နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျို နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ ပရိသတ်တွေအတွက် မြတ်ကေသီအောင်က လပြည့်နေ့မှာ အဖေနဲ့အမေ ကိုရည်စူးပြီး ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ အကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ကေသီအောင် က လက်ရှိမှာ စားသောက်ဆိုင် တစ်ဆိုင်နဲ့ နောက်ထပ် Coffee Lu Gallery ဆိုင် လေးကို ဖွင့်ထားတယ်လို့သိရပါတယ်။ အနုပညာလှုပ်ရှားမှုတွေ မရှိတော့ပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ မြတ်ကေသီအောင် က အဖေနဲ့အမေ ကိုရည်စူးပြီး လပြည့်နေ့မှာ ဝါဆိုသင်္ကန်းကပ်လှူခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။

မြတ်ကေသီအောင် က ” လပြည့်နေ့လေး ကိုယ့်ဘုန်းဘုန်းကျောင်းမှာ အပါးနဲ့အမေ့တွက်ရည်စူးပြီး ဝါဆိုသင်္ကန်းကပ်…ဘုန်းဘုန်းများနဲ့ ဧည်သည်စားဖို့ ထမင်းကြော် ပွဲ၃၀,ပူတင်းဗူး၅၀,မြန်မာမုန့်မိုးစုံ,ဆနွင်မကင်းနဲ့ကန်ဇွန်းဥ ကျောက်ကျော(သူငယ်ချင်းကလုပ်ပေး)လေးတွေ ကိုယ်တတ်နိုင်သလောက်ဒါနပြုခဲ့တယ်. သမီးလုပ်ပေးသမျှ ကုသိုလ်တွေအားလုံး အပါးနဲ့အမေ ရောက်ရာဘုံဘဝက သာဓုခေါ်နိင်ပါစေ

ချစ်တဲ့ သမီးကြီး လွမ်းနေပါတယ်” လို့ပြောထားပါတယ်။မြတ်ကေသီအောင် ရဲ့ ဝါဆိုသင်္ကန်းကပ်လှူတဲ့ ပုံရိပ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ရဲ့ ဝါဆိုသင်္ကန်းကပ်လှူတဲ့ ပုံရိပ်များကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။crd- moမိုlay