Loading...




YLJK Entertainment Page ကနေ သီချင်းတွေMVတွေတင်တိုင်းတင်တိုင်းတစ်ခဲနက်အားပေးလာခဲ့ကြတဲ့ပရိသတ်ကြီးကိုဒီOctoberလအတွက်Ye’ Lay ရဲ့ " LONG DISTANCE “ ဆိုတဲ့သီချင်းလေးနဲ့ထပ်မံတင်ဆင်လိုက်ပါတယ်ဗျား 🎶🎵#YLJKEnt#YELAY#LONG_DISTANCE

Posted by YLJK Entertainment on Thursday, 11 October 2018

UNICODE

ဝေးကွာနေတဲ့ချစ်သူတွေနားဆင်ရင်မျက်ရည်လည်သွားစေနိုင်တဲ့ ရဲလေးရဲ့သီချင်းအသစ်
တေးသံရှင်ရဲလေးကတော့လွန်ခဲ့တဲ့နှစ်များစွာထဲကနေယနေ့ထိတိုင်အောင်ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့တေးသံရှင်တစ်ဦးပဲဖြစ်ပါတယ်။သူထွက်ရှိတဲ့တေးသီချင်းတွေကလည်းတစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက်ပရိသတ်တွေရင်ထဲနေရာယူထားနိုင်တဲ့သီချင်းလေးတွေပဲဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်လည်း ရဲလေးဟာ သူ့ရဲ့သီချင်းအသစ်လေးတစ်ပုဒ်ဖြစ်တဲ့ LongDistanceဆိုတဲ့သီချင်းလေးကိုMusicVideoလေးနဲ့အတူလူမှုကွန်ယက်ပေါ်မှာဖြန့်ဝေပေးလာခဲ့ပါတယ်။ဒီသီချင်းလေးကတော့longdistanceဆိုတဲ့နာမည်လေးနဲ့လိုက်အောင်အဝေးမှာရောက်နေတဲ့ချစ်သူလေးကိုသတိရလွမ်းဆွတ်နေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရေးဖွဲ့ထားတဲ့သီချင်းလေးပဲဖြစ်ပါတယ်။ရေးသားထားတဲ့စာသားလေးတွေကလည်းတစ်ကြောင်းနဲ့တစ်ကြောင်းကဆက်စပ်မှုရှိလှပြီးအလွမ်းဓတ်ခံရှိသူတွေသာနားဆင်လိုက်မယ်ဆိုရင်တော့တကယ့်ကိုခံစားချက်တွေပြင်းထန်သွားစေမယ့်သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီသီချင်းလေးကိုလည်း တေးသံရှင်ရဲလေးဟာ တကယ့်ကိုလွမ်းဆွတ်နေတဲ့ပုံစံလေးနဲ့သီဆိုထားတာဆိုတော့ပရိသတ်တွေနားဆင်လိုက်မယ်ဆိုရင်အလွမ်းခံစားချက်တွေကို အပြည့်အဝပေးနိုင်တဲ့သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ဒီသီချင်းလေးဟာ အလွမ်းဓာတ်ခံရှိသူတွေအတွက်အရမ်းfeel လို့ကောင်းတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်တာကြောင့်MusicVideoလေးကိုပါပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။ပရိသတ်တွေလည်းနားဆင်ပြီးသွားပြီဆိုလို့ရှိရင်အဝေးမှာရောက်နေတဲ့ကိုယ့်ချစ်သူလေးကိုဘယ်လောက်သတိရနေတယ်ဆိုတဲ့အကြောင်းလေးတွေ ဖွင့်ဟခဲ့ကြဦးနော်။