ယောက်ျားပီသတဲ့ မျက်နှာ​ကျနဲ့ ကြင်​နာတတ်​တဲ့ စိတ်​ထားတို့​ကြောင့်​ မြန်​မာနိုင်​ငံက​ရော ထိုင်းနိုင်​ငံက နှုတ်​ခမ်းနီမ​လေး​တွေပါ သဲသဲလှုပ်​ချစ်​ကြတဲ့ ​မော်​ဒယ်​မင်းသား​ချော​လေး ပိုင်တံခွန်ကတော့ ​ညို့အားပြင်းတဲ့ မင်းသားတစ်​ဦးပဲ ဖြစ်​ပါတယ်​။

လတ်တလောမှာတော့ ပိုင်တံခွန်​က ထိုင်းက ပရိသတ်​​တွေရဲ့ ​မွေး​နေ့ Surprise ​ကြောင့်​ ကြည်​နူးခဲ့ရတဲ့အ​ကြောင်း လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။

ပိုင်​တံခွန်​က​တော့ ​မွေး​နေ့ Surprise လုပ်​​ပေးခဲ့တဲ့ ထိုင်းပရိသတ်​​တွေနဲ့ ကိုယ်​တိုင်​မ​တွေ့နိုင်​တာ​ကြောင့်​ video Call ​ခေါ်ပြီး ​တွေ့ဆုံခဲ့ကြတာလည်း ​တွေ့ရပါတယ်​။

ချစ်ပရိသတ်တွေအတွက် ထိုင်းမ​လေး​တွေရဲ့ ​မွေး​နေ့ Surprise. ​ကြောင့်​ ​ပျော်​ခဲ့ရတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို ​လေးကို ​ဝေမျှ​ပေးလိုက်​ပါတယ်​​နော်​။ဘယ်​နိုင်​ငံက ပရိသတ်​ပဲဖြစ်​ဖြစ်​ တန်းတူ ချစ်​ခင်​တဲ့ ပိုင်​တံခွန်​က​တော့ သူ့ရဲ့ ထိုင်းပရိသတ်​​တွေနဲ့ Video Call ​ပြောပြီး​ အလွမ်းသည်​​နေကြတာပါ​နော်​။

ထိုင်းနိုင်​ငံမှာ ​တော်​​တော်​ ​အောင်​မြင်​​နေတဲ့ ပိုင်​တံခွန်​က​တော့ မကြာခဏဆိုသလို ထိုင်းပရိသတ်​​တွေနဲ့ ရင်းရင်းနှီးနှီး ​တွေ့ဆုံ​လေ့ရှိပါတယ်​။ပိုင်​တံခွန်​ရဲ့ ထိုင်းပရိသတ်​​တွေက ​ချော​ချော​လေး​တွေ​နော်​…။မွေး​နေ့အကြို Surprise လုပ်​​ပေးခဲ့တဲ့ ထိုင်းမ​ချော​ချော​လေး​တွေနဲ့ Video Call ​ပြောခဲ့တဲ့ ပိုင်​တံခွန်

ပိုင်တံခွန်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာတွေ့ရပြီး ဇာတ်ကားတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

ချစ်ပရိသတ်တွေလည်း ထိုင်းနိုင်ငံမှာ အရမ်း​အောင်​ မြင်​​နေတဲ့ ပိုင်တံခွန်ကို အား​ပေးရင် share သွားကြဖို့ မမေ့ပါနဲ့နော်။crd-momoလေး