ပရိသတ်တွေ ချစ်ကြတဲ့ မင်းသားချော နေတိုးက သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်း ကောင်းသူ တစ်ဦးဖြစ်ပါတယ်။ နေတိုးက အဆိုတော် ရိန်မိုးနဲ့ အတူတူ “ဖန်ဆင်းရှင်” ဆိုတဲ့ သီချင်းအခွေတစ်ခွေလည်း ထွက်ရှိထားတာ ဖြစ်ပါတယ်။

နေတိုးက အကယ်ဒမီဆုကြီးတွေကိုလည်း ရရှိပိုင်ဆိုင်ထားပြီး အားပေးသူ ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

နေတိုးရဲ့ သီချင်းတွေကို မျှော်နေကြတဲ့ ပရိသတ်တွေအတွက် နေတိုးက “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒိုးလုံးရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ “ချစ်ဦးမေ” သီချင်းကို ပြန်လည် သီဆိုထားတာကို တွေ့ရပါတယ်။

“ရူးအောင်ချစ်မယ့်သူ” က စာရေးဆရာမ လွန်းထားထားရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

နေတိုးကတော့ သရုပ်ဆောင်ကောင်းသလို သီချင်းဆိုလည်း တော်တော်ကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးသီဆိုထားတဲ့ “ချစ်ဦးမေ” သီချင်းလေးကို ကြိုက်နှစ်သက်ရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။crd-momoလေး