ပိုင်​တံခွန်​လို့ ဆိုလိုက်​တာနဲ့ အရပ်​ရှည်​ရှည်​၊ ရုပ်​​ဖြောင့်​​ဖြောင့်​နဲ့ အရမ်း​ချောပြီး ​စိတ်​ထား​ကောင်းတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေးတစ်​ဦးလို့ ​ပြေးမြင်​မိကြမှာပါ။

လတ်​တ​လောမှာ​တော့ ပိုင်​တံခွန်​က သူကိုယ့်​ကိုယ်​ကိုယ်​ ဗီဒီယိုရိုက်​ရင်း မှန်​ကြည့်​​နေတုန်း မ​မ​ဖွေး​ဖွေး ဝင်​လာလို့ ရှက်​သွားတဲ့ သူ့ရဲ့ဗီဒီယို​လေးကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

တကယ့်​ကို ရှက်​ကိုးရှက်​ကန်း​လေးဖြစ်​သွားတဲ့ ပိုင်​တံခွန်​ရဲ့ ဗီဒီယိုက​တော့ အရမ်းကို ချစ်​ဖို့​ကောင်းလွန်းပါတယ်​​နော်​။ချစ်ပရိသတ်တွေအတွက် ကိုယ့်​ကိုယ်​ကို ကြည့်​ရင်း ​ကျေနပ်​​နေတုန်း မ​ဖွေး​ဖွေး ဝင်​လာလို့ ရှက်​သွားတဲ့ ပိုင်​တံခွန်​ရဲ့ ဗီဒီယို​လေးကို ​ဖော်​ပြ​ပေးလိုက်​ပါတ​ယ်​​နော်​​။

ပိုင်​တံခွန်​​ကတော့ အဆိုပါဗီဒီယို​လေးကို သူ့ရဲ့ အင်​စတာဂရမ်​မှာ ဟာသအဖြစ်​ တင်​ထားတာပါ။ စီနီယာ မမ​ချော​ချော ​ဖွေး​ဖွေးနဲ့ ပိုင်​တံခွန်​တို့ အနုပညာ​မောင်​နှမနှစ်​ဦးက​တော့ ရိုက်​ကူး​ရေး​တွေမှာ မကြာခဏဆိုသလို အတူဆုံ​လေ့ရှိတာကိုလည်း ​တွေ့ရပါတယ်​။မှန်​ကြည့်​ရင်း ​ဖွေး​ဖွေး​ကြောင့်​ ရှက်​သွားတဲ့ လူ​ချော​လေး ပိုင်​တံခွန်​ရဲ့ ဗီဒီယို

ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး အလုပ်​ကိစ္စနဲ့ ခရီး​တွေလည်း ထွက်​ဖြစ်​​နေတာပါ။

ထိုင်းနိုင်​ငံမှာလည်း အရမ်း​အောင်​မြင်​​နေတဲ့ ပိုင်​တံခွန်​က​တော့ မကြာခင်​မှာ ထိုင်းနိုင်​ငံရဲ့ နာမည်​ကြီး အနုပညာရှင်​​တွေနဲ့လည်း အလုပ်​​တွေ အတူလုပ်​​နေရတာလည်း ​တွေ့ရပါတယ်​​။ချစ်ပရိသတ်တွေလည်း ​ဖွေး​ဖွေး ​ကြောင့်​ ရှက်​သွားတဲ့ ပိုင်​တံခွန်​ရဲ့ ဗီဒီယို​လေးကို သ​ဘောကျရင်​ အချင်းချင်း ​ဝေမျှသွားကြပါဦး​နော်​။crd- momoလေး