





Photo – မြတ်ရတနာကျော်,CRD-Myanmarload

UNICODE

Amsterdam မြို့ရဲ့ အလှတရားတွေနဲ့ ကြည်နူးစရာအမှတ်တရတွေကို ဖန်တီးခဲ့ကြတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်

ပရိသတ်ကြီးရေ.. နွေးထွေးတဲ့ ချစ်ခြင်းတရားတွေနဲ့ ကြည်နူးစရာမိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကြသူတွေကတော့ အဆိုတော်အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာ သမီးချောလေးနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို အားကျလောက်အောင် ပိုင်ဆိုင်ထားကြတဲ့ သူတို့စုံတွဲလေးကတော့ ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားတတ်သူလေးတွေပါပဲနော်..။

အခုတစ်ခါမှာလည်း နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့လေးကို ရောက်ရှိနေပြီး လှပလွန်းတဲ့ သဘာဝရှုခင်းအလှတရားတွေနဲ့အတူ အပန်းဖြေခဲ့ကြတဲ့ အမှတ်တရပုံလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

အမ်စတာဒမ်မြို့ရဲ့ Windmills တွေရှိရာမှာ ကြည်နူးပျော်ရွှင်စွာ ဓာတ်ဖမ်းခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရပုံရိပ်လေးတွေကလည်း သဘာဝအလှတွေကို ပိုပြီးသစ်လွင်လှပစေပါတယ်နော်..။

ကြည်နူးစရာ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း “အချစ်နဲ့အတူ Windmills တွေရှိရာဆီ ..” ဆိုပြီး ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးရဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။