ေသျပလိုက္တာလို႔ မွတ္ခ်က္ေပးေနၾကပါတယ္။ ပရိသတ္ႀကီးေရ စိုးျမတ္နႏၵာရဲ႕ လုပ္ရပ္အတြက္မွတ္ခ်က္မွာ တစ္ခုခုေျပာေပးသြားၾကပါေနာ္။

Source – We Love Soe Myar Nandar

Unicode

ချစ်ပရိတ်သတ်ကြီးရေ စိုးညီမတွေထဲက ပရိတ်သတ် အချစ်တော်တစ်ဦးဖြစ်တဲ့ စိုးမြတ်နန္ဒာကတော့ ခင်မင်ရင်းနှီးသူတွေနဲ့အတူ မကြာခင်ရက်ပိုင်းက သြစတေးလျကို သွားရောက်လည်ပတ်ခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ ဗီဒီယိုရုပ်ရှင်ဇာတ်ကားများကလည်း နာမည်ကျော်ကြားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။ ဒါဒါဟာ လတ်တလောမှာတော့ ချစ်သူဖြစ်သူ စိုးသူရဲ့ အကြွေး သိန်း ၇၀၀ကျော် ကိစ္စနဲ့ပက်သက်ပြီး သတိပေးခံထားရထာဖြစ်ပြီး ထိုကိစ္စမှာ သူမနဲ့ မသက်ဆိုင်ပဲ နာမည်ကိုပူးတွဲကာ သတင်းစားမှာ ဖော်ပြထားခဲ့ခြင်းဟာ သူမရဲ့ နာမည် ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်သဖြင့် သူမကို နစ်နာကြေးအနေဖြင့် ကျပ်သိန်း ၁၅၀၀၀ လျော်ကြေးပေးရန် သတင်းစာမှတစ်ဆင့် တောင်းခံထားတာတွေ့ရပါတယ်။

သရုပ်ဆောင် စိုးမြတ်နန္ဒာဟာ ယနေ့(သြဂုတ်လ ၂၄ ရက်) မှာ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားလိုက်ပါပြီ ။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်က ဦးကျော်ကျော်ထွန်းဆိုသူသည် စိုးသူနှင့် စိုးမြတ်နန္ဒာတို့အား ကျန်ရှိသည့်အကြွေးကျပ်သိန်း ၂၀၀ ကို ၇ ရက်အတွင်း လာရောက်ပေးချေရန်အပြင် စက်တင်ဘာလအတွင်း ပေးရမည့် ကျပ်သိန်း ၁၆၀ နီးပါးကိုလည်း အချိန်မီပေးရန် သတင်းစာတွင် ကြေညာခဲ့တာလည်းဖြစ်ပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာ ရော စိုးသူရောက သတင်းစာကနေ တစ်ရက်ထည်း မှာ ကြေငြာချက်နှစ်ခုကို ချက်ချင်းခဲ့ပါတယ်။

ဒီနေ့ မှာတော့ စိုးမြတ်နန္ဒာဟာ မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ကို ဆင်ပြီး အမှန်တရားတစ်ခုအတွက် ရဲရဲဝံ့ဝံ့ လျှောက်ခဲ့တာလည်း ဖြစ်ပါတယ်။ပရိသတ်တွေကတော့ စိုးမြတ်နန္ဒာတစ်ယောက်ရဲ့ အပြောမဟုတ် အလုပ်နဲ့ သက်သေပြလိုက်တာလို့ မှတ်ချက်ပေးနေကြပါတယ်။ ပရိသတ်ကြီးရေ စိုးမြတ်နန္ဒာရဲ့ လုပ်ရပ်အတွက်မှတ်ချက်မှာ တစ်ခုခုပြောပေးသွားကြပါနော်။

Source – We Love Soe Myar Nandar

 

တိုင္းျပည္နဲ႔လူမ်ိဳးအတြက္ တာ၀န္ထမ္းေဆာင္ခဲ့တဲ ့ေခြးေလးစစ္နိုင္ရဲ႕စ်ာပန

0

တိုင္းျပည္နဲ႔လူမ်ိဳးအတြက္ တာဝန္ထမ္းေဆာင္ေနၾကတဲ့ တပ္မေတာ္မွာ တပ္မေတာ္သား မ်ားတင္ မဟုတ္ဘဲ ေခြးေလးေတြလည္း ပါဝင္တာဝန္ထမ္းေဆာင္ေနၾကတာပါ ။ ဘဝေပး ကံၾကမၼာအရ အဟိတ္တိရစာၦန္ေပမယ့္ လူသားေတြကို အက်ိဳးျပဳၿပီး ႏိုင္ငံေတာ္အတြက္ တတ္အားသမွ် တာဝန္ထမ္းေဆာင္ခဲ့တဲ့ စစ္ေခြးေလး စစ္ႏိုင္ကေတာ့ အသက္ေပးသြားခဲ့ပါၿပီ ။

စစ္ႏိုင္ေလးရဲ႕ ဇာပန အခမ္းအနားကို တပ္မေတာ္သားမ်ားက လိုက္လံပို႔ေဆာင္ခဲ့ၾကၿပီး လုပ္ထုံးလုပ္နည္း အရ အမိန႔္စာ ျပန္တမ္းမ်ားဖတ္ၿပီး ေကာင္းမြန္စြာ ေျမျမဳပ္သၿဂိဳလ္ေပးခဲ့ ၾကပါတယ္ ။ အတိတ္ကံအရ ေခြးဘ၀ ေရာက္ခဲ့ေပမယ့္လည္း ျမင့္ျမတ္တဲ့ အလုပ္ေတြကို လုပ္ေဆာင္ေပးခဲ့တဲ့ ေခြးေလး စစ္ႏိုင္ အတြက္ အားလုံးက စိတ္မေကာင္းျဖစ္ခဲ့ၾကရပါတယ္ ။ တိုင္းျပည္နဲ႔လူမ်ိဳးအတြက္ သူတတ္အားသမွ်အားေလးနဲ႔ ႏိုင္ငံတာဝန္ကို ထမ္းေဆာင္ေပးခဲ့တဲ့ သူရဲေကာင္းအျဖစ္ အၿမဲတမ္း အမွတ္ရေနမွာပါ ။

စစ္ႏိုင္ေလးရဲ႕ ဈာပန အခမ္းအနား ျမင္ကြင္း ပုံရိပ္ေတြကေတာ့ တကယ္ကို ဝမ္းနည္းေၾကကြဲ စရာေကာင္း ခဲ့ပါတယ္ ။ ” ေခြးခ်င္းတူေပမယ့္… တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ တန္ဖိုးရွိတဲ့ေခြး စစ္ေခြး… ” ဆိုတဲ့စာသားနဲ႔အတူ တပ္မေတာ္သားတစ္ေယာက္က ဂုဏ္ျပဳစာတင္ထားတာဘဲ ျဖစ္ပါတယ္ ။ ေကာင္းရာသုဂတိ လားပါေစ… ရဲေဘာ္ေလး စစ္ႏိုင္ေရ …..။

Source : တပ္မေတာ္ကို ခ်စ္ျမတ္ႏိုးသူမ်ား

Unicode

တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်မှာ တပ်မတော်သား များတင် မဟုတ်ဘဲ ခွေးလေးတွေလည်း ပါဝင်တာဝန်ထမ်းဆောင်နေကြတာပါ ။ ဘဝပေး ကံကြမ္မာအရ အဟိတ်တိရစ္ဆာန်ပေမယ့် လူသားတွေကို အကျိုးပြုပြီး နိုင်ငံတော်အတွက် တတ်အားသမျှ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ခွေးလေး စစ်နိုင်ကတော့ အသက်ပေးသွားခဲ့ပါပြီ ။

စစ်နိုင်လေးရဲ့ ဇာပန အခမ်းအနားကို တပ်မတော်သားများက လိုက်လံပို့ဆောင်ခဲ့ကြပြီး လုပ်ထုံးလုပ်နည်း အရ အမိန့်စာ ပြန်တမ်းများဖတ်ပြီး ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်ပေးခဲ့ ကြပါတယ် ။ အတိတ်ကံအရ ခွေးဘ၀ ရောက်ခဲ့ပေမယ့်လည်း မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်ဆောင်ပေးခဲ့တဲ့ ခွေးလေး စစ်နိုင် အတွက် အားလုံးက စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ တိုင်းပြည်နဲ့လူမျိုးအတွက် သူတတ်အားသမျှအားလေးနဲ့ နိုင်ငံတာဝန်ကို ထမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းအဖြစ် အမြဲတမ်း အမှတ်ရနေမှာပါ ။

စစ်နိုင်လေးရဲ့ ဈာပန အခမ်းအနား မြင်ကွင်း ပုံရိပ်တွေကတော့ တကယ်ကို ဝမ်းနည်းကြေကွဲ စရာကောင်း ခဲ့ပါတယ် ။ ” ခွေးချင်းတူပေမယ့်… တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ခွေး စစ်ခွေး… ” ဆိုတဲ့စာသားနဲ့အတူ တပ်မတော်သားတစ်ယောက်က ဂုဏ်ပြုစာတင်ထားတာဘဲ ဖြစ်ပါတယ် ။ ကောင်းရာသုဂတိ လားပါစေ… ရဲဘော်လေး စစ်နိုင်ရေ …..။

Source : တပ်မတော်ကို ချစ်မြတ်နိုးသူများ

 

အမ်ိဳးသမီးတစ္ဦးအား လိုင္းကားေပၚတြင္ စကပ္ကိုဓားျဖင့္အခြဲခံရ

0

လိုင္းကားစီးရင္ သတိထားၿပီးစီးၾကပါ..အရင္ကဆံပင္ျဖတ္သြားတာတို႔၊ ပိုက္ဆံအိပ္ခြဲသြားတာတို႔ post ေတြတက္လာရင္ ဖတ္ၿပီးစိတ္မေကာင္းဘူး ခုကိုယ္ကိုယ္တိုင္ လက္ေတြ႕ၾကံဳမွပဲ ထူပူၿပီး ရွက္တာကလြဲ ဘာမွမသိေတာ့ပုရယ္..

ဒီေန႔အနက္ လွည္းတန္းကေန YBS 38 (Aircon Bus ကိုဒီလိုမိ်ဳးေတြမရိွေသးဘူး ဆိုၿပီး ခ်ီးက်ဴးေနကာမွ) စီးသြားတာ ကားကၾကပ္ျမဲၾကပ္ဆဲပါ ..

အနီးနားရိွတာဆိုလို႔ အေကာင္တေကာင္ ရယ္ ေကာင္မေလးေတြပဲ ရိွတာ အစက သူနဲ႔ကိုယ္က ေဘးခ်င္းကပ္ ၿပီးေတာ့ေက်ာခ်င္းကပ္ ျဖစ္သြားတယ္ (ေကာင္မေလးတေယာက္ကို သူေနရာေပးလိုက္တယ္) ၿပီးေတာ့ သူ႔အိတ္ ကကိုယ့္ကို လာတိုက္လိုက္ သူ႔လက္က ကိုယ့္ကို ထိမိသလိုျဖစ္သြားေတာ့ ေနာက္တခ်က္ လွည့္ၾကည့္လိုက္ေသးတယ္

လႈပ္ရြေနတာ ၿငိမ္ၿငိမ္လည္း မေနဘူးေပါ့ (အမိယုတ္အဖယုတ္ရဲ႕သားကကိုယ့္စကပ္ကို ဓားနဲ႔ခြဲေနတာ အသားကိုလံုးဝမထိဘူး စေကးက) ကိုယ့္ကို အဲ့လိုလုပ္သြားလိမ့္မယ္လို႔ လည္းမထင္ခဲ့မိဘူး

ႏွမခ်င္းမွမစာမနာ လုပ္သြားတာ (အဲ့လိုလုပ္လိုက္ေတာ့ နင့္အတြက္ အကိ်ဳးဘာမ်ားထူးသြားလို႔လဲ တကယ္ စဥ္းစားမရဘူးးေအာက္တန္းက်ပံုက) အာ့အထိ ကိုယ္မသိေသး ကိုယ္ကိုယ္တိုင္လည္း ေပါ့ဆမိတယ္ ေဘးပတ္ဝန္းက်င္ သတိမထား မိတဲ့ ကို႔အက်င့္ အာ့ကေန ကားလည္းေရွာင္ ေနရာရလို႔ ထိုင္သြားေရာ (ထိုင္ခံုကလည္း ၿငိစရာ အခြ်န္ ဘာမွမရိွ ေန႔တိုင္းစီးေနတာ ဘာမွမျဖစ္တာေလ)

မွတ္တိုင္ဆင္းေတာ့ စိတ္ထဲ တခုခု ျဖစ္ေနေရာ ဒါမဲ့မသိရေသး ေနာက္မွ ေကာင္မေလးတေယာက္ေျပာမွပဲ သိေတာ့တယ္ (သိသိခ်င္းလူကိုအေတာင့္လိုက္ႀကီး ထူပူၿပီး ဘာဆက္လုပ္ရမွန္းမသိ)ေနာက္မွ စကပ္ကို ေဘးလွည့္ ပခံုးလြယ္တဲ့အိတ္နဲ႔ကာၿပီး ဆက္သြား ရံုးနားနီးလို႔မွေတာ္ေသးတယ္…

ေစာေစာစီးစီးးUnlucky day ပဲ

Htal Wah Hmue

Credit: ရဲရင့္ ထြန္း

Unicode

လိုင်းကားစီးရင် သတိထားပြီးစီးကြပါ..အရင်ကဆံပင်ဖြတ်သွားတာတို့၊ ပိုက်ဆံအိပ်ခွဲသွားတာတို့ post တွေတက်လာရင် ဖတ်ပြီးစိတ်မကောင်းဘူး ခုကိုယ်ကိုယ်တိုင် လက်တွေ့ကြုံမှပဲ ထူပူပြီး ရှက်တာကလွဲ ဘာမှမသိတော့ပုရယ်..

ဒီနေ့အနက် လှည်းတန်းကနေ YBS 38 (Aircon Bus ကိုဒီလိုမျိုးတွေမရှိသေးဘူး ဆိုပြီး ချီးကျူးနေကာမှ) စီးသွားတာ ကားကကြပ်မြဲကြပ်ဆဲပါ ..

အနီးနားရှိတာဆိုလို့ အကောင်တကောင် ရယ် ကောင်မလေးတွေပဲ ရှိတာ အစက သူနဲ့ကိုယ်က ဘေးချင်းကပ် ပြီးတော့ကျောချင်းကပ် ဖြစ်သွားတယ် (ကောင်မလေးတယောက်ကို သူနေရာပေးလိုက်တယ်) ပြီးတော့ သူ့အိတ် ကကိုယ့်ကို လာတိုက်လိုက် သူ့လက်က ကိုယ့်ကို ထိမိသလိုဖြစ်သွားတော့ နောက်တချက် လှည့်ကြည့်လိုက်သေးတယ်

လှုပ်ရွနေတာ ငြိမ်ငြိမ်လည်း မနေဘူးပေါ့ (အမိယုတ်အဖယုတ်ရဲ့သားကကိုယ့်စကပ်ကို ဓားနဲ့ခွဲနေတာ အသားကိုလုံးဝမထိဘူး စကေးက) ကိုယ့်ကို အဲ့လိုလုပ်သွားလိမ့်မယ်လို့ လည်းမထင်ခဲ့မိဘူး

နှမချင်းမှမစာမနာ လုပ်သွားတာ (အဲ့လိုလုပ်လိုက်တော့ နင့်အတွက် အကျိုးဘာများထူးသွားလို့လဲ တကယ် စဉ်းစားမရဘူးးအောက်တန်းကျပုံက) အာ့အထိ ကိုယ်မသိသေး ကိုယ်ကိုယ်တိုင်လည်း ပေါ့ဆမိတယ် ဘေးပတ်ဝန်းကျင် သတိမထား မိတဲ့ ကို့အကျင့် အာ့ကနေ ကားလည်းရှောင် နေရာရလို့ ထိုင်သွားရော (ထိုင်ခုံကလည်း ငြိစရာ အချွန် ဘာမှမရှိ နေ့တိုင်းစီးနေတာ ဘာမှမဖြစ်တာလေ)

မှတ်တိုင်ဆင်းတော့ စိတ်ထဲ တခုခု ဖြစ်နေရော ဒါမဲ့မသိရသေး နောက်မှ ကောင်မလေးတယောက်ပြောမှပဲ သိတော့တယ် (သိသိချင်းလူကိုအတောင့်လိုက်ကြီး ထူပူပြီး ဘာဆက်လုပ်ရမှန်းမသိ)နောက်မှ စကပ်ကို ဘေးလှည့် ပခုံးလွယ်တဲ့အိတ်နဲ့ကာပြီး ဆက်သွား ရုံးနားနီးလို့မှတော်သေးတယ်…

စောစောစီးစီးးUnlucky day ပဲ

Htal Wah Hmue

Credit: ရဲရင့် ထွန်း

ေဒၚလာေသာင္းခ်ီတန္တဲ့ ကမာၻ႔ေစ်းအၾကီးဆံုးဖုန္း Brand တစ္ခုကို ကိုင္ေနတဲ့ မိုးေဟကို

0

ျမန္မာ့ရုပ္ရွင္ေလာက နယ္ပယ္မွာေတာ့ တည္တည္ျငိမ္ျငိမ္ စမတ္က်က်နဲ႔ မိန္းကေလးတိ္ုင္း အားက်ရတဲ့ မင္းသမီးကို ျပပါဆိုလ်ွင္ေတာ့ မိုးေဟကို ကိုသာျပရမွာ ျဖစ္ပါတယ္။ မိုးေဟကိုကေတာ့ လက္ရွိေဝဖန္ပုတ္ခတ္မႈေတြ မ်ားေနတဲ့ ေခတ္ၾကီးမွာ တည္တည္ျငိမ္ျငိမ္နဲ႔ ေနႏိုင္တဲ့ မင္းသမီး တလက္ျဖစ္ျပီး အားလံုးကို ခပ္ေခ်ေခ် ခပ္တန္းတန္းေနတဲ့ မင္းသမီး တေယာက္လည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့မိုးေဟကို အေနနဲ႔ သူမရဲ့ မိခင္က်န္းမာေရး ျပသာနာေတြေၾကာင့္ရုပ္ရွင္ရိုက္တာေတြ နည္းေနေပမယ့္လည္း ပရိသတ္ေတြရဲ့ အားေပးမႈကေတာ့ ရပ္မသြားပါဘူး။ မိုးေဟကိုလုိမ်ိဳး အျခားမင္းသမီးေတြ အေနနဲ႔ ခပ္ေခ်ေခ်ေနၾကေပမဲ့ မိုးေဟကိုလိုမ်ိဳး ပရိသတ္ အားေပးမႈကိုေတာ့ မရခဲ့ၾကပါဘူး။ မိုးေဟကိုကေတာ့ ခပ္ေခ်ေခ်ေနသလို အႏုပညာလုပ္ငန္းအျပင္ ျပင္ပမွာလည္း စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္ေနတဲ့ မင္းသမီးတေယာက္လည္း ျဖစ္ပါတယ္။ မိုးေဟကိုကေတာ့ ပရိသတ္ေတြကို သူ႔အေၾကာင္းေတြ သိပ္ျပီးမေျပာျပေသာ္လည္း သူမကေတာ့ မိုးရုပ္ရွင္ထုတ္လုပ္ေရး၊ စားေသာက္ဆိုင္မ်ား၊ အဝတ္အထည္ ဖက္ရွင္ဆိုင္မ်ား အမ်ားအျပား ပိုင္ဆိုင္တဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူမအသံုးျပဳတဲ့ ပစၥည္းေတြကလည္း ေစ်းၾကီးျပီး ျမန္မာႏိုင္ငံမွာေတာင္ အသံုးျပဳသူရွားတဲ့ ပစၥည္းေတြ ျဖစ္ပါတယ္။

မိုးေဟကိုသံုးစြဲတဲ့ ပစၥည္းေတြအနက္ လက္တေလာမွာ နာမည္ၾကီးေနတဲ့ vertu signature touch ကလည္း ကမာၻ႔ေစ်းအၾကီးဆံုး luxury phone မ်ားအနက္တစ္ခု ျဖစ္ပါတယ္။ ဒီဖုန္းကိုေတာ့ မိုးေဟကိုအေနနဲ႔ ႏွလံုးသားျဖင့္ျပဳလုပ္သည္ဆိုတဲ့ ဇာတ္ကားတြင္ အပန္းေရာင္ vertu phone ကို စတင္သံုးစြဲ ျပခဲ့တာ ျဖစ္ပါတယ္။ မၾကာေသးမီကလည္း ပြဲတစ္ပြဲကို တက္ေရာက္လာခ်ိန္မွာလည္းမိုးေဟကိုအေနနဲ႔ vertu signature touch ကို ေနာက္ထပ္ တစ္လံုးေျပာင္းလဲသံုးခဲ့ပါတယ္။ ဒါေၾကာင့္ အႏုပညာ အသိုင္းအဝိုင္းမွာေတာ့ ယင္းေစ်းၾကီးတဲ့ဖုန္းကို ႏွစ္မ်ိဳးေလာက္ သံုးစြဲႏိုင္သူလည္း ျဖစ္ပါတယ္။

မိုးေဟကို ကိုင္ခဲ့တဲ့ Vertu ဖုန္းေတြကေတာ့ High Class ေတြသံုးေလ့ရွိၾကတဲ့ Luxury Cellphone တစ္ခုပါပဲ။ Nokia နဲ႔တြဲထုတ္ပီးေနာက္ပိုင္းသီးသန္႔ခြဲထြက္လာတဲ့ ၿဗိတိန္အေျခစိုက္ Company တစ္ခုပါ။ သာမန္ဖုန္းတစ္ခုကိုမွ Luxury အျဖစ္ စိန္၊ပတၱျမား၊ေရႊ၊ေရႊျဖဴ ေတြနဲ႔ဆင္ယင္ထားတဲ့ Handmade တစ္ခုပါ။ ေနာက္ပိုင္း Display screen ကို Sapphire Crystal နဲ႔ဖံုးအုပ္ထားျပီး ေအာက္က်တာေတာင္ မကြဲပါဘူး။ ျပီးေတာ့ ျခစ္ရာေတြလည္း မထင္ႏိုင္ပါဘူး။ စိန္အစစ္နဲ႔ ဖ်က္မွ ျပတ္မယ္ဆိုပီး အာမခံထားတဲ့ ဖုန္းလည္း ျဖစ္ပါတယ္။ ဘယ္ေလာက္အထိ အဆင့္ျမင့္ျမင့္လုပ္ထားလည္းဆိုေတာ့ ပစၥည္းတခုခ်င္းစီကို Handmade နဲ႔ျပဳလုပ္ျပီး Handset ရဲ႕ တပ္ဆင္သူ၏လက္မွတ္နဲ႔နာမည္ကို Simcard ထားရာေနရာနဲ႔အတြင္းမွာLaser နဲ႔ထိုးထားေလ့ရွိပါတယ္။

ေနာက္ထပ္ထူးျခားခ်က္ တစ္ခုအေနနဲ႔ကေတာ့ ဖုန္းရဲ့ power button ကို ပတၱျမားနဲ့ လုပ္ထားပါတယ္။ ေလယာဥ္လက္မွတ္ ဝယ္ဖို့အဆင္မေျပတဲ့အခါ ယင္းဖုန္း ျပလိုက္႐ုံနဲ့ VIP TICKET တစ္ေစာင္ ခ်က္ခ်င္းရနိုင္တဲ့အထိကုိ အဆင့္ျမင့္ပါတယ္။ ဖုန္းရဲ့ အစိတ္အပိုင္းတခ်ိဳ႔ကိုေတာ့ မိေခ်ာင္းသားေရနဲ့ ျပဳလုပ္ထားျပီး ယင္းဖုန္းရဲ့ keypad တင္ သိန္း၃၅၀ ေက်ာ္တန္ဖိုး ရွိျပီး ဖုန္းရဲ့တန္ဖိုးက အနည္းဆံုးအေနနဲ႔ သိန္း၉၅၀ အထက္မွာရွိတယ္လို႔ သိရပါတယ္။ ဖုန္းရဲ႕ Ringtones နဲ႔ Alert tones ေတြကိုေတာ႔ ကမၻာ့နာမည္အၾကီးဆံုး London Symphony Orchestra မွဖန္တီး တီးခတ္ထားတဲ႔ သံစဥ္ေတြနဲ႔အတူ ဖုန္းထဲမွာပါ၀င္တဲ႔ Wallpaper ကိုလည္းလန္ဒန္ National Gallery မွာရွိတဲ့ နာမည္ၾကီး ပန္းခ်ီကားေတြကို ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ ေစ်းနဳန္းအေနျဖင္႔ Vertu Signature Touch Collections ကိုအနိမ္႔ဆံုး ျမန္မာေငြ သိန္း ၁၆၀ ခန္႔မွစတင္ျပီးေရာင္းခ်ပါတယ္။ အျမင့္ဆံုးကေတာ့ သိန္းေထာင္ေက်ာ္အထိရွိပါတယ္။

Credit: MMCele

Unicode

မြန်မာ့ရုပ်ရှင်လောက နယ်ပယ်မှာတော့ တည်တည်ငြိမ်ငြိမ် စမတ်ကျကျနဲ့ မိန်းကလေးတိုင်း အားကျရတဲ့ မင်းသမီးကို ပြပါဆိုလျှင်တော့ မိုးဟေကို ကိုသာပြရမှာ ဖြစ်ပါတယ်။ မိုးဟေကိုကတော့ လက်ရှိဝေဖန်ပုတ်ခတ်မှုတွေ များနေတဲ့ ခေတ်ကြီးမှာ တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်တဲ့ မင်းသမီး တလက်ဖြစ်ပြီး အားလုံးကို ခပ်ချေချေ ခပ်တန်းတန်းနေတဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့မိုးဟေကို အနေနဲ့ သူမရဲ့ မိခင်ကျန်းမာရေး ပြသာနာတွေကြောင့်ရုပ်ရှင်ရိုက်တာတွေ နည်းနေပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကတော့ ရပ်မသွားပါဘူး။ မိုးဟေကိုလိုမျိုး အခြားမင်းသမီးတွေ အနေနဲ့ ခပ်ချေချေနေကြပေမဲ့ မိုးဟေကိုလိုမျိုး ပရိသတ် အားပေးမှုကိုတော့ မရခဲ့ကြပါဘူး။ မိုးဟေကိုကတော့ ခပ်ချေချေနေသလို အနုပညာလုပ်ငန်းအပြင် ပြင်ပမှာလည်း စီးပွားရေးနယ်ပယ်မှာ အောင်မြင်နေတဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။ မိုးဟေကိုကတော့ ပရိသတ်တွေကို သူ့အကြောင်းတွေ သိပ်ပြီးမပြောပြသော်လည်း သူမကတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေး၊ စားသောက်ဆိုင်များ၊ အဝတ်အထည် ဖက်ရှင်ဆိုင်များ အများအပြား ပိုင်ဆိုင်တဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမအသုံးပြုတဲ့ ပစ္စည်းတွေကလည်း ဈေးကြီးပြီး မြန်မာနိုင်ငံမှာတောင် အသုံးပြုသူရှားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

မိုးဟေကိုသုံးစွဲတဲ့ ပစ္စည်းတွေအနက် လက်တလောမှာ နာမည်ကြီးနေတဲ့ vertu signature touch ကလည်း ကမ္ဘာ့ဈေးအကြီးဆုံး luxury phone များအနက်တစ်ခု ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ မိုးဟေကိုအနေနဲ့ နှလုံးသားဖြင့်ပြုလုပ်သည်ဆိုတဲ့ ဇာတ်ကားတွင် အပန်းရောင် vertu phone ကို စတင်သုံးစွဲ ပြခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီကလည်း ပွဲတစ်ပွဲကို တက်ရောက်လာချိန်မှာလည်းမိုးဟေကိုအနေနဲ့ vertu signature touch ကို နောက်ထပ် တစ်လုံးပြောင်းလဲသုံးခဲ့ပါတယ်။ ဒါကြောင့် အနုပညာ အသိုင်းအဝိုင်းမှာတော့ ယင်းဈေးကြီးတဲ့ဖုန်းကို နှစ်မျိုးလောက် သုံးစွဲနိုင်သူလည်း ဖြစ်ပါတယ်။

မိုးဟေကို ကိုင်ခဲ့တဲ့ Vertu ဖုန်းတွေကတော့ High Class တွေသုံးလေ့ရှိကြတဲ့ Luxury Cellphone တစ်ခုပါပဲ။ Nokia နဲ့တွဲထုတ်ပီးနောက်ပိုင်းသီးသန့်ခွဲထွက်လာတဲ့ ဗြိတိန်အခြေစိုက် Company တစ်ခုပါ။ သာမန်ဖုန်းတစ်ခုကိုမှ Luxury အဖြစ် စိန်၊ပတ္တမြား၊ရွှေ၊ရွှေဖြူ တွေနဲ့ဆင်ယင်ထားတဲ့ Handmade တစ်ခုပါ။ နောက်ပိုင်း Display screen ကို Sapphire Crystal နဲ့ဖုံးအုပ်ထားပြီး အောက်ကျတာတောင် မကွဲပါဘူး။ ပြီးတော့ ခြစ်ရာတွေလည်း မထင်နိုင်ပါဘူး။ စိန်အစစ်နဲ့ ဖျက်မှ ပြတ်မယ်ဆိုပီး အာမခံထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ ဘယ်လောက်အထိ အဆင့်မြင့်မြင့်လုပ်ထားလည်းဆိုတော့ ပစ္စည်းတခုချင်းစီကို Handmade နဲ့ပြုလုပ်ပြီး Handset ရဲ့ တပ်ဆင်သူ၏လက်မှတ်နဲ့နာမည်ကို Simcard ထားရာနေရာနဲ့အတွင်းမှာLaser နဲ့ထိုးထားလေ့ရှိပါတယ်။

နောက်ထပ်ထူးခြားချက် တစ်ခုအနေနဲ့ကတော့ ဖုန်းရဲ့ power button ကို ပတ္တမြားနဲ့ လုပ်ထားပါတယ်။ လေယာဉ်လက်မှတ် ဝယ်ဖို့အဆင်မပြေတဲ့အခါ ယင်းဖုန်း ပြလိုက်ရုံနဲ့ VIP TICKET တစ်စောင် ချက်ချင်းရနိုင်တဲ့အထိကို အဆင့်မြင့်ပါတယ်။ ဖုန်းရဲ့ အစိတ်အပိုင်းတချို့ကိုတော့ မိချောင်းသားရေနဲ့ ပြုလုပ်ထားပြီး ယင်းဖုန်းရဲ့ keypad တင် သိန်း၃၅၀ ကျော်တန်ဖိုး ရှိပြီး ဖုန်းရဲ့တန်ဖိုးက အနည်းဆုံးအနေနဲ့ သိန်း၉၅၀ အထက်မှာရှိတယ်လို့ သိရပါတယ်။ ဖုန်းရဲ့ Ringtones နဲ့ Alert tones တွေကိုတော့ ကမ္ဘာ့နာမည်အကြီးဆုံး London Symphony Orchestra မှဖန်တီး တီးခတ်ထားတဲ့ သံစဉ်တွေနဲ့အတူ ဖုန်းထဲမှာပါဝင်တဲ့ Wallpaper ကိုလည်းလန်ဒန် National Gallery မှာရှိတဲ့ နာမည်ကြီး ပန်းချီကားတွေကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဈေးနုန်းအနေဖြင့် Vertu Signature Touch Collections ကိုအနိမ့်ဆုံး မြန်မာငွေ သိန်း ၁၆၀ ခန့်မှစတင်ပြီးရောင်းချပါတယ်။ အမြင့်ဆုံးကတော့ သိန်းထောင်ကျော်အထိရှိပါတယ်။

Credit: MMCele

 

ထပ္မံဖမ္းဆီးရမိလိုက္တဲ့ သန္းနဲ႔ခ်ီတဲ့ စံခ်ိန္တင္မူးယစ္ေဆးဝါးမ်ား

0

ၾသဂုတ္ ၂၁ ရက္ေန႔က ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ စံခ်ိန္တင္ေလာက္ေအာင္ကို မ်ားျပားတဲ့အေရအတြက္ပမာဏနဲ႔ စိတ္ႂကြမူးယစ္ေဆးျပားမ်ားဖမ္းမိခဲ့တယ္လို႔သိရပါတယ္။အဆိုပါ မူးယစ္ေဆးဝါးေတြဟာ လာအိုႏိုင္ငံဘက္မွ ထိုင္းႏိုင္ငံသို႔ တင္သြင္းလာတာျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ားနဲ႔ အတူကားနဲ႔သယ္ေဆာင္လာတဲ့ ထိုင္းအမ်ိဳးသားတစ္ဦးကိုပါ ဖမ္းဆီးႏိုင္ခဲ့တယ္လို႔သိရပါတယ္။ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးမ်ားကေတာ့ စိတ္ႂကြမူးယစ္ေဆးျပား ၃ ဒသမ ၂ သန္းနဲ႔ ခရစၥတယ္ မက္သဖက္တမင္း ၁၇၀ ကီလိုဂရမ္တို႔ပဲျဖစ္ပါတယ္။

ခန္ခ်စ္လို႔ အမည္ရတဲ့ ထိုအမ်ဳ်ိးသားကေတာ့ ဘိလပ္ေျမတင္ ေလာ္ရီကားတစီးနဲ႔ မူးယစ္ေဆးဝါးေတြကို သယ္ေဆာင္လာခဲ့တာျဖစ္ၿပီး ေမာင္ခ႐ိုင္ထဲက ဘိလပ္ေျမစက္႐ုံေရွ႕မွာေခတၱ ရပ္ထားခ်ိန္ ကင္းလွည့္ ရဲတပ္ဖြဲ႕နဲ႔ ေတြ႕ဆုံၿပီး စစ္ေဆးဖမ္းဆီးခံခဲ့ရတာပဲ ျဖစ္ပါတယ္။ရဲတပ္မွစစ္ေဆးခ်ိန္မွာေတာ့ ကားေပၚတြင္ အနက္ေရာင္ ပလတ္စတစ္အိတ္ေတြနဲ႔ အုပ္ထားတဲ့ မူးယစ္ေဆးဝါးအိတ္ ၁၉ အိတ္ကို စစ္ေဆးေတြ႕ရွိခဲ့ၿပီး ၁၃ အိတ္ထဲမွာ စိတ္ႂကြမူးယစ္ေဆးျပား ၃ ဒသမ ၂ သန္းရွာေဖြေတြ႕ရွိခဲ့ကာ က်န္တဲ့ ၆ အိတ္ထဲမွာေတာ့ မက္သဖက္တမင္း ၁၇၀ ကီလိုဂရမ္ကို သယ္ေဆာင္လာခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ခန္ခ်စ္ကေတာ့ ဘိလပ္ေျမသယ္ေဆာင္တဲ့ ယာဥ္ေမာင္းတစ္ဦးျဖစ္ၿပီး ဘိလပ္ေျမေတြကို လာအိုႏိုင္ငံသို႔ ေမာင္းႏွင္ပို႔ေဆာင္ခဲ့ရာမွ ခ်ိဳင္ဖြန္အမည္ရတဲ့ မူးယစ္ေမွာင္ခိုတစ္ဦးနဲ႔ ေတြ႕ဆုံခဲ့ပဲတာ ျဖစ္ပါတယ္။အဲဒီေနာက္မွာေတာ့ မူးယစ္ေဆးဝါးေတြကို လာအိုကေန ထိုင္းႏိုင္ငံတြင္း သယ္ေဆာင္လာဖို႔ အခေပး ခိုင္းေစခဲ့တာျဖစ္ၿပီး အဆိုပါသယ္ယူပို႔ေဆာင္ျခင္းအလုပ္အတြက္ ဘတ္ ၂ သိန္းရရွိတယ္လို႔သိရပါတယ္။ ခန္ခ်စ္ဟာမူးယစ္ေဆးဝါးစြဲေနသူတစ္ဦးျဖစ္တယ္လို႔သိရၿပီး မူးယစ္ေဆးဝါးေတြကို ထိုင္း-လာအို ခ်စ္ၾကည္ေရးတံတားမွတဆင့္ ျဖတ္သန္းသယ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လိုအပ္တဲ့ စုံစမ္းစစ္ေဆးမႈေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ေဖာ္ျပသြားခဲ့ပါတယ္။

သတင္းအရင္းအျမစ္ – DVB

Unicode

သြဂုတ် ၂၁ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်းတွင် စံချိန်တင်လောက်အောင်ကို များပြားတဲ့အရေအတွက်ပမာဏနဲ့ စိတ်ကြွမူးယစ်ဆေးပြားများဖမ်းမိခဲ့တယ်လို့သိရပါတယ်။အဆိုပါ မူးယစ်ဆေးဝါးတွေဟာ လာအိုနိုင်ငံဘက်မှ ထိုင်းနိုင်ငံသို့ တင်သွင်းလာတာဖြစ်ပြီး မူးယစ်ဆေးဝါးများနဲ့ အတူကားနဲ့သယ်ဆောင်လာတဲ့ ထိုင်းအမျိုးသားတစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကတော့ စိတ်ကြွမူးယစ်ဆေးပြား ၃ ဒသမ ၂ သန်းနဲ့ ခရစ္စတယ် မက်သဖက်တမင်း ၁၇၀ ကီလိုဂရမ်တို့ပဲဖြစ်ပါတယ်။

ခန်ချစ်လို့ အမည်ရတဲ့ ထိုအမျုျိးသားကတော့ ဘိလပ်မြေတင် လော်ရီကားတစီးနဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာခဲ့တာဖြစ်ပြီး မောင်ခရိုင်ထဲက ဘိလပ်မြေစက်ရုံရှေ့မှာခေတ္တ ရပ်ထားချိန် ကင်းလှည့် ရဲတပ်ဖွဲ့နဲ့ တွေ့ဆုံပြီး စစ်ဆေးဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။ရဲတပ်မှစစ်ဆေးချိန်မှာတော့ ကားပေါ်တွင် အနက်ရောင် ပလတ်စတစ်အိတ်တွေနဲ့ အုပ်ထားတဲ့ မူးယစ်ဆေးဝါးအိတ် ၁၉ အိတ်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၁၃ အိတ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၃ ဒသမ ၂ သန်းရှာဖွေတွေ့ရှိခဲ့ကာ ကျန်တဲ့ ၆ အိတ်ထဲမှာတော့ မက်သဖက်တမင်း ၁၇၀ ကီလိုဂရမ်ကို သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ခန်ချစ်ကတော့ ဘိလပ်မြေသယ်ဆောင်တဲ့ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဘိလပ်မြေတွေကို လာအိုနိုင်ငံသို့ မောင်းနှင်ပို့ဆောင်ခဲ့ရာမှ ချိုင်ဖွန်အမည်ရတဲ့ မူးယစ်မှောင်ခိုတစ်ဦးနဲ့ တွေ့ဆုံခဲ့ပဲတာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ မူးယစ်ဆေးဝါးတွေကို လာအိုကနေ ထိုင်းနိုင်ငံတွင်း သယ်ဆောင်လာဖို့ အခပေး ခိုင်းစေခဲ့တာဖြစ်ပြီး အဆိုပါသယ်ယူပို့ဆောင်ခြင်းအလုပ်အတွက် ဘတ် ၂ သိန်းရရှိတယ်လို့သိရပါတယ်။ ခန်ချစ်ဟာမူးယစ်ဆေးဝါးစွဲနေသူတစ်ဦးဖြစ်တယ်လို့သိရပြီး မူးယစ်ဆေးဝါးတွေကို ထိုင်း-လာအို ချစ်ကြည်ရေးတံတားမှတဆင့် ဖြတ်သန်းသယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

သတင်းအရင်းအမြစ် – DVB

 

ျဖစ္ခ်င္တာေတြမျဖစ္လိုက္ရေပမဲ့ တိုင္းျပည္ကအားထားရတဲ့ သူေဌးတစ္ေယာက္ျဖစ္သြားတဲ့ေကာင္ေလး

0

ျဖစ္ခ်င္တာေတြမျဖစ္လိုက္ရေပမဲ့ တိုင္းျပည္ကအားထားရတဲ့ သူေဌးတစ္ေယာက္ျဖစ္သြားတဲ့ေကာင္ေလးတစ္ေယာက္ကေတာ့ ဦးေဇာ္ေဇာ္ပါ။ သူျဖစ္ခ်င္တာ အင္ဂ်င္နီယာတစ္ေယာက္ပါ။

ဒါေပမဲ့လက္ရွိမွာေတာ့ …..ဦးေဇာ္ေဇာ္ဆိုရင္ ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံးသိၾကပါတယ္။

သူ႔ရဲ႕ခ်မ္းသာႂကြယ္ဝမႈေၾကာင့္ဆိုရင္လည္းမမွားပါဘူး။ ျမန္မာျပည္ရဲ႕ခ်မ္းသာႂကြယ္ဝသူအမ်ားႀကီးေတြထဲမွာမွ သူဟာေကာင္းသတင္းေတြနဲ႔ မွတ္သားခံရတဲ့သူတစ္ဦးပါ။

၁၉၆၇ ခုႏွစ္၊ ၾသဂုတ္ ၂၂ ရက္ေန႔မွာ ေမြးဖြားခဲတဲ့ ဦးေဇာ္ေဇာ္ဟာ ဒီေန႔မွာေတာ့ ၅၁ ႏွစ္ျပည့္ၿပီျဖစ္ပါတယ္။

အသက္ (၂၀) ဝန္းက်င္မွာ ႏိုင္ငံရပ္ျခားကိုထြက္ခြာခဲ့ရၿပီး တစ္ေန႔ ေဒၚလာ ၁၀၀ ဝန္းက်င္နဲ႔ ေျခာက္ႏွစ္ၾကာ သေဘာေပၤၚမွာ ေအာက္ေျခသိမ္းအလုပ္ေတြလုပ္ကိုင္ခဲ့ရသူျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ တိုင္းျပည္ရဲ႕က်န္းမာေရး၊ လူမႈေရးကိစၥေတြမွာ ေဒၚလာသန္းခ်ီလႉဒါန္းမႈေတြအပါအဝင္ ျမန္မာ့ေဘာလုံးေလာကမွာလည္း အကူအညီအေထာက္အပံ့မ်ားစြာအား ယခုတိုင္ေပးေနတာေၾကာင့္ တစ္တိုင္းျပည္လုံးကအားထားရတဲ့ သူလို႔ေတာင္ဆိုႏိုင္ပါတယ္။

ေဒၚလာသန္းခ်ီတန္ကုမၸဏီႀကီးကိုပိုင္ဆိုင္ထားတဲ့ သူေဌးႀကီးဦးေဇာ္ေဇာ္ျဖစ္လာဖို႔ ပန္းခင္းတဲ့လမ္းအတိုင္းေလွ်ာက္လာခဲ့ရတာေတာ့မဟုတ္ပါဘူး။

ဘီလီယံေပါင္းမ်ားစြာ ပိုင္ဆိုင္ထားတယ္လို႔လည္း အတည္မျပဳႏိုင္ေပမဲ့ လက္ခံႏိုင္စရာအၾကာင္းေတြမ်ားစြာရွိေနတုန္းပါပဲ။

ဒါေပမဲ့သူရဲ႕ခ်မ္းသာႂကြယ္ဝမႈေတြကိုအၿမဲပိုင္ဆိုင္မယ္လို႔ သူမယုံၾကည္ထားပါဘူး။

ၿပီးခဲ့တဲ့ႏွစ္ (၂၀၁၇) တုန္းက ဝန္ထမ္းတစ္ဦးရဲ႕ အခက္အခဲေတြကို ဘယ္လိုျဖတ္သန္းလဲဆိုတဲ့ေမးခြန္းကို “ဒါဟာတည္ၿမဲတဲ့လိုမေခၚေသးဘူး အခုအခ်ိန္မွာတစ္ခုခု Crisis ျဖစ္ၾကည့္ အခ်ိန္မေ႐ြးေဒဝါလီခံသြားရတဲ့ဘဝ ျဖစ္သြားႏိုင္တယ္၊ ဒါေပမဲ့ ဘာလုပ္မွာလဲ၊ ေမြးကတည္းက ဘာမွပါမလာတာ၊ ရင္ဆိုင္႐ုံပဲရွိေတာ့တာေပ့ါ။ ျဖစ္ေတာ့ဘာျဖစ္လဲ၊ အဲ့စိတ္ေတာ့ေမြးဖို႔လိုတယ္။” လို႔ျပန္လည္ေျဖၾကားခဲ့ပါတယ္။

လူေတာ္ေတာ္မ်ားမ်ားသိတဲ့အတိုင္း ဦးေဇာ္ေဇာ္ဟာ ဧရာဝတီတိုင္းကလာတယ္။

အင္မတန္အစအေနာက္သန္တဲ့ေကာင္ေလးတစ္ေယာက္ဟာ ငယ္စဥ္ကတည္းကေျပာရဲဆိုရဲပါ။

သူစရင္ ငိုရတယ္လို႔ သူငယ္ခ်င္းမိန္းကေလးေတြေျပာပါတယ္။ သူဟာခံစားလြယ္သူတစ္ေယာက္လည္းျဖစ္လို႔ ႏိုင္ငံေရးမွာ ျပင္းျပင္းထန္ထန္ပါဝင္ခဲ့ပါတယ္။

စစ္တပ္ကအာဏာသိမ္းခဲ့လို႔ ပုဆိုးတိုတိုနဲ႔ လမ္းမွာထိုင္ငိုခဲ့တယ္လို႔ သူငယ္ခ်င္းျဖစ္သူကေျပာပါတယ္။

ငယ္စဥ္မွာသူဟာ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်င္တယ္။

ရည္႐ြယ္ထားတဲ့အတိုင္းျဖစ္မလာဘူး။ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္သူျပည္ပကိုထြက္ခဲ့ရတယ္။

စကၤာပူကိုစတင္ထြက္ခဲ့တယ္။ အလုပ္ေလွ်ာက္ေတာ့ပိုက္ဆံမရွိလို႔လမ္းေလွ်ာက္သြားခဲ့ပါတယ္။

အလုပ္မရခင္ ဗီဇာသက္တမ္းကုန္လို႔ မေလးရွားကိုသြားရပါတယ္။ မေလးရွားမွ အလုပ္ရၿပီး သေဘၤာလိုက္တယ္။

လူပုံေပ်ာ့တာေၾကာင့္ သေဘၤာမွာမလုပ္ႏိုင္ဟုေတာင္ ထင္ေၾကးေပးခဲ့ရတာျဖစ္ပါတယ္။

အဂၤလိပ္စာလည္းမကြၽမ္းက်င္တာေၾကာင့္ အခက္အခဲမ်ားစြာႀကဳံရပါတယ္။

သေဘၤာေပၚမွာ ပဲ ျမန္မာစီနီယာတစ္ဦးထံမွာ သင္ၾကားမႈေတြျပဳလုပ္ခဲ့ပါတယ္။

ခက္ခက္ခဲခဲပဲတည္ေဆာက္ခဲ့ရတဲ့သူ႔ေနရက္ေတြကို သူဟာအၿမဲအမွတ္တရေျပာျဖစ္တယ္။

၁၉၉၂ ဝန္းက်င္မွာ ဂ်ပန္သို႔ေရာက္ရွိခဲ့ၿပီး ယခုေဒၚလာသန္းခ်ီလည္ပတ္ေနတဲ့ Max ကိုစတင္ခဲ့ပါတယ္။ စတင္စဥ္ကေတာ့ ဂ်ပန္ကားအေရာင္းအဝယ္ပါ။ အိမ္ေထာာင္ဖက္ကိုလည္း ဂ်ပန္မွာပဲေတြ႕ရွိခဲ့ၿပီး ၁၉၉၅ မွာလက္ထက္ခဲ့ပါတယ္။

ျမန္မာျပည္ကိုျပန္လာတဲ့အခ်ိန္ဟာလည္း ၁၉၉၅ ခုႏွစ္ျဖစ္ပါတယ္။ ျပန္ေရာက္လာတဲ့အခါမွာေတာ့ သူဟာႏိုင္ငံေရးမွာ ပါဝင္ျခင္းမရွိေတာ့ဘဲ စီးပြားေရးကိုသာ ေဇာက္ခ်လုပ္ကိုင္ခဲ့ပါတယ္။

(၇) ႏွစ္တာကာလအတြင္းမွာ Max ဟာ ဟိုတယ္လုပ္ငန္းမ်ား၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား၊ ဘဏ္လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ား၊ ဘိလပ္ေျမထုတ္လုပ္ျခင္းလုပ္ငန္း၊ သတၱဳတူးေဖာ္ျခင္းလုပ္ငန္းစတဲ့ လုပ္ငန္းေပါင္းမ်ားစြာကို ခ်ဲ႕ထြင္ႏိုင္ခဲ့ပါတယ္။

သူဟာ ျမန္မာေဘာလုံးေလာကအတြက္အေရးပါသူတစ္ဦးျဖစ္႐ုံမဟုတ္ပါဘူး။

အာဆီေဘာလုံးေလာကအတြက္လည္း တန္ဖိုးထား ေလးစားခံရသူတစ္ဦးျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွ ဦးေဇာ္ေဇာ္ကို အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယဥကၠဌအျဖစ္ခန႔္အပ္ခဲ့ပါတယ္။

ဒါအျပင္ အာဆီယံေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕အျမင့္ဆုံးဆုျဖစ္သည့္ AFF Goodwill Awards ဆုကို၂၀၁၇ မွာသူဟာလက္ခံရရွိခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံရဲ႕ နာမည္ပ်က္စာရင္း ဆန္ရွင္ကေနဖယ္ရွားေပးခံရတဲ့ ျမန္မာသူေဌးတစ္ဦးျဖစ္ပါတယ္။

၂၀၁၇၊ ေမလမွေတာ့ သူဟာအေမရိကန္ကိုသြားေရာက္ၿပီး စီးပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ႏိုင္ရန္အတြက္ အေမရိကန္ကိုသြားေရာက္ခဲ့ပါတယ္။

သူ႔ရဲ႕ခံယူခ်က္ကေတာ့ အမ်ားအတြက္ စိတ္ေမြးရင္ပိုၿပီးေအာင္ျမင္တယ္၊ မိသားစုအတြက္၊ တိုင္းျပည္အတြက္ အလုပ္လုပ္တာျဖစ္တယ္လို႔ ဆိုထားပါတယ္။

Credit: MyanmarNote

Unicode

ဖြစ်ချင်တာတွေမဖြစ်လိုက်ရပေမဲ့ တိုင်းပြည်ကအားထားရတဲ့ သူဌေးတစ်ယောက်ဖြစ်သွားတဲ့ကောင်လေးတစ်ယောက်ကတော့ ဦးဇော်ဇော်ပါ။ သူဖြစ်ချင်တာ အင်ဂျင်နီယာတစ်ယောက်ပါ။

ဒါပေမဲ့လက်ရှိမှာတော့ …..ဦးဇော်ဇော်ဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသိကြပါတယ်။

သူ့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်ဆိုရင်လည်းမမှားပါဘူး။ မြန်မာပြည်ရဲ့ချမ်းသာကြွယ်ဝသူအများကြီးတွေထဲမှာမှ သူဟာကောင်းသတင်းတွေနဲ့ မှတ်သားခံရတဲ့သူတစ်ဦးပါ။

၁၉၆၇ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့မှာ မွေးဖွားခဲတဲ့ ဦးဇော်ဇော်ဟာ ဒီနေ့မှာတော့ ၅၁ နှစ်ပြည့်ပြီဖြစ်ပါတယ်။

အသက် (၂၀) ဝန်းကျင်မှာ နိုင်ငံရပ်ခြားကိုထွက်ခွာခဲ့ရပြီး တစ်နေ့ ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ ခြောက်နှစ်ကြာ သဘောင်္ပေါ်မှာ အောက်ခြေသိမ်းအလုပ်တွေလုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။

ဒီနေ့မှာတော့ တိုင်းပြည်ရဲ့ကျန်းမာရေး၊ လူမှုရေးကိစ္စတွေမှာ ဒေါ်လာသန်းချီလှူဒါန်းမှုတွေအပါအဝင် မြန်မာ့ဘောလုံးလောကမှာလည်း အကူအညီအထောက်အပံ့များစွာအား ယခုတိုင်ပေးနေတာကြောင့် တစ်တိုင်းပြည်လုံးကအားထားရတဲ့ သူလို့တောင်ဆိုနိုင်ပါတယ်။

ဒေါ်လာသန်းချီတန်ကုမ္ပဏီကြီးကိုပိုင်ဆိုင်ထားတဲ့ သူဌေးကြီးဦးဇော်ဇော်ဖြစ်လာဖို့ ပန်းခင်းတဲ့လမ်းအတိုင်းလျှောက်လာခဲ့ရတာတော့မဟုတ်ပါဘူး။

ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားတယ်လို့လည်း အတည်မပြုနိုင်ပေမဲ့ လက်ခံနိုင်စရာအကြာင်းတွေများစွာရှိနေတုန်းပါပဲ။

ဒါပေမဲ့သူရဲ့ချမ်းသာကြွယ်ဝမှုတွေကိုအမြဲပိုင်ဆိုင်မယ်လို့ သူမယုံကြည်ထားပါဘူး။

ပြီးခဲ့တဲ့နှစ် (၂၀၁၇) တုန်းက ဝန်ထမ်းတစ်ဦးရဲ့ အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းလဲဆိုတဲ့မေးခွန်းကို “ဒါဟာတည်မြဲတဲ့လိုမခေါ်သေးဘူး အခုအချိန်မှာတစ်ခုခု Crisis ဖြစ်ကြည့် အချိန်မရွေးဒေဝါလီခံသွားရတဲ့ဘဝ ဖြစ်သွားနိုင်တယ်၊ ဒါပေမဲ့ ဘာလုပ်မှာလဲ၊ မွေးကတည်းက ဘာမှပါမလာတာ၊ ရင်ဆိုင်ရုံပဲရှိတော့တာပေ့ါ။ ဖြစ်တော့ဘာဖြစ်လဲ၊ အဲ့စိတ်တော့မွေးဖို့လိုတယ်။” လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

လူတော်တော်များများသိတဲ့အတိုင်း ဦးဇော်ဇော်ဟာ ဧရာဝတီတိုင်းကလာတယ်။

အင်မတန်အစအနောက်သန်တဲ့ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ကတည်းကပြောရဲဆိုရဲပါ။

သူစရင် ငိုရတယ်လို့ သူငယ်ချင်းမိန်းကလေးတွေပြောပါတယ်။ သူဟာခံစားလွယ်သူတစ်ယောက်လည်းဖြစ်လို့ နိုင်ငံရေးမှာ ပြင်းပြင်းထန်ထန်ပါဝင်ခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့လို့ ပုဆိုးတိုတိုနဲ့ လမ်းမှာထိုင်ငိုခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။

ငယ်စဉ်မှာသူဟာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်။

ရည်ရွယ်ထားတဲ့အတိုင်းဖြစ်မလာဘူး။ နိုင်ငံရေးအခြေအနေတွေကြောင့်သူပြည်ပကိုထွက်ခဲ့ရတယ်။

စင်္ကာပူကိုစတင်ထွက်ခဲ့တယ်။ အလုပ်လျှောက်တော့ပိုက်ဆံမရှိလို့လမ်းလျှောက်သွားခဲ့ပါတယ်။

အလုပ်မရခင် ဗီဇာသက်တမ်းကုန်လို့ မလေးရှားကိုသွားရပါတယ်။ မလေးရှားမှ အလုပ်ရပြီး သင်္ဘောလိုက်တယ်။

လူပုံပျော့တာကြောင့် သင်္ဘောမှာမလုပ်နိုင်ဟုတောင် ထင်ကြေးပေးခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလိပ်စာလည်းမကျွမ်းကျင်တာကြောင့် အခက်အခဲများစွာကြုံရပါတယ်။

သင်္ဘောပေါ်မှာ ပဲ မြန်မာစီနီယာတစ်ဦးထံမှာ သင်ကြားမှုတွေပြုလုပ်ခဲ့ပါတယ်။

ခက်ခက်ခဲခဲပဲတည်ဆောက်ခဲ့ရတဲ့သူ့နေရက်တွေကို သူဟာအမြဲအမှတ်တရပြောဖြစ်တယ်။

၁၉၉၂ ဝန်းကျင်မှာ ဂျပန်သို့ရောက်ရှိခဲ့ပြီး ယခုဒေါ်လာသန်းချီလည်ပတ်နေတဲ့ Max ကိုစတင်ခဲ့ပါတယ်။ စတင်စဉ်ကတော့ ဂျပန်ကားအရောင်းအဝယ်ပါ။ အိမ်ထောာင်ဖက်ကိုလည်း ဂျပန်မှာပဲတွေ့ရှိခဲ့ပြီး ၁၉၉၅ မှာလက်ထက်ခဲ့ပါတယ်။

မြန်မာပြည်ကိုပြန်လာတဲ့အချိန်ဟာလည်း ၁၉၉၅ ခုနှစ်ဖြစ်ပါတယ်။ ပြန်ရောက်လာတဲ့အခါမှာတော့ သူဟာနိုင်ငံရေးမှာ ပါဝင်ခြင်းမရှိတော့ဘဲ စီးပွားရေးကိုသာ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။

(၇) နှစ်တာကာလအတွင်းမှာ Max ဟာ ဟိုတယ်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းစတဲ့ လုပ်ငန်းပေါင်းများစွာကို ချဲ့ထွင်နိုင်ခဲ့ပါတယ်။

သူဟာ မြန်မာဘောလုံးလောကအတွက်အရေးပါသူတစ်ဦးဖြစ်ရုံမဟုတ်ပါဘူး။

အာဆီဘောလုံးလောကအတွက်လည်း တန်ဖိုးထား လေးစားခံရသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှ ဦးဇော်ဇော်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌအဖြစ်ခန့်အပ်ခဲ့ပါတယ်။

ဒါအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့အမြင့်ဆုံးဆုဖြစ်သည့် AFF Goodwill Awards ဆုကို၂၀၁၇ မှာသူဟာလက်ခံရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ နာမည်ပျက်စာရင်း ဆန်ရှင်ကနေဖယ်ရှားပေးခံရတဲ့ မြန်မာသူဌေးတစ်ဦးဖြစ်ပါတယ်။

၂၀၁၇၊ မေလမှတော့ သူဟာအမေရိကန်ကိုသွားရောက်ပြီး စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နိုင်ရန်အတွက် အမေရိကန်ကိုသွားရောက်ခဲ့ပါတယ်။

သူ့ရဲ့ခံယူချက်ကတော့ အများအတွက် စိတ်မွေးရင်ပိုပြီးအောင်မြင်တယ်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက် အလုပ်လုပ်တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Credit: MyanmarNote

ရိုက္ကြင္းေနာက္ကြယ္မွာ ကေလးတစ္ေယာက္ဆီက ကြန္ဖူးျပန္သင္ယူေနရတဲ့ ဂ်က္ကီခ်န္း

0

ျမန္မာပရိသတ္အမ်ားစုက ႏွစ္သက္ၾကတဲ့ ဂ်က္ကီခ်န္းဟာ ရုပ္ရွင္ေလာကမွာ အလုပ္ၾကိဳးစားသူတစ္ဦးျဖစ္ပါတယ္။ အတိုက္အခိုက္ ကြန္ဖူးပညာရပ္ကြ်မ္းက်င္သူ ဂ်က္ကီခ်န္းဟာ ဟာသအက္ရွင္ကားေပါင္းမ်ားစြာကို ရိုက္ကူးခဲ့သူလည္း ျဖစ္ပါတယ္။ အသက္(၆၄)ႏွစ္ရွိၿပီျဖစ္တဲ့ သူဟာ ဇာတ္၀င္ကားေတြထဲ သရုပ္ေဆာင္ရင္းနဲ႔လည္း မေတာ္တဆထိခိုက္မႈေတြ အမ်ားၾကီး ၾကံဳေတြ႔ခဲ့ဖူးသူျဖစ္ပါတယ္။

(၂၀၁၁)ခုႏွစ္မွာေတာ့ ဂ်က္ကီခ်န္းဟာ သူ႔ရဲ႕ အၾကိမ္(၁၀၀)ေျမာက္ ရုပ္ရွင္ကားအျဖစ္ (၁၉၁၁) အမည္ရတဲ့ ရုပ္ရွင္ထြက္ရွိခဲ့ပါတယ္။ သူ႔ရဲ႕ အႏုပညာဖန္တီးမႈေတြကို ဂ်က္ကီခ်န္းဟာ ဒီေနရာမွာတင္ မရပ္လိုက္ပါဘူး။ ေနာက္ထပ္ ရုပ္ရွင္ကား(၁၅)ကားကို ရိုက္ကူးၿပီးခဲ့ၿပီး (၉)ကားကို ဆက္လက္ထုတ္လုပ္လ်က္ရွိေနပါတယ္။ အခုတေလာမွာေတာ့ ဂ်က္ကီခ်န္းနဲ႔ ပတ္သက္လို႔ အြန္လိုင္းမွာ ဗီဒီိယိုေဟာင္းေလးတစ္ခုျပန္တက္လာပါတယ္။

ဗီဒီယိုအပိုင္းေလးဟာ (၂၀၁၁)ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ ေဟာင္ေကာင္-တရုတ္ ကြန္ဖူးကား Shaolin ပဲျဖစ္ပါတယ္။ ထိုဇာတ္ကားထဲမွာ ဂ်က္ကီခ်န္းဟာ ေရွာင္လင္ဟင္းခ်က္ဘုန္းၾကီး Wudao အျဖစ္ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ အခုေတြ႔ရတဲ့ ဗီဒီိယိုကေတာ့ Sholin ဇာတ္ကား ရိုက္ကြင္းေနာက္ကြယ္မွာ ရိုက္ကူးထားတဲ့ ဗီဒီယိုေလးျဖစ္ပါတယ္။ ဗီဒီယိုထဲမွာေတာ့ ေရွာင္လင္ေက်ာင္းက ဘုန္းႀကီးေလးတစ္ပါးဟာ ဂ်က္ကီခ်န္းကို သိုင္းသင္ေပးေနတာပါ။ သင္ေပးေနရင္းနဲ႔ ဂ်က္ကီခ်န္းက ေျခေထာက္အေနအထား မွားယြင္းသြားတဲ့အခါ ကေလးက ျပန္ျပင္ေပးေနတာကိုလည္း ေတြ႔ရမွာပါ။

ယင္းဗီဒီယိုကိုေတာ့ ဂ်က္ကီခ်န္းပရိသတ္ေတြက Reddit မွာ ျပန္လည္မွ်ေ၀ထားခဲ့ရာကေန အခုဆိုရင္ ၾကည့္ရႈတဲ့ အၾကိမ္ေပါင္း(၂)သန္းေက်ာ္ရွိခဲ့ပါၿပီ။ ကြ်မ္းက်င္တဲ့ ကြန္ဖူးသမားတစ္ဦးျဖစ္ေပမယ့္ ကိုယ့္ထက္ အမ်ားႀကီး အေတြ႔အႀကံဳ ႏုနယ္တဲ့ လူငယ္တစ္ဦးရဲ႕ သင္ျပမႈကို စိတ္ရွည္လက္ရွည္နဲ႔ တေလးတစားျပဳလုပ္ေနတဲ႔ ဂ်က္ကီခ်န္းကို ခ်ီးက်ဴးဖြယ္ေတြ႔ရသလို အသက္ငယ္ေပမယ့္ ဆရာၾကီးတစ္ဦးပမာ ဂ်က္ကီခ်န္းရဲ႕ အမွားေတြကို လိုက္ျပင္ေပးေနတဲ့ ဘုန္းႀကီးေလးကိုလည္း ခ်စ္စဖြယ္ေကာင္းစြာ ေတြ႔ရမွာပဲျဖစ္ပါတယ္။

Credit- Shwemom

Unicode

မြန်မာပရိသတ်အများစုက နှစ်သက်ကြတဲ့ ဂျက်ကီချန်းဟာ ရုပ်ရှင်လောကမှာ အလုပ်ကြိုးစားသူတစ်ဦးဖြစ်ပါတယ်။ အတိုက်အခိုက် ကွန်ဖူးပညာရပ်ကျွမ်းကျင်သူ ဂျက်ကီချန်းဟာ ဟာသအက်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။ အသက်(၆၄)နှစ်ရှိပြီဖြစ်တဲ့ သူဟာ ဇာတ်ဝင်ကားတွေထဲ သရုပ်ဆောင်ရင်းနဲ့လည်း မတော်တဆထိခိုက်မှုတွေ အများကြီး ကြုံတွေ့ခဲ့ဖူးသူဖြစ်ပါတယ်။

(၂၀၁၁)ခုနှစ်မှာတော့ ဂျက်ကီချန်းဟာ သူ့ရဲ့ အကြိမ်(၁၀၀)မြောက် ရုပ်ရှင်ကားအဖြစ် (၁၉၁၁) အမည်ရတဲ့ ရုပ်ရှင်ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ အနုပညာဖန်တီးမှုတွေကို ဂျက်ကီချန်းဟာ ဒီနေရာမှာတင် မရပ်လိုက်ပါဘူး။ နောက်ထပ် ရုပ်ရှင်ကား(၁၅)ကားကို ရိုက်ကူးပြီးခဲ့ပြီး (၉)ကားကို ဆက်လက်ထုတ်လုပ်လျက်ရှိနေပါတယ်။ အခုတလောမှာတော့ ဂျက်ကီချန်းနဲ့ ပတ်သက်လို့ အွန်လိုင်းမှာ ဗီဒီယိုဟောင်းလေးတစ်ခုပြန်တက်လာပါတယ်။

ဗီဒီယိုအပိုင်းလေးဟာ (၂၀၁၁)ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဟောင်ကောင်-တရုတ် ကွန်ဖူးကား Shaolin ပဲဖြစ်ပါတယ်။ ထိုဇာတ်ကားထဲမှာ ဂျက်ကီချန်းဟာ ရှောင်လင်ဟင်းချက်ဘုန်းကြီး Wudao အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အခုတွေ့ရတဲ့ ဗီဒီယိုကတော့ Sholin ဇာတ်ကား ရိုက်ကွင်းနောက်ကွယ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ရှောင်လင်ကျောင်းက ဘုန်းကြီးလေးတစ်ပါးဟာ ဂျက်ကီချန်းကို သိုင်းသင်ပေးနေတာပါ။ သင်ပေးနေရင်းနဲ့ ဂျက်ကီချန်းက ခြေထောက်အနေအထား မှားယွင်းသွားတဲ့အခါ ကလေးက ပြန်ပြင်ပေးနေတာကိုလည်း တွေ့ရမှာပါ။

ယင်းဗီဒီယိုကိုတော့ ဂျက်ကီချန်းပရိသတ်တွေက Reddit မှာ ပြန်လည်မျှဝေထားခဲ့ရာကနေ အခုဆိုရင် ကြည့်ရှုတဲ့ အကြိမ်ပေါင်း(၂)သန်းကျော်ရှိခဲ့ပါပြီ။ ကျွမ်းကျင်တဲ့ ကွန်ဖူးသမားတစ်ဦးဖြစ်ပေမယ့် ကိုယ့်ထက် အများကြီး အတွေ့အကြုံ နုနယ်တဲ့ လူငယ်တစ်ဦးရဲ့ သင်ပြမှုကို စိတ်ရှည်လက်ရှည်နဲ့ တလေးတစားပြုလုပ်နေတဲ့ ဂျက်ကီချန်းကို ချီးကျူးဖွယ်တွေ့ရသလို အသက်ငယ်ပေမယ့် ဆရာကြီးတစ်ဦးပမာ ဂျက်ကီချန်းရဲ့ အမှားတွေကို လိုက်ပြင်ပေးနေတဲ့ ဘုန်းကြီးလေးကိုလည်း ချစ်စဖွယ်ကောင်းစွာ တွေ့ရမှာပဲဖြစ်ပါတယ်။
Credit- Shwemom

 

အသက္ (၈၅)ႏွစ္ႏွင့္အထက္ ဘုိးဘြားမ်ားအား ေထာက္ပံ့ေၾကးေပးေတာ့မည္

0

စက္တင္ဘာမွ စတင္မည့္၂၀၁၈-၁၉ ဘ႑ာႏွစ္က စ၍ အသက္(၈၅)ႏွစ္ႏွင့္အထက္ ဘုိး ဘြားမ်ားအား လူမႈေရးပင္စင္ေၾကး အျဖစ္ တစ္လလွ်င္ က်ပ္တစ္ ေသာင္းစီ ေထာက္ပံ့ေပးမည္ဟု လူမႈ၀န္ထမ္းဦးစီးဌာန ၫႊန္ၾကား ေရးမွဴးခ်ဳပ္ ေဒါက္တာစမ္းစမ္း ေအးက ေျပာသည္။

လူမႈေရးပင္စင္ေၾကးကို ၿပီး ခဲ့သည့္ ၂၀၁၇-၁၈ ဘ႑ာႏွစ္ ကတည္းက စတင္ေထာက္ပံ့ေပး ျခင္းျဖစ္ကာ အသက္ (၉၀) ႏွစ္အထက္ ဘုိးဘြားမ်ားသာ ေထာက္ပံ့ေပးၿပီး ဘုိးဘြားဦးေရ ေလး ေသာင္းေက်ာ္အား ေထာက္ပံ့ႏုိင္ ခဲ့သည္။

ယခုအခါ အသက္(၈၅)ႏွစ္ ႏွင့္အထက္ ဘိုးဘြားမ်ားကိုပါ တုိး ျမႇင့္ေထာက္ပံ့မည္ျဖစ္ၿပီး တစ္ႏုိင္ငံလုံးမွ ဘုိးဘြားေပါင္း တစ္သိန္းေလးေသာင္းခန္႔အား ေထာက္ပံ့ေပးႏုိင္မည္ဟု ေမွ်ာ္မွန္းထားေၾကာင္း ေဒါက္တာစမ္းစမ္းေအးက ေျပာ ၾကားသည္။

‘‘သက္ႀကီးဘုိးဘြားေတြ စား ၀တ္ေနေရး၊ က်န္းမာေရးတို႔ အ ဆင္ေျပေစဖုိ႔အတြက္ အသက္ (၈၅)ႏွစ္အထက္ကိုပါ ေထာက္ပံ့ ေပးမွာ ျဖစ္ပါတယ္။ ဘုိးဘြားအ ေရအတြက္အားျဖင့္လည္း ပိုၿပီး ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္’’ ဟု ၎ကေျပာသည္။

ဘိုးဘြားမ်ားကို လူမႈေရးပင္ စင္ေထာက္ပံ့ရာတြင္ တစ္လလွ်င္ က်ပ္တစ္ေသာင္းခဲြအထိ တိုးျမႇင့္ေထာက္ပံ့ေပးႏုိင္ရန္ စီစဥ္ေနေၾကာင္း ေ ဒါက္တာစမ္းစမ္းေအးက ေျပာသည္။

အသက္(၈၅)ႏွစ္ႏွင့္အထက္ ဘုိးဘြားမ်ားကို လူမႈေရးပင္စင္ ေၾကး ေထာက္ပံ့ႏုိင္ရန္ ၾကားကာလဘတ္ဂ်က္ျဖစ္သည့္ ေျခာက္လဘတ္ဂ်က္တြင္ ရန္ပုံေငြေတာင္းခံခဲ့ေသာ္လည္း မရရွိသျဖင့္ လာမည့္ ၂၀၁၈-၁၉ ဘတ္ဂ်က္တြင္ ထပ္မံ ေတာင္းခံထားျခင္း ျဖစ္ သည္။

သက္ႀကီးပင္စင္ေလွ်ာက္ ထားလုိသည့္ ဘုိးဘြားမ်ားသည္ သက္ဆုိင္ရာ ရပ္ကြက္၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ႐ုံးမ်ားမွတစ္ဆင့္ ၿမိဳ႕နယ္လူမႈ၀န္ထမ္းဦးစီးဌာန႐ုံး သို႔ ေလွ်ာက္ထားႏုိင္သည္။

လူမႈေရးပင္စင္ေလွ်ာက္ ထားသူ နည္းပါးေနသျဖင့္ နယ္ ေဒသမ်ားသို႔ ကြင္းဆင္းစစ္ေဆးေနေၾကာင္း လူမႈ၀န္ထမ္းဦးစီးဌာနက ေျပာသည္။

Credit: 7daydaily

Unicode

စက်တင်ဘာမှ စတင်မည့်၂၀၁၈-၁၉ ဘဏ္ဍာနှစ်က စ၍ အသက်(၈၅)နှစ်နှင့်အထက် ဘိုး ဘွားများအား လူမှုရေးပင်စင်ကြေး အဖြစ် တစ်လလျှင် ကျပ်တစ် သောင်းစီ ထောက်ပံ့ပေးမည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစမ်းစမ်း အေးက ပြောသည်။

လူမှုရေးပင်စင်ကြေးကို ပြီး ခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ကတည်းက စတင်ထောက်ပံ့ပေး ခြင်းဖြစ်ကာ အသက် (၉၀) နှစ်အထက် ဘိုးဘွားများသာ ထောက်ပံ့ပေးပြီး ဘိုးဘွားဦးရေ လေး သောင်းကျော်အား ထောက်ပံ့နိုင် ခဲ့သည်။

ယခုအခါ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများကိုပါ တိုး မြှင့်ထောက်ပံ့မည်ဖြစ်ပြီး တစ်နိုင်ငံလုံးမှ ဘိုးဘွားပေါင်း တစ်သိန်းလေးသောင်းခန့်အား ထောက်ပံ့ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒေါက်တာစမ်းစမ်းအေးက ပြော ကြားသည်။

‘‘သက်ကြီးဘိုးဘွားတွေ စား ဝတ်နေရေး၊ ကျန်းမာရေးတို့ အ ဆင်ပြေစေဖို့အတွက် အသက် (၈၅)နှစ်အထက်ကိုပါ ထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။ ဘိုးဘွားအ ရေအတွက်အားဖြင့်လည်း ပိုပြီး ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ဘိုးဘွားများကို လူမှုရေးပင် စင်ထောက်ပံ့ရာတွင် တစ်လလျှင် ကျပ်တစ်သောင်းခွဲအထိ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်း ေ ဒါက်တာစမ်းစမ်းအေးက ပြောသည်။

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ကြေး ထောက်ပံ့နိုင်ရန် ကြားကာလဘတ်ဂျက်ဖြစ်သည့် ခြောက်လဘတ်ဂျက်တွင် ရန်ပုံငွေတောင်းခံခဲ့သော်လည်း မရရှိသဖြင့် လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် ထပ်မံ တောင်းခံထားခြင်း ဖြစ် သည်။

သက်ကြီးပင်စင်လျှောက် ထားလိုသည့် ဘိုးဘွားများသည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး သို့ လျှောက်ထားနိုင်သည်။

လူမှုရေးပင်စင်လျှောက် ထားသူ နည်းပါးနေသဖြင့် နယ် ဒေသများသို့ ကွင်းဆင်းစစ်ဆေးနေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ပြောသည်။

Credit: 7daydaily

“အစ္” ေန႔မွာ အသတ္ခံရမယ့္ ႏြားတစ္ေကာင္ကို ကယ္တင္ျပီး ေမြးစားလိုက္တ့ဲ ပဲခူးသူမမ

0

ပဲခူးျမိ့ဳေစ်းျကီး၁၉လမ္းမွ”ဟသၤာဧကရီ” အထည္ဆိုင္ပိုင္ရွင္အပ်ိဳးျကီးမျမတ္သီရိသည္ သူ့အထည္ဆိုင္ေရွ့ကေနျဖတ္ဆြဲသြားတ့ဲႏြားတစ္ေကာင္ ကိုျမင္ျပီးႏြားဆြဲလာတ့ဲကလိေက်းရြာကႏြားပြဲစား ကိုေမာင္ထြန္းကို”ဒီႏြားကိုဘာလုပ္မွာလဲ” ဟုအမွတ္မထင္ေမးျမန္းခ့ဲပါတယ္။သူမႏွင့္ႏြားပြဲစားတို့စကားေျပာေနစဥ္ႏြားျကီးက မ်က္ရည္ေတြစီးက်ျပီးသူမကိုျကည့္ေနတာေျကာင့္ သနားျပီးဒီႏြားျကီးကိုေပါက္ေစ်းထက္၃ဆခန့္(၃၄သိန္း) ေပးျပီးဝယ္ယူထားလိုက္ပါတယ္။

အခုဆိုသူကယ္တင္ထားတ့ဲႏြားျကီးကိုေရမိုးခ်ိဳး အေမႊးန့ဲသာမ်ားလိမ္းက်ံျပီးသူ့အထည္ဆိုင္ထဲမွာ ေမြးျမဴထားပါတယ္။ဒီသတင္းကိုစိတ္ဝင္စားျပီးေတာ့ ႏြားျကီးကိုလာေရာက္ျကည့္ရွူသူမ်ားျဖင့္အထူးစည္ကား ေနပါတယ္။ႏြားျကီးကိုဝယ္ျပီးနာရီးပိုင္းအတြင္းမွာပဲသူ့ဆိုင္ဟာမထင္ မွတ္ေလာက္ေအာင္ေစ်းေရာင္းေကာင္းခ့ဲပါတယ္။

သူ့တစ္သက္ဒီႏြားျကီးမေသမခ်င္းျပဳစုေက်ြးေမြးသြား မယ္လို့လည္းလာေရာက္ျကည့္ရွူတ့ဲသူေတြကို အပ်ိဳျကီးမမကဂရုဏာသံေလးန့ဲရွင္းျပေနပါတယ္။ဒီနြားျကီးကိုသူနွစ္သက္တ့ဲအနုပညာရွင္ျဖစ္တ့ဲ ပဲခူးသားသရုပ္ေဆာင္တစ္ေယာက္ကိုဂုဏ္ျပဳတ့ဲအေနန့ဲ “ထြန္းကိုကို”လို့နာမည္ေပးထားပါတယ္။

Unicode

ပဲခူးမြိ့ုဈေးကြီး၁၉လမ်းမှ”ဟင်္သာဧကရီ” အထည်ဆိုင်ပိုင်ရှင်အပျိုးကြီးမမြတ်သီရိသည် သူ့အထည်ဆိုင်ရှေ့ကနေဖြတ်ဆွဲသွားတဲ့နွားတစ်ကောင် ကိုမြင်ပြီးနွားဆွဲလာတဲ့ကလိကျေးရွာကနွားပွဲစား ကိုမောင်ထွန်းကို”ဒီနွားကိုဘာလုပ်မှာလဲ” ဟုအမှတ်မထင်မေးမြန်းခဲ့ပါတယ်။သူမနှင့်နွားပွဲစားတို့စကားပြောနေစဉ်နွားကြီးက မျက်ရည်တွေစီးကျပြီးသူမကိုကြည့်နေတာကြောင့် သနားပြီးဒီနွားကြီးကိုပေါက်ဈေးထက်၃ဆခန့်(၃၄သိန်း) ပေးပြီးဝယ်ယူထားလိုက်ပါတယ်။

အခုဆိုသူကယ်တင်ထားတဲ့နွားကြီးကိုရေမိုးချိုး အမွှေးနဲ့သာများလိမ်းကျံပြီးသူ့အထည်ဆိုင်ထဲမှာ မွေးမြူထားပါတယ်။ဒီသတင်းကိုစိတ်ဝင်စားပြီးတော့ နွားကြီးကိုလာရောက်ကြည့်ရှူသူများဖြင့်အထူးစည်ကား နေပါတယ်။နွားကြီးကိုဝယ်ပြီးနာရီးပိုင်းအတွင်းမှာပဲသူ့ဆိုင်ဟာမထင် မှတ်လောက်အောင်ဈေးရောင်းကောင်းခဲ့ပါတယ်။

သူ့တစ်သက်ဒီနွားကြီးမသေမချင်းပြုစုကျွေးမွေးသွား မယ်လို့လည်းလာရောက်ကြည့်ရှူတဲ့သူတွေကို အပျိုကြီးမမကဂရုဏာသံလေးနဲ့ရှင်းပြနေပါတယ်။ဒီနွားကြီးကိုသူနှစ်သက်တဲ့အနုပညာရှင်ဖြစ်တဲ့ ပဲခူးသားသရုပ်ဆောင်တစ်ယောက်ကိုဂုဏ်ပြုတဲ့အနေနဲ့ “ထွန်းကိုကို”လို့နာမည်ပေးထားပါတယ်။

Credit: မေတ္တာရှင် ရွှေပြည်သာ

အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလးကို လူငယ္ႏွစ္ဦးက အရက္တိုက္၍ အဓမၼျပဳက်င့္

0

သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သုဝဏၰ၊ (၂၉) ရပ္ကြက္ရွိ ကန္ေပါင္ေပၚတြင္ စက္ဘီးပတ္စီးေနသည့္ အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကို လူငယ္ႏွစ္ဦးက အရက္တိုက္၍ လူမေနသည့္ေနအိမ္သို႔ ေခၚေဆာင္ၿပီး အဓမၼျပဳက်င့္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သားမယားအျဖစ္ အဓမၼျပဳက်င့္ခံရသည့္ မိန္းကေလးမွာ ယင္းၿမိဳ႕နယ္တြင္ေနထိုင္သူျဖစ္ၿပီး ဩဂုတ္လ ၂၀ ရက္ ညပိုင္းက သုဝဏၰ၊ ကမာၾကည္လမ္းရွိ က်ဴရွင္သြားတက္ရန္ ေနအိမ္မွ စက္ဘီးနင္းၿပီး ထြက္လာခဲ့ေသာ္လည္း က်ဴရွင္ခ်ိန္မွာ ေနာက္က်ေနေသာေၾကာင့္ (၂၉) ရပ္ကြက္ရွိ ကန္ေပါင္ေပၚတြင္ စက္ဘီးပတ္စီးေနခဲ့ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

“ေကာင္မေလးရဲ့ တိုင္ခ်က္အရဆို သူက စက္ဘီးပတ္စီးေနရင္း ေရဆာလို႔ ကန္ေပါင္ေပၚမွာ ထိုင္ေနတဲ့ ေယာက်္ားေလးအဖြဲ႕ဆီသြားၿပီး ေရေတာင္းေသာက္ခဲ့တယ္။ ဒါေပမဲ့ သူေသာက္လိုက္မိတဲ့ဟာက ေရမဟုတ္ဘဲ အရက္ေတြ ျဖစ္ေနတာေၾကာင့္ ေခါင္းမူးသြားခ်ိန္မွာ ေယာက်္ားေလးအဖြဲ႕ထဲက ႏွစ္ေယာက္က သူ႔ကို ဆိုက္ကားနဲ႔ တင္ေခၚသြားၿပီး လူမေနတဲ့အိမ္တစ္အိမ္မွာ အဓမၼျပဳက်င့္ခဲ့တာလို႔ ထြက္ဆိုထားတယ္။ လက္ရွိ တစ္ေယာက္ကို ဖမ္းမိထားပါၿပီ”ဟု ရဲအရာရွိက ရွင္းျပသည္။

ဖမ္းမိသူ အသက္ ၁၉ ႏွစ္ အမ်ိဳးသားမွာ သုဝဏၰ၊ ရန္ကုန္သစ္ ရပ္ကြက္တြင္ ေနထိုင္ၿပီး ဆိုက္ကားနင္းသူျဖစ္ကာ လြတ္ေျမာက္ေနသည့္ က်န္အမ်ိဳးသားတစ္ဦးက အသက္ ၁၇ ႏွစ္အရြယ္ မိန္းကေလးကို ဆိုက္ကားေပၚ ဆြဲတင္၍ သာေကတၿမိဳ႕နယ္ရွိ လူမေနေသာ ေနအိမ္တစ္လုံးသို႔ ေခၚေဆာင္သြားၿပီး အဓမၼျပဳက်င့္ကာ ဩဂုတ္လ ၂၁ ရက္ နံနက္ပိုင္းတြင္ မိန္းကေလးကို ျပန္လႊတ္ေပးခဲ့ေသာေၾကာင့္ ယင္းအမွုမွ ဖမ္းမိထားသူႏွင့္ လြတ္ေျမာက္ေနသူတို႔ကို သဃၤန္းကၽြန္းၿမိဳ႕နယ္ သုဝဏၰနယ္ေၿမ ရဲစခန္းက ရာဇသတ္ႀကီး ပုဒ္မ ၃၇၆/ ၁၁၄ ျဖင့္ အမွု

Unicode

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉) ရပ်ကွက်ရှိ ကန်ပေါင်ပေါ်တွင် စက်ဘီးပတ်စီးနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လူငယ်နှစ်ဦးက အရက်တိုက်၍ လူမနေသည့်နေအိမ်သို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သားမယားအဖြစ် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးမှာ ယင်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ဩဂုတ်လ ၂၀ ရက် ညပိုင်းက သုဝဏ္ဏ၊ ကမာကြည်လမ်းရှိ ကျူရှင်သွားတက်ရန် နေအိမ်မှ စက်ဘီးနင်းပြီး ထွက်လာခဲ့သော်လည်း ကျူရှင်ချိန်မှာ နောက်ကျနေသောကြောင့် (၂၉) ရပ်ကွက်ရှိ ကန်ပေါင်ပေါ်တွင် စက်ဘီးပတ်စီးနေခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

“ကောင်မလေးရဲ့ တိုင်ချက်အရဆို သူက စက်ဘီးပတ်စီးနေရင်း ရေဆာလို့ ကန်ပေါင်ပေါ်မှာ ထိုင်နေတဲ့ ယောကျ်ားလေးအဖွဲ့ဆီသွားပြီး ရေတောင်းသောက်ခဲ့တယ်။ ဒါပေမဲ့ သူသောက်လိုက်မိတဲ့ဟာက ရေမဟုတ်ဘဲ အရက်တွေ ဖြစ်နေတာကြောင့် ခေါင်းမူးသွားချိန်မှာ ယောကျ်ားလေးအဖွဲ့ထဲက နှစ်ယောက်က သူ့ကို ဆိုက်ကားနဲ့ တင်ခေါ်သွားပြီး လူမနေတဲ့အိမ်တစ်အိမ်မှာ အဓမ္မပြုကျင့်ခဲ့တာလို့ ထွက်ဆိုထားတယ်။ လက်ရှိ တစ်ယောက်ကို ဖမ်းမိထားပါပြီ”ဟု ရဲအရာရှိက ရှင်းပြသည်။

ဖမ်းမိသူ အသက် ၁၉ နှစ် အမျိုးသားမှာ သုဝဏ္ဏ၊ ရန်ကုန်သစ် ရပ်ကွက်တွင် နေထိုင်ပြီး ဆိုက်ကားနင်းသူဖြစ်ကာ လွတ်မြောက်နေသည့် ကျန်အမျိုးသားတစ်ဦးက အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို ဆိုက်ကားပေါ် ဆွဲတင်၍ သာကေတမြို့နယ်ရှိ လူမနေသော နေအိမ်တစ်လုံးသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းတွင် မိန်းကလေးကို ပြန်လွှတ်ပေးခဲ့သောကြောင့် ယင်းအမှုမှ ဖမ်းမိထားသူနှင့် လွတ်မြောက်နေသူတို့ကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Credit: TheVoiceMyanmar

Recent Posts