နိုင်ငံကျော် သရုပ်ဆောင် မင်းသမီး စမိုင်လ်းဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမက ချစ်စရာကောင်းတဲ့ မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ် တို့မိသားစုမှ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေများထောက်ပံ့လှူဒါန်းတဲ့အကြောင်းကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်တို့မိသားစုမှ လတ်တလော ရေကြီးပြီး ဒုက္ခရောက်နေကြတဲ့ မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေကို အလှူငွေများလှူဒါန်းခဲ့တာပါ။စမိုင်းလ် တို့မိသားစု က မင်္ဂလာပါ ပရဟိတ အဖွဲ့ကို ၅သိန်း နဲ့ သရုပ်ဆောင် ခင်လှိုင်တို့ရဲ့ ပရဟိတ အဖွဲ့ကို ၆သိန်း စုစုပေါင်း ၁၁သိန်း ကိုရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်။

စမိုင်းလ်က အစားအသောက်များနဲ့ ဝတ်အထည်များလည်းလှူဒါန်းသွားမည်ဖြစ်ကြောင်း နဲ့ လိုအပ်တဲ့ နေရာများကို ထပ်မံ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မွန်ပြည်နယ်မှ ရေဘေးသင့်ပြည်သူတွေကို အလှူငွေများလှူဒါန်းခဲ့တဲ့ စမိုင်းလ် တို့မိသားစုအလှူအကြောင်းကို ပရိသတ်တွေသိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ခရက်ဒစ် moမိုlay