


CRD_swelsonenews

UNICODE

လပတ်စာမေးပွဲကျသဖြင့် ဆရာမမှ ကျောင်းသား/သူ (၁၆) ဦးအား မစင်ဖြင့် နှာခေါင်းနှင့် ပါးစပ်ကို သုတ်လိမ်း

လပတ်စာမေးပွဲကျသဖြင့် စတုတ္ထတန်း၌ ပညာသင်ကြားနေသော ကျောင်းသား၊သူ ၁၆ဦးအား အိမ်သာမှ မစင်များ သွားရောက်ယူစေကာ နှာခေါင်းနှင့်ပါးစပ်တွင် သုတ်လိမ်းပေးသည့် ဆရာမဒေါ်အိဇာဇာအောင်၏ လုပ်ရပ်အား မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပါသည်။

ပြည်နယ်တွင် လာရောက်တာဝန်ထမ်းဆောင်နေသော ဆရာ၊မ များအနေဖြင့် ဌာနေတိုင်းရင်းသား ကျောင်းသား၊သူများကို စာကြိုးစားရန်အတွက် တုတ်ဖြင့်ဆုံးမခြင်းကိုလက်ခံနိုင်သော်လည်း ယခုကဲ့သို့ အသိတရားမဲ့စွာ ပြုမူခြင်းကိုမူ လုံးဝ လက်မခံ နိုင်ကြောင်းနှင့် ပညာရေးဌာနမှ အမြန်ဆုံးတာဝန်ယူ ဆောင်ရွက်၍ဖြေရှင်းပေးပါရန် တောင်းဆိုအပ်ပါသည်။

သတင်းမီဒီယာများအနေဖြင့် အဖြစ်အပျက်များကို မေးမြနိးလိုပါက ဆရာဒွဲလာ – 09698236697