





credit – myanmarload

UNICODE

ချစ်စရာကောင်းစွာ မျက်နှာပြောင်ရင်း ခွီနေကြတဲ့ မခိုင်လေးနဲ့ ထိပ်ထားလေးတို့ သားအမိနှစ်ယောက်

မခိုင်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော ခိုင်သင်းကြည်ကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားခဲ့ပြီး ယနေ့တိုင် အားပေးဝန်းရံမှုတွေကို အခိုင်အမာ ရရှိထားတဲ့ အကယ်ဒမီ မင်းသမီးချောပဲ ဖြစ်ပါတယ်..။

မပုကျွတ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရဲ့ ရင်ထဲရောက်ရှိခဲ့တဲ့ မခိုင်လေးကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောတစ်ဦးဖြစ်သလို သမီးချောလေး စံထိပ်ထားဦးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါနော်..။

ရိုးသားပြီး ချစ်စရာကောင်းတဲ့ အမေတူသမီးလေး စံထိပ်ထားကတော့ အနုပညာအလုပ်တွေထက် ပညာရေးဘက်ကို ပိုပြီး အရေးပေးလုပ်ဆောင်နေပေမယ့် မခိုင်လေးနဲ့အတူ အခမ်းအနားပွဲ တော်တော်များများကို တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း သားအမိနှစ်ယောက်အတူ မျက်နှာပြောင်ပြီး ဓာတ်ဖမ်းထား ချစ်စရာ အခွီဓာတ်ပုံလေးတွေနဲ့ ချစ်ပရိသတ်တွေကို အချစ်ပိုစေအောင် လုပ်လိုက်ပြန်ပါတယ်နော်..။

မခိုင်လေးနဲ့ ထိပ်ထားလေးတို့ သားအမိနှစ်ယောက်ကတော့ မျက်နှာပြောင်ရင်း ဓာတ်ဖမ်းထားကြတဲ့ ချစ်စရာ အခွီပုံရိပ်လေးတွေကတော့ တကယ်ကို ဖြူစင်ပြီး ချစ်စရာကောင်းကြတာမို့ ပရိသတ်တွေကလည်း သဘောကျ အချစ်ပိုနေကြပါတယ်နော်..။

“ပျော်နေတဲ့အချိန်..” ဆိုပြီး သမီးလေး ထိပ်ထိပ်လေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပျော်စရာ အမှတ်တရပုံလေးကို မခိုင်လေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

credit – myanmarload