ဆိုင်ကယ်သမားရဲ့ဝိဉာဉ်ကို ယာဉ်တိုက်မှုဖြစ်တဲ့နေရာမှာပင် ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့

အမေရိကန် Kentucky ပြည်နယ်၊ Bert T Combs Mountain Parkway လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တစ်စီးဟာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်ကလာတဲ့ ကားတစ်စီးနဲ့ ဝင်ပြီး တိုက်မိခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကို ဒီဘက်ယာဉ်ကြောက ဒရိုင်ဘာတစ်ဦးက ဓာတ်ပုံမှတ်တမ်း ရယူခဲ့ပါတယ်။ ထရပ်ကား ဒရိုင်ဘာကြီးရဲ့အမည်မှာ Saul Vazquez ဖြစ်ပြီး၊...

ပြူတင်းပေါက်ဘေးမှာ သရဲဖြတ်သွားတာကိုမြင်ပြီး ထိတ်လန့်စွာအော်ဟစ်ခဲ့တဲ့ ရဲသားကြီး

မလေးရှား ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ အပျော်သဘောနဲ့ Chess ကစားနေတုန်း၊ အနီးအနားက ပြူတင်းပေါက်မှာ သရဲတစ်ကောင် လျှင်မြန်စွာ ပျံသန်းသွားတာကို တွေ့လိုက်ရပါတယ်။ ရဲသားကြီးတစ်ဦးကတော့ ငယ်သံပါအောင် အော်လိုက်တာကိုလည်း ဗွီဒီယိုမှတ်တမ်းထဲမှာ မြင်တွေ့ရပါတယ်။ သရဲလို့ အတိအကျ မပြောနိုင်ပေမယ့်၊ ဖြတ်သန်းသွားတဲ့ ပုံရိပ်ဟာ ဘာရယ်ဆိုတာကိုလည်း ပြောဖို့ အတော်ခက်ပါတယ်။ အဖြူရောင်...

အိမ်စာလုပ်နေချိန် အခန်းထဲမှာ သရဲခြောက်လို့ ထွက်ပြေးခဲ့ရတဲ့ ကျောင်းသူမလေး

အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးရဲ့အဆိုအရ သူမတို့နေထိုင်တဲ့ အိမ်ဟာ သရဲခြောက်တယ်လို့ သိရပါတယ်။ အဆိုပါ အိမ်ကို သူမတို့ပြောင်းရွှေ့လာခဲ့တာ နှစ်အနည်းငယ်ပဲ ရှိပါသေးတယ်။အိမ်ရဲ့သမိုင်းကြောင်း ဘာညာကို Ann တို့ ဂဃနဏ မသိရပေမယ့်၊ မကြာခဏ အရာဝတ္ထုတွေ တွန်းရွှေ့တဲ့အသံတွေ၊ အိုးခွက်ပန်းကန်းတွေ ခွဲတဲ့အသံတွေ၊ စကားပြောသလိုလို၊...

သေဆုံးသွားတဲ့သားက သရဲအဖြစ် ပြန်လာလို့ ဝမ်းသာဝမ်းနည်းဖြစ်နေတဲ့ မိခင်

Jennifer Hodge အမည်ရ မိခင်တစ်ဦးဟာ အိပ်ယာထက်မှာ တီဗွီကြည့်နေစဉ်မှာ ဖုန်းထဲကို Notification တစ်ခု ဝင်လာပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ CCTV ကနေ ထူးဆန်းတဲ့ပုံရိပ်တစ်ချို့ကို ဖမ်းယူရရှိခဲ့လို့ အလိုလျှောက် လှမ်းသတိပေးတဲ့ သဘောပါ။ မီးဖိုချောင်ဘက်မှာ တပ်ဆင်ထားတဲ့ CCTV က ထူးဆန်းတဲ့ပုံရိပ်ကို ဖမ်းယူရရှိခဲ့တာဖြစ်ပြီး၊ သူမကလည်း...

ရွာလုံးကျွတ် သေမလိုဖြစ်သွားတဲ့ အလောင်းမြှုပ်နည်းအမှား

ကျွန်းလှရွာကြီးဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပါတယ်…သူကြီးနာမည်က ဦးအုန်းမောင်တဲ့ ။ သူ့ရွာမှာ စည်းကမ်းရှိရှိ သမာသမတ် ကျကျအုပ်ချုပ်လို့ အမြဲ စည်ကားနေဒါပေါ့ ကျွန်းလှရွာမှာ ပန်းတောင်ကိုင်မေနုဟာ လှလွန်းလို့ ရွာအနီးအဝေး သတင်းကြီးတဲ့ ရွှေမင်းသမီးလေးလေ ဒါပေမဲ့ သက်ဆိုးမရှည်ရှာပါဘူး လကွယ်ည 12နာရီတိတိမှာ မိန်းမရောဂါနဲ့ ဆုံးပါးသွားပီလေ...

ကမ္ဘာ့အကြီးဆုံး ကုန်းပေါ်နေ ၊ ရေထဲသွား ၊ ကုန်းနေရေနေသတ္တဝါကြီးများ

၁ Meganeura ပုစဉ်းတစ်ကောင်ကဘယ်လောက်ထိကြီးမားနိုင်မယ်လို့သင်ထင်လဲမသိဘူး။Meganeuraအမျိုးအစားပုစဉ်းတွေကတော့တောင်ပံထိပ်နှစ်ဖက်အကျယ်အဝန်း၇၀စင်တီမီတာလောက်ရှိပါတယ်။အခြားအင်းဆက်တွေကိုစားသောက်လေ့ရှိကြတဲ့ကမ္ဘာပေါ်မှာ အကြီးဆုံး အသားစားအင်းဆက်အမျိုးအစားပဲဖြစ်ပါတယ် ။ ၂ Anthropleura တစ်ချိန်တုန်းကမ္ဘာမြေပေါ်မှာကျက်စားခဲ့တဲ့ကင်းခြေများတွေဟာအခုလိုအကောင်သေးသေးလေးတွေမဟုတ်ပါဘူး။လေထုထဲမှာအောက်ဆီဂျင်အလွန်များပြားစွာရှိနေတဲ့အတွက်ကင်းခြေများတွေဟာအရွယ်အစား၂.၃မီတာလောက်အထိကြီးထွားလေ့ရှိကြပါတယ်။အခုပုံမှာပြထားတဲ့ကင်းခြေများကတော့မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်တဲ့ဒိုင်နိုဆောခေတ်ကကင်းခြေများတစ်ကောင်ပဲဖြစ်ပါတယ် ။ ၃ Jaekelopterus ပင်လယ်ကင်းမြီးကောက်လို့သိကြတဲ့Jaekelopterusကောင်တွေဟာရေချိုကန်တွေနဲ့မြစ်ချောင်းတွေထဲမှာနေထိုင်ခဲ့ကြလေ့ရှိပါတယ်။အသားစားကျူးတဲ့သတ္တဝါမျိုးစိတ်တွေဖြစ်ပြီးအခုချိန်မှာတော့မျိုးသုန်းပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။တွေ့ရှိထားတဲ့ကျောက်ဖြစ်ရုပ်ကျွင်းတွေမှတ်တမ်းတွေမှာတော့အကြီးဆုံးJaekelopterusကောင်ဟာအရွယ်အစား၂.၅မီတာနီးပါးရှိကြောင်းဖော်ပြထားပါတယ်။ဒီသတ္တဝါတွေဟာကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်သန်းပေါင်း၃၉၀ကျော်ကနေထိုင်ကျက်စားခဲ့ကြတဲ့ သတ္တဝါတွေပဲဖြစ်ပါတယ် ။ ၄ Titanoboa ပေ၅၀ကျော်ရှိတဲ့မြွေဆိုတာဒဏ္ဍာရီထဲမှာပဲရှိတာမဟုတ်ပါဘူး။ကမ္ဘာကြီးရဲ့ပူနွေးလာမှုဟာမြွေတွေကိုမူလထက်ပိုမိုကြီးထွားလာစေပါတယ်။အခုချိန်ထိတွေ့ရှိထားရတဲ့မြွေတွေထဲမှာတော့Titanoboaမြွေဟာ၁၅မီတာ(ပေ၅၀)အရှည်ရှိတဲ့ကမ္ဘာ့အကြီးဆုံး မြွေတစ်ကောင်ပဲဖြစ်ပါတယ် ။ ၅ Spinosaurus ဒိုင်နိုဆောတွေထဲမှာအကြီးဆုံးမျိုးနွယ်ကိုပြပါဆိုရင်တော့Spinosaurusမျိုးနွယ်ကိုပြရပါလိမ့်မယ်။အမြင့်၁၈မီတာလောက်ရှိပြီး အလေးချိန် ၁၀တန်ကျော်ရှိတဲ့Titanoboaတွေဟာမြောက်အာဖရိကတိုက်မှာကျက်စားခဲ့တဲ့သတ္တဝါတွေပါ။အခုပြထားတဲ့ အရိုးစုတွေကိုတော့ ၁၉၁၂ နှစ် အီဂျစ်နိုင်ငံမှာတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ် ။ ၆ Megalodon မကြာသေးခင်ကထွက်ရှိထားတဲ့ရုပ်ရှင်ကားထဲမှာပါဝင်တဲ့Megalodonတွေဟာကမ္ဘာ့အကြီးဆုံး၊အသားကျူးဆုံးရေနေသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။သူတို့ရဲ့ပုံစံဟာငါးမန်းတွေနဲ့ဆင်တူပေမယ့်ငါးမန်းထက်အဆပေါင်းများစွာကြီးမားပါတယ်။Megalodonတွေဟာအရှည်၁၈မီတာနီးပါးရှိပြီးအလေးချိန်တန်၁၀၀နီးပါးရှိကာဝေလငါးလိုသတ္တဝါမျိုးတွေကိုဖမ်းဆီးစားသောက်ကြလေ့ရှိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း၁.၅သန်းလောက်ကကမ္ဘာပေါ်မှာရှိခဲ့ကြဖူးတဲ့ငါးမန်းမျိုးစိတ်တွေဖြစ်ပြီးပင်လယ်တွင်းမှာအစားအသောက်ရှားပါးလာတဲ့အတွက် ဒီဧရာမငမန်းအမျိုးအစားတွေ မျိုးသုန်းပျောက်ကွယ်သွားရတာပဲဖြစ်ပါတယ်။Writer...

အသက်နဲ့ ရင်းပြီး ရန်သူ့လက်ထဲက သတင်းနှိုက်ခဲ့ကြတဲ့ အထင်ရှားဆုံး သူလျှိုများ

Virginia Hall သူမဟာဒုတိယကမ္ဘာစစ်မှာဗြိတိန်တွေအတွက်အလုပ်လုပ်ခဲ့တဲ့အမေရိကန်သူစပိုင်တစ်ဦးဖြစ်ပါတယ်။ဟောလ်ဟာပြင်သစ်မှာ(၁၅)လတာနေထိုင်ခဲ့ပြီးဂျာမန်တွေကိုမောင်းထုတ်နေတဲ့ပြင်သစ်ကိုအကူအညီပေးခဲ့ပါတယ်။ထို့နောက်မှာတော့ဗြိတိသျှတွေကိုပါ ကူညီပြီး ကွန်မန်ဒိုတွေနဲ့ ရိက္ခာပစ္စည်းတွေကို ရန်သူ့လက်က အန္တရာယ်ကင်းကင်းနဲ့ချနိုင်မယ့်စစ်မြေပုံနေရာတွေကို ရေးဆွဲပေးခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်နယ်ပဲ ကျူးကျော်လာတဲ့ ဂျာမန်တွေကို တိုက်ထုတ်ဖို့ ဟောလ်ဟာစစ်သားတွေမွေးပြီး ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးခဲ့ပါသေးတယ်။ Klaus Fuchs ဖက်ခ်ျဟာ ဂျာမန်ရူပဗေဒပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းနဲ့စစ်ပြီးနောက်မှာအမေရိကန်နဲ့ဗြိတိသျှတွေရဲ့ အချက်အလက်တွေကိုဆိုဗီယက်တွေဆီပေးပို့ခဲ့သူဖြစ်ပါတယ်။သူဟာအင်္ဂလန်မှာပါရဂူဘွဲ့ရယူခဲ့သူတစ်ဦးဖြစ်ပြီးအက်တမ်ဗုံးစမ်းသပ်ထုတ်လုပ်ရာမှာပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ထိုကနေဗြိတိန်တွေအတွက်အလုပ်လုပ်ရင်းတစ်ဖက်ကလည်းဆိုဗီယက်ဆီကိုသူသိရသမျှအချက်အလက်တွေကိုဆင့်ကမ်းပေးခဲ့တာပါ။(၁၉၅၀)ခုနှစ်မှာတော့ဖက်ခ်ျကသူဟာစပိုင်မှန်းဝန်ခံခဲ့တာကြောင့် ထောင်ဒဏ်(၁၄) နှစ်ချမှတ်ခံခဲ့ရပြီး နိုင်ငံသားအဖြစ်ကနေပါ ရုတ်သိမ်းခံလိုက်ရပါတယ်။ Cambridge...

စင်္ကာပူလမ်းမပေါ်က စပါးအုံးကြီးနဲ့ မြွေဟောက်ဘုရင်တို့ရဲ့ အသေအကြေတိုက်ပွဲ

မြို့ကြီးပြကြီးထဲလူအသွားအလာများတဲ့လမ်းမကြီးပေါ်မှာအကောင်လည်းကြီးကြောက်စရာလည်းကောင်းတဲ့မြွေကြီးနှစ်ကောင်တိုက်ခိုက်နေတဲ့အဖြစ်မျိုးဟာအလွန်ဖြစ်ခဲလှတဲ့ဖြစ်ရပ်ပါ။ဒါပေမယ့်မကြာသေးခင်ကတော့စင်္ကာပူနိုင်ငံနန်ယန်းနည်းပညာတက္ကသိုလ် (NTU) အနီးမှာ အသေအကြေတိုက်ခိုက်နေကြတဲ့ မြွေကြီးနှစ်ကောင်ရဲ့တိုက်ပွဲကိုထူးထူးဆန်းဆန်းအခုလို ကြုံတွေ့ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ (၂၀၁၅)ခုနှစ်တုန်းက စင်္ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ မြွေကြီးတွေဟာ မိနစ်(၃၀) လောက် အပြင်းအထန်တိုက်ခိုက်နေကြတာပါ။ တစ်ကောင်နဲ့တစ်ကောင်လည်းအလျော့မပေးပဲ သူတို့ရဲ့အားသာချက်တွေကိုအသုံးချပြီးတိုက်ခိုက်နေကြတာဖြစ်ပါတယ်။မြွေဟောက်ဘုရင်ကလည်းအဆိပ်ပြင်းလှတဲ့သူ့အစွယ်တွေကို စပါးအုံးကြီးရဲ့ ကိုယ်ထဲ ထိုးသွင်းကိုက်ခဲဖို့ ကြိုးစားနေသလို စပါးအုံးကြီးကလည်းသူ့ခွန်အားနဲ့မြွေဟောက်ကြီးကို တင်းတင်းကြပ်ကြပ် ဖြစ်ညှစ်သတ်ဖို့ ကြိုးစားနေခဲ့တာပါ။ မကြာခင်မှာပဲတိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းတွေရောက်လာပါတယ်။မြွေဟောက်ကြီးကတော့ခြုံပုတ်တွေကြားလွတ်မြောက်သွားခဲ့ပြီးစပါးအုံးကြီးကိုတော့ဝန်ထမ်းတွေကချက်ခြင်းဖမ်းဆီးရမိခဲ့ပါတယ်။နာရီအနည်းငယ်အကြာမှာတော့ထွက်ပြေးသွားတဲ့မြွေဟောက်ကြီးကိုပါပြန်လည်ဖမ်းဆီးရမိခဲ့ပြီးတိရစ္ဆာန်ရုံကိုခေါ်သွားခဲ့ကြပါတယ်။ မြွေဟောက်ကြီးကအခြေအနေမကောင်းပါဘူး။စပါးအုံးကြီးရဲ့ဖြစ်ညှစ်ခံထားရတာကြောင့်သိပ်ခံနိုင်တော့မှာမဟုတ်ဘူးလို့တိရစ္ဆာန်ရုံဆေးအကူတွေကသုံးသပ်ထားပါတယ်။ စပါးအုံးကြီးတော့...

ယာခင်း​စောင့်​တဲ့ည

တုံ.....တုံ.....တုံ....တုံ.....မနက်​အာရုံတက်​ သ​ပြေတန်းရွာ ဦး​ကျောင်းမှအာရုံဆွမ်းစားတုံး​မောင်း​ခေါက်​သံသည်​ ရွာအတွင်းသို့လွင့်​ပြန်​လာ၏ ။..သားေ၇ ​ကျော်စွာ နိုးပြီလား ထ​တော့​လေ....ဟုတ်​ကဲ့ အ​မေ သားနိုး​နေပါပြီ .......အဲတာဆိုလည်း မျက်​နှာသစ်​ အဆာ​ပြေထမင်းစား​လေ ဒီ​နေ့​တောင်​ယာတဲ ​ရွေ့​နေမယ်​ဆို ...ဟုတ်​ကဲ့ပါ အ​မေ ထပြီ...ရွာဦး​ကျောင်းသို့ ဆွမ်းပို့ ၇ာမှ ပြန်​လာ​သော​ဒေါ်မြရှင်​တ​ယောက်​ သားဖြစ်​သူ​ကျော်​စွာအားနိုးလိုက်​ခြင်းဖြစ်​၏ ​ကျော်​စွာကား သူ့အ​မေ ဆီးမီးခွက်​ကြီး...

ကျောက်ဘီလူးကြီး ဖြစ်နေတဲ့ ဦးငကောင်း(ထိတ်လန့်ဖွယ်ဇာတ်လမ်း)

တောင်ငူမြို့၊ကံတော်ကြီးကြားရွှေဆံတော်ဘုရားတောင်ဘက်မုခ်၊မန်းရပ်ကွက်တွင်ရှိသည့်ဒေါ်မယ်အေး၏နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးသို့ ညနေ(၆) နာရီအချိန်ခန့်တွင် ကျွန်တော်တို့ သားအဖသုံးယောက် ရောက်ရှိလာကြသည်။ ဆိုက်ကားပေါ်မှဆင်း၍အိမ်ပေါ်သို့ပြေးတက်လိုက်သည်နှင့်ဘုရားကျောင်းဆောင်ရှေ့၌ခင်းထားသောဖျာပေါ်တွင်လဲလျောင်းနေသည့် သားကို တွေ့လိုက်ရသည်နှင့် အမေက –“ သား … လူလေး မောင်ထွန်းကြည်၊ နေသာရဲ့လား ”ဟု မေး၏။ အမေ၏အသံများသိသိသာသာတုန်ယင်ပြီးအက်ကွဲနေသည်။စို့ထွက်လာသောမျက်ရည်များကိုလည်းတဘက်ဖြင့်သုတ်သည်။ အဖေနှင့်ကျွန်တော် ကမူ ဘာမျှမပြောနိုင်ကြသေးဘဲ အံ့သြစွာဖြင့်သာ ငေးကြောင့်ကြည့်နေကြသည်။ ကျွန်တော့်အစ်ကိုမောင်ထွန်းကြည်ကားဘာစကားမျှပြန်မပြောနိုင်ရှာပေ။တစ်စုံတစ်ခုသောဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရလေသည်။ ဘွားလေး ဒေါ်...

Recent Posts