


SOURCE: မနော

UNICODE

စကားဝါမြေမှာ အလွမ်းတွေနဲ့ကျန်ခဲ့ရတဲ့ ပန်းဆက်သမားလေးအကြောင်းရေးစပ်ထားတဲ့ မနောနဲ့အိချောပိုရဲ့ သီချင်းသစ်ဗီဒီဖိုင်လေး

မနောကတော့ သူရဲ့ မြန်မာသံသီချင်းလေးတွေ အေးချမ်းပြီး သာယာတဲ့ အသံလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိနေပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာတစ်ခုရယူထားနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မနောကတော့ မြန်မာသံသီချင်းတွေကို ကျွမ်းကျင်ပိုင်နိင်စွာနဲ့ သီဆိုတတ်တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

မနောကတော့ သူရဲ့ မိချော ကြာဖြူ ချစ်တယ် သနပ်ခါးလေးနဲ့ မောင့်ချစ်သူ မြို့သားနဲ့ တောသူ အချစ်စစ်ရဲ့တန်ဖိုး ချမ်းမြေ့ပါစေအမေနဲ့ တစ်ခြားသော သီချင်းကောင်းလေးများစွာကို သီဆိုခဲ့သူဖြစ်ပြီး အဆိုပါသီချင်းလေးတွေဟာ လူကြီးလူငယ်တွေကြား လူကြိုက်များသလို အတော်လေးလဲ ရေပန်းစားခဲ့တဲ့ နာမည်ကျော်သီချင်းတွေပဲ ဖြစ်ပါတယ်။

ယနေ့မှာတော့ မနောဟာ သူရဲ့ ပုံစံလေးအတိုင်း မြန်မာသံနဲ့ အလွမ်းသီချင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ပေးခဲ့ပြီး သီချင်းလေးရဲ့ နာမည်က အလွမ်းတွေနဲ့စကားဝါမြေဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ အိချောပိုနဲ့အတူ မနောက အဆိုပါသီချင်းလေးမှာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

SOURCE: မနော