ေၾကာင္ေတြ ေခြးေတြၿပီးေတာ့ တိရိစၧာန္အခြင့္အေရးကာကြယ္သူေတြက ျခင္ကိုက္ရင္လည္း မရိုက္ၾကပဲ ျခင္ေတြကို လြပ္လပ္စြာ ေသြးစုပ္ခြင့္ေပးၾကဖို႔ ႏွိုးေဆာ္လိုက္ပါတယ္။႐ုပ္သံထုတ္လႊင့္တင္ဆက္သူလည္းျဖစ္တဲ့ ျပင္သစ္နိုင္ငံက Aymeric Caron က ျခင္ေတြဟာ လူရဲ့ေသြးထဲကေန ပရိုတိန္းဓါတ္ေတြကို စုပ္ယူၿပီး သူ႔ရဲ့ကေလးေတြျဖစ္လာမယ့္ ျခင္ဥေလးေတြကို ပို႔လႊတ္တာမို႔ ျခင္ကိုက္ေနတဲ့ အခ်ိန္မွာ ျခင္ေတြကို ရိုက္မသတ္ပဲ ေသြးလွူသလို လြပ္လပ္စြာ ကိုက္ခြင့္ေပးလိုက္ပါလို႔ ဆိုပါတယ္။

သူက ျခင္ေတြကို သတ္တာဟာ ကေလးေတြကို အဟာရတိုက္ေကၽြးမယ့္ မိခင္ေတြကို တိုက္ခိုက္တာျဖစ္လို႔ anti-specists ေတြ အတြက္ေတာ့ အရမ္းရွက္စရာေကာင္းပါတယ္ လို႔ ဆိုပါတယ္။anti-specist ဆိုတာကေတာ့ မ်ိဳးစိတ္သတၱဝါေတြအားလုံး သာတူညီမၽွအခြင့္အေရး ရွိရမယ္လို႔ ေတာင္းဆိုေနတဲ့ လူေတြကို ေခၚတဲ့ေဝါဟာရျဖစ္ပါတယ္။

Aymeric Caron က သူ႔ကိုယ္သူ anti-specist တစ္ေယာက္အေနနဲ႔ ခံယူထားတာေၾကာင့္ သူဆိုရင္ ‘မလာရီယား’ ေရာဂါျဖစ္နိုင္တဲ့ အာဖရိက က ျခင္ေတြကလြဲရင္ အျခားျခင္ေတြ ကိုက္တာကို ခြင့္ျပဳထားတယ္လို႔ Independent သတင္းဌါနကို ေျပာၾကားခဲ့ပါတယ္။“ျခင္ကိုက္တဲ့အခါ မိခင္က ကေလးေတြကို ေကၽြးဖို႔အဟာရယူေနတာကို လွူတယ္လို႔ပဲ သေဘာထားလိုက္ရင္ ျဖစ္ပါတယ္၊ ဒါက ဒရာမာခ်ိဳးေနတာ မဟုတ္ပါဘူး” လို႔ ႐ုပ္သံမွာ ေျပာၾကားခဲ့ပါတယ္။

 

ဒါေပမယ့္ ၿဗိတိသၽွနိုင္ငံက တိရိစၧာန္ေစာင့္ေရွာက္ေရး ဝန္ထမ္းကေတာ့ “ဒီကိစၥက ေဝးပါတယ္၊ ဘယ္လိုမွ မကူနိုင္တဲ့ အေႏွာက္အယွက္ပါ” လို႔ မွတ္ခ်က္ေပးပါတယ္။ယူေကရဲ့ တိရိစၧာန္အခြင့္အေရးတန္တူညီမၽွရွိေစေရးအဖြဲ႕မွ ဦးေဆာင္သူ Toni Vernalli ကေတာ့ ‘မလာရီယား’ သယ္ေဆာင္လာတဲ့ ကပ္ပါးေကာင္းေတြေၾကာင့္ တစ္ႏွစ္ကို လူသန္းနဲ႔ခ်ီၿပီး ေသဆုံးေနတယ္လို႔ ဆိုပါတယ္။

‘မလာရီယား’ ဟာ အာဖရိကမွာရွိတဲ့ Anopheles ျခင္ေကာင္ကိုက္ရာကေန လူ႔ခႏၶာကိုယ္ထဲဝင္တဲ့ ေရာဂါပိုးျဖစ္ၿပီး အသည္းမွာ အေျခတည္ၿပီးေနာက္ ေသြးဥေတြကို တိုက္ဖ်က္တာေၾကာင့္ လူ႔အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္တဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။‘မလာရီယား’ ေၾကာင့္ ၂ မိနစ္လၽွင္ ကေလးတစ္ဦး ေသဆုံးေနၿပီး အာဖရိကမွာေတာ့ အျဖစ္အမ်ားဆုံး ေရာဂါျဖစ္ပါတယ္။ ဒါေပမယ့္ ကာကြယ္ကုသနိုင္တဲ့ ေရာဂါျဖစ္ပါတယ္။

CRD-popolay

UNICODE

ခြင်ကိုက်ရင် မရိုက်ကြဖို့ တိရိစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများ နှိုးဆော်

ကြောင်တွေ ခွေးတွေပြီးတော့ တိရိစ္ဆာန်အခွင့်အရေးကာကွယ်သူတွေက ခြင်ကိုက်ရင်လည်း မရိုက်ကြပဲ ခြင်တွေကို လွပ်လပ်စွာ သွေးစုပ်ခွင့်ပေးကြဖို့ နှိုးဆော်လိုက်ပါတယ်။ရုပ်သံထုတ်လွှင့်တင်ဆက်သူလည်းဖြစ်တဲ့ ပြင်သစ်နိုင်ငံက Aymeric Caron က ခြင်တွေဟာ လူရဲ့သွေးထဲကနေ ပရိုတိန်းဓါတ်တွေကို စုပ်ယူပြီး သူ့ရဲ့ကလေးတွေဖြစ်လာမယ့် ခြင်ဥလေးတွေကို ပို့လွှတ်တာမို့ ခြင်ကိုက်နေတဲ့ အချိန်မှာ ခြင်တွေကို ရိုက်မသတ်ပဲ သွေးလှူသလို လွပ်လပ်စွာ ကိုက်ခွင့်ပေးလိုက်ပါလို့ ဆိုပါတယ်။

သူက ခြင်တွေကို သတ်တာဟာ ကလေးတွေကို အဟာရတိုက်ကျွေးမယ့် မိခင်တွေကို တိုက်ခိုက်တာဖြစ်လို့ anti-specists တွေ အတွက်တော့ အရမ်းရှက်စရာကောင်းပါတယ် လို့ ဆိုပါတယ်။anti-specist ဆိုတာကတော့ မျိုးစိတ်သတ္တဝါတွေအားလုံး သာတူညီမျှအခွင့်အရေး ရှိရမယ်လို့ တောင်းဆိုနေတဲ့ လူတွေကို ခေါ်တဲ့ဝေါဟာရဖြစ်ပါတယ်။

Aymeric Caron က သူ့ကိုယ်သူ anti-specist တစ်ယောက်အနေနဲ့ ခံယူထားတာကြောင့် သူဆိုရင် ‘မလာရီယား’ ရောဂါဖြစ်နိုင်တဲ့ အာဖရိက က ခြင်တွေကလွဲရင် အခြားခြင်တွေ ကိုက်တာကို ခွင့်ပြုထားတယ်လို့ Independent သတင်းဌါနကို ပြောကြားခဲ့ပါတယ်။“ခြင်ကိုက်တဲ့အခါ မိခင်က ကလေးတွေကို ကျွေးဖို့အဟာရယူနေတာကို လှူတယ်လို့ပဲ သဘောထားလိုက်ရင် ဖြစ်ပါတယ်၊ ဒါက ဒရာမာချိုးနေတာ မဟုတ်ပါဘူး” လို့ ရုပ်သံမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိသျှနိုင်ငံက တိရိစ္ဆာန်စောင့်ရှောက်ရေး ဝန်ထမ်းကတော့ “ဒီကိစ္စက ဝေးပါတယ်၊ ဘယ်လိုမှ မကူနိုင်တဲ့ အနှောက်အယှက်ပါ” လို့ မှတ်ချက်ပေးပါတယ်။ယူကေရဲ့ တိရိစ္ဆာန်အခွင့်အရေးတန်တူညီမျှရှိစေရေးအဖွဲ့မှ ဦးဆောင်သူ Toni Vernalli ကတော့ ‘မလာရီယား’ သယ်ဆောင်လာတဲ့ ကပ်ပါးကောင်းတွေကြောင့် တစ်နှစ်ကို လူသန်းနဲ့ချီပြီး သေဆုံးနေတယ်လို့ ဆိုပါတယ်။

‘မလာရီယား’ ဟာ အာဖရိကမှာရှိတဲ့ Anopheles ခြင်ကောင်ကိုက်ရာကနေ လူ့ခန္ဓာကိုယ်ထဲဝင်တဲ့ ရောဂါပိုးဖြစ်ပြီး အသည်းမှာ အခြေတည်ပြီးနောက် သွေးဥတွေကို တိုက်ဖျက်တာကြောင့် လူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။‘မလာရီယား’ ကြောင့် ၂ မိနစ်လျှင် ကလေးတစ်ဦး သေဆုံးနေပြီး အာဖရိကမှာတော့ အဖြစ်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ကုသနိုင်တဲ့ ရောဂါဖြစ်ပါတယ်။