ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ မိုးဟေကိုက ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေမှာ အတွဲညီညီနဲ့ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ အတွဲညီညီနဲ့ သရုပ်ဆောင်မှုတွေကို ပရိသတ်တွေကလည်း သဘောကျကြိုက်နှစ်သက်စွာနဲ့ အားပေးကြတာကို တွေ့ရပါတယ်။

မိုးဟေကိုတစ်ယောက် အနုပညာလောကကနေ ခတ္တနားလိုက်တော့ နေတိုးနဲ့ မိုးဟေကိုတို့က နောက်ပိုင်းမှာတော့ အတူတူတွဲပြီး သရုပ်ဆောင်တာ ရှားသွားတာကို တွေ့ရပါတယ်။

နေတိုးနဲ့ မိုးဟေကိုတို့က လက်ရှိမှာတော့ “ကျွန်တော့်ရဲ့သူ” ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူ တွဲဖက်ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် မနေ့က စက်တင်ဘာလ (၉) ရက်နေ့မှာ ကျရောက်တဲ့ နေတိုးရဲ့ မွေးနေ့အတွက် မွေးနေ့ပွဲလေးကို ရှုတင်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

နေတိုးရဲ့ မွေးနေ့လေးကို မိုးဟေကိုနဲ့ ကလေးသရုပ်ဆောင်လေး သွန်းမြတ်ကြယ်စင်ကလည်း အတူတူ ဆင်နွှဲပေးခဲ့ကြတာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် နေတိုးရဲ့ ရှုတင်မှ မွေးနေ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရှုတင်မှာ ပျော်ပျော်ရွှင်ရွှင် မွေးနေ့ပွဲ ကျင်းပခဲ့တဲ့ နေတိုးရဲ့ မွေးနေ့ပွဲလေးကတော့ ချစ်ရတဲ့သူတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်လေး ပြီးဆုံးသွားတာပဲ ဖြစ်ပါတယ်။ နေတိုးတစ်ယောက် နောက်နှစ်ပေါင်းများစွာ အောင်မြင်မှုတွေ များစွာရရှိပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။crd-momoလေး