Loading...

အခ်စ္ေရးအေၾကာင္းေတြေျပာေလ့ေျပာထမရွိတဲ့ေရႊသမီးကေတာ့အခုဆုိရင္သူ႔ရဲ႕အခ်စ္ေရးအေၾကာင္းကုိပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။သူစိတ္ကူးယဥ္ထားတဲ့အခ်စ္ေရးေလးကလည္းအရမ္းကုိဆန္းၾကယ္ပါတယ္။ပရိသတ္အခ်စ္ေတာ္မင္းမီးေခ်ာေလးေရႊသမီးကေတာ့သူ႔ရဲ႕အခ်စ္ေရးအေၾကာင္းကုိပြင့္ပြင့္လင္းလင္းဝန္ခံေျပာျပလာပါၿပီ။

”ကုိယ့္အေပၚမွာယုံၾကည္မႈရွိရမယ္၊နားလည္ေပးရမယ္၊ကုိယ့္အလုပ္အေပၚမွာ၁၀၀ရာခုိင္ႏႈန္းအျပည့္အဝနားလည္ေပးရမယ္ေပါ့။သူလည္းဝါသနာပါတဲ့လူဆုိပုိေကာင္းတာေပါ့။ဝါသနာတူ၊ဒီအလုပ္ကုိသိတဲ့သူမွပုိၿပီးေတာ့အဆင္ေျပတာေလ။ဒီအလုပ္ကုိနားမလည္ရင္ဟုိမင္းသားနဲ႔တြဲတာမႀကိဳက္၊ဒီမင္းသားနဲ႔တြဲတာမႀကိဳက္အ့ဲဒီလုိေတြျဖစ္ေကာင္းျဖစ္လာႏုိင္တယ္။”လုိ႔ဆုိပါတယ္။ေရႊသမီးဟာပရိသတ္လက္ခံထားတဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။

သူ႔ရဲ႕အခ်စ္ေရးနဲ႔ပတ္သက္ၿပီးသူ႔ရဲ႕အႏုပညာအလုပ္အေပၚနားလည္မႈအျပည့္အဝေပးႏုိင္မယ့္ေယာက္်ားေလးမ်ဳိးကုိလုိခ်င္တယ္လုိ႔ဆုိထားပါတယ္။ဒီအတြက္အႏုပညာရွင္ထဲကလူကုိမွခ်စ္သူထားမယ္ဆုိတာမဟုတ္ပါဘူးလုိ႔ဆက္လက္ေျဖဆုိထားပါတယ္။”အႏုပညာရွင္ထဲကလား၊အျပင္ကလူလားလုိ႔ေတြးထားတာမ်ဳိးေတာ့မရွိဘူး။ကိုယ့္ကုိတကယ္ခ်စ္ၿပီးေတာ့ယုံၾကည္ေပးမယ့္သူ။ကုိယ့္ကိုဘာမဆုိျဖည့္ဆည္းေပးႏုိင္တဲ့သူမ်ဳိးဆုိရင္ေတာ့ရပါတယ္။

ဘုရားေပးတဲ့ဖူးစာပါပဲ၊ကုိယ့္အတြက္ဖူးစာပါမယ့္သူေပါ့”ဆုိၿပီးေတာ့စက္တင္ဘာလ၂၃ရက္ေန႔ကဓားငျပဴးရုပ္ရွင္အထူးျပပြဲမွာေျဖဆိုခဲ့တာပါ။ေရႊသမီးကမင္းသမီးတစ္ေယာက္ဆုိေပမယ့္မိန္းကေလးေတြထဲကမိန္းကေလးတစ္ေယာက္ျဖစ္လုိ႔သူစိတ္ကူးယဥ္ထားတဲ့အခ်စ္မ်ဳိးေတာ့ရွိတယ္လုိ႔ဆုိပါတယ္။အဲ့ဒါေၾကာင့္သူ႔စိတ္ကူထဲကအခ်စ္ေရးအေၾကာင္းကုိလည္းသေဘာက်ရယ္ေမာရင္းေျဖဆုိခဲ့ပါေသးတယ္။

”ကုိယ္လည္းလူသားေတြထဲကလူတစ္ေယာက္မိန္းကေလးတစ္ေယာက္ျဖစ္တဲ့အတြက္စိတ္ကူးယဥ္တာမ်ဳိးေလးေတြေတာ့ရွိတာေပါ့ေနာ္။အခုဆုိကိုရီးယားကားေတြေပၚလာတယ္၊ရုိမန္႔တစ္ေတြေပၚလာေတာ့အ့ဲဒီမွာရူးပဲအဲ့ဒီလုိငါလည္းျပည့္စုံတဲ့သူေတြ႔ခ်င္လုိက္တာ၊ရုပ္ေလးကလည္းေခ်ာ၊ပုိက္ဆံေလးကလည္းရွိသူေဌးသားေပါ့။စိတ္ကူးယဥ္ၾကည့္တာပါဒါေပမယ့္လည္းတစ္ခါတေလေတာ့လြဲေခ်ာ္တာေလးေတြလည္းရွိတာေပါ့”လို႔ဆုိပါတယ္

ေရႊသမီးဟာအႏုပညာပ်ဳိးခင္ကေနစင္တင္ေပးခဲ့တဲ့မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။အခုခ်ိန္မွာေတာ့ပရိသတ္အခ်စ္ေတြအမ်ားႀကီးပုိင္ဆုိင္ေနတဲ့မင္းသမီးဆုိရင္လည္းမမွားပါဘူး။ေခါင္းေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ပါဝင္သရုပ္ေဆာင္ထားတဲ့ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္းအမ်ားႀကီးပါ။မၾကာခင္ရုံတင္ျပသေတာ့မယ့္တည္ၾကက္ရုပ္ရွင္ဇာတ္ကားထဲမွာလည္းဆရာျဖစ္သူအကယ္ဒမီေနတုိးနဲ႔ အတူတြဲ သရုပ္ေဆာင္ထားပါတယ္။

CRD-DUWUN

UNICODE

စိတ်ကူးထဲက ချစ်သူပုံစံကို ပြောလာတဲ့ ရွှေသမီး
အချစ်ရေးအကြောင်းတွေပြောလေ့ပြောထမရှိတဲ့ရွှေသမီးကတော့အခုဆိုရင်သူ့ရဲ့အချစ်ရေးအကြောင်းကိုပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။သူစိတ်ကူးယဉ်ထားတဲ့အချစ်ရေးလေးကလည်းအရမ်းကိုဆန်းကြယ်ပါတယ်။ပရိသတ်အချစ်တော်မင်းသမီးချောလေးရွှေသမီးကတော့သူ့ရဲ့အချစ်ရေးအကြောင်းကိုပွင့်ပွင့်လင်းလင်းဝန်ခံပြောပြလာပါပြီ။”ကိုယ့်အပေါ်မှာယုံကြည်မှုရှိရမယ်၊နားလည်ပေးရမယ်၊ကိုယ့်အလုပ်အပေါ်မှာ၁၀၀ရာခိုင်နှုန်းအပြည့်အဝနားလည်ပေးရမယ်ပေါ့။သူလည်းဝါသနာပါတဲ့လူဆိုပိုကောင်းတာပေါ့။ဝါသနာတူ၊ဒီအလုပ်ကိုသိတဲ့သူမှပိုပြီးတော့အဆင်ပြေတာလေ။ဒီအလုပ်ကိုနားမလည်ရင်ဟိုမင်းသားနဲ့တွဲတာမကြိုက်၊ဒီမင်းသားနဲ့တွဲတာမကြိုက်အဲ့ဒီလိုတွေဖြစ်ကောင်းဖြစ်လာနိုင်တယ်။”လို့ဆိုပါတယ်။ရွှေသမီးဟာပရိသတ်လက်ခံထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးသူ့ရဲ့အနုပညာအလုပ်အပေါ်နားလည်မှုအပြည့်အဝပေးနိုင်မယ့်ယောက်ျားလေးမျိုးကိုလိုချင်တယ်လို့ဆိုထားပါတယ်။ဒီအတွက်အနုပညာရှင်ထဲကလူကိုမှချစ်သူထားမယ်ဆိုတာမဟုတ်ပါဘူးလို့ဆက်လက်ဖြေဆိုထားပါတယ်။”အနုပညာရှင်ထဲကလား၊အပြင်ကလူလားလို့တွေးထားတာမျိုးတော့မရှိဘူး။ကိုယ့်ကိုတကယ်ချစ်ပြီးတော့ယုံကြည်ပေးမယ့်သူ။ကိုယ့်ကိုဘာမဆိုဖြည့်ဆည်းပေးနိုင်တဲ့သူမျိုးဆိုရင်တော့ရပါတယ်။ဘုရားပေးတဲ့ဖူးစာပါပဲ၊ကိုယ့်အတွက်ဖူးစာပါမယ့်သူပေါ့”ဆိုပြီးတော့စက်တင်ဘာလ၂၃ရက်နေ့ကဓားငပြူးရုပ်ရှင်အထူးပြပွဲမှာဖြေဆိုခဲ့တာပါ။ရွှေသမီးကမင်းသမီးတစ်ယောက်ဆိုပေမယ့်မိန်းကလေးတွေထဲကမိန်းကလေးတစ်ယောက်ဖြစ်လို့သူစိတ်ကူးယဉ်ထားတဲ့အချစ်မျိုးတော့ရှိတယ်လို့ဆိုပါတယ်။အဲ့ဒါကြောင့်သူ့စိတ်ကူထဲကအချစ်ရေးအကြောင်းကိုလည်းသဘောကျရယ်မောရင်းဖြေဆိုခဲ့ပါသေးတယ်။”ကိုယ်လည်းလူသားတွေထဲကလူတစ်ယောက်မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်စိတ်ကူးယဉ်တာမျိုးလေးတွေတော့ရှိတာပေါ့နော်။အခုဆိုကိုရီးယားကားတွေပေါ်လာတယ်၊ရိုမန့်တစ်တွေပေါ်လာတော့အဲ့ဒီမှာရူးပဲအဲ့ဒီလိုငါလည်းပြည့်စုံတဲ့သူတွေ့ချင်လိုက်တာ၊ရုပ်လေးကလည်းချော၊ပိုက်ဆံလေးကလည်းရှိသူဌေးသားပေါ့။စိတ်ကူးယဉ်ကြည့်တာပါဒါပေမယ့်လည်းတစ်ခါတလေတော့လွဲချော်တာလေးတွေလည်းရှိတာပေါ့”လို့ဆိုပါတယ်။ရွှေသမီးဟာအနုပညာပျိုးခင်ကနေစင်တင်ပေးခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။အခုချိန်မှာတော့ပရိသတ်အချစ်တွေအများကြီးပိုင်ဆိုင်နေတဲ့မင်းသမီးဆိုရင်လည်းမမှားပါဘူး။ခေါင်းဆောင်မင်းသမီးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းအများကြီးပါ။မကြာခင်ရုံတင်ပြသတော့မယ့်တည်ကြက်ရုပ်ရှင်ဇာတ်ကားထဲမှာလည်းဆရာဖြစ်သူ အကယ်ဒမီနေတိုးနဲ့ အတူတွဲ သရုပ်ဆောင်ထားပါတယ်။