Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် ရဲ့ခံစားချက်တွေ ဖွင့်ချလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ဖြိုးမြတ်အောင်က ခုနောက်ပိုင်းမှာ သီချင်းလေးတွေဆိုရင်း ကြော်ငြာများလည်း ရိုက်ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုများစွာရှိနေတာပဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဖြိုးမြတ်အောင် က သူ့ရဲ့ မကြာခင်ထွက်ရှိတော့မယ့် solo album အတွက် ရိုက်ကူးရေးတွေလည်း လုပ်နေတာတွေ့ရပါတယ်။

ဒီတစ်ခါမှာတော့ ဖေ့စ်ဘွတ်ပေါ်မှာ ခံစားချက်တွေ ရေးခဲလှတဲ့ ဖြိုးမြတ်အောင် က သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခံစားချက်စာလေးတွေကို ရေးထားတာတွေ့ရပါတယ်။ ဖြိုးမြတ်အောင် က သူ့ရဲ့ ဖေ့စဘွတ်ပေါ်မှာ ” အရေးအကြောင်းဆို ကိုယ့်အားကိုယ်ကိုးရမှာပဲ ကိုယ်ကလွဲလို့ ကိုယ့်ဒူးတောင်မယုံရဘူး” ဆိုပြီးပြောထားပါတယ်။

ဖြိုးမြတ်အောင် ရဲ့ ပရိသတ်တွေကလည်း သူ့ရဲ့ ခံစားချက်စာကို တွေ့ပြီး စိတ်မကောင်းဖြစ်နေကြတာတွေ့ရပါတယ်။ဖြိုးမြတ်အောင်ရဲ့ ခံစားချက်တွေ ဖွင့်ချလိုက်တဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ခရက်ဒစ် moမိုလေး