


CRD-Momolay

UNICODE

သူငယ်ချင်းဖြစ်သူ မင်းသားတစ်ယောက်အတွက် ယူကြုံးမရဖြစ်နေတဲ့ မိုးမိုး

အဆိုတော်၊သရုပ်ဆောင် မိုးမိုးဟာ သီချင်းအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး သူက ယခုနောက်ပိုင်းမှာတော့ ပွဲတွေမှာလဲ MC အဖြစ် လုပ်ဆောင်လာတာကိုလဲ တွေ့မြင်ရမှာပါ။ သူ့ရဲ့ အသက်(၄၀)၊ ပြန်တွေးကြည့်၊ ယောက္ခမ စတဲ့ သီချင်းတွေက ဒီနေ့ချိန်ထိ လူတွေပါးစပ်ဖျားမှာ နာမည်ကြီးနေဆဲဖြစ်ပါတယ်။ မိုးမိုးက လက်ရှိမှာ သူငယ်ချင်းတစ်ယောက်ကြောင့် စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ် ကနေ ပြောပြလာပါတယ်။

သူပြောထားတာကတော့ “ သူငယ်ချင်းရေ အခွင့်အရေးဆိုတာ နှစ်ခါပြန်မရဘူးဆိုပေမယ့် မင်းက နှစ်ခါတိတိပြန်ရတာတောင် ကိုယ့်ဘဝကိုယ် ဖျက်ဆီးရက်တယ်ကွာ 😰 ပရိုဂျူဆာက ငွေထုပ်ပိုက် မင်းနောက်လိုက်နေတာတောင် ကိုယ့်ကိုကိုယ် တန်ဖိုးမထားလေတော့ ဆုံးရှုံးရတာ မင်းကိုယ်တိုင်နဲ့ အနုပညာတင်မဟုတ်တော့ဘူး ပရိတ်သတ်ကပါ မင်းကိုဆုံးရှုံးရတာ စိတ်တွေတောင်ညစ်သွားတယ်ကွာ အမြန်ဆုံးအမြင်မှန်ရပြီး လမ်းမှန်ပေါ်ပြန်ရောက်ပါစေကွာ 😓😓” လို့ဆိုကာ သူငယ်ချင်းအတွက် ယူကြုံးမရဖြစ်နေပါတယ်။

မိုးမိုးက သူ့သူငယ်ချင်းဘယ်သူဘယ်ဝါလို့မပြောထားပေမယ့် အနုပညာလောကထဲကလူလို့တော့ခန့်မှန်းလို့ရမှာပါ။ ဘယ်သူများလဲ ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။ Admin ကိုယ်တိုင်လဲ သိချင်နေတာပါ။ ဘယ်သူဘဲ ဖြစ်ဖြစ်ပါ အကောင်းဆုံး အမြင်မှန်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။ မိုးမိုးကတော့ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း သူချစ်တဲ့မိသားစုနဲ့ ပျော်ရွှင်နေပါတယ်။ သူ့မှာတော့ ချစ်ရတဲ့ သမီးတစ်ယောက် သားတစ်ယာက်ပိုင်ဆိုင်ထားရပြီမို့ ပြီးပြည့်စုံနေတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားရသူလဲဖြစ်ပါတယ်။ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။