စီနီယာအနုပညာရှင်တွေထက် ပေါ်လွင်သွားမှာစိုးတဲ့အတွက် အကယ်ဒမီပွဲကို သာမာန်ဝတ်စုံသာဝတ်ခဲ့တဲ့ ကျော်ကျော်နန္ဒ

တေးသံရှင် ကျော်ကျော်နန္ဒက သူ့ရဲ့ သီချင်းတွေနဲ့ လူတကာနဲ့မတူတဲ့ ဖက်ရှင်တွေကြောင့် လတ်တလော ပရိသတ်တွေ ကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအချို့ကလဲ ကျော်ကျော်နန္ဒတစ်ယောက် အကယ်ဒမီပွဲ မတက်ရဘူးဆိုပြီး ထုတ်ပြန်စာထွက်ပေါ်လာပြီး ဂယက်တွေထခဲ့သေးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ပြေလည်သွားခဲ့ပြီး ကျော်ကျော်နန္ဒတစ်ယောက် အကယ်ဒမီပွဲကို တက်ရောက်လာခဲ့ပါတယ်။ ကျော်ကျော်နန္ဒက...

အဆိုတော်ကြီး အငဲရဲ့သီချင်းနဲ့ အကယ်ဒမီ ညစာစားပွဲကြီးမှာ သီဆိုဖျော်ဖြေပေးခဲ့တဲ့ တိုင်ရွန်

ပျိုပျိုမေမေတို့ရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်နေခဲ့ရတဲ့ မော်ဒယ် သရုပ်ဆောင် တိုင်ရွန်ဟာဆိုရင် အားလုံးသော ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အများရဲ့ ချစ်ခင်မှုကို ရရှိထားခဲ့ရတဲ့ သူကတော့ မတ်လ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ အကယ်ဒမီရရှိသော အနုပညာရှင်တွေအတွက် ဂုဏ်ပြုညစာစားပွဲကြီးမှာ အဆိုတော်ကြီး...

“ဂုဏ်ယူအလွမ်း” သီချင်းနဲ့ တော်လှန်ရေးနေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်တဲ့ မေလသံစဉ်

အဆိုတော်မလေး မေလသံစဉ်ဟာဆိုရင် "သူကြီးသမီး" သီချင်းခွေလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ သူလေးတစ်ယောက်ပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို အပိုင်ရရှိထားခဲ့ရတဲ့ သူမကတော့ cover song တွေမှာလည်း အပီအပြင် သီဆိုပြသပေးနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အတီးရော အဆိုပါ နှစ်မျိုးလုံးကို ပိုင်နိုင်ကျွမ်းကျင်လွန်းတဲ့ သူမကို ပရိသတ်တွေက...

ဒီအကယ်ဒမီက ပရိသတ်တွေမေတ္တာနဲ့ရတဲ့ဆုပါဆိုတဲ့ ဝိုင်းရဲ့စကားကို ချေပလိုက်တဲ့ နေတိုး

မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကသားတွေအတွက် မှတ်တိုင်၊ ပန်းတိုင်တစ်ခုလို့ဆိုရမယ့် အကယ်ဒမီပေးပွဲကြီးကိုတော့ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာတော့ The One Entertainment မှာပြုလုပ်ခဲ့တဲ့ ဒီအကယ်ဒမီပေးပွဲကြီးကို အနုပညာလောကသားတွေအမြောက်အမြားတက်ရောက်လာခဲ့တာတွေ့ရပါတယ်။ လတ်တလောမှာတော့ ပရိသတ်တွေကြားမှာ ဗီဒီယိုလေးတစ်ခုကရေပန်းစားနေတာပဲဖြစ်ပါတယ်။ထိုဗီဒီယိုလေးကတော့ ဒါရိုက်တာ ဝိုင်းရဲ့ စကားနဲ့ကိုနေတိုးရဲ့ စကားကို...

နှစ်ယောက်တည်း အပြင်လျှောက်လည်ရင်း ပရိသတ်တွေကို Suprise လုပ်ပေးခဲ့တဲ့ ချစ်သက်တို့စုံတွဲရဲ့ ဗီဒီယို

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ ရိုးသားဖြူစင်တဲ့ ချင်းတိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး ပရိသတ်တွေအပေါ်မှာ ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်သူလေးလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ပရိသတ်တွေအပေါ်မှာလည်း ခင်ခင်မင်မင် ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံတတ်တာကြောင့် အားလုံးက ဝိုင်းချစ်နေရသူလေးလည်း ဖြစ်ပါတယ်။ သားတစ်ယောက် ၊ သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ မေမေသက်မွန်မြင့်က အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ ချစ်ခင်ပွန်းရဲ့ အစစ အရာရာ...

နေတိုးနဲ့ ရွှေမှုံရတီတို့ရဲ့ အနုပညာမှတ်တိုင်တစ်ခု ဖြစ်လာဦးမယ့် “ပြုံးရွှင်ရေ ပျော်ရဲ့လား” ရုပ်ရှင်ဇာတ်ကားကြီး နမူနာဗီဒီယို

ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာမောင်နှမဖြစ်တဲ့ နေတိုးနဲ့ ရွှေမှုံရတီက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်သူများ ဖြစ်ပါတယ်။ အနုပညာမောင်နှမဖြစ်သလို ဆရာတပည့်တွေ ဖြစ်ကြတဲ့ နေတိုးနဲ့ ရွှေမှုံရတီ နှစ်ယောက် တွဲဖက်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဗီဒီယိုတွေလဲ အများအပြား ရှိပြီး ပရိသတ်တွေကလဲ သဘောကျကြိုက်နှစ်သက်ကြပါတယ်။ ပရိသတ်တွေချစ်ကြတဲ့...

မတ်လအတွင်း လူကြိုက်များ ရေပန်းအစားဆုံး မြန်မာသီချင်း(၁၀)ပုဒ်

မြန်မာတေးသီချင်းကောင်းတွေကိုကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက်အခုခေတ်မှာတေးသီချင်းကောင်းတွေအများကြီးပေါ်ထွက်နေပြီဖြစ်ပါတယ်။သီချင်းရေးခတ်ပေးတဲ့သူတွေကလဲအရည်အသွေးပြည့်မီသလိုသီဆိုတဲ့အဆိုတော်တွေကလဲတော်လွန်းတာကြောင့်မြန်မာ့ဂီတလောကဟာတိုးတက်နေတယ်လို့ဆိုနိုင်ပါတယ်။ပရိသတ်တွေအတွက်မတ်လဝက်အတွင်း ပရိသတ်အကြိုက်ဆုံး ပေါ်ပြူလာအဖြစ်ဆုံး မြန်မာသီချင်း(၁၀)ပုဒ်ကို မျှဝေပေးလိုက်ပါတယ်။ (၁၀) ချစ်တဲ့အကြောင်း - အုပ်စိုးခန့် (၉) ငါ့ရည်းစားကပိုမိုက်တယ် - စိုင်းစိုင်းခမ်းလှိုင်၊ Snare၊ G Fatt ၊ Bunny Phyo ၊ ဂျွန် (၇) Blacklist - ဖြိုးလေး ၊ ဝါဆိုမိုးဦး (၃)...

ထွက်ရှိပြီး (၃)ရက်အတွင်း ကြည့်ရှူသူပရိသတ်မီလီယံသန်းကျော်သွားတဲ့ ဇေရဲထက်နဲ့ အေငြိမ်းဖြူတို့သရုပ်ဆောင်ထားတဲ့ သီချင်းလေး

လတ်တလောမှာတော့သီချင်းသစ်လေးဖြစ်တဲ့“ဘာပဲဖြစ်ဖြစ်ချစ်မယ်”ဆိုတဲ့သီချင်းလေးကတော့လူမှုကွန်ရက်မှာလူကြိုက်များနေတဲ့အပြင်သီချင်းလေးထွက်ရှိပြီး(၃)ရက်လေးအတွင်းမှာကြည်ရှူ့သူပရိသတ်ပေါင်း(၁.၅)မီလီယံချီအောင်လူကြိုက်များခဲ့တဲ့ သီချင်းလေးဖြစ်ပါတယ်။ ဒီသီချင်းလေးကို အဆိုတော်၊တေးရေးတစ်ယောက်ဖြစ်တဲ့ဟဲလေးကရေးစပ်ပေးထားပြီးချစ်စရာကောင်းတဲ့အဆိုတော်မလေး ChoTကသီဆိုထားတာဖြစ်ပါတယ်။သီချင်းထဲမှာမင်းသားချောဇေရဲထက်နဲ့မင်းသမီးလေးအေငြိမ်းဖြူတို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီသီချင်းရဲ့ ကာရိုက်တာလေးအတိုင်း ငွေမက်တဲ့ ခပ်စွာစွာ မိန်းကလေးတစ်ယောက်အဖြစ် အေငြိမ်းဖြူက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ #ဘာပဲဖြစ်ဖြစ်ချစ်မယ်#တေးရေး … ဟဲလေး#တေးဆို … CHO T#သရုပ်ဆောင် … ဇေရဲထက် ။အေငြိမ်းဖြူ#ဒါရိုက်တာ … ဖြိုးမင်းမြတ် (Like Art Creation)#Make...

အနောက်တိုင်းဆန်စွာ လူမြင်ကွင်းမှာလက်ထပ်ခွင့်တောင်းခဲ့လို့ အဖမ်းခံခဲ့ရတဲ့စုံတွဲ

ချစ်သူနှစ်ဦး ရိုမန်းတစ်ဆန်စွာ လူမြင်ကွင်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် အနောက်တိုင်းအရမ်းဆန်လွန်းတယ်ဆိုပြီး နှစ်ယောက်စလုံးကို အီရန်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။အမျိုးသားဟာ သူချစ်ရတဲ့အမျိုးသမီးနဲ့တစ်သက်လုံး အတူတူနေဖို့ ခွင့်တောင်းတဲ့နေ့ရက်လေးကို ထူးထူးခြားခြားနဲ့ အမှတ်တရလေးလည်းဖြစ်အောင်ဆိုပြီး လူတွေအများကြီးရှိနေတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ နှင်းဆီပန်းလေးတွေခြွေခင်းပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အသည်းပုံသဏ္ဍာန်ပုံဖော်ကာ ပူဖောင်းရောင်စုံလေးတွေနဲ့ လူအများအရှေ့အမြတ်တနိုးလက်ထပ်ခွင့်တောင်းခံရတဲ့အတွက် အမျိုးသမီးဖြစ်သူမှာလည်း အရမ်းကို ပျော်ရွှင်နေပါတယ်။ နောက်မှာတော့ လက်ထပ်လက်စွတ်နဲ့...

မြွေကိုက်ခံရတဲ့ အမျိုးသမီး မသေပဲ ကိုက်တဲ့မြွေ ဆီလီကွန်အဆိပ်မိသေဆုံး (ရုပ်/သံ)

အစ္စရေးမော်ဒယ်တစ်ဦးဖြစ်သူ Orit Fox က မလုံမခြုံအဝတ်အစားတချို့ကို ဝတ်ဆင်ပြီး မြွေအကြီးကြီးတစ်ကောင်နဲ့ ရုပ်ရှင်အရိုက်ခံနေခဲ့ပါတယ်။မြွေကြီးက အမျိုးသမီးရဲ့ခြေထောက်ကို ရစ်ပတ်ထားပြီး ပျော်ရွှင်နေတဲ့ပုံကို လူတစ်ယောက်က အရမ်းကို ဆွဲဆောင်မှုရှိတယ်လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေက ရုတ်တရက်ပြောင်းသွားပြီး မြွေကြီးက မော်ဒယ်ဖြစ်သူရဲ့ ရင်သားကို ကိုက်လိုက်ပါတယ်။အစ္စရေးမော်ဒယ် Orit Fox ရဲ့...

Recent Posts