Home Blog Page 3

ေဖ့စ္ဘုတ္ၾကီးျငိမ္ေနလို့ ဘာမ်ားလုပ္ေပးရဦးမလဲဆိုျပီး အလိုက္သိေမးလာတဲ့ ေက်ာ္ေက်ာ္နႏၵ

0

ဆန္းျပားတဲ့ ဖက္ရွင္ေတြနဲ့ ပရိသတ္ေတြ စိတ္ဝင္စားေစခဲ့တဲ့ အဆိုေတာ္ ေက်ာ္ေက်ာ္နႏၵက အနုပညာေလာကထဲမွာ က်င္လည္ေနတာ (၁၀)စုနွစ္ တစ္ခုရိွျပီျဖစ္ပါတယ္။ သူ့ရဲ့ သူမ်ားနဲ့မတူတဲ့ ဖက္ရွင္ေတြနဲ့ သီခ်င္းေတြက ပရိသတ္ေတြၾကားမွာ ေျပာစရာျဖစ္ေနရေလာက္ေအာင္ ေတာ္ေတာ္ေလး ေရပန္းစားလွပါတယ္။ ေက်ာ္ေက်ာ္နႏၵက လက္ရိွမွာလည္း သူအရမ္းခ်စ္ျမတ္နိုးျပီး ဝါသနာပါတဲ့ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနတာကို ေတြ့ရပါတယ္။

လတ္တေလာ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ဘာအေၾကာင္းအရာမွ ထူးထူးျခားျခား မရိွတာေၾကာင့္ ေက်ာ္ေက်ာ္နႏၵက သတိထားမိတဲ့ ပံုပါပဲ။ အဲ့ဒါေၾကာင္ ့ေက်ာ္ေက်ာ္နႏၵက သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ “အြန္​လိုင္​းႀကီးၿငိမ္​​ေနသလားလို႔ 6ပတ္​နဲ ့​ေက်ာ္​​ေက်ာ္​နႏၵ ဘာလုပ္​​ေပးကမလဲဗ် ” ဆိုျပီး သူ့ရဲ့ အေပၚပိုင္းအတြင္းအက်ႌမပါတဲ့ ပံုရိပ္ကို မွ်ေဝထားပါတယ္။

ျပီးေတာ့ ေက်ာ္ေက်ာ္နႏၵက “ကိုယ္​လမ္​းကိုယ္​​ေလ်ွာက္​ ကိုယ္​့ထမင္​းကိုယ္​စားၿပီး ကိုယ္​့ပိုက္​ဆံကိုယ္​႐ွာ​ေနတာ မို ့ ခြင္​့လြတ္​​ေပးၾကပါ” ဆိုျပီး ပရိသတ္ေတြကို ေတာင္းဆိုထားပါေသးတယ္။ေက်ာ္ေက်ာ္နႏၵက လူေဝဖန္အမ်ားဆံုးခံရတဲ့ ဆယ္လီတစ္ဦးျဖစ္ေပမယ့္ သူကေတာ့ သူလုပ္စရာရိွတဲ့ အလုပ္ကို ေအးေအးေဆးေဆး လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ အဲ့လို ခိုင္မာတဲ့ စိတ္ဓာတ္ေၾကာင့္လဲ တစ္ေန့တစ္ျခား လူသိမ်ားလာတာပဲ ျဖစ္ပါတယ္။

ေက်ာ္ေက်ာ္နႏၵကေတာ့ လက္ရိွမွာ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ မိုမိုေလးပရိသတ္ၾကီးေရာ ေဖ့စ္ဘုတ္ၾကီးျငိမ္ေနလို ့ေက်ာ္ေက်ာ္နႏၵကို ဘာလုပ္ေစခ်င္ၾကလဲဆိုတာ ေျပာျပခဲ့ဦးေနာ္။

CRD-Rowena,Source: Kyaw Kyaw Nanda’s fb

UNICODE

ဖေ့စ်ဘုတ်ကြီးငြိမ်နေလို့ ဘာများလုပ်ပေးရဦးမလဲဆိုပြီး အလိုက်သိမေးလာတဲ့ ကျော်ကျော်နန္ဒ

ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေ စိတ်ဝင်စားစေခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ (၁၀)စုနှစ် တစ်ခုရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သူများနဲ့မတူတဲ့ ဖက်ရှင်တွေနဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေရလောက်အောင် တော်တော်လေး ရေပန်းစားလှပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း သူအရမ်းချစ်မြတ်နိုးပြီး ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

လတ်တလော ဖေ့စ်ဘုတ်စာမျက်နှာမှာ ဘာအကြောင်းအရာမှ ထူးထူးခြားခြား မရှိတာကြောင့် ကျော်ကျော်နန္ဒက သတိထားမိတဲ့ ပုံပါပဲ။ အဲ့ဒါကြောင့်ကျော်ကျော်နန္ဒက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ “အွန်လိုင်းကြီးငြိမ်နေသလားလို့ 6ပတ်နဲ့ကျော်ကျော်နန္ဒ ဘာလုပ်ပေးကမလဲဗျ ” ဆိုပြီး သူ့ရဲ့ အပေါ်ပိုင်းအတွင်းအင်္ကျီမပါတဲ့ ပုံရိပ်ကို မျှဝေထားပါတယ်။

ပြီးတော့ ကျော်ကျော်နန္ဒက “ကိုယ်လမ်းကိုယ်လျှောက် ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ပိုက်ဆံကိုယ်ရှာနေတာ မို့ ခွင့်လွတ်ပေးကြပါ” ဆိုပြီး ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ်။ကျော်ကျော်နန္ဒက လူဝေဖန်အများဆုံးခံရတဲ့ ဆယ်လီတစ်ဦးဖြစ်ပေမယ့် သူကတော့ သူလုပ်စရာရှိတဲ့ အလုပ်ကို အေးအေးဆေးဆေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အဲ့လို ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့်လဲ တစ်နေ့တစ်ခြား လူသိများလာတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးရော ဖေ့စ်ဘုတ်ကြီးငြိမ်နေလို့ကျော်ကျော်နန္ဒကို ဘာလုပ်စေချင်ကြလဲဆိုတာ ပြောပြခဲ့ဦးနော်။

CRD-Rowena,Source: Kyaw Kyaw Nanda’s fb

ရင္ခြင္မွာခဏခိုလႈံၿပီး ထြက္ေျပးသြားသူေလးေၾကာင့္ တစ္ေယာက္တည္းအ႐ူးလိုက်န္ရစ္ခဲ့ရတဲ့ ရဲေလးရဲ႕သီခ်င္းအသစ္

0

အဆိုေတာ္၊ သ႐ုပ္ေဆာင္ ရဲေလးကေတာ့ ဂီတေလာကမွာေရာ အႏုပညာေလာကမွာပါ နာမည္ရေအာင္ျမင္ေနတဲ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အခ်စ္ေတာ္တစ္ဦး ျဖစ္ပါတယ္။ သီခ်င္းဆိုေကာင္းၿပီး မိန္းကေလးပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈကို အျပတ္အသတ္ရရွိထားတဲ့ ရဲေလးက အခုလည္း သီခ်င္းအသစ္တစ္ပုဒ္ကို ပရိသတ္ေတြနဲ႔ စတင္မိတ္ဆက္ေပးလိုက္ပါတယ္။ ဒီသီခ်င္းေလးကေတာ့ “အ႐ူးကမာၻ” လို႔ အမည္ေပးထားတဲ့ ရဲေလးရဲ႕အသစ္စက္စက္ သီခ်င္းေလးပဲ ျဖစ္ပါတယ္။

ဒီသီခ်င္းေလးကေတာ့ ရဲေလးနဲ႔ Featuring NJ တို႔ကိုယ္တိုင္ေရးစပ္ၿပီး သီဆိုဖန္တီးထားတဲ့ အေဆြးသီခ်င္းေကာင္းေလးတစ္ပုဒ္ပဲ ျဖစ္ပါတယ္။ မေမွ်ာ္လင့္ဘဲ ဘဝထဲကို ဝင္ေရာက္လာခဲ့တဲ့ မိန္းကေလးတစ္ေယာက္ကို အ႐ူးအမူး ခ်စ္ခဲ့မိၿပီးတဲ့ေနာက္ ထိုမိန္းကေလးရဲ႕ထားခဲ့ျခင္းခံခဲ့ရတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္းကို ေရးစပ္ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ေကာင္မေလးမရွိေတာ့တဲ့ဘဝမွာ တစ္ေယာက္တည္း အ႐ူးကမာၻျဖစ္ခဲ့ရတဲ့ ေကာင္ေလးေနရာမွာေတာ့ ရဲေလးကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

သီခ်င္းစာသားေလးေတြက ထိမိလြန္းသလို Music Video ေလးမွာ ပါဝင္ထားတဲ့ ရဲေလးနဲ႔ ေ႐ႊရင္ေအးတို႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကလည္း အရမ္းကို သဘာဝက် ပီျပင္လြန္းတာေၾကာင့္ အားလုံးကအႀကိဳက္ေတြ႕ေနရတာ ျဖစ္ပါတယ္။ ဒီေန႔ေမလ (၂၂) ရက္ေန႔မွာ ထြက္ရွိလာတဲ့ “အ႐ူးကမာၻ” သီခ်င္းေလးကေတာ့ ခဏေလးအတြင္းမွာ ပရိသတ္ေတြၾကား ေရပန္းစားလူႀကိဳက္မ်ားေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ အသစ္ထြက္ရွိလာတဲ့ အဆိုေတာ္ ရဲေလးရဲ႕ “အ႐ူးကမာၻ” သီခ်င္းဗီဒီယိုဖိုင္ေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:YLJK Entertainment;

Credit;Myanmarload

ရင်ခွင်မှာခဏခိုလှုံပြီး ထွက်ပြေးသွားသူလေးကြောင့် တစ်ယောက်တည်းအရူးလိုကျန်ရစ်ခဲ့ရတဲ့ ရဲလေးရဲ့သီချင်းအသစ်

အဆိုတော်၊ သရုပ်ဆောင် ရဲလေးကတော့ ဂီတလောကမှာရော အနုပညာလောကမှာပါ နာမည်ရအောင်မြင်နေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြတ်အသတ်ရရှိထားတဲ့ ရဲလေးက အခုလည်း သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီသီချင်းလေးကတော့ “အရူးကမ္ဘာ” လို့ အမည်ပေးထားတဲ့ ရဲလေးရဲ့အသစ်စက်စက် သီချင်းလေးပဲ ဖြစ်ပါတယ်။

ဒီသီချင်းလေးကတော့ ရဲလေးနဲ့ Featuring NJ တို့ကိုယ်တိုင်ရေးစပ်ပြီး သီဆိုဖန်တီးထားတဲ့ အဆွေးသီချင်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ဘဝထဲကို ဝင်ရောက်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်ခဲ့မိပြီးတဲ့နောက် ထိုမိန်းကလေးရဲ့ထားခဲ့ခြင်းခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရေးစပ်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ကောင်မလေးမရှိတော့တဲ့ဘဝမှာ တစ်ယောက်တည်း အရူးကမ္ဘာဖြစ်ခဲ့ရတဲ့ ကောင်လေးနေရာမှာတော့ ရဲလေးကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သီချင်းစာသားလေးတွေက ထိမိလွန်းသလို Music Video လေးမှာ ပါဝင်ထားတဲ့ ရဲလေးနဲ့ ရွှေရင်အေးတို့ရဲ့သရုပ်ဆောင်ချက်တွေကလည်း အရမ်းကို သဘာဝကျ ပီပြင်လွန်းတာကြောင့် အားလုံးကအကြိုက်တွေ့နေရတာ ဖြစ်ပါတယ်။ ဒီနေ့မေလ (၂၂) ရက်နေ့မှာ ထွက်ရှိလာတဲ့ “အရူးကမ္ဘာ” သီချင်းလေးကတော့ ခဏလေးအတွင်းမှာ ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ အဆိုတော် ရဲလေးရဲ့ “အရူးကမ္ဘာ” သီချင်းဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

ေကာင္းျပည့္ရဲ႕ ေႏြးေထြးတဲ့ ေမတၱာေတြေၾကာင့္ အျမန္ဆုံး က်န္းမာ႐ႊင္လန္းလာတဲ့ သႏၲာဗိုလ္

0

သိပ္မၾကာေသးခင္က ေနမေကာင္း၍ေဆး႐ုံတက္လိုက္ရတဲ့ သႏၲာဗိုလ္ဟာ ျပန္လည္က်န္းမာၿပီး ေဆး႐ုံကဆင္းလာၿပီျဖစ္ပါတယ္…။ ေနမေကာင္းတဲ့ အရွိန္ေၾကာင့္ မ်က္ႏွာေလးေတြ ေခ်ာင္သြားေပမယ့္ ျဖဴစင္တဲ့ စိတ္ထားေလးေၾကာင့္ ဝင္းပတဲ့ မ်က္ႏွာေလးကိုေတာ့ ရႈစားၾကရမွာပါ…။ ခ်စ္သူေကာင္းျပည့္က ေဘးနားက အၿမဲဂ႐ုစိုက္ေပးေနၿပီး ပါရမီျဖည့္ေပးေနလို႔ အခ်ိန္တိုအတြင္းမွာပဲ သက္သာေပ်ာက္ကင္းသြားတာလည္းျဖစ္ပါတယ္..။ တစ္ဦးအေပၚ တစ္ဦး ဂ႐ုစိုက္ၾကင္နာတတ္တဲ့ သႏၲာဗိုလ္ႏွင့္ ေကာင္းျပည့္တို႔စုံတြဲေလးကို ျမင္သူတိုင္းအားက်မိမွာ ဧကန္မလြဲပင္ျဖစ္ပါတယ္…။

နေကာင္းလာၿပီျဖစ္တာမလို႔ သႏၲာဗိုလ္က ပရိသတ္ေတြအတြက္ အႏုပညာအလုပ္ေတြကို ျပန္လည္ႀကိဳးစားလုပ္ကိုင္လာတာကို ျမင္ေတြ႕ၾကရမွာပါ…။ ပရိသတ္မ်ားကိုလည္း အရင္လို ျပည့္ျပည့္ၿဖိဳးၿဖိဳးေလးေတြ႕ရေအာင္ အစားေတြ အမ်ားႀကီး ျပန္စားဦးမွာလို႔ ခ်စ္စဖြယ္ ပုံစံေလးနဲ႔ ဆိုထားပါတယ္…။ အမိုက္စား ကျပထားတဲ့ Tik tok ဗီဒီယိုဖိုင္ေလးေတြကိုလည္း မၾကာခင္အခ်ိန္တြင္းမွာ ပရိသတ္တို႔အေနနဲ႔ ျပန္လည္ရႈစားၾကရေတာ့မွာပါ…။ အနက္ေရာင္ ႀကိဳက္ႏွစ္သက္တဲ့ သႏၲာဗိုလ္က shopping ထြက္၊ အပန္းေျဖခရီးသြားတဲ့ အခါေတြမွာ အၿမဲဝတ္ဆင္ေလ့ရွိတာျဖစ္ပါတယ္..။

အႏုပညာအလုပ္ေတြကို ျပန္လည္ လုပ္ကိုင္လာၿပီျဖစ္တာမလို႔ facebook စာမ်က္ႏွာႀကီးေပၚမွာလည္း သူမရဲ႕ လတ္တေလာအႏုပညာလႈပ္ရွားမႈ၊ ေန႔စဥ္လႈပ္ရွားမႈ အမ်ိဳးမ်ိဳးကို အစဥ္အၿမဲေဖာ္ျပေပးေလ့ရွိတာျဖစ္ပါတယ္….။ အခုတစ္ခါမွာဆိုရင္လည္း ဖက္ရွင္ဆန္းသစ္တဲ့ အနက္ေရာင္ဒီဇိုင္းအလန္းေလးကို ဝတ္ဆင္ၿပီး ခ်စ္သူေကာင္းျပည့္နဲ႔ date ေနတာပဲျဖစ္ပါတယ္..။ သႏၲာဗိုလ္ရဲ႕ အၾကည့္ေတြက ေကာင္းျပည့္ေပၚမွာ ဘယ္ေလာက္ပင္ခ်စ္ျမတ္ႏိုးေၾကာင္း ေဖာ္ျပေနပါတယ္…။ ပရိသတ္ႀကီးလည္း က်န္းမာခ်မ္းသာစြာ အႏုပညာအလုပ္ေတြ ဆက္လက္လုပ္ကိုင္ႏိုင္ရန္ သႏၲာဗိုလ္တို႔စုံတြဲေလးကို ဆုေတာင္းစကားေျပာေပးသြားပါဦးေနာ္..။

Source Thandar Bo,CRD-Myanmarload

UNICODE

ကောင်းပြည့်ရဲ့ နွေးထွေးတဲ့ မေတ္တာတွေကြောင့် အမြန်ဆုံး ကျန်းမာရွှင်လန်းလာတဲ့ သန္တာဗိုလ်

သိပ်မကြာသေးခင်က နေမကောင်း၍ဆေးရုံတက်လိုက်ရတဲ့ သန္တာဗိုလ်ဟာ ပြန်လည်ကျန်းမာပြီး ဆေးရုံကဆင်းလာပြီဖြစ်ပါတယ်…။ နေမကောင်းတဲ့ အရှိန်ကြောင့် မျက်နှာလေးတွေ ချောင်သွားပေမယ့် ဖြူစင်တဲ့ စိတ်ထားလေးကြောင့် ဝင်းပတဲ့ မျက်နှာလေးကိုတော့ ရှုစားကြရမှာပါ…။ ချစ်သူကောင်းပြည့်က ဘေးနားက အမြဲဂရုစိုက်ပေးနေပြီး ပါရမီဖြည့်ပေးနေလို့ အချိန်တိုအတွင်းမှာပဲ သက်သာပျောက်ကင်းသွားတာလည်းဖြစ်ပါတယ်..။ တစ်ဦးအပေါ် တစ်ဦး ဂရုစိုက်ကြင်နာတတ်တဲ့ သန္တာဗိုလ်နှင့် ကောင်းပြည့်တို့စုံတွဲလေးကို မြင်သူတိုင်းအားကျမိမှာ ဧကန်မလွဲပင်ဖြစ်ပါတယ်…။

နကောင်းလာပြီဖြစ်တာမလို့ သန္တာဗိုလ်က ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ပြန်လည်ကြိုးစားလုပ်ကိုင်လာတာကို မြင်တွေ့ကြရမှာပါ…။ ပရိသတ်များကိုလည်း အရင်လို ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ့ရအောင် အစားတွေ အများကြီး ပြန်စားဦးမှာလို့ ချစ်စဖွယ် ပုံစံလေးနဲ့ ဆိုထားပါတယ်…။ အမိုက်စား ကပြထားတဲ့ Tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း မကြာခင်အချိန်တွင်းမှာ ပရိသတ်တို့အနေနဲ့ ပြန်လည်ရှုစားကြရတော့မှာပါ…။ အနက်ရောင် ကြိုက်နှစ်သက်တဲ့ သန္တာဗိုလ်က shopping ထွက်၊ အပန်းဖြေခရီးသွားတဲ့ အခါတွေမှာ အမြဲဝတ်ဆင်လေ့ရှိတာဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လာပြီဖြစ်တာမလို့ facebook စာမျက်နှာကြီးပေါ်မှာလည်း သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု၊ နေ့စဉ်လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်….။ အခုတစ်ခါမှာဆိုရင်လည်း ဖက်ရှင်ဆန်းသစ်တဲ့ အနက်ရောင်ဒီဇိုင်းအလန်းလေးကို ဝတ်ဆင်ပြီး ချစ်သူကောင်းပြည့်နဲ့ date နေတာပဲဖြစ်ပါတယ်..။ သန္တာဗိုလ်ရဲ့ အကြည့်တွေက ကောင်းပြည့်ပေါ်မှာ ဘယ်လောက်ပင်ချစ်မြတ်နိုးကြောင်း ဖော်ပြနေပါတယ်…။ ပရိသတ်ကြီးလည်း ကျန်းမာချမ်းသာစွာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နိုင်ရန် သန္တာဗိုလ်တို့စုံတွဲလေးကို ဆုတောင်းစကားပြောပေးသွားပါဦးနော်..။

စိုင္းစိုင္းခမ္းလိႈင္ရဲ႕ သားဆိုတဲ့ ကိစၥကို ေျဖ႐ွင္းလိုက္တဲ့ DJ Y3LLOW

0

လူငယ္ေတြၾကားမွာ ေရပန္းစား လူႀကိဳက္မ်ားလာတဲ့ DJ Y3LLOW ကိုေတာ့ လူငယ္ေတြ EDM ပြဲ ႀကိဳက္သူေတြအေနနဲ႔ မသိတဲ့သူမ႐ွိေလာက္ပါဘူး။ Y3LLOW ကေတာ့ လူငယ္တေယာက္လို ေပါ့ေပါ့ပါးပါးေနတတ္ၿပီး ေအာင္ျမင္တဲ့ လူငယ္တေယာက္လည္း ျဖစ္ပါတယ္။ လက္႐ွိမွာေတာ့ သူ႔အေနနဲ႔ အြန္လိုင္းေပၚမွာ ေကာလဟာလေတြကို ရင္ဆိုင္ေနရၿပီး ဒီအေၾကာင္းရာေလးေတြကိုေတာ့ Y3LLOW က အင္တာဗ်ဴးတခုမွာေျဖၾကားသြား ခဲ့ပါတယ္။

DJ Y3LLOW ကေတာ့ Cele 7 နဲ႔ အင္တာဗ်ဴးတြင္ စံရတီမိုးျမင့္နဲ႔ သတင္းေတြ ထြက္ေနတဲ့အေပၚမွာေတာ့ “စံရတီမိုးျမင့္နဲ႔က ခင္တာေတာ့ သိပ္မၾကာေသးပါဘူး။ လပိုင္းေလာက္ပဲ႐ွိပါေသးတယ္။ သူက က်ေနာ့္ထက္ အမ်ားႀကီး ႀကီးပါတယ္။ က်ေနာ္ကေတာ့ ငယ္ေသးတာေပါ့။ စတာပါ။ ဒါေတြ႔ၿပီး သူစိတ္ဆိုးသြားဦးမယ္။ ခင္ဖို႔ကေတာ့ ေကာင္းပါတယ္။ အဲ့ဒါႀကီးကို စိတ္မပူၾကပါနဲ႔။ လူဆိုတာကေတာ့ မဟုတ္တဲ့ သတင္းကိုေတြ႔ရင္ ေဒါသကေထာင္းကနဲ ထြက္တာေပါ့။ ဒါေပမယ့္လည္း ငါဘာေၾကာင့္ ေဒါသထြက္ေနတာလည္းေပါ့။ ေဒါသကို ျပန္ဆင္းသြားေအာင္ လုပ္ရတာေပါ့”

“စိုင္းစိုင္းခမ္းလိႈင္ရဲ႕ သားဆိုၿပီးေတာ့လည္း ေျပာခံရတာေပါ့။ ပို႔စ္ေတြအမ်ားႀကီးတတ္တယ္။ တခ်ိဳ႕ပို႔စ္ေတြဆို Share ေတြက ေတာ္ေတာ္မ်ားတယ္။ အဲ့တေယာက္ကေတာ့ က်ေနာ့္အေၾကာင္းေလးေတြ စုၿပီးေတာ့ Story တခုထြင္ထားတာေပါ့။ တခ်ိဳ႕ဟာေတြက်ေတာ့လည္း မမွားဘူးကြာ။ ဒါေပမယ့္လည္း က်ေနာ္က စိုင္းစိုင္းခမ္းလိႈင္ရဲ႕ သားမဟုတ္ပါဘူးလို႔။ ငယ္ငယ္တုန္းကလည္း ႐ုပ္ဆင္တယ္။ အခုလည္း တခ်ိဳ႕လူေတြ ေျပာၾကတယ္။ ႐ုပ္ဆင္တယ္လို႔။ ထင္ခ်င္ရင္လည္း ထင္လို႔ ရပါတယ္။ က်ေနာ္ကေတာ့ မဟုတ္ပါဘူး လို႔ ေျပာခ်င္ပါတယ္”

“ဘယ္လိုမ်ိဳး ခံစားရလဲဆိုေတာ့ ပို႔စ္ေအာက္မွာေတာ့ ဘယ္လိုမ်ိဳးေတြ တူၾကတာလဲေပါ့။ ဘယ္လိုပဲ ျဖစ္ျဖစ္ ႏိႈင္းယွဥ္ခံရတာေတာ့ ေပ်ာ္ပါတယ္။ ဒါေပမယ့္ စိုင္းစိုင္းခမ္းလိႈင္ကေတာ့ က်ေနာ့္ အေဖမဟုတ္ပါဘူးလို႔။ သူနဲ႔က Samsaung ပြဲမွာေတြ႔ျဖစ္တယ္။ ဒီလိုအေၾကာင္းေတြကိုေတာ့ မေျပာျဖစ္ဘူး။ ဒါေပမယ့္လည္း သိေနတယ္ကြာ။ တေယာက္ကို တေယာက္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ေပ်ာ္ပါတယ္။ ရီစရာပို႔စ္ေလးေတြ ေတြ႔ရေတာ့” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

CRD-Nanmalgyi

UNICODE

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သားဆိုတဲ့ ကိစ္စကို ဖြေရှင်းလိုက်တဲ့ DJ Y3LLOW

လူငယ်တွေကြားမှာ ရေပန်းစား လူကြိုက်များလာတဲ့ DJ Y3LLOW ကိုတော့ လူငယ်တွေ EDM ပွဲ ကြိုက်သူတွေအနေနဲ့ မသိတဲ့သူမရှိလောက်ပါဘူး။ Y3LLOW ကတော့ လူငယ်တယောက်လို ပေါ့ပေါ့ပါးပါးနေတတ်ပြီး အောင်မြင်တဲ့ လူငယ်တယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့အနေနဲ့ အွန်လိုင်းပေါ်မှာ ကောလဟာလတွေကို ရင်ဆိုင်နေရပြီး ဒီအကြောင်းရာလေးတွေကိုတော့ Y3LLOW က အင်တာဗျူးတခုမှာဖြေကြားသွား ခဲ့ပါတယ်။

DJ Y3LLOW ကတော့ Cele 7 နဲ့ အင်တာဗျူးတွင် စံရတီမိုးမြင့်နဲ့ သတင်းတွေ ထွက်နေတဲ့အပေါ်မှာတော့ “စံရတီမိုးမြင့်နဲ့က ခင်တာတော့ သိပ်မကြာသေးပါဘူး။ လပိုင်းလောက်ပဲရှိပါသေးတယ်။ သူက ကျနော့်ထက် အများကြီး ကြီးပါတယ်။ ကျနော်ကတော့ ငယ်သေးတာပေါ့။ စတာပါ။ ဒါတွေ့ပြီး သူစိတ်ဆိုးသွားဦးမယ်။ ခင်ဖို့ကတော့ ကောင်းပါတယ်။ အဲ့ဒါကြီးကို စိတ်မပူကြပါနဲ့။ လူဆိုတာကတော့ မဟုတ်တဲ့ သတင်းကိုတွေ့ရင် ဒေါသကထောင်းကနဲ ထွက်တာပေါ့။ ဒါပေမယ့်လည်း ငါဘာကြောင့် ဒေါသထွက်နေတာလည်းပေါ့။ ဒေါသကို ပြန်ဆင်းသွားအောင် လုပ်ရတာပေါ့”

“စိုင်းစိုင်းခမ်းလှိုင်ရဲ့ သားဆိုပြီးတော့လည်း ပြောခံရတာပေါ့။ ပို့စ်တွေအများကြီးတတ်တယ်။ တချို့ပို့စ်တွေဆို Share တွေက တော်တော်များတယ်။ အဲ့တယောက်ကတော့ ကျနော့်အကြောင်းလေးတွေ စုပြီးတော့ Story တခုထွင်ထားတာပေါ့။ တချို့ဟာတွေကျတော့လည်း မမှားဘူးကွာ။ ဒါပေမယ့်လည်း ကျနော်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ သားမဟုတ်ပါဘူးလို့။ ငယ်ငယ်တုန်းကလည်း ရုပ်ဆင်တယ်။ အခုလည်း တချို့လူတွေ ပြောကြတယ်။ ရုပ်ဆင်တယ်လို့။ ထင်ချင်ရင်လည်း ထင်လို့ ရပါတယ်။ ကျနော်ကတော့ မဟုတ်ပါဘူး လို့ ပြောချင်ပါတယ်”

“ဘယ်လိုမျိုး ခံစားရလဲဆိုတော့ ပို့စ်အောက်မှာတော့ ဘယ်လိုမျိုးတွေ တူကြတာလဲပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နှိုင်းယှဉ်ခံရတာတော့ ပျော်ပါတယ်။ ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကတော့ ကျနော့် အဖေမဟုတ်ပါဘူးလို့။ သူနဲ့က Samsaung ပွဲမှာတွေ့ဖြစ်တယ်။ ဒီလိုအကြောင်းတွေကိုတော့ မပြောဖြစ်ဘူး။ ဒါပေမယ့်လည်း သိနေတယ်ကွာ။ တယောက်ကို တယောက်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျော်ပါတယ်။ ရီစရာပို့စ်လေးတွေ တွေ့ရတော့” ဟု ပြောကြားသွား ခဲ့ပါတယ်။

ေခ်ာလာတာမဟုတ္ဘူး ျပင္တတ္ဆင္တတ္ လာတာပါဆိုတဲ့ စံထိပ္ထားဦး

0

ျပည္သူ႔အခ်စ္ေတာ္ နာမည္ႀကီး မင္းသမီး ခိုင္သင္းၾကည္ ကိုေတာ့ ျမန္မာ့႐ုပ္႐ွင္ခ်စ္ပရိသတ္ႀကီး ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ ခိုင္သင္းၾကည္ကေတာ့ သူနာမည္ႀကီးသလို လက္႐ွိမွာလည္း သူ႔သမီးေလး စံထိပ္ထားဦး ကေတာ့ နာမည္ႀကီးစျပဳေနပါၿပီ။ စံထိပ္ထားဦးေလးကေတာ့ အြန္လိုင္းေပၚေတြမွာ Tik Tok ေပၚေတြမွာ ခ်စ္စရာေကာင္းတဲ့ ဗီဒီယုိေလးေတြေၾကာင့္လည္း အားေပးတဲ့သူေတြ႐ွိလာတာ ျဖစ္ပါတယ္။ စံထိပ္ထားဦးကေတာ့ သူ႔အေပၚေဝဖန္မႈေတြ ႐ွိေသ္ာလည္းသူ႔အေနနဲ႔ ဘယ္လိုေနၿပီး ဘယ္လိုလွေအာင္ ျပင္ဆင္ေနတတ္လာလည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။

မင္းသမီး ခိုင္သင္းၾကည္ရဲ႕ သမီးေလး စံထိပ္ထားဦးကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာ “ေမေမ အက်ီေတြ ယူဝတ္ျဖစ္တာမ်ားပါတယ္။ ထိပ္မွာက ဒီလို Dress ေတြက သိပ္မ႐ွိဘူးေလ။ ေမေမကေတာ့ အျပင္ေတြသြားရင္ ၾကည့္ေပးပါတယ္။ ထိပ္ကေတာ့ လူငယ္ဆန္ဆန္ လြတ္လြတ္လပ္လပ္ေလးေတြကို ပိုႀကိဳက္တယ္။ က်ဴ႐ွင္တက္ ေက်ာင္းတက္ဆိုေတာ့ အဲ့လိုဖက္႐ွင္ေတြပဲ ကိ္ုယ္ႀကိဳက္တယ္”

“ထိပ္ထိပ္ေက်ာင္းကေတာ့ လက္႐ွိျမန္မာႏိုင္ငံမွာပါပဲ။ ၁၀ တန္း႐ွိေနပါၿပီ။ ျပည္ပက်ေတာ့ အေမတို႔ လြတ္ခ်င္ေသးမယ္လို႔ မထင္ဘူး။ ထိပ္ကေတာ့ ႏိုင္ငံျခားမွာ သင္ခ်င္တာေပါ့။ ဒါက လူတိုင္းလည္း သင္ခ်င္မယ္လို႔ ထင္ပါတယ္။ ၂၀ ေက်ာ္ရင္ေတာ့ အေမတို႔လည္း လြတ္ရင္ လြတ္မွာေပါ့။ အခုကေတာ့လည္း ထိပ္လည္းသြားေတာ့ မသြားခ်င္ေသးဘူးေလ။ ကိုယ့္ကုိကုိယ္ ရင့္က်က္တယ္လို႔ ထင္မွသြားေတာ့မယ္ေပါ့”

အခုေနာက္ပိုင္း ပရိသတ္ေတြက ပိုၿပီးေခ်ာလာတယ္လို႔ ေျပာတဲ့ အေပၚမွာေတာ့ စံထိပ္ထားဦးက “႐ုပ္ကေတာ့ ပိုေခ်ာလာတယ္လို႔ေတာ့ မ႐ွိပါဘူး။ ပိုၿပီးေတာ့ ျပင္တတ္ဆင္တတ္လာတာေပါ့။ အဲ့လုိ Beauty Blogger ေတြ လိမ္းတာကို ၾကည့္တယ္။ အဲ့လို ၾကည့္ရင္းၾကည့္ရင္းနဲ႔ လိမ္းတတ္သြားတာေပါ့။ အလွအပကို ဦးစားေပးတတ္သူထက္စာရင္ လြတ္လြတ္လပ္လပ္ေနရတာကို ပုိႀကိဳက္ပါတယ္။ ပြဲေတြသြားျဖစ္မွ ျပင္လာတာပါ”

ဆိုးတဲ့ Comment ေတြကိုဆို ဘယ္လို တုန္႔ျပန္ျဖစ္လဲ ဆိုတဲ့ အေပၚမွာ “Comment ေတြကေတာ့ အျပန္အလွန္ေပါ့။ ဒါေပမယ့္ ထိပ္ထိပ္ကိုေျပာတာ ပိုမ်ားၾကတာေပါ့ေနာ္။ ဆိုုးတဲ့ comment ေတြကို လုိက္ၾကည့္ေနရင္လည္း သူတို႔ငါ့ကို ဒီလိုေျပာပါလား လို႔လိုက္ေတြးေနရင္ သူတို႔ပိုးေတြ သမီးဆီ ကူးတယ္။ အဲ့ေတာ့ လ်စ္လ်ဴရႈ လိုက္တယ္။အဲ့ေတာ့ သူတို႔ပိုးေတြ သမီးဆီ မကူးေတာ့ဘူးေပါ့။ အဲ့လိုဆို ၿငိမ္းခ်မ္းပါတယ္။ အဲ့လို Comment ေတြ လုိက္မဖတ္ေတာ့ဘူးေပါ့။ ထိပ္ကေတာ့ Social media ကို အလယ္အလတ္ေလာက္ပဲ သံုးပါတယ္။ အရမ္းႀကီး သံုးရင္လည္း ကိုယ့္အတြက္ ေကာင္းက်ိဳး႐ွိသလို ဆိုးက်ိဳးေတြလည္း အမ်ားႀကီးပဲေလ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

CRD-Nanmalgyi

UNICODE

ချောလာတာမဟုတ်ဘူး ပြင်တတ်ဆင်တတ် လာတာပါဆိုတဲ့ စံထိပ်ထားဦး

ပြည်သူ့အချစ်တော် နာမည်ကြီး မင်းသမီး ခိုင်သင်းကြည် ကိုတော့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီး တော်တော်များများ သိကြမှာပါ။ ခိုင်သင်းကြည်ကတော့ သူနာမည်ကြီးသလို လက်ရှိမှာလည်း သူ့သမီးလေး စံထိပ်ထားဦး ကတော့ နာမည်ကြီးစပြုနေပါပြီ။ စံထိပ်ထားဦးလေးကတော့ အွန်လိုင်းပေါ်တွေမှာ Tik Tok ပေါ်တွေမှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကြောင့်လည်း အားပေးတဲ့သူတွေရှိလာတာ ဖြစ်ပါတယ်။ စံထိပ်ထားဦးကတော့ သူ့အပေါ်ဝေဖန်မှုတွေ ရှိသေ်ာလည်း သူ့အနေနဲ့ ဘယ်လိုနေပြီး ဘယ်လိုလှအောင် ပြင်ဆင်နေတတ်လာလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

မင်းသမီး ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ MC နဲ့ အင်တာဗျူးမှာ “မေမေ အကျီတွေ ယူဝတ်ဖြစ်တာများပါတယ်။ ထိပ်မှာက ဒီလို Dress တွေက သိပ်မရှိဘူးလေ။ မေမေကတော့ အပြင်တွေသွားရင် ကြည့်ပေးပါတယ်။ ထိပ်ကတော့ လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ်လေးတွေကို ပိုကြိုက်တယ်။ ကျူရှင်တက် ကျောင်းတက်ဆိုတော့ အဲ့လိုဖက်ရှင်တွေပဲ ကိုယ်ကြိုက်တယ်”

“ထိပ်ထိပ်ကျောင်းကတော့ လက်ရှိမြန်မာနိုင်ငံမှာပါပဲ။ ၁၀ တန်းရှိနေပါပြီ။ ပြည်ပကျတော့ အမေတို့ လွတ်ချင်သေးမယ်လို့ မထင်ဘူး။ ထိပ်ကတော့ နိုင်ငံခြားမှာ သင်ချင်တာပေါ့။ ဒါက လူတိုင်းလည်း သင်ချင်မယ်လို့ ထင်ပါတယ်။ ၂၀ ကျော်ရင်တော့ အမေတို့လည်း လွတ်ရင် လွတ်မှာပေါ့။ အခုကတော့လည်း ထိပ်လည်းသွားတော့ မသွားချင်သေးဘူးလေ။ ကိုယ့်ကိုကိုယ် ရင့်ကျက်တယ်လို့ ထင်မှသွားတော့မယ်ပေါ့”

အခုနောက်ပိုင်း ပရိသတ်တွေက ပိုပြီးချောလာတယ်လို့ ပြောတဲ့ အပေါ်မှာတော့ စံထိပ်ထားဦးက “ရုပ်ကတော့ ပိုချောလာတယ်လို့တော့ မရှိပါဘူး။ ပိုပြီးတော့ ပြင်တတ်ဆင်တတ်လာတာပေါ့။ အဲ့လို Beauty Blogger တွေ လိမ်းတာကို ကြည့်တယ်။ အဲ့လို ကြည့်ရင်းကြည့်ရင်းနဲ့ လိမ်းတတ်သွားတာပေါ့။ အလှအပကို ဦးစားပေးတတ်သူထက်စာရင် လွတ်လွတ်လပ်လပ်နေရတာကို ပိုကြိုက်ပါတယ်။ ပွဲတွေသွားဖြစ်မှ ပြင်လာတာပါ”

ဆိုးတဲ့ Comment တွေကိုဆို ဘယ်လို တုန့်ပြန်ဖြစ်လဲ ဆိုတဲ့ အပေါ်မှာ “Comment တွေကတော့အပြန်အလှန်ပေါ့။ ဒါပေမယ့် ထိပ်ထိပ်ကိုပြောတာ ပိုများကြတာပေါ့နော်။ ဆိုးတဲ့ comment တွေကို လိုက်ကြည့်နေရင်လည်း သူတို့ငါ့ကို ဒီလိုပြောပါလား လို့လိုက်တွေးနေရင် သူတို့ပိုးတွေ သမီးဆီ ကူးတယ်။ အဲ့တော့ လျစ်လျူရှု လိုက်တယ်။ အဲ့တော့ သူတို့ပိုးတွေ သမီးဆီ မကူးတော့ဘူးပေါ့။ အဲ့လိုဆို ငြိမ်းချမ်းပါတယ်။ အဲ့လို Comment တွေ လိုက်မဖတ်တော့ဘူးပေါ့။ ထိပ်ကတော့ Social media ကို အလယ်အလတ်လောက်ပဲ သုံးပါတယ်။ အရမ်းကြီး သုံးရင်လည်း ကိုယ့်အတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း အများကြီးပဲလေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Bobby Soxer ကုိ တုိက္နဲ႔ျခံနဲ႔ ထားခ်င္ေနတဲ့ လႊမ္းပုိင္

0

ျမန္မာႏုိင္ငံမွာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈေတြကုိ အျပည့္အဝရထားတဲ့ ေလးစားအားက်ရသလုိ သီခ်င္းအေရးပုိင္းေရာ အဆုိပုိင္းပါ ေကာင္းၾကတဲ့ Hip hop အဆုိ႐ွင္ ခ်စ္သူႏွစ္ဦးျဖစ္တဲ့ လႊမ္းပုိင္နဲ႔ Bobby Soxer တုိ႔ကေတာ့ သူတုိ႔ စစခ်င္းေတြ႔တဲ့ေန႔ကအေၾကာင္းေတြ အမွတ္တရေတြကုိ MCရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။ လႊမ္းပုိင္အေနနဲ႔ကလည္း အနာဂတ္မွာ Bobby Soxer ကုိ တုိက္နဲ႔ ျခံနဲ႔ ဝယ္ေပးဟန္႐ွိေနပါတယ္။

Bobby Soxer”ခဏခဏေျပာဖူးပါတယ္ ဘယ္လုိေျပာရမလဲ တည္တယ္ စေတြ႔တဲ့ ေနတုန္းကဆုိရင္ အဲ့လုိမ်ိဳး တည္တယ္ေပါ့ေနာ္။ မ်က္လုံးကလည္း ေယာက္်ားေလးျဖစ္ၿပီး ဘယ္ၾကည့္လုိက္ ညာၾကည့္လုိက္နဲ႔။ သူက အဲ့လုိမ်ိဳး အေနတည္တယ္ေပါ့ေနာ္ အေနလည္း တည္တယ္ ကုိယ့္ကုိ စိတ္ဝင္စားေနတာေတာ့သိတယ္ ဒါေပမဲ့ အဲ့လုိမ်ိဳး ငမ္းငမ္းတတ္ႀကီးမဟုတ္ဘူး အဲ့ေတာ့ ပုိစိတ္ဝင္စားဖုိ႔ေကာင္းတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

လႊမ္းပုိင္ကလည္း “ကြၽန္ေတာ္သူ႔ကုိ စေတြ႔တာက အဲ့တုန္းက ပြဲတစ္ခုမွ ဗ် Show ပြဲေပါ့ေနာ္။ ကြၽန္ေတာ္က အဲ့တုန္းက Rock Star အဖြဲ႔ရဲ႕ ပထမဦးဆုံး ဝင္ၿပီးေတာ့ ဆုိရမယ့္ ပြဲမွာ ကြၽန္ေတာ္သူ႔ကုိ ပထမဦးဆုံး စေတြ႔တာေပါ့ေနာ္။ အဲ့တုန္းကေတာ့ အဲ့လုိေပါ့ ကုိ Ah Boy တုိ႔နဲ႔သူက သိတယ္ေလ။ အဲ့ေတာ့ ဒီတုိင္းပဲ သမန္ကာလွ်ံကာပါပဲ။ ေတြ႔တယ္ေပါ့ ေကာင္မေလးေပါ့ Rap ဆုိတာလားဘာလားလဲ ကြၽန္ေတာ္မသိပါဘူး။ ၿပီးေတာ့မွ ကုိထိန္ဝင္းတုိ႔ စတူဒီယုိမွာ ေနာက္တစ္ေခါက္ေတြ႔တယ္ ထပ္ေတြ႔ေတာ့မွ သတိထားမိတာေပါ့ ပြဲတုန္းကေတာ့ နားၿငီးေနတာ ကြၽန္ေတာ္လည္း စင္ေပၚ တက္ခါနီးဆုိေတာ့ နည္းနည္း စိတ္လႈပ္႐ွားေနတယ္။ သူ႔ကုိ သိပ္သတိမထားမိဘူး စြာက်ယ္စြာက်ယ္နဲ႔ စကားေတြေတာ့ ေျပာေနတာပဲ။ အဲ့ေလာက္ေလာက္ပဲ သတိထားမိတာ ကုိထိန္ဝင္းတုိ႔ စတူဒီယုိမွာ ေတြ႔ေတာ့မွ ေသခ်ာ မိတ္ဆက္ေပးၾကေတာ့မွ သိသြားတာ။”လုိ႔ေျပာသြားခဲ့ပါတယ္။

ထက္ထက္က အရမ္းသြက္ေတာ့ အရမ္းေအးတဲ့ လႊမ္းပုိင္အတြက္ အဆင္ေျပမလားဆုိၿပီး ေတြးခဲ့တာ႐ွိလားလုိ႔ လႊမ္းပုိင္ကုိ ေမးျမန္းရာ “အဲ့လုိမ်ိဳးႀကီး အရမ္းႀကီးေတာ့လည္း မေတြးမိပါဘူး ေစာေစာက ေျပာသလုိေပါ့ ေတြ႔တယ္ သေဘာက်တယ္ ဟုိလုိမ်ိဴး အမ်ားႀကီး ေတြ အေဝးႀကီးေတြကုိ ကြၽန္ေတာ္မေတြးဘူး သိတယ္မလား”လုိ႔ေျပာသြားခဲ့ပါတယ္။

အနာဂတ္ကုိ ဘယ္လုိမ်ိဳးေတြ စဥ္းစားထားၾကလဲလုိ႔ ေမးျမန္းရာ Bobby Soxerက “စိတ္ကူးကေတာ့ ႐ွိတာေပါ့ ထက္ေတာ့က်ေတာ့ တေျဖးေျဖးနဲ႔ အေကာင္အထည္ေဖာ္ေနတုန္းေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ၿပီး လႊမ္းပုိင္ကလည္း “စိတ္ကူးထားတာေတာ့႐ွိပါတယ္။ တုိက္နဲ႔ျခံနဲ႔ေနမယ္ ဘာညာ ေခြးေတြေမြးမယ္။ ကြၽန္ေတာ္တုိ႔က အရင္ထဲက ပုိက္ဆံသိပ္သုံးတဲ့အထဲမွာ မပါဘူး အဲ့ေတာ့လည္း စုၿပီးသားပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

CRD-Nanmalgyi

UNICODE

Bobby Soxer ကို တိုက်နဲ့ခြံနဲ့ ထားချင်နေတဲ့ လွှမ်းပိုင်

မြန်မာနိုင်ငံမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရထားတဲ့ လေးစားအားကျရသလို သီချင်းအရေးပိုင်းရော အဆိုပိုင်းပါ ကောင်းကြတဲ့ Hip hop အဆိုရှင် ချစ်သူနှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကတော့ သူတို့ စစချင်းတွေ့တဲ့နေ့ကအကြောင်းတွေ အမှတ်တရတွေကို MCရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ လွှမ်းပိုင်အနေနဲ့ကလည်း အနာဂတ်မှာ Bobby Soxer ကို တိုက်နဲ့ ခြံနဲ့ ဝယ်ပေးဟန်ရှိနေပါတယ်။

Bobby Soxer”ခဏခဏပြောဖူးပါတယ် ဘယ်လိုပြောရမလဲ တည်တယ် စတွေ့တဲ့ နေတုန်းကဆိုရင် အဲ့လိုမျိုး တည်တယ်ပေါ့နော်။ မျက်လုံးကလည်း ယောက်ျားလေးဖြစ်ပြီး ဘယ်ကြည့်လိုက် ညာကြည့်လိုက်နဲ့။ သူက အဲ့လိုမျိုး အနေတည်တယ်ပေါ့နော် အနေလည်း တည်တယ် ကိုယ့်ကို စိတ်ဝင်စားနေတာတော့သိတယ် ဒါပေမဲ့ အဲ့လိုမျိုး ငမ်းငမ်းတတ်ကြီးမဟုတ်ဘူး အဲ့တော့ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။”လို့ ပြောသွားခဲ့ပါတယ်။

လွှမ်းပိုင်ကလည်း “ကျွန်တော်သူ့ကို စတွေ့တာက အဲ့တုန်းက ပွဲတစ်ခုမှ ဗျ Show ပွဲပေါ့နော်။ ကျွန်တော်က အဲ့တုန်းက Rock Star အဖွဲ့ရဲ့ ပထမဦးဆုံး ဝင်ပြီးတော့ ဆိုရမယ့် ပွဲမှာ ကျွန်တော်သူ့ကို ပထမဦးဆုံး စတွေ့တာပေါ့နော်။ အဲ့တုန်းကတော့ အဲ့လိုပေါ့ ကို Ah Boy တို့နဲ့သူက သိတယ်လေ။ အဲ့တော့ ဒီတိုင်းပဲ သမန်ကာလျှံကာပါပဲ။ တွေ့တယ်ပေါ့ ကောင်မလေးပေါ့ Rap ဆိုတာလားဘာလားလဲ ကျွန်တော်မသိပါဘူး။ ပြီးတော့မှ ကိုထိန်ဝင်းတို့ စတူဒီယိုမှာ နောက်တစ်ခေါက်တွေ့တယ် ထပ်တွေ့တော့မှ သတိထားမိတာပေါ့ ပွဲတုန်းကတော့ နားငြီးနေတာ ကျွန်တော်လည်း စင်ပေါ် တက်ခါနီးဆိုတော့ နည်းနည်း စိတ်လှုပ်ရှားနေတယ်။ သူ့ကို သိပ်သတိမထားမိဘူး စွာကျယ်စွာကျယ်နဲ့ စကားတွေတော့ ပြောနေတာပဲ။ အဲ့လောက်လောက်ပဲ သတိထားမိတာ ကိုထိန်ဝင်းတို့ စတူဒီယိုမှာ တွေ့တော့မှ သေချာ မိတ်ဆက်ပေးကြတော့မှ သိသွားတာ။”လို့ပြောသွားခဲ့ပါတယ်။

ထက်ထက်က အရမ်းသွက်တော့ အရမ်းအေးတဲ့ လွှမ်းပိုင်အတွက် အဆင်ပြေမလားဆိုပြီး တွေးခဲ့တာရှိလားလို့ လွှမ်းပိုင်ကို မေးမြန်းရာ “အဲ့လိုမျိုးကြီး အရမ်းကြီးတော့လည်း မတွေးမိပါဘူး စောစောက ပြောသလိုပေါ့ တွေ့တယ် သဘောကျတယ် ဟိုလိုမျိူး အများကြီး တွေ အဝေးကြီးတွေကို ကျွန်တော်မတွေးဘူး သိတယ်မလား”လို့ပြောသွားခဲ့ပါတယ်။

အနာဂတ်ကို ဘယ်လိုမျိုးတွေ စဉ်းစားထားကြလဲလို့ မေးမြန်းရာ Bobby Soxerက “စိတ်ကူးကတော့ ရှိတာပေါ့ ထက်တော့ကျတော့ တဖြေးဖြေးနဲ့ အကောင်အထည်ဖော်နေတုန်းပေါ့နော်။”လို့ ပြောသွားခဲ့ပြီး လွှမ်းပိုင်ကလည်း “စိတ်ကူးထားတာတော့ရှိပါတယ်။ တိုက်နဲ့ခြံနဲ့နေမယ် ဘာညာ ခွေးတွေမွေးမယ်။ ကျွန်တော်တို့က အရင်ထဲက ပိုက်ဆံသိပ်သုံးတဲ့အထဲမှာ မပါဘူး အဲ့တော့လည်း စုပြီးသားပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

“ဟစ္တိုင္” ၾကည့္ဖူးသူတိုင္း ခ်စ္မဝျဖစ္ခဲ့ရတဲ့ ကေလးသရုပ္ေဆာင္ျပည့္ျပည့္

0

လူၾကီးေတြထက္ေတာင္ သရုပ္ေဆာင္ေကာင္းလြန္းလို႔ ပရိသတ္ေတြအခ်စ္ပိုေနရတဲ့ ကေလးသရုပ္ေဆာင္ေလး ျပည့္ျပည့္ကေတာ့ လတ္တေလာျပသေနတဲ့ “ဟစ္တိုင္” ရုပ္ရွင္ဇာတ္ကားၾကီးထဲမွာလည္း ဥေဒါင္းငယ္ေလးေနရာကေန အေကာင္းဆံုးသရုပ္ေဆာင္ထားတာ ေတြ႔ရပါတယ္။ ေဒါင္းနီရဲ႕သမီးေလး ဥေဒါင္းငယ္အေနနဲ႔ သရုပ္ေဆာင္ပီျပင္လြန္းလို႔ “ဟစ္တိုင္” ရုပ္ရွင္ဇာတ္ကားၾကည့္ဖူးသူတိုင္း ရင္နင့္ေအာင္ ခံစားသြားရေစတဲ့ သမီးေလးဆိုလည္း မမွားပါဘူး။

ခ်စ္​ပရိသတ္​​ေတြအတြက္ သရုပ္ေဆာင္လည္းေကာင္း၊ ခ်စ္ဖို႔လည္းေကာင္းတဲ့ သမီးေလး ျပည့္ျပည့္ရဲ႕ပံုရိပ္ေတြကို ​ေဖာ္​ျပ​ေပးလိုက္​ပါတယ္​​ေနာ္​။သရုပ္ေဆာင္လုပ္ရတာကို ဝါသနာပါတဲ့ ျပည့္ျပည့္ေလးကေတာ့ လိမၼာေရးျခားလည္း ရွိလြန္းတာမို႔ သူနဲ႔အလုပ္အတူလုပ္ဖူးသူေတြတိုင္း သေဘာက်ခ်ီးက်ူးၾကရတဲ့ သမီးေလးပဲ ျဖစ္ပါတယ္။

ကေလးသရုပ္ေဆာင္ေလး ျပည့္ျပည့္ကေတာ့ တေလာက ရံုတင္ျပသခဲ့တဲ့ “လိပ္ျပာစံအိမ္” ရုပ္ရွင္ဇာတ္ကားၾကီး ထဲမွာလည္း ပီျပင္လြန္းတဲ့ သရုပ္ေဆာင္ခ်က္ေတြနဲ႔ ပရိသတ္ေတြရဲ႕အားေပးနွစ္သက္ျခင္းကို အရယူထားႏိုင္ခဲ့ပါေသးတယ္။
အသက္ငယ္ငယ္ေလးနဲ႔ အရည္အခ်င္းအျပည့္အဝရွိတဲ့ ကေလးသရုပ္ေဆာင္ေလး ျပည့္ျပည့္ကေတာ့ သူမရိုက္ကူူးထားတဲ့ ရုပ္ရွင္ေတြလည္း ရံုတင္ဖို႔ရွိေသးသလို၊ တစ္ျခားေသာ ရုပ္ရွင္ဇာတ္ကားၾကီးေတြလည္း ဆက္လက္ရိုက္ကူးေနတယ္လို႔ သိရပါတယ္။ခ်စ္ပရိသတ္ေတြလည္း ဟစ္တိုင္ဇာတ္ကားမွ ဥေဒါင္းငယ္ တစ္ျဖစ္လဲ ျပည့္ျပည့္ေလးကိုခ်စ္ရင္ Share သြားၾကဖို႔ မေမ့ပါနဲ႔ေနာ္။

CRD-Momolay

UNICODE

“ဟစ်တိုင်” ကြည့်ဖူးသူတိုင်း ချစ်မဝဖြစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်

လူကြီးတွေထက်တောင် သရုပ်ဆောင်ကောင်းလွန်းလို့ ပရိသတ်တွေအချစ်ပိုနေရတဲ့ ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ လတ်တလောပြသနေတဲ့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဥဒေါင်းငယ်လေးနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒေါင်းနီရဲ့သမီးလေး ဥဒေါင်းငယ်အနေနဲ့ သရုပ်ဆောင်ပီပြင်လွန်းလို့ “ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြည့်ဖူးသူတိုင်း ရင်နင့်အောင် ခံစားသွားရစေတဲ့ သမီးလေးဆိုလည်း မမှားပါဘူး။

ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်လည်းကောင်း၊ ချစ်ဖို့လည်းကောင်းတဲ့ သမီးလေး ပြည့်ပြည့်ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။သရုပ်ဆောင်လုပ်ရတာကို ဝါသနာပါတဲ့ ပြည့်ပြည့်လေးကတော့ လိမ္မာရေးခြားလည်း ရှိလွန်းတာမို့ သူနဲ့အလုပ်အတူလုပ်ဖူးသူတွေတိုင်း သဘောကျချီးကျူးကြရတဲ့ သမီးလေးပဲ ဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ တလောက ရုံတင်ပြသခဲ့တဲ့ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီး ထဲမှာလည်း ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့အားပေးနှစ်သက်ခြင်းကို အရယူထားနိုင်ခဲ့ပါသေးတယ်။အသက်ငယ်ငယ်လေးနဲ့ အရည်အချင်းအပြည့်အဝရှိတဲ့ ကလေးသရုပ်ဆောင်လေး ပြည့်ပြည့်ကတော့ သူမရိုက်ကူူးထားတဲ့ ရုပ်ရှင်တွေလည်း ရုံတင်ဖို့ရှိသေးသလို၊ တစ်ခြားသော ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်လက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း ဟစ်တိုင်ဇာတ်ကားမှ ဥဒေါင်းငယ်တစ်ဖြစ်လဲ ပြည့်ပြည့်လေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

ဖ်ားေနတာကိုလာမေတြ႕လို႔ဆိုၿပီး ခ်စ္ရသူေလးကိုဂ်ီက်ေနတဲ့ ခ်ီခ်ီ

0

Beauty Blogger မေလးခ်ီခ်ီကေတာ့ အႏုပညာေလာကကိုေအာင္ျမင္မႈေတြမ်ားစြာနဲ႔ေလွ်ာက္လွမ္းေနသူေလးပါ။ သူမ႐ိုက္ကူးထားတဲ့ဇာတ္ကားတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ခံစားခ်က္ေတြနဲ႔ထပ္တူၾကခဲ့တာမို႔ လူတိုင္းရဲ႕ခ်စ္ခင္အားေပးမႈေတြကိုရရွိထားသူပါ။ ပြင့္ပြင့္လင္းလင္းေျပာတတ္တဲ့သူမရဲ႕ျဖဴစင္တဲ့စိတ္ထားေလးေၾကာင့္လည္း ပရိသတ္ေတြကခ်ီခ်ီကိုပိုၿပီးအခ်စ္ပိုေနရတာပါ။

သူမရဲ႕ခ်စ္သူနဲ႔လည္း အလိုက္ဖက္ဆုံးစုံတြဲေလးတစ္တြဲအျဖစ္ ပရိသတ္ေတြကသတ္မွတ္ထားၾကတာပါ။ သူတို႔ႏွစ္ေယာက္ကေတာ့ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္နဲ႔ပဲ သာယာေပ်ာ္႐ႊင္စရာေကာင္းတဲ့ခ်စ္ခရီးလမ္းေလးကိုေလွ်ာက္လွမ္းေနၾကတာပါ။ ခ်ီခ်ီတို႔အတြဲေလးဟာ ခရီးသြားတာဝါသနာပါၾကသူမ်ားပီပီ မၾကာခဏလည္း ခရီးထြက္ေလ့ရွိၾကတာပါ။ တစ္ေယာက္နဲ႔တစ္ေယာက္အေနေဝးၾကပင္မယ့္လည္း သူတို႔ရဲ႕တစ္ေယာက္ကိုတစ္ေယာက္နားလည္းမႈေတြနဲ႔ခ်စ္ခရီးလမ္းေလးကိုေလွ်ာက္လွမ္းေနၾကတာကေတာ့ ခ်ီးက်ဴးစရာပါ။

ခ်ီခ်ီကေတာ့ သူမရဲ႕ခ်စ္သူေလးကို တီတီတာတာေလးနဲ႔ခြၽဲလိုက္ျပန္ပါၿပီေနာ္။ လတ္တေလာမွာေတာ့ သူမဟာေညာင္ေ႐ႊမွာ႐ုပ္ရွင္ဇာတ္ကားႀကီး႐ိုက္ကူးေနတာပဲ ျဖစ္ၿပီးေနမေကာင္းျဖစ္ေနတာေၾကာင့္ ေအာင္ေႏြးဦးကို Video Call ေလးေခၚကာခြၽဲေနတာပါ။ ေအာင္ေႏြးဦးရဲ႕ Instagram myday ေလးမွာလည္း “ ဖ်ားတာကိုလာမေတြ႕လို႔တဲ့ ဂ်ီက်” ဆိုၿပီးတင္ထားတာပါ။ ဒီလိုလိုက္ဖက္ညီၿပီး ခ်စ္ဖို႔ေကာင္းတဲ့စုံတြဲေလးကို အားမက်ဘူးလားပရိသတ္ႀကီးေရ။

Photo – Aung Nway Oo,CRD-Myanmarload

UNICODE

ဖျားနေတာကိုလာမတွေ့လို့ဆိုပြီး ချစ်ရသူလေးကိုဂျီကျနေတဲ့ ချီချီ

Beauty Blogger မလေးချီချီကတော့ အနုပညာလောကကိုအောင်မြင်မှုတွေများစွာနဲ့လျှောက်လှမ်းနေသူလေးပါ။ သူမရိုက်ကူးထားတဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကြခဲ့တာမို့ လူတိုင်းရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားသူပါ။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူမရဲ့ဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေကချီချီကိုပိုပြီးအချစ်ပိုနေရတာပါ။

သူမရဲ့ချစ်သူနဲ့လည်း အလိုက်ဖက်ဆုံးစုံတွဲလေးတစ်တွဲအဖြစ် ပရိသတ်တွေကသတ်မှတ်ထားကြတာပါ။ သူတို့နှစ်ယောက်ကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာပါ။ ချီချီတို့အတွဲလေးဟာ ခရီးသွားတာဝါသနာပါကြသူများပီပီ မကြာခဏလည်း ခရီးထွက်လေ့ရှိကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်အနေဝေးကြပင်မယ့်လည်း သူတို့ရဲ့တစ်ယောက်ကိုတစ်ယောက်နားလည်းမှုတွေနဲ့ချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာကတော့ ချီးကျူးစရာပါ။

ချီချီကတော့ သူမရဲ့ချစ်သူလေးကို တီတီတာတာလေးနဲ့ချွဲလိုက်ပြန်ပါပြီနော်။ လတ်တလောမှာတော့ သူမဟာညောင်ရွှေမှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပြီးနေမကောင်းဖြစ်နေတာကြောင့် အောင်နွေးဦးကို Video Call လေးခေါ်ကာချွဲနေတာပါ။ အောင်နွေးဦးရဲ့ Instagram myday လေးမှာလည်း “ ဖျားတာကိုလာမတွေ့လို့တဲ့ ဂျီကျ” ဆိုပြီးတင်ထားတာပါ။ ဒီလိုလိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့စုံတွဲလေးကို အားမကျဘူးလားပရိသတ်ကြီးရေ။

အတူတူလိုက္ရူးေပးတာေတြ အဆိုးခ်ိန္ေတြမွာတူတူရွိေနေပးတဲ႔ ခ်စ္သူေလးကို အခ်စ္ေတြပိုေနတဲ့ ရဲရင့္ေအာင္

0

ဒီေန႔(ေမလ ၂၂) ရက္ေန႔ကေတာ့ ရဲရင့္ေအာင္နဲ႔ ဧၿငိမ္းျဖဴတို႔ရဲ႕ အမွတ္တရ ေန႔ေလး တစ္ေန႔ျဖစ္ပါတယ္။ ခ်စ္သူေလးဧၿငိမ္းျဖဴအတြက္ ရဲရင့္ေအာင္က သူ႔ရင္ထဲက စကား ေျပာျပလာပါတယ္။ေမလ ၂၂ ရက္ေန႔ဟာ အဆိုေတာ္ ရဲရင့္ေအာင္နဲ႔ Dancer မေလး ဧၿငိမ္းျဖဴတို႔ရဲ႕ ခ်စ္သူသက္တမ္း ၂ ႏွစ္နဲ႔ ႏွစ္လျပည့္တဲ့ေန႔ပါ။ ရဲရင့္ေအာင္က ဧၿငိမ္းျဖဴကို ခ်စ္စႏိုးနဲ႔ အခုလို စေနာက္ခဲ့ပါတယ္။

‘’Happy Anniversary အ႐ူးမေရ <3 အတူတူလိုက္႐ူးေပးတာေတြေရာ၊ အဆိုးခ်ိန္ေတြမွာ ရွိေနေပးတာေရာ၊ ျဖစ္တည္မႈအားလုံးအတြက္ <3 <3 <3’’ ဆိုၿပီးေတာ့ ရဲရင့္ေအာင္ရဲ႕ Facebook Story မွာ ေမလ ၂၂ ရက္ေန႔ မနက္ ၆ နာရီေက်ာ္က တင္ထားတာကို ေတြ႕ရပါတယ္။

အဆိုေတာ္ ရဲရင့္ေအာင္ နဲ႔ Dancer မေလး ဧၿငိမ္းျဖဴ တို႔ဟာ မတ္လ ၂၂ ရက္ေန႔မွာပဲ ခ်စ္သူ သက္တမ္း ၂ ႏွစ္ျပည့္ခဲ့တာျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ကလည္း အရမ္းခ်စ္ၾကတဲ့ ခ်စ္သူေတြပါ။

‘’Happy Anniversary ပါ အ႐ူးမေရ ‘’ ဆိုၿပီးေတာ့ ခ်စ္သူေလး ဧၿငိမ္းျဖဴကို စေနာက္ၿပီး သူ႔ရဲ႕ Facebook Story မတ္လ ၂၁ ရက္ေန႔ ည ၉ နာရီေက်ာ္မွာ တင္ခဲ့ပါတယ္။ အဲဒီေနာက္ ဧၿငိမ္းျဖဴရဲ႕ Facebook Story မွာလည္း Happy 26 ေလ အ႐ူးႀကီးေရ ‘’ ဆိုၿပီးေတာ့လည္း ျပန္လည္ေရးသားထားတာကို ေတြ႕ရပါတယ္။

သူတို႔ႏွစ္ေယာက္ ခ်စ္သူေတြ ျဖစ္ေနၿပီဆိုတာကိုေတာ့ ၂၀၁၇ ခုႏွစ္ ဧၿပီလ အတြင္းမွာ ပရိသတ္ေတြကို ေျပာျပခဲ့တာျဖစ္ပါတယ္။ ရဲရင့္ေအာင္ဟာ ဂီတဘက္မွာ ေအာင္ျမင္သူျဖစ္သလို ဧၿငိမ္းျဖဴကလည္း သ႐ုပ္ေဆာင္ဘက္မွာေရာ အက ဘက္မွာပါ ေအာျ္မင္ေနသူတစ္ဦး ျဖစ္ပါတယ္။ ဧၿငိမ္းျဖဴဟာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌေဟာင္းဦးၾကည္စိုးထြန္းရဲ႕ေျမး ျဖစ္ၿပီး၊ ဒါ႐ိုက္တာ ေဒၚသီတာလင္းရဲ႕ သမီးငယ္ပါ။

CRD-Duwun

UNICODE

ပျော်ပျော်နေတတ်တဲ့ ချစ်သူလေးကို အချစ်တွေပိုနေတဲ့ ရဲရင့်အောင်

ဒီနေ့(မေလ ၂၂) ရက်နေ့ကတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ အမှတ်တရ နေ့လေး တစ်နေ့ဖြစ်ပါတယ်။ ချစ်သူလေးဧငြိမ်းဖြူအတွက် ရဲရင့်အောင်က သူ့ရင်ထဲက စကား ပြောပြလာပါတယ်။

မေလ ၂၂ ရက်နေ့ဟာ အဆိုတော် ရဲရင့်အောင်နဲ့ Dancer မလေး ဧငြိမ်းဖြူတို့ရဲ့ ချစ်သူသက်တမ်း ၂ နှစ်နဲ့ နှစ်လပြည့်တဲ့နေ့ပါ။ ရဲရင့်အောင်က ဧငြိမ်းဖြူကို ချစ်စနိုးနဲ့ အခုလို စနောက်ခဲ့ပါတယ်။

‘’Happy Anniversary အရူးမရေ <3 အတူတူလိုက်ရူးပေးတာတွေရော၊ အဆိုးချိန်တွေမှာ ရှိနေပေးတာရော၊ ဖြစ်တည်မှုအားလုံးအတွက် <3 <3 <3’’ ဆိုပြီးတော့ ရဲရင့်အောင်ရဲ့ Facebook Story မှာ မေလ ၂၂ ရက်နေ့ မနက် ၆ နာရီကျော်က တင်ထားတာကို တွေ့ရပါတယ်။

အဆိုတော် ရဲရင့်အောင် နဲ့ Dancer မလေး ဧငြိမ်းဖြူ တို့ဟာ မတ်လ ၂၂ ရက်နေ့မှာပဲ ချစ်သူ သက်တမ်း ၂ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရမ်းချစ်ကြတဲ့ ချစ်သူတွေပါ။

‘’Happy Anniversary ပါ အရူးမရေ ‘’ ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူကို စနောက်ပြီး သူ့ရဲ့ Facebook Story မတ်လ ၂၁ ရက်နေ့ ည ၉ နာရီကျော်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် ဧငြိမ်းဖြူရဲ့ Facebook Story မှာလည်း Happy 26 လေ အရူးကြီးရေ ‘’ ဆိုပြီးတော့လည်း ပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။

သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေပြီဆိုတာကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာ ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ရဲရင့်အောင်ဟာ ဂီတဘက်မှာ အောင်မြင်သူဖြစ်သလို ဧငြိမ်းဖြူကလည်း သရုပ်ဆောင်ဘက်မှာရော အက ဘက်မှာပါ အောြ်မင်နေသူတစ်ဦး ဖြစ်ပါတယ်။ ဧငြိမ်းဖြူဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဦးကြည်စိုးထွန်းရဲ့မြေး ဖြစ်ပြီး၊ ဒါရိုက်တာ ဒေါ်သီတာလင်းရဲ့ သမီးငယ်ပါ။

ေမေမသက္မြန္၊ အားခ်စ္ေလးတို႔နဲ႔ေတြ႔ရလို႔ အရမ္းကိုေပ်ာ္ရႊင္ေနတဲ့ ေငြဇင္လိွဳင္း

0

အဆုိေတာ္မေလးတစ္ဦးျဖစ္တဲ့ ေငြဇင္လိႈင္းတို႔ဟာဆိုရင္ ႏိုင္ငံေက်ာ္ သရုပ္ေဆာင္ ထပ္ဆင့္အကယ္ဒမီ မင္းသမီးေခ်ာေလး သက္မြန္ျမင့္နဲ႔ ညီအစ္မေတြလို အရမ္းကို ခင္မင္ခဲ့ၾကတဲ့ ဆိုးတိုင္ပင္ ေကာင္းတုိင္ပင္ညီအစ္မေတြပဲ ျဖစ္ပါတယ္။ အစ္မအရင္းတစ္ေယာက္လို ခ်စ္စရာေကာင္းတဲ့ သက္မြန္နဲ႔ အရမ္းခင္မင္ခဲ့တဲ့ ေငြဇင္လိွဳင္းကေတာ့ သက္မြန္ရဲ႕ မိသားစုေတြနဲ႔ အရမ္းကို ခင္မင္ရင္းႏွီးခဲ့တဲ့ သူေလးပါ။

သက္မြန္တို႔ မိသားစုေတြနဲ႔ အရမ္းကိုခင္မင္ခဲ့ၾကတဲ့ သူကေတာ့ သက္မြန္တို႔အိမ္ကို မၾကာခနဆိုသလို အလည္ေရာက္ရွိခဲ့တာပဲ ျဖစ္ပါတယ္။ သက္မြန္တို႔အိမ္ကို မၾကာမၾကာ အလည္ေရာက္ျဖစ္တဲ့ သူကေတာ့ လတ္တေလာမွာလည္း အလုပ္နားတဲ့ရက္ေလးမို႔ သက္မြန္တို႔အိမ္ကို ကေလးေတြနဲ႔ေဆာ့ရန္ ကေလးထိန္းေရာက္ရွိေနခဲ့ၾကတာပဲ ျဖစ္ပါတယ္။ သက္မြန္ရဲ႕ အိမ္ကိုအလည္သြားရင္း ကေလးေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေဆာ့ေနၾကတဲ့ ၾကည္ႏူးစရာေကာင္းတဲ့ ပံုရိပ္ေလးေတြကိုပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝ ေဖာ္ျပေပးလိုက္ပါတယ္။

သက္မြန္အိမ္ကို အလည္သြားရင္း ခ်စ္ရသူေတြနဲ႔ေတြ႔ဆံုရလို႔ အရမ္းကိုေပ်ာ္ရႊင္ေနတဲ့ ေငြဇင္လိွဳင္းကေတာ့ ” ေန႕ရက္တိုင္းဟာ လွပေနပါတယ္ အခ်စ္ေတြနဲ႕ အတူရွိရတယ္ 🥰🥰🥰 ” ဆိုၿပီး သူမရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာေပၚကေန မ်ွေဝေပးလာခဲ့တာပဲ ျဖစ္ပါတယ္။အရမ္းကို ခ်စ္စရာေကာင္းလြန္းတဲ့ သက္မြန္ရဲ႕သားေလး အားခ်စ္ကလည္း ေငြဇင္လိွဳင္းအလည္သြားေတာ့ အရမ္းကို ေပ်ာ္ေနတာေနာ္။

သက္မြန္ရဲ႕ အိမ္ကိုအလည္သြားရင္း အခ်စ္ကေလးေတြနဲ႔အတူ အရမ္းကို ေပ်ာ္ရြွင္ေနတဲ့ ေငြဇင္လိႈင္းရဲ႕ ပံုရိပ္ေလးေတြကိုၾကည့္ရင္း သေဘာက် ၾကည္ႏူးမိတယ္ဆိုရင္ ဒီပို႔စ္ေလးကို မ်ွေဝျပီး အားေပးသြားၾကဖို႔ မေမ့ပါနဲ႔ဦးေနာ္။ ၾကည့္ရွဳအားေပးၾကပါေသာ ခ်စ္ပရိသတ္မ်ားအေပါင္းကိုေက်းဇူးအထူးတင္ရွိပါတယ္။

CRD-Momolay

UNICODE

မေမေသက်မွန်၊ အားချစ်လေးတို့နဲ့တွေ့ရလို့ အရမ်းကိုပျော်ရွှင်နေတဲ့ ငွေဇင်လှိုင်း

အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ ငွေဇင်လှိုင်းတို့ဟာဆိုရင် နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောလေး သက်မွန်မြင့်နဲ့ ညီအစ်မတွေလို အရမ်းကို ခင်မင်ခဲ့ကြတဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်ညီအစ်မတွေပဲ ဖြစ်ပါတယ်။ အစ်မအရင်းတစ်ယောက်လို ချစ်စရာကောင်းတဲ့ သက်မွန်နဲ့ အရမ်းခင်မင်ခဲ့တဲ့ ငွေဇင်လှိုင်းကတော့ သက်မွန်ရဲ့ မိသားစုတွေနဲ့ အရမ်းကို ခင်မင်ရင်းနှီးခဲ့တဲ့ သူလေးပါ။

သက်မွန်တို့ မိသားစုတွေနဲ့ အရမ်းကိုခင်မင်ခဲ့ကြတဲ့ သူကတော့ သက်မွန်တို့အိမ်ကို မကြာခနဆိုသလို အလည်ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ သက်မွန်တို့အိမ်ကို မကြာမကြာ အလည်ရောက်ဖြစ်တဲ့ သူကတော့ လတ်တလောမှာလည်း အလုပ်နားတဲ့ရက်လေးမို့ သက်မွန်တို့အိမ်ကို ကလေးတွေနဲ့ဆော့ရန် ကလေးထိန်းရောက်ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ သက်မွန်ရဲ့ အိမ်ကိုအလည်သွားရင်း ကလေးတွေနဲ့ ပျော်ပျော်ပါးပါး ဆော့နေကြတဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်။

သက်မွန်အိမ်ကို အလည်သွားရင်း ချစ်ရသူတွေနဲ့တွေ့ဆုံရလို့ အရမ်းကိုပျော်ရွှင်နေတဲ့ ငွေဇင်လှိုင်းကတော့ ” နေ့ရက်တိုင်းဟာ လှပနေပါတယ် အချစ်တွေနဲ့ အတူရှိရတယ် 🥰🥰🥰 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သက်မွန်ရဲ့သားလေး အားချစ်ကလည်း ငွေဇင်လှိုင်းအလည်သွားတော့ အရမ်းကို ပျော်နေတာနော်။

သက်မွန်ရဲ့ အိမ်ကိုအလည်သွားရင်း အချစ်ကလေးတွေနဲ့အတူ အရမ်းကို ပျော်ရွှင်နေတဲ့ ငွေဇင်လှိုင်းရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မှကျေးဇူးအထူးတင်ရှိပါတယ်။

Recent Posts