Loading...

သရုပ္ေဆာင္ေဆြဇင္ထုိက္ဟာဆိုရင္ဟိုးအရင္..လြန္ခဲ့တဲ့နွစ္ေပါင္းနွစ္ဆယ္ေက်ာ္ကတည္းကပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကိုခံယူခဲ့ရတဲ့မင္းသမီးၾကီးတစ္ဦးပါ။ပရိသတ္ေတြအေနနဲ႔ေဆြဇင္ထိုက္ကုိျပန္ေတြ႕ရတာမၾကာေသးဘူးဆိုရမွာျဖစ္ေပမယ့္စိမ္းမသြားပဲတရင္းတႏွီးခ်စ္ခင္ေနၾကတုန္းပဲျဖစ္ပါတယ္။မင္းသမီးၾကီးေဆြဇင္ထိုက္ဟာလည္းအျခားေသာလူၾကီးသူမေတာ္ေတာ္မ်ားမ်ားကဲ့သုိ႔ပဲျမန္မာတစ္နုိ္င္ငံလံုးအုန္းအုန္းၾကြက္ၾကြက္ျဖစ္ခဲ့ရတဲ့ရွစ္ေလးလံုးအေရးေတာ္ပံုကုိေကာင္းေကာင္းၾကီးမီလိုက္သူတစ္ဦးပါ။မီလိုက္ရံုတင္မကကုိယ္တိုင္ကုိယ္က်ပါဝင္ပတ္သက္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။

ပရိသတ္ခ်စ္တဲ့ေဆြဇင္ထုိက္ကေနာင္လာေနာင္သားေတြဗဟုသုတရနိုိင္ေစဖုိ႔နဲ႔ရွစ္ေလးလံုးအမွတ္တရအျဖစ္၈၈အေရးအခင္းမွာၾကံဳေတြ႕ခဲ့ရတဲ့အမွတ္တရေတြကိုMyanmarCelebrityနဲ႔အင္တာဗ်ဴးမွာျပန္ေျပာင္းေျပာျပထားပါတယ္။ေဆြဇင္ထိုက္က၈၈အေရးအခင္းနဲ႔ပတ္သက္ျပီးဘယ္ေရြ႕ဘယ္မွ်ခံစားရေၾကာင္းကို“ဒီအခ်ိန္မွာေတာ့ကြ်န္မကသူငယ္ခ်င္းေတြကိုလည္းလြမ္းတယ္။ေကာလိပ္ေက်ာင္းကသူငယ္ခ်င္းေတြအမ်ားၾကီးပဲပါသြားတာေတြရွိတယ္။အစုအဖြဲ႕ေတြထဲကအခ်ိဳ႕ကဘဝကုိဆင္းရဲစြာျဖတ္သန္းရတာေတြရွိတယ္။အဲဒီအတြက္ကြ်န္မကတစ္နွစ္မွာဒီတစ္ရက္ေတာ့ဘယ္မွမထြက္ဘူးဆိုျပီးတစ္ေယာက္တည္းေနျဖစ္ေအာင္ေနပါတယ္။ဒီလိုေနျခင္းအားျဖင့္ကုိ္ယ့္တစ္ကုိယ္တည္းနဲ႔ကုိယ္ေပါ့ေနာ္။Moaningလုပ္တာေပါ့။ဝမ္းနည္းျခင္းအထိမ္းအမွတ္ကုိလုပ္လာခဲ့တာနွစ္ဆယ့္ကုိးနွစ္ရွိပါျပီ။”လုိ႔ေျပာျပထားပါတယ္။

အေရးအခင္းထဲမွာပါသြားတဲ့သူငယ္ခ်င္းေတြအေၾကာင္းကိုလည္း“အခ်ိဳ႕လည္းပဲေက်ာင္းထြက္သြားရတယ္..ေက်ာင္းမတက္ရဘူး။အခ်ိဳ႕လည္းပဲေျခေထာက္မွာဖိနပ္မပါဘဲနဲ႔တစ္ဖက္နုိင္ငံကုိထြက္ေျပးသြားတဲ့လူေတြလည္းရွိတယ္ေပါ့ေနာ္။ကြ်န္မတို႔ေကာလိပ္ေက်ာင္းတက္တုန္းကဆရာမၾကီးျမင့္ျမင့္ခင္ဆုိရင္ကန္ထရိုက္ဥပေဒေတြဘာေတြသင္ေပးတာေပါ့ေနာ္။သူ႔ကုိလည္းပဲ2010ေလာက္မွအေမရိကားမွာျပန္ေတြ႕ရတာလည္းရွိတယ္။စိ္တ္မေကာင္းစရာပါပဲ”လို႔ေျပာျပထားပါေသးတယ္။၈၈အေရးအခင္းရဲ႕အေတြ႕အၾကံဳေတြနဲ႔ပတ္သက္ျပီးေတာ့စစ္ေမးခံရတဲ့စာရင္းထဲမွာေဆြဇင္ထုိက္နဲ႔အဖြဲ႕ထဲမွာပါဝင္ခဲ့တဲ့လူေတြအကုန္ထြက္မေျပးပဲနဲ႔အစစ္ခံခဲ့ျပီးေဆြဇင္္ထုိက္ကေရၾကည္အိုင္မွာစစ္ေမးခံရတဲ့အခါမွာကိုယ့္ကုိယ္ကုိယ္ကာကြယ္ရန္ေျပာစကား(Lineofdefense)ကုိကုိ္ယ့္လူေတြအထိမနာေအာင္ရုပ္ရွင္အစည္းအရံုးေလးအေနနဲ႔personallevelနဲ႔ညွိယူေျပာၾကားခဲ့ေၾကာင္းျပန္လည္ေျပာျပထားျပီးလက္ရွိအခ်ိန္မွာအကယ္ဒမီေတြရျပီးနာမည္ၾကီးေနတဲ့ဒါရိုက္တာတစ္ဦးနဲ႔အာဏာသိမ္းတဲ့ကိစၥကုိျငင္းခံုခဲ့ရေၾကာင္းကုိလည္း“ေရဒီယို္နားေထာင္ေနတဲ့အခ်ိန္မွာပဲစစ္တပ္ကအာဏာလႊဲေျပာင္းယူပါတယ္ဆိုျပီးေတာ့အဲဒီေရဒီယုုိကသတင္းေၾကျငာပါတယ္။

အဲဒီေၾကျငာတဲ့သတင္းကိုနားေထာင္ေနၾကတဲ့လူေတြအထဲမွာအခုအကယ္ဒမီေတြအမ်ားၾကီးရတဲ့ဒါရိုက္တာတစ္ေယာက္ပါတယ္။အဲဒီအခ်ိန္တုန္းကသူကရုပ္ရွင္companyတစ္ခုမွာရႈတင္မန္ေနဂ်ာလုပ္ေနတဲ့သူ။ကြ်န္မကခဏခဏသတိေပးတယ္ေလ..ငါတုိ႔အာဏာသိမ္းရင္ဘာလုပ္မလဲဆိုတာအဆင္သင့္ျပင္ထားရင္ေကာင္းမယ္လို႔ေျပာတဲ့အခါတိုင္းသူကမျဖစ္နုိင္ဘူးလို႔ဇြတ္ေျပာတာကိုး။ေျပာတဲ့အခါက်ေတာ့သူကဝမ္းသာသြားတာေပါ့။အာဏာသိမ္းတယ္လို႔မေျပာပဲအာဏာလႊဲေျပာင္းယူပါတယ္လုိ႔ဆိုလိုက္တဲ့အခါမွာသူကအရမ္းဝမ္းသာသြားျပီးကားလမ္းမၾကီးေပၚကုိေျပးတက္ျပီးအကုန္လံုးၾကားေအာင္ေအာ္တာေပါ့..အာဏာသိမ္းတာမဟုတ္ဘူးအာဏာသိမ္းတာမဟုတ္ဘူး၊အာဏာလႊဲေျပာင္းယူတာဆိုေတာ့..ကြ်န္မကလည္းဟဲ့နင္ေ-ာက္ရူးလားလို႔အာဏာလႊဲေျပာင္းယူယူ၊သိမ္းသိမ္းနင္ေပးလိုက္ရျပီမဟုတ္လားလို႔အဲဒီမွာကြ်န္မတုိ႔ေတြစကားမ်ားၾကတာေပါ့ေနာ္”လို႔ျပန္ေျပာင္းေျပာျပထားပါတယ္။

ဒါ့အျပင္ေနာက္ပုိင္းမွာရုပ္ရွင္အစည္းအရံုးစတင္ဖြဲ႕ခဲ့ၾကျပီးအစည္းအရံုးအတြက္နွစ္နွစ္တစ္ခါေရြးေကာက္ပြဲလုပ္မယ္လို႔သတ္မွတ္ခဲ့ၾကျပီးပထမနွစ္နွစ္အတြက္တာဝန္ထမ္းေဆာင္ေနခ်ိန္မွာပဲေတြ႕လိုက္ရတဲ့စိတ္ပ်က္စရာေတြအေၾကာင္းကုိေဆြဇင္ထုိက္က“နွစ္နွစ္သက္တမ္းထားပါတယ္။ေရြးေကာက္ပြဲကုိေလနွစ္နွစ္တစ္ခါလုပ္ရမယ္ဆိုျပီးေတာ့..ပထမနွစ္နွစ္သက္တမ္းအတြက္အလုပ္လုပ္ေပးေနတဲ့အခ်ိန္မွာပဲပူးစားပင္းစားပင္းစားေပါင္းစားတဲ့လူေတြကုိေတြ႕လိုက္တာေပါ့ေနာ္။ေတြ႕လိုက္ေတာ့ကုိယ့္ေရွ႕မွာေျပးေျပးျပီးေတာ့ဒူးေတြေထာက္ေနတာေတြ႕ေတာ့ဒီလိုနဲ႔ငါနဲ႔မျဖစ္ဘူးနဲ႔တူတယ္ဆုိျပီးကြ်န္မလည္းရုပ္ရွင္ရိုက္ေနလို႔ရွိရင္ဒီထဲပါေနမယ္ဆိုျပီးေတာ့ရုုပ္ရွင္မရိုက္ေတာ့ဘူးဆိုျပီးေတာ့ထားပစ္ခဲ့လိုက္တာေပါ့ေနာ္”ဆိုျပီးရုပ္ရွင္ေလာကကထြက္ခြာခဲ့တဲ့အေၾကာင္းကိုတပါတည္းေျပာျပထားပါတယ္။ပရိသတ္ၾကီးထဲမွာေရာ..အန္တီေဆြဇင္ထုိက္ကုိခ်စ္တဲ့သူေတြရွိလား။အခုမွျပန္ျမင္ရတာမၾကာေသးေပမယ့္ေဆြဇင္ထုိက္ကုိခ်စ္ျမဲခ်စ္ဆဲဆိုတဲ့ပရိသတ္ေတြအေနနဲ႔လည္းေဆြဇင္ထုိက္တစ္ေယာက္က်န္းမာခ်မ္းသာစြာရွိပါေစလို႔အတူတူဆုေတာင္းေပးလုိက္ပါတယ္ေနာ္။

CRD-nanmalgyi

UNICODE

၈၈ အရေးအခင်းရဲ့ နာကျင်စရာကိုယ်တွေ့ အမှတ်တရတွေကို ပြောပြတဲ့ ဆွေဇင်ထိုက်
သရုပ်ဆောင်ဆွေဇင်ထိုက်ဟာဆိုရင်ဟိုးအရင်..လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းကပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုခံယူခဲ့ရတဲ့မင်းသမီးကြီးတစ်ဦးပါ။ပရိသတ်တွေအနေနဲ့ဆွေဇင်ထိုက်ကိုပြန်တွေ့ရတာမကြာသေးဘူးဆိုရမှာဖြစ်ပေမယ့်စိမ်းမသွားပဲတရင်းတနှီးချစ်ခင်နေကြတုန်းပဲဖြစ်ပါတယ်။မင်းသမီးကြီးဆွေဇင်ထိုက်ဟာလည်းအခြားသောလူကြီးသူမတော်တော်များများကဲ့သို့ပဲမြန်မာတစ်နိုင်ငံလုံးအုန်းအုန်းကြွက်ကြွက်ဖြစ်ခဲ့ရတဲ့ရှစ်လေးလုံးအရေးတော်ပုံကိုကောင်းကောင်းကြီးမီလိုက်သူတစ်ဦးပါ။မီလိုက်ရုံတင်မကကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ပရိသတ်ချစ်တဲ့ဆွေဇင်ထိုက်ကနောင်လာနောင်သားတွေဗဟုသုတရနိုင်စေဖို့နဲ့ရှစ်လေးလုံးအမှတ်တရအဖြစ်၈၈အရေးအခင်းမှာကြုံတွေ့ခဲ့ရတဲ့အမှတ်တရတွေကိုMyanmarCelebrityနဲ့အင်တာဗျူးမှာပြန်ပြောင်းပြောပြထားပါတယ်။ဆွေဇင်ထိုက်က၈၈အရေးအခင်းနဲ့ပတ်သက်ပြီးဘယ်ရွေ့ဘယ်မျှခံစားရကြောင်းကို“ဒီအချိန်မှာတော့ကျွန်မကသူငယ်ချင်းတွေကိုလည်းလွမ်းတယ်။ကောလိပ်ကျောင်းကသူငယ်ချင်းတွေအများကြီးပဲပါသွားတာတွေရှိတယ်။အစုအဖွဲ့တွေထဲကအချို့ကဘဝကိုဆင်းရဲစွာဖြတ်သန်းရတာတွေရှိတယ်။အဲဒီအတွက်ကျွန်မကတစ်နှစ်မှာဒီတစ်ရက်တော့ဘယ်မှမထွက်ဘူးဆိုပြီးတစ်ယောက်တည်းနေဖြစ်အောင်နေပါတယ်။ဒီလိုနေခြင်းအားဖြင့်ကိုယ့်တစ်ကိုယ်တည်းနဲ့ကိုယ်ပေါ့နော်။Moaningလုပ်တာပေါ့။ဝမ်းနည်းခြင်းအထိမ်းအမှတ်ကိုလုပ်လာခဲ့တာနှစ်ဆယ့်ကိုးနှစ်ရှိပါပြီ။”လို့ပြောပြထားပါတယ်။အရေးအခင်းထဲမှာပါသွားတဲ့သူငယ်ချင်းတွေအကြောင်းကိုလည်း“အချို့လည်းပဲကျောင်းထွက်သွားရတယ်..ကျောင်းမတက်ရဘူး။အချို့လည်းပဲခြေထောက်မှာဖိနပ်မပါဘဲနဲ့တစ်ဖက်နိုင်ငံကိုထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်။ကျွန်မတို့ကောလိပ်ကျောင်းတက်တုန်းကဆရာမကြီးမြင့်မြင့်ခင်ဆိုရင်ကန်ထရိုက်ဥပဒေတွေဘာတွေသင်ပေးတာပေါ့နော်။သူ့ကိုလည်းပဲ2010လောက်မှအမေရိကားမှာပြန်တွေ့ရတာလည်းရှိတယ်။စိတ်မကောင်းစရာပါပဲ”လို့ပြောပြထားပါသေးတယ်။၈၈အရေးအခင်းရဲ့အတွေ့အကြုံတွေနဲ့ပတ်သက်ပြီးတော့စစ်မေးခံရတဲ့စာရင်းထဲမှာဆွေဇင်ထိုက်နဲ့အဖွဲ့ထဲမှာပါဝင်ခဲ့တဲ့လူတွေအကုန်ထွက်မပြေးပဲနဲ့အစစ်ခံခဲ့ပြီးဆွေဇင်ထိုက်ကရေကြည်အိုင်မှာစစ်မေးခံရတဲ့အခါမှာကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်ပြောစကား(Lineofdefense)ကိုကိုယ့်လူတွေအထိမနာအောင်ရုပ်ရှင်အစည်းအရုံးလေးအနေနဲ့personallevelနဲ့ညှိယူပြောကြားခဲ့ကြောင်းပြန်လည်ပြောပြထားပြီးလက်ရှိအချိန်မှာအကယ်ဒမီတွေရပြီးနာမည်ကြီးနေတဲ့ဒါရိုက်တာတစ်ဦးနဲ့အာဏာသိမ်းတဲ့ကိစ္စကိုငြင်းခုံခဲ့ရကြောင်းကိုလည်း“ရေဒီယိုနားထောင်နေတဲ့အချိန်မှာပဲစစ်တပ်ကအာဏာလွှဲပြောင်းယူပါတယ်ဆိုပြီးတော့အဲဒီရေဒီယိုကသတင်းကြေငြာပါတယ်။အဲဒီကြေငြာတဲ့သတင်းကိုနားထောင်နေကြတဲ့လူတွေအထဲမှာအခုအကယ်ဒမီတွေအများကြီးရတဲ့ဒါရိုက်တာတစ်ယောက်ပါတယ်။အဲဒီအချိန်တုန်းကသူကရုပ်ရှင်companyတစ်ခုမှာရှုတင်မန်နေဂျာလုပ်နေတဲ့သူ။ကျွန်မကခဏခဏသတိပေးတယ်လေ..ငါတို့အာဏာသိမ်းရင်ဘာလုပ်မလဲဆိုတာအဆင်သင့်ပြင်ထားရင်ကောင်းမယ်လို့ပြောတဲ့အခါတိုင်းသူကမဖြစ်နိုင်ဘူးလို့ဇွတ်ပြောတာကိုး။ပြောတဲ့အခါကျတော့သူကဝမ်းသာသွားတာပေါ့။အာဏာသိမ်းတယ်လို့မပြောပဲအာဏာလွှဲပြောင်းယူပါတယ်လို့ဆိုလိုက်တဲ့အခါမှာသူကအရမ်းဝမ်းသာသွားပြီးကားလမ်းမကြီးပေါ်ကိုပြေးတက်ပြီးအကုန်လုံးကြားအောင်အော်တာပေါ့..အာဏာသိမ်းတာမဟုတ်ဘူးအာဏာသိမ်းတာမဟုတ်ဘူး၊အာဏာလွှဲပြောင်းယူတာဆိုတော့..ကျွန်မကလည်းဟဲ့နင်ေ-ာက်ရူးလားလို့အာဏာလွှဲပြောင်းယူယူ၊သိမ်းသိမ်းနင်ပေးလိုက်ရပြီမဟုတ်လားလို့အဲဒီမှာကျွန်မတို့တွေစကားများကြတာပေါ့နော်”လို့ပြန်ပြောင်းပြောပြထားပါတယ်။ဒါ့အပြင်နောက်ပိုင်းမှာရုပ်ရှင်အစည်းအရုံးစတင်ဖွဲ့ခဲ့ကြပြီးအစည်းအရုံးအတွက်နှစ်နှစ်တစ်ခါရွေးကောက်ပွဲလုပ်မယ်လို့သတ်မှတ်ခဲ့ကြပြီးပထမနှစ်နှစ်အတွက်တာဝန်ထမ်းဆောင်နေချိန်မှာပဲတွေ့လိုက်ရတဲ့စိတ်ပျက်စရာတွေအကြောင်းကိုဆွေဇင်ထိုက်က“နှစ်နှစ်သက်တမ်းထားပါတယ်။ရွေးကောက်ပွဲကိုလေနှစ်နှစ်တစ်ခါလုပ်ရမယ်ဆိုပြီးတော့..ပထမနှစ်နှစ်သက်တမ်းအတွက်အလုပ်လုပ်ပေးနေတဲ့အချိန်မှာပဲပူးစားပင်းစားပင်းစားပေါင်းစားတဲ့လူတွေကိုတွေ့လိုက်တာပေါ့နော်။တွေ့လိုက်တော့ကိုယ့်ရှေ့မှာပြေးပြေးပြီးတော့ဒူးတွေထောက်နေတာတွေ့တော့ဒီလိုနဲ့ငါနဲ့မဖြစ်ဘူးနဲ့တူတယ်ဆိုပြီးကျွန်မလည်းရုပ်ရှင်ရိုက်နေလို့ရှိရင်ဒီထဲပါနေမယ်ဆိုပြီးတော့ရုပ်ရှင်မရိုက်တော့ဘူးဆိုပြီးတော့ထားပစ်ခဲ့လိုက်တာပေါ့နော်”ဆိုပြီးရုပ်ရှင်လောကကထွက်ခွာခဲ့တဲ့အကြောင်းကိုတပါတည်းပြောပြထားပါတယ်။ပရိသတ်ကြီးထဲမှာရော..အန်တီဆွေဇင်ထိုက်ကိုချစ်တဲ့သူတွေရှိလား။အခုမှပြန်မြင်ရတာမကြာသေးပေမယ့်ဆွေဇင်ထိုက်ကိုချစ်မြဲချစ်ဆဲဆိုတဲ့ပရိသတ်တွေအနေနဲ့လည်းဆွေဇင်ထိုက်တစ်ယောက်ကျန်းမာချမ်းသာစွာရှိပါစေလို့အတူတူဆုတောင်းပေးလိုက်ပါတယ်နော်။