သင့်ရှပ်အကျီ င်္အဖြူတွေမှာရှိနေတဲ့ အဝါရောင်ချွေးကွက်တွေကို အလွယ်တကူ ဖယ်ရှားနည်း
၂၀၁၉ မှာ အကြီးအကျယ် ခေတ်စားလာမယ့် အလှအပဆိုင်ရာ Trend အသစ် (၉) မျိုး
ခေတ်အဆက်ဆက်မှာ သူ့ခေတ်သူ့အခါနဲ့သူ လူကြိုက်များကျော်ကြားတဲ့အလှအပဆိုင်ရာTrendတွေဟာတစ်နှစ်ပြီးတစ်နှစ် မတူပါဘူး။အခုဆိုရင်၂၀၁၈ကုန်ဆုံးလို့၂၀၁၉ကိုရောက်လာပါတော့မယ်။ဒီတော့၂၀၁၉မှာခေတ်စားလာမယ့်အလှအပဆိုင်ရာ Trend လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခေတ်မီပြီး အသစ်အဆန်းကို ဦးအောင်လုပ်ချင်တဲ့ ပျိုမေတို့ အတွက်ကတော့ အရမ်းကို အသုံးဝင်မယ့် ဆောင်းပါးလေးပါ။ (၁)ဗေဒါရောင်ဆံပင်တွေက၂၀၁၉ရဲ့လူကြိုက်အများဆုံးဆံပင်ဖြစ်လာမယ်လို့အလှအပဆိုင်ရာပညာရှင်တွေကခန့်မှန်းထားပါတယ်။ (၂) တစ်ခေါင်းလုံး ငွေရောင် ဒါမှမဟုတ် ခဲရောင်ဆံပင်တွေကလည်း ၂၀၁၉ မှာ ခေတ်စားလာမယ်လို့ ခန့်မှန်းထားပါတယ်။ (၃)အရောင်ထင်းထင်းနှုတ်ခမ်းနီတွေ၊အရောင်တောက်တောက်နှုတ်ခမ်းနီတွေက၂၀၁၉မှာခေတ်စားမယ်လို့လည်းခန့်မှန်းထားပါတယ်။ (၄) လက်သည်း...
ဓါတ်ပုံရိုက်တဲ့အခါ သင့်ကိုပိုပြီးကြည့်ကောင်းနေစေမယ့် နည်းလမ်း (၆) ချက်
ဓါတ်ပုံရိုက်တဲ့အခါရုပ်လှသူပဲဖြစ်ဖြစ်၊မလှသူပဲဖြစ်ဖြစ်ဓါတ်ပုံထဲကြည့်ကောင်းနေစေဖို့အတွက်poseအကြောင်းကိုနားလည်နေဖို့လိုအပ်ပါတယ်။ဓါတ်ပုံအယူအဆအခြေခံလောက်ကိုနားလည်ရင်တောင်မှလူတိုင်းစမတ်ကျတဲ့ပုံတွေကိုရိုက်ကူးနိုင်ပါတယ်။ဒါကြောင့်ပရောဖက်ရှင်နယ်ဓါတ်ပုံဆရာတစ်ယောက်ဖြစ်သူJodeeBallရဲ့ဓါတ်ပုံအခြေခံသဘောတရား(6)ချက်ကိုမျှဝေပေးလိုက်ပါတယ်။ ၁။ ပေါ့ပေါ့ပါးပါးနေခြင်း ဓါတ်ပုံရိုက်တဲ့အခါကိုယ့်ရဲ့ကိုယ်နေဟန်ထားကိုအရမ်းကြီးအာရုံစူးစိုက်တာထက်ပေါ့ပေါ့ပါးပါးနဲ့poseပေးခြင်းကပိုပြီးသဘာဝဆန်တဲ့ဓါတ်ပုံတွေကိုရရှိစေနိုင်ပါတယ်။သင့်ရဲ့ခန္ဓာကိုယ်ကိုတောင့်တောင့်ကြီးမဖြစ်စေပဲပျော့ပျောင်းစွာနဲ့အနည်းငယ်ကွေးထားရင် ပိုလှတဲ့ဓါတ်ပုံကို ရရှိစေမှာပါ။ ၂။ ခန္ဓာကိုယ်ကို ကင်မရာလားရာနဲ့ အနည်းငယ်လွှဲထားပေးပါ ကင်မရာရိုက်တဲ့သူကသင့်ကိုယခုလိုမျိုးသတိမပေးလည်းကိုယ်တိုင်ပြုလုပ်ကြည့်ဖို့လိုအပ်ပါတယ်။ယခုလိုသင့်ခန္ဓာကိုယ်ကိုလွှဲထားတဲ့အခါသင့်ကိုပိုပြီးပါးလျှသွားစေပြီးပုံထဲကမော်ဒယ်လိုသင့်ရဲ့လက်တွေကိုရှေ့ခြေထောက်ပေါ်တင်ထားပါကပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံကိုရရှိမှာဖြစ်ပါတယ်။ ၃။ သင့်မျက်နှာကို သင့်လက်တွေနဲ့ Highlight ထားနိုင်ပါတယ် သင့်ရဲ့ပုခုံးကို ယခုလိုမျိုး နှိမ့်ထားပြီး မေးစေ့ကို လက်ထောက်ထားခြင်းဟာ သင့်ရဲ့မျက်နှာကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။ ၄။ သင့်ရဲ့ပခုံးတွေကို နှိမ့်ထားပါ ပုခုံးတွေကိုပုံထဲကအတိုင်းနှိပ်ထားတဲ့အခါသင့်ရဲ့လည်ပင်းကိုပိုရှည်သွားသလိုထင်ရစေပြီးပုံထဲမှာသင့်လက်တွေကိုမဖုံးကွယ်သင့်ကြောင်း သတိပြုပါ။ ၅။ ဒူးကိုကွေးပါ ယခုလိုဒူးကွေးပြီးမျက်နှာကိုအနည်းငယ်တိမ်းထားခြင်းဟာပိုပြီးသက်တောင့်သက်သာပုံစံနဲ့သွယ်လျတဲ့ပုံတွေကိုရရှိစေပါတယ်။ ၆။ ခေါင်းကို အနည်းငယ်စောင်းပါ လိုင်စင်ဓာတ်ပုံမှလွဲ၍ဆယ်ဖီဆွဲတဲ့အခါတွေကိုယ်တပိုင်းပုံတွေရိုက်တဲ့အခါတွေမှာသင့်ရဲ့ခေါင်းကိုအနည်းငယ်တိမ်းစောင်းထားပါ။...
မျက်မှန်တွေပွန်းနေတဲ့အခါ ဖြေရှင်းနိုင်မယ့် နည်းလမ်းများ
မျက်မှန်တပ်တဲ့သူတွေအဖို့မျက်မှန်ပွန်းတဲ့အခါကမ္ဘာပျက်တာပါပဲ။မျက်မှန်ထပ်ဝယ်ဖို့ကလည်းခက်ခဲနေတဲ့အခါဒီပွန်းရာခြစ်ရာတွေကိုဘယ်လိုဖြေရှင်းမလဲ ။ ၁- ဘေကင်ဆိုဒါ နဲ့ ရေ ဒီနည်းလမ်းဟာအကုန်အကျသက်သာတဲ့အပြင်အစွမ်းထက်တဲ့နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူးဘေကင်ဆိုတာတစ်ဇွန်းကို ရေခွက်တစ်ခွက်နဲ့ဖျော်ပြီး အစင်းကြောင်းပေါ်တွေကို ပွတ်ပါ ။ပြီးရင် ရေဆေးချပြီး အဝတ်နုနုတစ်ခုနဲ့ ပွတ်တိုက်ပေးပါ ။ ၂ -ကားမှန်ဆေးရည် မျက်မှန်ပေါ်ကအကွက်တွေအစွန်းတွေကိုချွတ်ပေးနိုင်တဲ့အကောင်းဆုံးဆေးရည်ပါ။ဒီဆေးရည်ကိုတစ်ရှူးပေါ်ဆွတ်ပြီးမျက်မှန်ပေါ်ကိုပွတ်တိုက်ပေးတဲ့အခါ ကြည်လင်တောက်ပနေတဲ့မျက်မှန်လေး ရပါလိမ့်မယ်။ ၃- ကွန်ပြူတာစခရင်သန့်ရှင်းရေးဆေးရည် ကွန်ပြူတာစခရင်သန့်ရှင်းတဲ့ဆေးရည်ဟာလျပ်စစ်ပစ္စည်းတွေကိုမထိခိုက်စေဖို့အထူးထုတ်လုပ်ထားတဲ့ဆေးရည်တစ်ခုပါ။ဒီဆေးရည်ကိုမျက်မှန်ပေါ်သုတ်ပြီးအဝတ်စတစ်ခုနဲ့ပွတ်တိုက်ပေးမယ်ဆိုရင်မျက်မှန်လေးအသစ်အတိုင်းကြည်လင်သွားပါလိမ့်မယ်။ ၄- သွားတိုက်ဆေး ဂျယ်မဟုတ်တဲ့သွားတိုက်ဆေးတစ်မျိုးကိုမျက်မှန်ပေါ်ပွတ်ပြီးတစ်ရှူးစနဲ့ပွတ်တိုက်ပေးမယ်ဆိုရင်လည်းအစင်းကြောင်းတွေပျောက်သွားပါလိမ့်မယ်။ ၅- ပေါလစ်ဆီ ၊ Vaseline မှန်ပေါ်မှာအစင်းကြောင်းတွေအရမ်းများနေတဲ့အခါပေါလစ်ဆီသို့မဟုတ်Vaselineနဲ့မှန်ကိုပွတ်ပြီးတော့အဝတ်စတစ်ခုသုတ်ပေးလိုက်ပါ ။အစင်းကြောင်းတွေအတော်လေး လျော့ပါးသွားတာကိုတွေ့ရပါလိမ့်မယ်။ ၆- ငွေထည်အရောင်တင်ဆေး ဒီဆေးရည်ကိုတော့စတိုးဆိုင်တော်တော်များများမှာဝယ်ယူလို့ရပါတယ်။ဆေးရည်ကိုဖိုက်ဘာအဝတ်စတစ်ခုပေါ်ဆွတ်ပြီးအစင်းကြောင်းတွေပျောက်တဲ့အထိ...
သင်မမြင်ဘူးသေးတဲ့ကမ္ဘာတဝှမ်းကထူးထူးဆန်းဆန်းဖန်တီးထားတဲ့အသုံးအဆောင်တွေ
ကမ္ဘာတဝှမ်းကတီထွင်မှုပေါင်းများစွာဟာလူသားတွေကိုအကျိုးပြုစေဖို့ရည်ရွယ်တီထွင်ထားကြတာဖြစ်ပြီးအခုဖော်ပြပေးမှာကတော့ ထူးခြားဆန်းကြယ်ပြီး ရယ်စရာကောင်းလောက်အောင် ကြောင်တောင်တောင်နိုင်လှတဲ့တီထွင်မှုတွေပဲဖြစ်ပါတယ်။ (၁) Foot Powered Bike ဒီစက်ဘီးဟာဆိုရင်သာမန်ရိုးရိုးစက်ဘီးတွေလိုခြေနင်းတံကိုအသုံးပြုပြီးစီးနင်းရတဲ့စက်ဘီးမျိုးမဟုတ်ပါဘူး။မိမိခြေထောက်ကို အသုံးပြုပြီး စက်ဘီးမှာပါဝင်တဲ့ ထိုင်ခုံပေါ်ကို ထိုင်ကာ ပြေးလွှားနေသလိုမျိုး စီးနင်းရမယ့် စက်ဘီးမျိုးပဲ ဖြစ်ပါတယ်။ (၂) Anti-Pervert Hairy Stockings မိန်းကလေး အများစု ဝတ်ဆင်ကြတဲ့ Stocking တွေကိုမှ ရိုးရိုးတန်းတန်း...
မယ်စကြာစဠာပြိုင်ပွဲတွေရဲ့ကြံကြံဖန်ဖန်နိုင်ငံကိုယ်စားပြုဝတ်စုံများ..
MissUniverseလိုမျိုးပြိုင်ပွဲကြီးမှာတော့နိုင်ငံတကာကအလှမယ်တွေလာရောက်ယှဉ်ပြိုင်ကြကာဝတ်စုံတွေမျိုးစုံကိုဝတ်ပြီးယှဉ်ပြိုင်ရတာတွေရှိပါတယ်။ယင်းဝတ်စုံတွေထဲမှာတော့ရေကူးဝတ်စုံ၊ကိုယ်ပိုင်ကြိုက်နှစ်သက်တဲ့ဝတ်စုံနဲ့နိုင်ငံကိုယ်စားပြုဝတ်စုံတွေကိုဝတ်ဆင်ကာယှဉ်ပြိုင်ကြရတာဖြစ်ပါတယ်။နိုင်ငံကိုယ်စားပြုဝတ်စုံ(NationalCostume)ဝတ်ပြီးယှဉ်ပြိုင်တဲ့အချိန်မှာတော့Missတယောက်အတွက်တော့အခမ်းနားဆုံးနဲ့ဂုဏ်အယူရဆုံးအချိန်ဆိုလည်းမမှားပါဘူး။နိုင်ငံကိုယ်စားပြုဆိုတဲ့အတိုင်းနိုင်ငံရဲ့အထင်ကရပြယုဂ်တခုပါအောင်ပြသချင်ကြတဲ့အတွက်တချို့နိုင်ငံကိုယ်စားပြုဝတ်စုံတွေကတော့အဆန်းလွန်နေတာကိုတွေ့ရပါတယ်။ တချို့ကျတော့လည်း ဆန်းလွန်းတာကြောင့် ဂွမ်းသွားတဲ့ Miss များတဲ့နိုင်ငံ ကိုယ်စားပြုဝတ်စုံတွေ ရှိပါတယ်။ပြောချင်လွန်းလို့ ပေ့ခ်ျက ဒီတခေါက်မှာတော့ Pop inq ကဖော်ပြထားတဲ့ Miss Universe ပြိုင်ပွဲတွင် အဆိုးရွားဆုံးနိုင်ငံ ကိုယ်စားပြုဝတ်စုံ (National Costume) တွေကို ဖော်ပြပေးလိုက်ပါတယ်။ 1.Miss Canada MissUniverse2014ပြိုင်ပွဲဝင်CanadaကMissကတော့နိုင်ငံကိုယ်စားပြု(NationalCostume)ဝတ်စုံဝတ်ရာမှာတော့ Hockey ပြိုင်ပွဲမှာ...
ပြန်ရောင်းလျှင် အရှုံးမပေါ်အောင် ရွှေဝယ်ယူနည်း
ပြန်ရောင်းလျှင်အရှုံးမပေါ်အောင်ရွှေဝယ်ယူမယ်ဆိုလျှင်ရွှေဝယ်နည်းဆိုလို့ဝယ်ချင်တာများပိုက်ဆံရှိဘယ်နားဝယ်ဝယ်ရတယ်လို့များအတွေးမစောလိုက်ပါနဲ့ဗျာ။ကျနော်ပြောပြမယ့်ဝယ်နည်းဆိုတာရွှေဝယ်ပြီးပြန်ရောင်းခဲ့ရင်အရှုံးသက်သာအောင်အရင်းပြန်ရအောင် ၊ ဖြစ်နိုင်ရင် အမြတ်ပါရစေဖို့ ရည်ညွှန်းပြော ဆိုတာပါ။   ကိုင်းအဲ့ဒီတော့ပြောစရာရှိတာကရွှေဝယ်မယ်ဆိုရင်ဝယ်လို့ရတဲ့ပုံစံ၂မျိုးကိုအရင်ပြောပါ့မယ်။အတုံးအခဲလိုက်ဝယ်တဲ့ပုံစံရယ်။အထည်ခတ်ပြီးသား ဝယ်တာရယ်ပေါ့ဗျာ။ အတုံးအခဲလိုက် ဝယ်တာကတော့ ရှင်းတယ်ဗျာ ၁ ကျပ်သား ၈ သိန်းဈေးဆို ၈ သိန်းပေးလိုက်ရင်၁ကျပ်သားရတယ်ပေါ့ဗျာ။ခြွင်းချက်အနေနဲ့ဆိုင်ပေါ်လိုက်လို့၂၀၀၀၊၃၀၀၀နည်းနည်းတော့ကွာတတ်တာပေါ့ဗျာ။ အထည်မှာကျတော့လက်ရာဆန်းလေ၊လက်ဝင်တဲ့အထည်လုပ်ရတာကြာတဲ့ခက်တဲ့ဂဟေဝင်တဲ့အထည်တွေဖြစ်လေ၊လုပ်ခဆိုတဲ့အလျော့တွက်များများပေးရလေပေါ့ဗျာ။အလျော့တွက်ဆိုတာကိုလည်းနားလည်သူတော်တော်နည်းတာကိုလည်းတွေ့ရသဗျ။ အလျော့တွက်ဆိုတာအထည်မလုပ်ခင်က၁ကျပ်သားရွှေတုံးတစ်တုံးကိုပန်းထိမ်ဆရာဆီဆိုင်ပိုင်ရှင်ကပေးပြီးလုပ်ခိုင်းလိုက်တယ်။အထည်ပြီးသွားလို့ပန်းထိမ်ဆရာကဆိုင်ရှင်ကိုပြန်အပ်တဲ့အခါတကျပ်သားအပြည့်ပြန်မအပ်နိုင်တော့ပါ။ဘာ့ကြောင့်လဲဆိုတော့အထည်လုပ်ဖို့ဖြတ်ရင်းတောက်ရင်းနန်းဆွဲရင်းထုရင်းနှက်ရင်းနဲ့ရွှေအမှုန်လေးတွေထွက်ထွက်သွားပြီးအလေးချိန်လျော့ကုန်လို့ပါ။ အဲ့ဒီလိုကုန်တာတွေကိုလည်းပန်းထိမ်ဖိုပိုင်ရှင်ကပြန်ရအောင်ဆိုပြီးဖိုထဲမှာအုတ်ခင်းတယ်၊အဲ့ဒီပေါ်မှာမှမြေနီခင်းပြီးကျလာလွင့်လာတဲ့ရွှေမှုန်လေးတွေကိုပြန်စုဖို့ရန်လုပ်ထားရပါတယ်။အဲ့ဒီအတိုင်းလုပ်ပြီး၁နှစ်တခါသို့မဟုတ်ဖိုရဲ့အလုပ်အနည်းအများပေါ်မူတည်ပြီးမြေနီထဲမှာစုမိနေတဲ့ရွှေတွေကိုထုတ်ရောင်းကြပါတယ်။အဲ့တာကိုမိုက်ထုတ်တယ်လို့ခေါ်ပါတယ်ဗျ။ သို့သော် ဘယ်လိုပဲစုစု အမှုန်လေးတွေ အကုန်ပြန်မရတော့ပါဘူး။ အဲ့လေကုန်တဲ့ အမှုန်ရယ်လက်ခ ဖိုးရယ်ကို ဝယ်သူက ပေးရပါတယ်။ကဲထားပါတော့၊အဲ့ဒီတော့ဝယ်တဲ့သူကကိုယ်ဝယ်မယ့်ပစ္စည်းပြန်ရောင်းတဲ့အချိန်အရှုံးသက်သာချင်တယ်ဆိုရင် (၁)အချက်ကအလျော့တွက်လက်ခသက်သာတဲ့အထည်မျိုးကိုရွေးချယ်ဝယ်ယူဖို့လိုပါတယ်။ဘယ်လိုအထည်တွေလဲဆိုတော့ပုံသိပ်မဆန်းတဲ့အထည်တွေပါ။...
ပရိသတ်များကြားမှာရေပန်းစားပြီး အရမ်းလူကြိုက်များနေတဲ့ အလှမယ်ရွှေအိမ်စည်ရဲ့ National Costume ဝတ်စုံ
လက်ရှိမှာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကြိုးစားပြီးနိုင်ငံရပ်ခြားကိုသွားရောက်လို့MissSupranationalပြိုင်ပွဲအတွက် ယှဥိပြိုငနေတဲ့ အိမ်စည်ကတော့နိုင်ငံအတွက်ရလဒ်ကောင်းတွေသယ်ဆောင်လာပေးနိုင်သူလို့ဆိုနိုင်ပါတယ်။ နိုင်ငံတကာ အလှမယ် page တွေကကနေသူမကိုကြိုဆိုကြသလိုဒီနှစ်အတွက်အရမ်းကိုလူကြိုက်များပြီးHotဖြစ်တဲ့အလှမယ်တွေထဲမှာ အိမ်စည်ကလည်း အပါအဝင်ဖြစ်ပါတယ်။ ခေါင်းစဉ် အမျိုးမျိုးနဲ့ Miss Supranational Organization ကနေ ပြိုင်ပွဲ အသေးလေးတွေ ကျင်းပပေးနေသလို ဆုတွေ အတော်အများကို အိမ်စည်က ရရှိနေပါတယ်။ အသက်(၂၀)...
အလန်းစား Fashion တွေနဲ့ ပရိတ်သတ်တွေကို မှင်သက်သွားစေခဲ့တဲ့ Style Secret ပြိုင်ပွဲကြီး
ဒီဇိုင်နာတွေရဲ့ကြီးမားတဲ့အိမ်မက်တစ်ခုကိုပုံဖော်ပေးနေတဲ့StyleSecretပြိုင်ပွဲကြီးဟာဆိုရင်ပရိတ်သတ်တွေကိုဆွဲဆောင်မှုမျိုးစုံမတူညီတဲ့ပုံစံတွေနဲ့ဖမ်းစားထားနိုင်တဲ့ပြိုင်ပွဲကြီးဖြစ်ပါတယ်။အရမ်းကိုမိုက်ပြီးမြန်မာလူမျိုးတွေရဲ့အမြင်ကိုလုံးဝပြောင်းလဲသွားစေမယ့် အမိုက်စား design တွေကို Style Secert ပြိုင်ပွဲ ကြီးမှာ မြင်တွေ့ရမှာ.ဖြစ်ပါတယ်။ ယခုဆိုရင်တော့ Style Secret ပြိုင်ပွဲကြီးရဲ့ Season finalပွဲကြီးကိုစည်းကားသိုက်မြိုက်စွာနဲ့အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။J'Loinspirationdesignနဲ့ပရိတ်သတ်တွေကိုရောဒိုင်တွေရဲ့ရင်ကိုပါလှုပ်ခါသွားစေခဲ့တဲ့Winnerတစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ သူမကတော့ ဒီဇိုင်နာ လုလုသွယ်ပဲ ဖြစ်ပါတယ်။ ဒီဇိုင်နာလုလုသွယ်ဖန်တီးထားတဲ့အမိုက်စားdesignတွေအပြင်အခြားသောပရိတ်သတ်တွေကိုတကယ့်ကိုအံ့သြမှင်သက်မှုတွေကို ဖြစ်စေမယ့် Final ပြိုင်ပွဲကြီးရဲ့ ဒီဇိုင်း ပုံရိပ်တွေကို...
အနုပညာရှင်ပေါင်း(၁၃၀)ကျော်ပါဝင်မယ့် Myanmar Int’l Fashion Week
မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်သရုပ်ဆောင်များ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မော်ဒယ်များ ပါဝင်သွားမယ့် Myanmar Int'l Fashion Week 2018 ပွဲကြီးကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲကြီးကိုလည်း သိန်းပေါင်းထောင်နဲ့ချီ အကုန်ကျခံကျင်းပသွားမယ်လို့StarEventProductionကကိုဂျွန်လွင်ကပြောပါတယ်။ ကြီးကျယ်ခမ်းနားမှုတွေနဲ့ကျင်းပပြုလုပ်သွားမယ့် Myanmar Int'l Fashion Week 2018 ပွဲကြီးမှာ ပြည်တွင်းပြည်ပ အနုပညာရှင်များ၊...
Recent Posts