



UNICODE

Falling Star Challenge ကိုလုပ်ပြလိုက်တဲ့ နေခြည်ဦး
နိုင်ငံကျော်BeautyBloggerမလေးနေခြည်ဦးကိုပရိသတ်တွေကသည်းသည်းလှုပ်ချစ်ခင်နေကြရသူတစ်ဦးပါ။သူမကမိန်းကလေးတွေအလှအပရေးရာအကြောင်းအရာတွေနဲ့ကျန်းမာရေးဗဟုသုတအကြောင်းအရာတွေကိုမျှဝေပေးလေ့ရှိသူမို့မိန်းကလေးတွေရဲ့အွန်လိုင်းပေါ်ကသူငယ်ချင်းကောင်းလို့လဲသတ်မှတ်လို့ရပါတယ်။နေခြည်ဦးကBeautyBloggerလုပ်တဲ့၂နှစ်ကျော်အချိန်လေးအတွင်းမှာတရှိန်ထိုးအောင်မြင်လာတဲ့သူတစ်ဦးလဲဖြစ်ပါတယ်။နေခြည်ဦးကအခုဆိုရင်Beauty Bloggerအလုပ်အပြင်ရုပ်ရှင်ကားကြီးတွေနဲ့ကြော်ငြာအမြောက်အများကိုလဲရိုက်ကူးနေရပြီဖြစ်ပါတယ်။သူမဟာရုပ်ရည်လေးလဲ လှသလို သရုပ်ဆောင်တာလဲ ကောင်းမွန်တာကြောင့် ပရိသတ်တွေက လက်ခံအားပေးနေကြတာပဲဖြစ်ပါတယ်။
နေခြည်ဦးက ဒီနေ့မှာဆိုတော့ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ Falling Star Challenge ကိုလုပ်ပြခဲ့ပါတယ်။Star Challenge ဆိုတာကတော့ နိုင်ငံတကာက လူတွေအကုန်လုံး လုပ်နေကြတဲ့ Challenge ပါ။ မိမိကြိုက်နှစ်သက်တဲ့ ပစ္စည်းတွေနဲ့ပြုတ်ကျနေတဲ့ပုံတွေကိုလုပ်ပြကြတာပါ။ပရိသတ်ကြီးလဲနေခြည်ဦးရဲ့ပုံလေးတွေကိုသဘောကျကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ပရိသတ်ကြီးလဲ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်