စိတ်ထားကောင်းပြီး၊ ကြင်နာတတ်လွန်းတဲ့ ခပ်ချောချောကောင်လေး ပိုင်တံခွန်ကိုတော့ ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်နေကြရတာပါ။ မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ အောင်မြင်တဲ့ ပိုင်တံခွန်ကတော့ လတ်တလောမှာ သူ့မွေးနေ့အကြိုအတွက် ရရှိထားတဲ့ အလှူမှတ်တမ်းတွေ လက်ဆောင်တွေကိုကြည့်ပြီး အရမ်းကို ပျော်နေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ပိုင်တံခွန်ကတော့ မွေးနေ့တောင်မရောက်သေးဘူး မြန်မာနဲ့ ထိုင်းပရိသတ်တွေရဲ့အလှူမှတ်တမ်းတွေ လက်ဆောင်တွေ အများကြီးရခဲ့တာမို့ အရမ်းကို ကြည်နူးပီတိဖြစ်နေတာ တွေ့ရပါတယ်နော်။ချစ်ပရိသတ်တွေအတွက် မွေးနေ့အကြိုကတည်းက တန်ဖိုးရှိတဲ့ လက်ဆောင်တွေ တစ်ပုံတစ်ပင်ကြီး ရရှိခဲ့တဲ့ ကံကောင်းလွန်းသူကြီး ပိုင်တံခွန်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ “My fans donated for my pre Bd as my Bd present” ဆိုပြီး မြန်မာပရိသတ်တွေနဲ့ ထိုင်းပရိသတ်တွေရဲ့အလှူအတန်းတွေ၊ လက်ဆောင်တွေကြောင့် ပီတိဖြစ်နေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လက်ဆောင်တွေကတော့ အလှူမှတ်တမ်းတွေအပြင် တန်ဖိုးကြီး လက်ဝတ်ရတနာတွေလည်း ပါတာ တွေ့ရပါတယ်။အလှူမှတ်တမ်းတွေ တပွေ့တပိုက်နဲ့ ပျော်နေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယို

လက်ဆောင်ရတဲ့အထဲမှာ တန်ဖိုးကြီး လက်စွပ်တွေလည်းပါလို့ အံ့အားသင့်နေတဲ့ ပိုင်တံခွန် ထူးခြားတဲ့ စန်းကြောင့် ရပ်တန့်လို့မရတော့တဲ့ အောင်မြင်မှုအရှိန်အဟုန်တွေနဲ့ ရှေ့ဆက်နေတဲ့ ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ အနုပညာအလုပ်တွေ လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

နှုတ်ခမ်းနီမလေးတွေ စိတ်ဝင်စားနေကြတဲ့ ပိုင်တံခွန်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ကိုယ်တည်းပါတဲ့နော်။

ချစ်ပရိသတ်တွေလည်း အရမ်းကို လိမ္မာတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်ကို အားကျရင် SHARE သွားကြဖို့ မမေ့ပါနဲ့နော်။crd-momoလေး