အနုပညာလောကမှာ အောင်မြင်မှုတစ်ခုအထိ ရရှိနေတဲ့ ချစ်စရာမင်းသမီးချောလေး မအေးသောင်းကတော့ သူမရဲ့စန်းရယ်၊ ဆွဲဆောင်မှုရှိတဲ့ သူမရဲ့အလှတရားတို့ရယ်ကြောင့် ပရိသတ်တွေရဲ့အချစ်ကို တစ်နေ့တစ်ခြား တိုးတိုးပြီး ရလာသူလေးပါ။

အမြဲလိုလို သူမရဲ့အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးလေ့ရှိတဲ့ မအေးသောင်းကတော့ လတ်တလောမှာလည်း သုံးဆယ်ကျော် မမတစ်ယောက်ရဲ့တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေပေါ်လွင်နေတဲ့ ပုံတစ်ချို့ကို ဝေမျှပေးးလိုက်တာ တွေ့ရပါတယ်။ တစိမ့်စိမ့်ကြည့်လေ လှလေဖြစ်တဲ့ မအေးသောင်းရဲ့ပုံရိပ်တွေကတော့ မြင်ရသူတွေရဲ့ရင်ကို အေးချမ်းစေမှာ အသေအချာပါပဲနော်။

ချစ်ပရိသတ်တွေအတွက် မြန်မာဆန်ဆန်လေးနဲ့ ဘုရားဖူးနေတဲ့ အမျိုးသမီးတစ်ယောက်အသွင်လေး ပေါ်လွင်နေတဲ့ မအေးသောင်းရဲ့မဟာဆန်ဆန် ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မအေးသောင်းကတော့ “တနေ့သောအခါ သည်နေရာမှာ မင်းနဲ့ငါဆုံလိမ့်မည် မောင်ပန်းမွှေးရဲ့ပို့စ်စကဒ်ထဲကကဗျာလေးကို ချစ်လို့။” ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။မအေးသောင်းကတော့ တလောကပဲ အလုပ်ကိစ္စတစ်ခုအတွက် မော်ဒိုက်ကမ်းခြေသို့ သွားရောက်ခဲ့တာ တွေ့ရပြီး၊ လတ်တလောမှာတော့ မြန်မာပြည်သို့ ပြန်ရောက်နေပြီပဲ ဖြစ်ပါတယ်။

ရိုးသားလှတဲ့ နယ်ခံ ကလေးတွေကလည်း မမအေးသောင်းကို မြန်မာ့ရိုးရာ သနပ်ခားလေးတွေ လိမ်းပေးခဲ့ကြပါသေးတယ်နော်။အနုပညာမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေက အကယ်ဒမီတောင် မှန်းနေကြတဲ့ မအေးသောင်းကတော့ သူမရဲ့အနုပညာနဲ့ ပရိသတ်တွေကို အကောင်းဆုံး ပေးဆပ်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မအေးသောင်းက “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ကို ရိုက်ကူးဖို့ လက်ခံထားတယ်လို့လည်း သိရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ မအေးသောင်းရဲ့မြန်မာဆန်ဆန် ပုံရိပ်တွေကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။crd-momoလေး