တရုတ်နိုင်ငံတွင် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်းရွှေသေတ္တာကြီးထဲမှ အရိုးစုသည် ဗုဒ္ဓဓာတ်တော်မွေတော်များဖြစ်နိုင်သည်ဟု ဆို
တန်ခိုးအရာ ပြိုင်ဘက်ကင်းသော လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်
အရှင်မဟာမောဂ္ဂလာန် သည် “လက်ဝဲတော်ရံ အဂ္ဂသာဝကမထေရ်မြတ်” ဖြစ်သည်။မထေရ်မြတ်မှာဘုန်းတန်ခိုးအာနုဘော် ကြီးမားလှသဖြင့်မြတ်စွာဘုရားအားထားရသောခေါင်းဆောင်မထေရ်ကြီးတစ်ပါးဖြစ်သည်။နန္ဒောပနန္ဒာနဂါးကိုမာန်စွယ်ကျိုးအောင် ဆုံးမတော်မူပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်ခဲ့ကာ သရဏဂုံတည်စေခဲ့သည်။ နတ်ပြည်သို့ကြွ၍လည်းနတ်သားနတ်သမီးတို့၏ဘဝအကြောင်းလူ့ရွာ၊လူသားဒကာဒကာမများအားအဖြစ်မှန်ကိုပြန်လည်ဟောပြ အားကျစေခဲ့သည်။ ငရဲဘုံ ၊ ပြိတ္တာဘုံသို့ ကြွရောက်၍လည်း ဆင်းရဲဒုက္ခ ခံစားနေကြရသော ငရဲ ၊ပြိတ္တာတို့၏ ဘဝကို လူ့လောကမှဒကာဒကာမတို့အားအကုသိုလ်မူမပြုကြရန်ပြန်လည်ဟောပြတော်မူသည်။အဂ္ဂသာဝကမထေရ်နှစ်ပါးသည်“နေနှင့်လ” ပမာ လွန်စွာ ထင်ရှားသည့်...
သက်တမ်းနှစ်ပေါင်း ၁၀၀ တိတိပြည့်သွားတဲ့ လပွတ္တာမြို့ဇာတ်ကြောင်း
မူရင်း ဓာတ်ပုံတင်ထားသူများကို ကျေးဇူးတင်ရှိပါတယ် လပွတ္တာမြို့သည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရုံးစိုက်ရာမြို့ဖြစ်သည်။ဧရာဝတီမြစ်မှအဆင့်ဆင့် ခွဲထွက်လာသော ရွေးမြစ်၏ အနောက်ဘက်ကမ်း၌ မြောက် လတ္တီတွဒ် ၁၆ ဒီဂရီ ၈ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၉ မိနစ် ဆုံရာအရပ်တွင် အရှေ့နှင့်အနောက် အလျား...
ပုဂံပြည်ကြီးမှာ မုဆိုးမပင် ဘုရားတည်နိုင်တဲ့အထိ ချမ်းသာ ကြွယ်ဝစေခဲ့တဲ့ ရှင်အဇ္ဇဂေါဏရဲ့ ဒဏ္ဍာရီ
ရှင်အဇ္ဇဂေါဏ နှင့်ဘုရားအမှတ်(၅၀၉-က)မည်သို့ဆက်စပ်နေသနည်းရေးသားသူ – သုခုမ အလင်းတန်းများ ပုဂံသမိုင်းကိုပြောရမည်ဆိုလျှင်ရှင်အဇ္ဇဂေါဏသည်မပါမပြီးချေ။ရှင်အဇ္ဇဂေါဏခေါ်ရှင်မထီးဆိုသည်မှာထေရဝါဒမထွန်းကားမှီ ပုဂံပြည်သေဉ်လည်ကြောင်မင်းတရားကြီးလက်ထက်တွင်လောကီရေးရာအဂ္ဂိရတ်ဖိုထိုးခြင်းမှဓါတ်လုံးအောင်ပြီးပုဂံပြည်တွင် မုဆိုးမပင်ဘုရားတည်နိုင်သည်ဟုပြောစမှတ်တွင်ခဲ့သူဖြစ်သည်။ပုံပြင်ဒဏ္ဍာရီယုံကြည်သူတို့အဖို့ပုဂံပြည်သည်ဤမျှနယ်နမိတ် အတွင်းတွင်ဘုရားပေါင်းမြောက်များစွာတည်ရှိကြခြင်းသည်ရှင်အဇ္ဇဂေါဏကြောင့်ဖြစ်သည်ဟုယုံကြည်ကြသည်မှာလည်း မထူးဆန်းပါ။ ရှင်အဇ္ဇဂေါဏဒဏ္ဍာရီကိုပြောရမည်ဆိုလျှင်ခရစ်နှစ်(344ခုမှ387)ခုနှစ်အထိနန်းစံခဲ့သောသေဉ်လည်ကြောင်မင်းတရားကြီးလက်ထက်ခန့်ကဖြစ်ခဲ့သည်။ရှင်အဇ္ဇဂေါဏသည်ရွှေဖြစ်လမ်း၊ငွေဖြစ်လမ်းလိုက်နေသောအဂ္ဂိရတ်ထိုးခြင်းအောင်မြင်ပါက ပုဂံတစ်ပြည်လုံးချမ်းသာလိမ့်မည်ဓါတ်လုံးမပေါက်ခဲ့ပါကမိမိ၏မျက်လုံးနှစ်လုံးကိုထိုးဖောက်ပစ်ရန်အာမခံခဲ့သည်။သေဉ်လည်ကြောင် မင်းကြီးကယုံကြည်သောကြောင့်ဓါတ်လုံးထိုးရန်ဘုရင့်ဘဏ္ဍာတိုက်မှရွှေများထုတ်ယူကာဓါတ်လုံးရွှေကျွေးသည်။ ဘုရင်သည်စိတ်ရှည်သည်းခံကာ ဘဏ္ဍာတိုက်မှ ရွှေတစ်ဝက်ခန့် ကိုထုတ်ပေးခဲ့သည်။ ဓါတ်လုံးမပေါက်ခဲ့ဘဲ ဆက်လက်ထိုးရင်း ဘဏ္ဍာတော် ၃ ပုံ ၁ ပုံသာကျန်တော့သည်။ နောက်ဆုံးဘုရင်အတော်ပင်စိတ်ပျက် သွားကာဘဏ္ဍာတိုက်ရှိရွှေများလည်းအကုန်ကုန်ပြီးသွားလေတော့သည်။ရှင်အဇ္ဇဂေါဏ၏တပည့်များဖြစ်သောကျော်စွာနှင့်သော်တာလင်မယားတို့ ဖိုကိုမပြတ်တစ်လှည့်...
စင်ကာပူ ရဲ့ ကမ္ဘာကျော် Marina Bay Sands ဆိုတာ
စင်ကာပူရဲ့ဓာတ်ပုံတွေမှာမကြာခဏပါလေ့ရှိတဲ့အရာကတော့မြင့်မားတဲ့အမိုးထိပ်ဖျားမှာသင်္ဘောပုံဏ္ဍာန်တည်ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပါတယ်။ စင်ကာပူနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကတော့MarinaBaySandsကဒီအဆောက်အဦးကြီးကို ရင်းနှီးပြီးဖြစ်မှာပါ။မသိသေးတဲ့မိတ်ဆွေများအတွက်ဗဟုသုတအဖြစ်ဒီအဆောက်အဦးကြီးရဲ့အကြောင်းကိုဝေမျှလိုက်ပါတယ်။ ကမ္ဘာ့ထိပ်တန်းအပန်းဖြေResortဖြစ်တဲ့ဒီအဆောက်အဦးကြီးကိုစင်ကာပူမရီနာပင်လယ်အော်ဘေးမှာတည်ဆောက်ထားလို့ မရီနာပင်လယ်အော်သဲသောင်ပြင် Marina BaySandလို့နာမည်ပေးထားခြင်းဖြစ်ပါတယ်။တာဝါအဆောက်အဦးအပြင် အနီးတဝိုက်ကအခြားအဆောက်အဦးတွေကိုစုပေါင်းပြီးMarinaBaySandလို့ခေါ်ခြင်းဖြစ်ပါတယ်။၂၀၁၀မှာစတင်ဖွင့်လှစ်ခဲ့တဲ့ဒီအဆောက်အဦးကြီးဟာအဆောက်အဦးတစ်ခုချင်းကုန်ကျစရိတ်မှာကမ္ဘာ့ဈေးအကြီးဆုံးဖြစ်ပြီးစုစုပေါင်းကုန်ကျစရိတ်အနေနဲ့ စင်ကာပူဒေါ်လာ ၈ဘီလျံ ကုန်ကျခဲ့ပါတယ်။ Marina Bay Sands အဆောက်အအုံကို ပိုင်ဆိုင်တဲ့ မိခင်ကုမ္ပဏီကတော့ TheVenetianLasVegas,TheVenetian Macaoစတဲ့Resortတွေကိုပိုင်ဆိုင်ထားတဲ့အမေရိကန်ကLasVegasSandsအဖွဲ့အစည်းဖြစ်ပါတယ်။အဆောက်အဦးကြီးရဲ့ဒီဇိုင်းကိုရေးဆွဲသူကတော့အစ္စရေးကနေဒါနွယ်ဖွားဗိသုကာပညာရှင်MosheSafdieဖြစ်ပြီးအဓိကတည်ဆောက်သူကတော့ တောင်ကိုရီးယားက Ssangyong Engineering and Construction ကုမ္ပဏီဖြစ်ပါတယ်။ တာဝါသုံးခုကို...
တရုတ်တွေဖျောက်ထား တဲ့ ရာဇဝင် (မြန်မာပြည်နှင့် တရုတ်ပြည်)
ရှည်လျား ကျယ်ပြောသော နယ်နိမိတ် ထိ စပ်မှု သည် မြန်မာပြည်နှင့် တရုတ်ပြည် အကြား နှစ်ပရိစေဒ ကြာမြင့်စွာပြဿနာ အလျည်း မရှိပဲ ခွဲခြား တည်ရှိခဲ့ပါသည်။မင် မင်းဆက် (၁၃၈၀-၁၃၈၈အေဒီ)လက်ထက်တွင်တရုတ်တို့သည်ယူနန်နယ်အား ၎င်း တို့၏ နယ် နိမိတ် အဖြစ် ပိုင်ပိုင်နိုင်နိုင် သွမ်းသွင်းနိုင်ခဲ့သည်။...
ကောင်းကင်နဲ့ ငရဲကို ထူးခြားတဲ့တံတားနဲ့ ဆက်သွယ်ထားတဲ့ အဖြူရောင်ဘုရားကျောင်း
ထိုင်းနိုင်ငံရဲ့အဖြူရောင်ဘုရားကျောင်းလို့လူသိများတဲ့WatRongKhunဟာအရမ်းရိုးရှင်းတဲ့အိုင်ဒီယာနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘုရားကျောင်းကို ဖန်တီးခဲ့တဲ့ Chalermchai Kositpipat ဟာ တစ်ကမ္ဘာလုံးမှာအလှဆုံးဘုရားကျောင်း တည်ဆောက်ဖို့စိတ်ကူးရခဲ့ပါတယ်။ သံသယဖြစ်စရာမရှိအောင်ကိုဘုရားကျောင်းထဲဝင်ရောက်လာသူမှန်သမျှဟာဘုရားကျောင်းရဲ့ခမ်းနားတဲ့အဆောက်အဦးတွေနဲ့ ရုပ်ထုကြီးတွေကြောင့် မချီးမွမ်းပဲ နေနိုင်မှာ မဟုတ်ပါဘူး။ ဘုရားကျောင်းရဲ့ရှေ့မှာ ရပ်လိုက်တဲ့အခါ ပထမဆုံးတွေ့ရမှာက ကစဥ့်ကလျားဖြစ်နေတဲ့ လက်အစုအဝေးတွေပါ။ဒါကတော့ အဆက်မပြတ်သောကအပူမီးတွေတောက်လောက်နေတဲ့ငရဲကိုညွန်းဆိုထားတာဖြစ်ပါတယ်။ငရဲတံတားကိုဖြတ်ကျော်ပြီးတာနဲ့ နတ်ပြည်က အစောင့်အရှောက်တွေရဲ့ ရုပ်ထုကြီးတွေကို တွေ့ရမှာပါ။ ဒီအခါမှာ နောက်ပြန်လှည့်လို့မရပါဘူး။ရှေ့ကိုသာ ဆက်သွားရမှာဖြစ်ပါတယ်။ တကယ်လို့စာဖတ်သူကထိုနေရာကနေနောက်ကိုပြန်လှည့်ဖို့ကြိုးစားရင်ဘုရားကျောင်းအစောင့်ကစာဖတ်သူကိုနောက်ပြန်မလှည့်ဖို့...
မန္တလေး မဟာမြတ်မုနိဘုရားကြီးက ရှေးဟောင်းကြေးရုပ်ကြီးတွေရဲ့ သမိုင်းကြောင်း
မဟာမုနိဘုရားပရဝဏ်ရှိကြေးရုပ်ကြီးများသည်မြန်မာနိုင်ငံ၊မန္တလေးမြို့၊မဟာမုနိရုပ်ပွားရှင်တော်မြတ်တည်ရှိရာမဟာရာမ်အတွင်းတွင် တည်ရှိသည်. ကြေးရုပ်ကြီးများမှာ ခေါင်းသုံးလုံးနှင့် ဧရာဝဏ်ဆင်ရုပ် (၁) ၊နတ်ရုပ်(၂)၊ခေါင်း(၁)ခုပြုတ်နေသော ခြင်္သေ့ကိုယ်နှင့်ခေါင်း၊ခေါင်းမရှိသောခြင်္သေ့ကိုယ်ထည်တစ်ခုတို့ဖြစ်သည်။ယင်းတို့ကိုထိုင်းလူမျိုးများက‘ဒေဝဂဿရူပနတ်ရုပ်’ ဟု ဆိုကြလေသည်။ ဓညဝတီရခိုင်ပြည်မှအိမ်ရှေ့မင်းသိမ်းယူလာသောကြေးရုပ်ကြီးများသည်မူလကကမ္ဘာဇတိုင်းအန်ကာမြို့မှဆောင်ယူလာခြင်းဖြစ်၍ဟံသာဝတီဘုရင့်နောင်ကျော်ထင်အနော်ရထာမင်းယိုးဒယားကိုအောင်နိုင်သောအခါသက္ကရာဇ်၉၂၅ခု၊တန်ခူးလပြည့်ကျော်(၂)ရက်နေ့တွင်မြန်မာနိုင်ငံသို့ယူဆောင်ခဲ့ရာဟံသာဝတီသို့သက္ကရာဇ်၉၂၆ခု၊နယုန်လဆန်း(၆)ရက်နေ့တွင်ရောက်သည်။ (အချို့မှတ်တမ်းများ ၌ ကြေးရုပ်များကို ၉၂၃ ခုနှစ်တွင် လင်းဇင်းမှ ယူဆောင်လာကြောင်း တွေ့ရ၏။) သက္ကရာဇ် ၉၆၀ ၌ သံသာဝတိပျက်သောအခါ ဟံသာဝတီဘုရင်သည် တောင်ငူ၌ ကွက်မျက်ခံရသည်။...
ရန်သူ့ခေါင်း ကို ဖြတ်လာနိုင်ရင် ဆုငွေချီးမြှင့်တဲ့ ဓလေ့ ရှိသေးတဲ့ မြန်မာနိုင်ငံက နာဂမျိုးနွယ်စု
နာဂမျိုးနွယ်စု အိန္ဒိယ မြန်မာ နယ်စပ်မှာ နေထိုင်ကြတဲ့ နာဂ ခေါင်းဖြတ်သမားတွေဟာ သူတို့ရဲ့ အသေးစိတ်ကျတဲ့ ဆေးမှင်ကြောင်များနဲ့ ရန်သူ့ခေါင်းကိုတိုက်ပွဲမှာဖြတ်လာနိုင်ခဲ့ရင်ဆုငွေချီးမြှင့်တဲ့ဓလေ့ကိုကျင့်သုံးခဲ့တာကိုဓာတ်ပုံဆရာတစ်ယောက်ကမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒါ့အပြင် လူခေါင်းခွံ များ နဲ့ ကျွဲချိုများ ကို ဆုတံဆိပ်များကဲ့ သို့ချိတ်ဆွဲထားပြီး ဒီဦးခေါင်းခွံများဟာသူတို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ချမ်းသာ ကြွယ်ဝမှုကိုဖော်ပြတယ် လို့ နာဂခေါင်းဖြတ် မျိုးနွယ်စုက...
အုတ်တစ်ချပ်နှင့်တစ်ချပ်ကြားအပ်ထိုးလို့မရနိုင်အောင်စေ့စပ်သေချာတဲ့ပုဂံပြည်မှထုထည်အကြီးဆုံး ဓမ္မရံကြီးဘုရားသမိုင်း
ဓမ္မရံကြီးဘုရား(ဘုရားအမှတ်-၇၇၁) သည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီးဖြစ်ပြီး အေဒီ (၁၁၆၅)တွင် နရသူမင်း(ခ)ကုလားကျမင်းအေဒီ(၁၁၆၃၁၁၆၅)တည်ခဲ့သည်။ထုဓမ္မရံ၊ဉာဏ်သဗ္ဗညု၊အနုအာနန္ဒာ၊တန်ခိုး-ရွှေစည်းခုံဟူသောအဆိုအရဓမ္မရံဘုရားကြီးသည်ဓမ္မရံကြီးဘုရားသည်ပုဂံဒေသတွင်ထုထည်အကြီးဆုံးရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ သမိုင်း နရသူမင်းသည်ဖခင်အလောင်းစည်သူမင်းအားသတ်မိသည့်အတွက်နောင်တရပြီးထိုမကောင်းမှုပြေပျောက်စေရန်ကြီးစွာသော ကောင်းမှုပြုလုပ်ရန် ရည်ရွယ်၍ ဓမ္မရံကြီးဘုရားကိုတည်ခဲ့ခြင်းဖြစ်သည်။ဘွဲ့အမည်တော်ဓမ္မရံကြီးဟူသောအမည်သည် ဓမ္မရံသီ (တရားတော်၏ထွန်းပရာ)ဟူ၍အဓိပ္ပာယ်ရသည်။ဓမ္မရံကြီးဘုရားဟုအမည်တွင်သည်မှာနရပတိစည်သူ(စည်သူ-၂) လက်ထက်ဓမ္မရံကြီးအမည်ရှိမထေရ်ထိုဘုရားတံတိုင်းဝင်းအတွင်းအနောက်ဘက်ထောင့်ရှိအုတ်ကျောင်းတွင်သီတင်းသုံးခဲ့သည့်အတွက် ထိုမထေရ်ကို အကြောင်းပြု၍ ဓမ္မရံသီဘုရားဟု ခေါ်ခဲ့ကြရာမှ ကာလကြာသော်ဓမ္မရံကြီးဟုပြောင်းလဲအမည် တွင်ခဲ့သည်ဟု ဆိုသည်။ ဗိသုကာလက်ရာများ ဓမ္မရံကြီးဘုရားတွင်အုတ်စီအုတ်နင်းကောင်းမွန်မှုတို့ကိုလေ့လာနိုင်သည်။ဘုရားအတွင်းအုတ်နံရံတွင်ဓားစီခုတ်(အုတ်များကို သရွတ်နှင့်မစိမီဓားဖြင့်ရွှေခုတ်ခြင်း)အုတ်စီပုံများ၊အမိုးခုံးများတွင်သဲကျောက်များညှပ်စီ၍စီထားပုံများ၊ဘုရား၏နံရံထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ်...
Recent Posts