Home Blog Page 2
0
Source:Khinzar Chikyaw Zar,CRD-Myanmarload
UNICODE
TikTok သီချင်းလေးတွေကို အသည်းယားစရာအမူအရာလေးတွေနဲ့ကစားနေတဲ့ ခင်ဇာခြည်ကျော်ရဲ့သမီးငယ်လေး
ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ အားကိုးရမယ့် သားကြီးလေးနဲ့ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ကို Single Mother တစ်ယောက်အဖြစ်နဲ့ ပြုစုပျိုးထောင်ပေးနေကာ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။ခင်ဇာခြည်ကျော်ကတော့ သားနဲ့သမီးနှစ်ယောက်ရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးပြီး အားမာန်အပြည့်ပေးတဲ့ ချီးကျူးစရာမိခင်ကောင်းတစ်ယောက်ပါနော်။
ခင်ဇာခြည်ကျော်ရဲ့ သားကြီးလေး ဘုန်းမင်းနေလကတော့ မေမေ့လိုပဲ အနုပညာကိုဝါသနာပါတာကြောင့် ရွှေကြိုကနေစတင်ပြီး အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်နော်။မေမေခင်ဇာခြည်ကျော်ကလည်း သားကြီးရဲ့ အနုပညာအလုပ်တွေကိုလည်း အကြံဉာဏ်တွေပေးရင်းလိုအပ်တာမှန်သမျှကိုကူညီပေးနေတာဖြစ်ပြီး အခုဆိုရင်တော့ ဘုန်းမင်းလည်း စင်ကာပူမှာကျောင်းပြန်သွားတတ်နေပြီဖြစ်ပါတယ်။
ခင်ဇာခြည်ကျော်ရဲ့သမီးငယ်လေး ထင်သစ္စာကလည်း မေမေ့ရဲ့အလှအပတွေကိုအကုန်လုံးယူထားတဲ့ သမီးချောလေးတစ်ယောက်ဖြစ်ပါတယ်နော်။သမီးလေးကတော့ တစ်ခါတစ်လေကျရင် Tiktok လေးတွေဆော့ပြီး ပရိသတ်ကြီးအတွက်မျှဝေနေကျဖြစ်ပါတယ်။အခုဆိုရင်လည်း ခေတ်စားနေတဲ့ Tiktok သီချင်းလေးတွေကို အသည်းယားစရာကောင်းတဲ့အမူအရာလေးတွေနဲ့ အိုင်တင်ထုတ်ရင်း ကစားနေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။
0
CRD-Momolay
UNICODE
အေးမြဖြူ သီဆိုတဲ့” အလေးပြုပါတယ် ” သီချင်းကြောင့် ဘဘဗိုကလေးတင့်အောင် မျက်ရည်ကျခဲ့ရတဲ့ Video File
ကလေးသရုပ်ဆောင် လုပ်ရင်း အနုပညာလောကထဲရောက်ရှိလာသူလေး မြန်မာသံ အဆိုတော်မလေး အေးမြဖြူဟာဆိုရင် ဂီတတံခါးလေး သီချင်းဆိုပြိုင်ပွဲတွေလည်း ဝင်ပြိုင်ခဲ့ပြီး ဧပရယ် Queen ကလေး သြင်္ကန်အခွေထဲမှာ တိုင်ပြောမယ် သီချင်းနဲ့ ပရိသတ်အားပေးမှုများစွာရရှိထားသူလေးပါ။ ရုပ်ရှင်ဇာတ်ကားများစွာနဲ့ ဗွီဒီယို ဇာတ်ကားများစွာ တို့မှာလည်း ကလေးသရုပ်ဆောင်အနေနဲ့ ရိုက်ကူးခဲ့တဲ့ အေးမြဖြူ က ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းမှာ လျှောက်လှမ်းနေသူလေးပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် အေးမြဖြူ သီဆိုတဲ့ အလေးပြုပါတယ် သီချင်းကြောင့် ဘဘ ဗိုလ်ကလေးတင့်အောင် ဝမ်းနည်းမျက်ရည်ကျခဲ့ရတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေးမြဖြူ နဲ့ အဖွဲ့မှ အာဇာနည်နေ့ အမှတ်တရ အစီအစဉ်ရိုက်ကူးရနအတွက် ဘဘဗိုလ်ကလေးတင့်အောင် ရဲ့ အိမ်မှာ ရိုက်ကူးရေးပြုလုပ်ခဲ့ကြတာပါ။းအေးမြဖြူနဲ့ အေးအေးအောင်တို့ကစန္ဒရား ရဲမင်းဟန်နဲ့အတူ ဘဘရေးခဲ့တဲ့သီချင်းတွေဆိုပြခဲ့ကြပြီး ဘဘ က အရမ်းဝမ်းသာနေခဲ့တယ်လို့ သိရပါတယ်။
အေးမြဖြူ က အလေးပြုပါတယ် သီချင်းဆိုတော့ ဘဘ ဗိုလ်ကလေးတင့်အောင် က သီချင်းလေးမှာစီးမျောရင်း ဝမ်းနည်းမျက်ရည်ကျတဲ့ အထိ ဖြစ်ခဲ့တာပါ။အေးမြဖြူ ရဲ့ သီချင်းကြောင့် မျက်ရည်ကျနေတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
အေးမြဖြူ သီဆိုတဲ့” အလေးပြုပါတယ် ” သီချင်းကြောင့် ဘဘဗိုကလေးတင့်အောင် မျက်ရည်ကျခဲ့ရတဲ့ Video File
အေးမြဖြူ ရဲ့ သီချင်း Video File လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
“ဖြုံဘူးရွာသူရွာသားတွေရဲ့ ရိုးသားပြီးဖော်ရွေမှုကြောင့် ဖြုံဘူးရွာမှာ အပျော်ကြီးပျော်နေတဲ့ ရွှေကစ်လေး”
0
Source : Wutt Hmone Shwe Yi,CRD-Cele Gabar
UNICODE
“ဖြုံဘူးရွာသူရွာသားတွေရဲ့ ရိုးသားပြီးဖော်ရွှေမှုကြောင့် ဖြုံဘူးရွှာမှာ အပျော်ကြီးပျော်နေတဲ့ ရွှေကစ်လေး”
ဝတ်မှုန်ရွေရည်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေကတော့ သူမကို ရွှေကစ်လေးလို့ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ရွှေကစ်လေးကတော့ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Festival ပွဲမှာလည်း Asia Special Awardဆုကြီးကို ရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။
ရွှေကစ်လေးကတော့ အကယ်ဒမီဆုကြီး (၂)ဆုကို လည်းရရှိပိုင်ဆိုင်ထားတာဖြစ်ပြီး လတ်တလောမှာလည်း “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ “ခင်နှောင်း”ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင် ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။ရွှေကစ်လေးဟာ ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရေစကြိုမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဖြုံဘူးရွာကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဖြုံဘူးရွာသူရွာသားတွေရဲ့ ရိုးသားပွင့်လင်းတဲ့ ချစ်စဖွယ်အမူအရာ လေးတွေကြောင့် ဖြုံဘူးရွာမှာ အပျော်ကြီး ပျော်နေတာပဲဖြစ်ပါတယ်။
“ခင်နှောင်းအတွက် ဝိတ်တင်နေတယ်။ ပျော်စရာ ကောင်းလိုက်တာ။ ရွာသူ ရွာသားတွေကလည်း အရမ်းကူညီ ပြီး ပြည့်ဝလိုက်ကြတာ။ ပိုက်ဆံ ဘယ်လောက်ရှိရှိ လောဘ မောဟ မာန်မာန မရှိ ဘဝကို ရွာထဲမှာ ရိုးသားစွာ ဖြတ်သန်းနေလိုက်ကြတာ။ ချစ်လိုက်တာ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်နှုတ်ဆက်ရတာ လည်း ဓလေ့တဲ့။ ရွာထဲ လှည့်ရတာလည်း ခံစားချက်အသစ်။ ဒီမယ် ဒီရွာသူဖြစ်ရတာ ကြိုက်တာဆိုအေ။”လို့ ချစ်စရာကောင်းတဲ့ ဖြုံဘူးရွာသူလေးတစ်ယောက်ရဲ့ လေယူလေသိမ်းလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဖြုံဘူးရွာမှာပျော်နေတဲ့ ရွေကစ်လေး အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။
0
Source;Moeset Wine,CRD-Myanmarload
UNICODE
ရန်ကုန်ပြန်ရောက်ရောက်ချင်း မြန်မာဝတ်စုံလေးကို ဝတ်ပြီး ဆွဲဆောင်မှုရှိစွာ ဓာတ်ဖမ်းခဲ့တဲ့ မိုးစက်ဝိုင်
ပရိသတ်ကြီးရေ….”Miss Universe Myanmar 2013″ ဆုရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်…။ သူမဟာဆိုရင် “နိုင်ငံံကိုယ်စားပြု အလှမယ်တစ်ဦးအဖြစ် အနုပညာလောကထဲသို့ ဝင်ရောက်လာတာဖြစ်ပြီး” အခုလက်ရှိတိုင် အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတာပါ…။ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်ထက်မြတ်တဲ့ သူမဟာဆိုရင် ” Myanmar’s Heart – မြန်မာ့နှလုံးသား” ဆိုတဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့အစည်းကို တည်ထောင်ထားသူလေးလည်းဖြစ်ပါတယ်…။
မိုးစက်ဝိုင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလက်ခံရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်လမ်းတွဲကိုလည်း လက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်…။ လူသားတိုင်းအပေါ် ရိုးသားဖြူစင်စွာချစ်ခင်ပေါင်းသင်းတဲ့ အတွက်ကြောင့် သူမရဲ့စိတ်ထားအလှဟာလည်း ရိုးရှင်းတဲ့သူမမျက်နှာပေါ်မှာပေါ်လွင်နေတာဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးဟာတည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးထွက်လေ့ရှိကာ ကမ်းခြေထက်က ပုံရိပ်လေးတွေဟာဆိုရင်လည်း တစ်ကယ့်ကိုစွဲမက်စေတာပါနော်…။
မိုးစက်ဝိုင်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲ ဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း “ရန်ကုန်သို့ပြန်ရောက်ပါပြီရှင့် .. ရောက်တာနဲ့ မြန်မာမလေးပြန်ဖြစ်သွားရော .အထူးသတိပြုရန်ကတော့ ဝလာတာမဟုတ်ပါ .. လှလာတာ…ဝတ်စုံလေးကိုအရမ်းကြိုက်လို့ ဒီနေ့တကူတကပုံထရိုက်ရတာ . Shayi ရဲ့ ဒီဇိုင်းလေး..” ဆိုတဲ့ status လေးနဲ့ တကွ မြန်မာဝတ်စုံလေးတွေနဲ့ ရိုက်ကူးထားခဲ့တဲ့ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားပြီး ပရိသတ်ကြီးအတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်…။
0
SOURCE: ခိုင်နှင်းဝေ,CRD-Myanmarload
UNICODE
အာဘွားပေးဆိုလို့ ဖွားဖွားကို အားဘွားတွေ တဝကြီးပေးနေတဲ့ ခိုင်နှင်းဝေသမီးလေးရဲ့ ချစ်စရာဗီဒီယိုလေး
ခိုင်းနှင်းဝေကတော့ အနပညာလောကရဲ့ အောင်မြင်ခဲ့တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်သလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ ရရှိနေတဲ့ ပြည်သူချစ်အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အနပညာလှုပ်ရှားမှုတွေနည်းပါးနေသော်လဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရ ရှိထားဆဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်ပြလုပ်နေခဲ့ပါတယ်။
ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ ခိုင်နှင်းဝေကတော့ ယခုမှာ ပြည်သူတွေအတွက် လိုအပ်တဲ့ အကူညီတွေလဲ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးလေ့ရှိပါတယ်။ ခိုင်နှင်းဝေကတော့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထား ခဲ့တာပဲ ဖြစ်ပြီး သူမရဲ့ ချစ်စရာသမီးလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။
ယနေ့မှာတော့ ခိုင်နှင်းဝေရဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးဟာ အာဘွားပေးဆိုလို့ ဖွားဖွားကို အားဘွားတွေ တဝကြီးပေးနေခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ” ” ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ရာ ချစ်ပရိသတ်တွေအတွက် ခိုင်နှင်းဝေသမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။
0
Photo – ဘဝအားမာန်,CRD-Myanmarload
UNICODE
သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခမောက်လေးဆောင်းကာ တစ်ရွာလုံးကိုလျှောက်လည်နေတဲ့ ရွှေကစ်လေး
ပရိသတ်ကြီးရဲ့အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာ အသားအရည်ကောင်းရုံသာမကပဲ သူမရဲ့ဖက်ရှင်လေးများဟာလည်း လူတိုင်းငေးမောရလောက်အောင်လှရက်နိုင်လွန်းသူပါ။ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်နေရတာပါ။ ဒါ့အပြင် ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။
ရွှေကစ်လေးဟာ လတ်တလောမှာလည်း ဆရာမခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ ” ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ” ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ကားကြီးမရိုက်ကူးခင် သရုပ်ဆောင်မယ့် ကာရိုက်တာကိုအံဝင်ခွင်ကျဖြစ်ရန် အတွက်ကြိုတင်သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ရွှေကစ်ဟာ ကျေးတောသူလေး ခင်နှောင်းအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်များဖြစ်ကြတဲ့ မို့မို့မြင့်အောင်၊ အေးဝတ်ရည်သောင်း၊ ဒေါင်းနဲ့ ထူးအောင် တို့လည်း ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။
အခုတစ်ခေါက်မှာလည်း ရွှေကစ်လေးက သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခါးမောက်လေးဆောင်းကာ ရွာထဲကိုသွားရောက်လည်ပတ်နေတာပါ။ သူမရဲ့ လှုပ်ရှားမှုတေကိုလည်း ရွှေကစ်ရဲ့ပရိသတ်တွေက အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
0
Photo – We Love Daug၊ ဘဝအားမာန်,CRD-Myanmarload
UNICODE
ဖြုံဘူးရွာမှာ ရုပ်ရှင်ဇာတ်ကားအတွက် ကန်တော့ပွဲပေးနေကြတဲ့ ဒေါင်း၊ ထူးအောင်နဲ့ ရွှေကစ်လေးတို့ရဲ့ ဗီဒီယိုဖိုင်
ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး ပရိသတ်တွေကိုယ်စီနဲ့ အခိုင်အမာ အောင်မြင်နေကြတဲ့ ပြည်သူ့အချစ်တော်တွေကတော့ မင်းသားချောဒေါင်း၊ ထူးအောင်နဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်တို့ပဲ ဖြစ်ပါတယ်နော်..။
ဒေါင်းနဲ့ ထူးအောင်တို့ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ရွှေကစ်လေးကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ သိမ်းပိုက်ထားသူလေးပါနော်..။
အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသလို ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ ပရိသတ်တွေကိုယ်စီ ရရှိထားကြတဲ့ သူတို့သုံးယောက်ကတော့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ဖြုံဘူးရွာကို ရောက်ရှိနေကြပါတယ်နော်..။
“ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ကိုကျီးညို၊ အမောင်နဲ့ ခင်နှောင်းတို့အဖြစ် သရုပ်ဆောင်သွားကြမှာဖြစ်ပြီး ပီပြင်တဲ့ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ထပ်မံခြွေယူထားဦးမှာပါနော်..။
ဒီကနေ့လေးမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲပေး အခမ်းအနားလေးကို ဖြုံဘူးရွာမှာပဲ ပြုလုပ်ကျင်းပခဲ့ကြတာ ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ရှိခိုးဆုတောင်းနေကြတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။
ချစ်ပရိသတ်တွေ အလွမ်းလေးတွေပြေစေဖို့အတွက် ဖြုံဘူးရွာမှာ ရောက်ရှိနေကြတဲ့ အချစ်တော်လေးတွေရဲ့ ကန်တော့ပေးပွဲ ပုံရိပ်ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
0
Photo – မိုးယုစံ,CRD-Myanmarload
UNICODE
အိပ်ခါနီး ဘုရားစာရွတ်ပြီး ဘုရားရှိခိုးနေတဲ့ မိုးယုစံသားလေး ကောင်းသိင်္ခမိုးသူရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး
ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ မင်းသမီးချောမိုးယုစံကတော့ ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးပါနော်..။
ကြည်နူးစရာမိသားစုပုံရိပ်လေးတွေနဲ့အတူ လည်လွန်းတတ်လွန်းတဲ့ ချစ်စရာကောင်းတဲ့ သားသားလေး ကောင်းသိင်္ခမိုးသူလေးကလည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။
အခုတစ်ခါမှာလည်း ညအိပ်ခါနီး မေမေနဲ့အတူ ဘုရားစာရွတ်ပြီး ဘုရားရှိခိုးနေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေကို ထပ်မံ အချစ်ပိုစေပြန်ပါတယ်နော်..။
မပီတလာ ပီတလာလေးနဲ့ ဘုရားစာလိုက်ရွတ်နေတဲ့ သားသားလေးရဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအားလုံး သဘောကျနေကြမှာပါနော်..။
“၁နှစ် ၁၀လသားသားလေးရဲ့ ဘုရားကန်တော့ ဘုရားစာဆိုတာ မဆိုတတ် ဆိုတတ်နဲ့ ချစ်လိုက်တာ သားသားက အားလုံးကိုဆုတောင်းပေးပီး good night တဲ့..” ဆိုပြီး သားလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မေမေမိုးယုက မျှဝေထားတာတာပါနော်..။
ဒီကနေ့လေးမှာတော့ မိုးယုတို့သားအမိနှစ်ယောက်ရဲ့ ဘုရားစာရွတ်ပြီး ဘုရားရှိခိုးနေကြတဲ့ သားသားလေး ကောင်သိင်္ခမိုးသူရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
0
CRD-Popolay
UNICODE
ဘဝကံကြမ္မာဆိုးကို ရင်ဆိုင်ရင်း မိဘကို လုပ်ကြွေးနေတဲ့ ကောင်မလေး
ဒီကလေးမလေး အတိတ်က ကံကြမ္မာဝဋ်ကြွေးပါတယ်လို့ ဆိုရမှာပါပဲ။ အရမ်းဆင်းရဲတဲ့ မိသားစုလေးမှာ အကြီးဆုံးသမီးလေးဖြစ်လာပြီးတော့ သူ့အောက်မှာ မောင်ညီမအငယ်လေးတွေ ၃ ယောက် ရှိပါသေးတယ်။
ဆင်းရဲပေမယ့် မိဘမောင်နှမတွေနဲ့အတူ ငယ်ဘဝလေးကတော့ ပျော်စရာကောင်းခဲ့တာအမှန်ပါပဲ။ အရွယ်လေးရောက်လာတော့ မိဘတွေကို ကူညီတဲ့အနေနဲ့ တဖက်တလမ်းက ထီလက်မှတ်တွေကို လမ်းပေါ်မှာ နေရာအနှံ့လျှောက်ရောင်းပါတယ်။
သူမ အသက် ၁၈ နှစ်အရွယ် အပျိုကြီးဖားဖား ဖြစ်လာတဲ့ အချိန်မှာတော့ မမျှော်လင့်တဲ့ ကံကြမ္မာဆိုးက သူ့ဆီကို ရောက်လာခဲ့ပါတယ်။ ဘာဖြစ်မှန်းမသိပဲ ကောင်မလေးရဲ့ ဗိုက်ဟာ တစ်ဖြည်းဖြည်းနဲ့ တစ်နေ့တခြား ကြီးလာပါတယ်။
ဒါကိုမဖုံးနိုင်မဖိနိုင်တော့လို့ လူတွေမြင်သွားတဲ့အခါ ပတ်ဝန်းကျင်က ကောင်မလေး မိုက်လိုက်တာ ငယ်ငယ်လေးနဲ့ ကိုယ်ဝန်ရှိနေတယ်လို့ စွပ်စွဲကြသလို မိဘတွေခမျာလည်း ရင်ကျိုးရတာပေါ့။
ဒါပေမယ့် သူမကတော့ ဘာဖြစ်မှန်းကို မသိပါဘူး ကိုယ်ဝန်မဟုတ်တာတော့ သေချာတယ်လို့ အကြိမ်ကြိမ် ရှင်းပြမှ မိဘတွေက ဆေးရုံခေါ်ပြီးသွားပြခဲ့ပါတယ်။ အဲဒီအခါကျမှ အဖြစ်မှန်ပေါ်လာခဲ့ပါတယ်။
ကောင်မလေးရဲ့ ဗိုက်ဟာ ရေဖျဉ်းစွဲသလို ပုံသဏ္ဍန်ရှိပြီး သွေးဥတွေထဲမှာ ရေအိတ်တွေရှိနေတယ်လို့ ဆရာဝန်တွေက အဖြေထုတ်နိုင်ခဲ့ပါတယ်။ သူမဟာ ဗိုက်တင်မကပဲ လက်တွေကပါ ဖောယောင်ပြည့်ဖောင်းနေပါတယ်။ လက်တွေက ယောင်လိုက်လာပေမယ့် ခြေထောက်တွေက သေးကျုံ့သွားပါတယ်။
ဒီဝေဒနာကို ကုသဖို့စရိတ်ဆိုတာ သူ့ရဲ့မိသားစု စီးပွားရေးအခြေအနေနဲ့ အိမ်မက်တောင် မမက်နိုင်ပါဘူး။ လက်ရှိအခြေအနေမှာတော့ အခုလို ပူဖောင်းနေတဲ့ ဗိုက်ကြီးနဲ့ အရင်လိုပဲ တစ်နေရာကနေ တစ်နေရာသွားပြီး မိသားစု စားဝတ်နေရေးအတွက် ထီလက်မှတ်တွေ လိုက်လံရောင်းချနေရဆဲဖြစ်ပါတယ်။
ဒီအကြောင်းကို အွန်လိုင်းပေါ်မှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြတဲ့အခါ ပြန်လည်ဝေမျှသူတွေ စိတ်မကောင်းဖြစ်ကြသူတွေ များစွာရှိကြပြီး ကောင်မလေးကို ကူညီကယ်တင်နိုင်မယ့် အလှူရှင် ပေါ်လာပါစေလို့ ဆုတောင်းပေးလျှက်ရှိပါတယ်။
0
CRD-Nanmalgyi
UNICODE
ရိုက်ကွင်းမှာ မင်းသားလွင်မိုး နရင်းအုပ်လိုက်လို့ ငိုခဲ့ရတယ်ဆိုတဲ့ ဖွေးဖွေး
မြန်မာနိုင်ငံက အအောင်မြင်ဆုံး မင်းသမီးတွေထဲက တယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ နောက်ပိုင်းနှစ်တွေမှာ ပရိသတ်တွေအတွက် အကောင်းဆုံး ဇာတ်ကားတွေကိုသာ ချပြလေ့ရှိပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်နေတာ ဖြစ်ပါတယ်။ ဖွေးဖွေးကတော့ လက်ရှိမှာလည်း သူ့ရဲ့ ရုပ်ရှင်ကား တကားဖြစ်တဲ့ သူစိမ်းအိမ်ဆိုတဲ့ ဇာတ်ကားကို ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဖွေးကတော့ ဒီဇာတ်ကားထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေအကြောင်းကို ပြောကြားသွား ခဲ့တာ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ PanPwint နဲ့ အင်တာဗျူးတွင် သူစိမ်းအိမ်မှာ သရုပ်ဆောင်ရတဲ့အပေါ်မှာ “ဖွေးဒီကားထဲမှာတော့ ကိုထူးပိုင်ဇော်ဦးနဲ့ ပထမဆုံးကြုံတာပါ။ ဖွေးက ဒီကားလေးထဲမှာ နွေဦးဆိုတော့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတာပါ။ ကိုထူးပိုင်ဇော်ဦးနဲ့ အလုပ်လုပ်ရတာ အရမ်းကို Motivate ဖြစ်ပါတယ်။ Teamwork ကလည်း အရမ်းကောင်းပါတယ်။ အဲ့အတွက် အပြောင်းအလဲ တခုဖြစ်ပါတယ်။ ကိုယ့်ရဲ့အနုပညာ စွမ်းရည်ကိုလည်းထုတ်ပြခွင့် ရတာပေါ့”
လွင်မိုးနဲ့က ဘယ်လောက်များ ဆုံဖူးလဲဆိုတဲ့ အပေါ်မှာတော့ “ဦးလွင်မိုးနဲ့က ဖွေး ငယ်ငယ်တုန်းက တကားဆုံဖူးတယ်။ အန်တီခိုင်ကြီးနဲ့ တွဲပြီး သရုပ်ဆောင်ရတာကတော့ အရမ်းရင်ခုန်တယ်။ ကိုယ်ငယ်ငယ်လေးကတည်းက ကြိုက်ရတဲ့ အနုပညာရှင်ကြီး ဆိုတော့ တွဲပြီးရိုက်ရတော့လည်း ဖိုက်တင်းခန်းကြီး ရိုက်ရတယ်ပေါ့။ အမှတ်တရဆိုတော့ ဒဏ်ရာတွေ အများကြီး ရတယ်။ အဲ့ကားထဲမှာ မိန်းကလေးချင်း ဖိုက်ရတာကတော့ တော်သေးတယ်ပေါ့နော်။ ဦးလွင်မိုးကြီးနဲ့ ဖိုက်ရတော့ ဗလချင်း သိပ်မမျှဘူး။ ဦးလွင်မိုးကလည်း Mood ဝင်အောင်ဆိုပြီး နရင်းတွေဘာတွေ တကယ်အုပ်ချပစ်တာ။ ကိုယ်က အရမ်းတွေ လန့်သွားတာ တကယ်လည်းကြောက်ပြီးတော့ ငိုသွားတာပေါ့နော်။ အဲ့လိုအမှတ်တရတွေတော့ ရှိပါတယ်”
ဝါရင့်တွေကြားက ကိုယ့်ကိုယ် ခံစားမှုနဲ့ ပတ်သက်ပြီး “ကိုယ်တွေက ဝါအလတ်ပေါ့။ အဲ့မှာအမှတ်တရတခုရှိတယ်။ ရိုက်နေတုန်း သူတို့က အခန်း ၂ ခန်းပေးထားတယ်။ မင်းသား မင်းသမီးတွေ နားဖို့ ဆိုပြီးတော့။ တခန်းက ဝါရင့်တွေ အတွက် တခန်းက အသစ်တွေအတွက်ဆိုပြီး အဲ့မှာ ဖွေးက ဘယ်အခန်းသွားမှာလည်းလို့ မေးတော့ ဖွေးကလည်း ဝါအလတ်ဆိုတော့ ကလေးတွေနားပဲ သွားလိုက်တော့တယ်”
အသစ်တွေအပေါ်မှာ ဘယ်လိုမြင်လဲဆိုတဲ့ အပေါ် “ဖွေးကတော့လေ အားလုံးကို Actor တွေလိုပဲ သဘောထားတယ်။ ဘယ်သူက အသစ် ဘယ်သူက အဟောင်း ဆိုတာလည်း စိတ်မဝင်စားဘူး။ ကိုထူးပိုင်ကလည်း အသစ်တွေကို ၆ လ လောက်အထိ Train ထားတော့ ဖွေးတို့နဲ့ တွေ့တဲ့အချိန်မှာ Professional တွေလို ဖြစ်နေပြီ။ ဘာမှအခက်ခဲ မရှိခဲ့ပါဘူး။ ဘယ်သူမှလည်း ကိုယ့်အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ ဒီကားလေးကိုလည်း သြဂုတ်လ ၁ ရက်နေ့မှာ စောင့်ကြည့်ပေးကြပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။
Recent Posts