ပရိသတ်တွေ ရင်ထဲစွဲစေမယ့် သီချင်းကောင်းတွေရဲ့ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် Rဇာနည်ကတော့ ရှားပါးပြီး ပါရမီရှိတဲ့ အသံပါဝါကို ပိုင်ဆိုင်ထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလုပ်ရင်း အောင်မြင်တဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးပိုင်ဆိုင်ထားတဲ့ အဆိုတော် Rဇာနည်ကတော့ လတ်တလောမှာ ချစ်ရတဲ့ သားငယ်လေး ချစ်ချစ်တုန်ရဲ့မွေးနေ့မှာ ဘုရားတက်ဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ဘာသာရေးလည်း အရမ်းကို လိုက်စားတဲ့ Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ ပြုလုပ်လေ့ရှိကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ အဆိုတော် Rဇာနည်တို့ မိသားစုလေးရဲ့ကုသိုလ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

Rဇာနည်ကတော့ “၁၀ ရက်နေ့ ချစ်လေး တစ်နှစ်နဲ့ရှစ်လပြည့် ဘုရားရောက် ခုနှစ်သားသမီးများ ကျမ်းမာချမ်သာ စေဖို့ မေတ္တသုတ် ဆယ်ခေါက် ရွတ်ဆို ပူဇော် အမျှဝေ ခဲ့ပါတယ် 🙏🙏🙏” ဆိုပြီး အရမ်းကို ချစ်စရာကောင်းတဲ့ သားလေး ချစ်ချစ်တုန်ရဲ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်း ဝေမျှပေးထားတာပါ။နှစ်နှစ်တောင် မပြည့်သေးပေမယ့် အရမ်းကို လည်နေ တတ်နေပြီဖြစ်တဲ့ Rဇာနည်ရဲ့သားငယ်လေး ချစ်ချစ်တုန်…။

Rဇာနည်​နဲ့ ဝမ်းတို့ဇနီး​မောင်​နှံနှစ်​ဦးက​တော့ တစ်​ဦးနဲ့တစ်​ဦး နားလည်​မှု​တွေနဲ့ ချစ်​ခြင်းတရား​တွေပြည့်​နှက်​​နေတဲ့ အိမ်​​ထောင်​​ရေးကို တည်​​ဆောက်​ထားတာ အခုဆိုရင်​ အိမ်​​ထောင်​သက်​တမ်း ၁၅နှစ်​​ကျော်​ရှိခဲ့ပါပြီ။

ချစ်​ပရိသတ်​​တွေလည်း မိဘနှစ်​ပါးနဲ့တူလို့ ချစ်​​မွှေးအပြည့်​ပါတဲ့ Rဇာနည်​နဲ့ ဝမ်းတို့ရဲ့ သားငယ်လေး​ကိုချစ်​ရင်​ Share သွားကြဖို့ မ​မေ့ပါနဲ့​နော်​။crd-momoလေး