သက္ထားသူဇာဟာဆုိရင္ ျမန္မာကုိကမၻာကသိေအာင္ တစ္ဖက္တစ္လမ္းက ဂုဏ္ေဆာင္ေပးေနခဲ့ျပီး ျပိဳင္ပြဲတိုင္းလိုလိုမွာ အနုိင္ယူဗိုလ္စြဲခဲ့တာေၾကာင့္လည္း ကမၻာအနွံ႕ကသတိထားမိလာရတဲ့ ျမန္မာ့ဂုဏ္ေဆာင္အားကစားမယ္တစ္ဦးျဖစ္ပါတယ္။ သက္ထားသူဇာဟာ 2019 ခုနွစ္အတြင္း ကမၻာ့နုိင္ငံအေတာ္မ်ားမ်ားမွာ သြားေရာက္ယွဥ္ျပိဳင္လာခ့ဲျပီး 47 ပြဲနုိင္ 15 ပြဲရံႈးနဲ႔ ကမာၻ့အဆင့္ 84 ေနရာမွာရပ္တည္ေနတာလည္္းျဖစ္ပါတယ္။ သက္ထားသူဇာက လက္ရွိမွာ ဒိန္းမတ္နို္င္ငံကုိေရာက္ေနျပီး Denmark ကေန MC ကိုအင္တာဗ်ဴးေျဖၾကားေပးခဲ့ရာမွာ လက္ရွိလုပ္ေနတာေတြနဲ႔သြားျပိဳင္ဖို႔ရွိတဲ့ျပိဳင္ပြဲေတြအေၾကာင္းေျပာျပသြားပါတယ္။

သက္ထားသူဇာက ျမန္မာနို္င္ငံအတြက္ တစ္ပတ္အတြင္းမွာတင္ ပထမဆုနွစ္ဆုယူလာေပးနိုင္ခဲ့ပံုကုိ “ညီမ ကုိယ့္ျမန္မာနုိင္ငံသီခ်င္းကို အျခားနုိင္ငံမွာ ဖြင့္ျပတ့ဲအတြက္ အရမ္းဂုဏ္ယူပါတယ္။ ဝမ္းလည္းဝမ္းသာတယ္။ ျမန္မာနိုင္ငံအတြက္ ဆု ပထမဆုနွစ္ဆုေပါ့ေနာ္ ယူလာခဲ့ရတဲ့အတြက္လည္း ဝမ္းသာပါတယ္လို႔။ Benin ကေနျပီးေတာ့မွ ေနာက္တစ္ပြဲကုိ တန္းသြားရတဲ့အခ်ိန္မွာ ခရီးပန္းတာေတြ ပြဲပန္းတာေတြရွိတယ္ေပ့ါေနာ္။ျပီးေတာ့ Ivoire မွာကလည္း ပထမဆံုးရုိက္ရတဲ့ေကာင္မေလးကလည္း အၾကိတ္အနယ္ရုိက္ခဲ့ရတယ္ေပ့ါေနာ္။ သံုးပြဲနဲ႔ရိုက္ရတာျဖစ္လို႔ ခရီးပန္းရတာေတြေရာ ျပိဳင္ပြဲပန္းထားတဲ့ဟာေတြေရာ နွစ္ပြဲဆက္သြားေတာ့ အရမ္းပင္ပန္းတယ္ေပါ့ေနာ္။ ဒါေပမယ့္ အတတ္နိုင္ဆံုးၾကိဳးစားျပီးေတာ့ ပထမဆုရေအာင္ယူခဲ့တာေပါ့ေန္ာ”လို႔ ေျပာျပထားပါတယ္။

သက္ထားသူဇာက ကမၻာ့အဆင့္ 84 ကုိတက္လွမ္းနုိ္င္လာတဲ့အေၾကာင္းနဲ႔ အဆင့္ 70 ေအာက္ေရာက္ရင္ အုိလံပစ္ျပိဳင္ပြဲဝင္ျပိိဳင္ခြင့္ရမွာျဖစ္ေၾကာင္းလည္း “ျပိဳင္ပြဲမသြားခင္မွာ ညီမအဆင့္က 114 ၊ ျပိဳင္ပြဲစျပီးေတာ့ ပထမဆံုးပြဲျပီးေတာ့ 101 ျဖစ္သြားတယ္ေပါ့ေနာ္။ ဒုတိယပြဲျပီးေတာ ့ညီမအခုအခ်ိန္မွာ 84 ျဖစ္သြားတယ္ေပါ့ေနာ္။ အရင္တုန္းကေျပာထားတာက 100 ေအာက္ေရာက္ရင္ Olympic Qualify ရိုက္ခြင့္ရမယ္ေပါ့ေနာ္။ အဲဒါက်ေတာ့ ရုိက္လို႔ရမယ့္အခြင့္အေရးပုိျပီးေတာ့ ရမယ္ေပါ့ေနာ္။ ေသခ်ာရုိက္ရမယ္ဆိုရင္ေတာ့ ranking 70 ေလာက္ဆိုရင္ေတာ့ ေသခ်ာေပါက္ ရိုက္ရျပီေပါ့ေနာ္။ အိုလံပစ္စည္းမ်ဥ္းစည္းကမ္းက တစ္နုိင္ငံကုိကစားသမားနွစ္ေယာက္ပဲရွိတာေၾကာင့္မို႔ ဘယ္လုိပဲျဖစ္ျဖစ္ ခုနစ္ဆယ္ေအာက္ေရာက္ရင္ေတာ့ ရုိက္လို႔ရမယ့္အေျခအေနမ်ိဳးေတာ့ရွိတယ္ေပါ့ေနာ္။ ညီမ ျပိဳင္ပြဲေတြေတာက္ေလွ်ာက္ဝင္ျပိဳင္ေနမယ္။ အမွတ္စုနုိင္သေလာက္စုသြားမယ္။ Sea Game အတြက္က်ေတာ့ ဘယ္နွစ္ေယာက္လႊတ္မလဲ Team ရုိက္ရမွာလား တစ္ေယာက္တည္းရိုက္ရမွာလား ညီမေသခ်ာမသိေသးဘူးေပါ့ေနာ္”လို႔ ေျဖၾကားေပးထားပါတယ္။

ေလာေလာဆယ္ ျပင္ဆင္လႈပ္ရွားေနမႈေတြကုိ သက္ထားသူဇာက “ညီမေလာေလာဆယ္ေတာ့ Denmark မွာ Training နွစ္လလာဆင္းတာေပါ့ေနာ္။ ဒီနွစ္လအတြင္းမွာလည္း ညီမက ျပိဳင္ပြဲသံုးပြဲသြားဖို႔ရွိတယ္ေပါ့ေနာ္။ ပထမဆံုးပြဲက ညီမ Nigeria သြားစရာရွိတယ္။ေနာက္လက်လို႔ရွိရင္လည္း Greece နဲ႔ Bulgaria သြားစရာရွိတယ္”လို႔ ေျပာထားျပီး ဒီလုိုျပိဳင္ပြဲတုိင္းနိီးပါး အနုိင္ရဗိုလ္စြဲေနတဲ့လ်ိဳ႕ဝွက္ခ်က္အားသာခ်က္ကုိေတာ့ သက္ထားသူဇာက “အဓိကကေတာ့ ညီမ အေျခခံေပါ့ေနာ္။ ၾကက္ေတာင္တင္မဟုတ္ပါဘူး။ အျခားကစားနည္းေတြမွာလည္း အေျခခံေကာင္းမွ လက္ေရြးစင္အဆင့္ေရာက္သြားရင္ နားသြားလို႔ရွိရင္လည္းျပန္ရုိက္ရင္လက္မပ်က္ဘူးေပါ့ေနာ္။ ညီမအတြက္က အေျခခံေကာင္းေနျပီးသား၊ အေဖအေမေတြရဲ႕ supporting လည္းေပးတယ္ေပါ့ေနာ္။ အားေပးတဲ့လူေတြလည္းရွိလို႔ အဲဒါေတြေပါင္းျပီးေတာ့မွ ညီမအတြက္ဆုဆိုတာရလာတာပါ”လို႔ ေျပာျပထားပါတယ္။

သက္ထားသူဇာက ျမန္မာနုိင္ငံမွာရိုက္မယ့္ပြဲလည္းရွိေသးတာမို႔ မၾကာခင္ပရိသတ္ေတြအားေပးခြင့္ရေတာ့မွာျဖစ္ေၾကာင္း “ညီမကေတာ့ ျမန္မာနုိင္ငံကုိ စက္တင္ဘာငါးရက္ေန႔မွာ Denmark ကေနျပန္လာမွာေပါ့ေနာ္။ေျခာက္ရက္ေန႔မွေရာက္မယ္။ ျပီးရင္ျမန္မာနိုင္ငံမွာလည္း ဆယ္ရက္ေန႔မွာ ပြဲရွိတယ္ေပါ့ေနာ္။ အဲဒီပြဲညီမရုိက္ျဖစ္မယ္ေပါ့။ ညီမကိုအားေပးတဲ့ပရိသတ္ေတြအားလံုုးကုိေက်းဇူးအမ်ားၾကီးတင္ပါတယ္။ ညီမကုိ ဆက္ျပီးအားေပးပါဦး။ ညီမတင္မဟုတ္ဘူး။ ေနာက္တက္လာမယ့္ဂ်ဴနီယာကစားသမားေတြကုိလည္းဆက္ျပီးအားေပးပါဦးလုိ႔ေျပာခ်င္ပါတယ္”လို႔ ေျပာသြားပါတယ္။

CRD-Nanmalgyi

UNICODE

ချန်ပီယံဆုနှစ်ဆုကို နှစ်ပတ်အတွင်းရယူလာခဲ့တဲ့ သက်ထားသူဇာ

သက်ထားသူဇာဟာဆိုရင် မြန်မာကိုကမ္ဘာကသိအောင် တစ်ဖက်တစ်လမ်းက ဂုဏ်ဆောင်ပေးနေခဲ့ပြီး ပြိုင်ပွဲတိုင်းလိုလိုမှာ အနိုင်ယူဗိုလ်စွဲခဲ့တာကြောင့်လည်း ကမ္ဘာအနှံ့ကသတိထားမိလာရတဲ့ မြန်မာ့ဂုဏ်ဆောင်အားကစားမယ်တစ်ဦးဖြစ်ပါတယ်။ သက်ထားသူဇာဟာ 2019 ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအတော်များများမှာ သွားရောက်ယှဉ်ပြိုင်လာခဲ့ပြီး 47 ပွဲနိုင် 15 ပွဲရှုံးနဲ့ ကမ္ဘာ့အဆင့် 84 နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။ သက်ထားသူဇာက လက်ရှိမှာ ဒိန်းမတ်နိုင်ငံကိုရောက်နေပြီး Denmark ကနေ MC ကိုအင်တာဗျူးဖြေကြားပေးခဲ့ရာမှာ လက်ရှိလုပ်နေတာတွေနဲ့သွားပြိုင်ဖို့ရှိတဲ့ပြိုင်ပွဲတွေအကြောင်းပြောပြသွားပါတယ်။

သက်ထားသူဇာက မြန်မာနိုင်ငံအတွက် တစ်ပတ်အတွင်းမှာတင် ပထမဆုနှစ်ဆုယူလာပေးနိုင်ခဲ့ပုံကို “ညီမ ကိုယ့်မြန်မာနိုင်ငံသီချင်းကို အခြားနိုင်ငံမှာ ဖွင့်ပြတဲ့အတွက် အရမ်းဂုဏ်ယူပါတယ်။ ဝမ်းလည်းဝမ်းသာတယ်။ မြန်မာနိုင်ငံအတွက် ဆု ပထမဆုနှစ်ဆုပေါ့နော် ယူလာခဲ့ရတဲ့အတွက်လည်း ဝမ်းသာပါတယ်လို့။ Benin ကနေပြီးတော့မှ နောက်တစ်ပွဲကို တန်းသွားရတဲ့အချိန်မှာ ခရီးပန်းတာတွေ ပွဲပန်းတာတွေရှိတယ်ပေ့ါနော်။ပြီးတော့ Ivoire မှာကလည်း ပထမဆုံးရိုက်ရတဲ့ကောင်မလေးကလည်း အကြိတ်အနယ်ရိုက်ခဲ့ရတယ်ပေ့ါနော်။ သုံးပွဲနဲ့ရိုက်ရတာဖြစ်လို့ ခရီးပန်းရတာတွေရော ပြိုင်ပွဲပန်းထားတဲ့ဟာတွေရော နှစ်ပွဲဆက်သွားတော့ အရမ်းပင်ပန်းတယ်ပေါ့နော်။ ဒါပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ပထမဆုရအောင်ယူခဲ့တာပေါ့နေ်ာ”လို့ ပြောပြထားပါတယ်။

သက်ထားသူဇာက ကမ္ဘာ့အဆင့် 84 ကိုတက်လှမ်းနိုင်လာတဲ့အကြောင်းနဲ့ အဆင့် 70 အောက်ရောက်ရင် အိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ခွင့်ရမှာဖြစ်ကြောင်းလည်း “ပြိုင်ပွဲမသွားခင်မှာ ညီမအဆင့်က 114 ၊ ပြိုင်ပွဲစပြီးတော့ ပထမဆုံးပွဲပြီးတော့ 101 ဖြစ်သွားတယ်ပေါ့နော်။ ဒုတိယပွဲပြီးတော့ညီမအခုအချိန်မှာ 84 ဖြစ်သွားတယ်ပေါ့နော်။ အရင်တုန်းကပြောထားတာက 100 အောက်ရောက်ရင် Olympic Qualify ရိုက်ခွင့်ရမယ်ပေါ့နော်။ အဲဒါကျတော့ ရိုက်လို့ရမယ့်အခွင့်အရေးပိုပြီးတော့ ရမယ်ပေါ့နော်။ သေချာရိုက်ရမယ်ဆိုရင်တော့ ranking 70 လောက်ဆိုရင်တော့ သေချာပေါက် ရိုက်ရပြီပေါ့နော်။ အိုလံပစ်စည်းမျဉ်းစည်းကမ်းက တစ်နိုင်ငံကိုကစားသမားနှစ်ယောက်ပဲရှိတာကြောင့်မို့ ဘယ်လိုပဲဖြစ်ဖြစ် ခုနစ်ဆယ်အောက်ရောက်ရင်တော့ ရိုက်လို့ရမယ့်အခြေအနေမျိုးတော့ရှိတယ်ပေါ့နော်။ ညီမ ပြိုင်ပွဲတွေတောက်လျှောက်ဝင်ပြိုင်နေမယ်။ အမှတ်စုနိုင်သလောက်စုသွားမယ်။ Sea Game အတွက်ကျတော့ ဘယ်နှစ်ယောက်လွှတ်မလဲ Team ရိုက်ရမှာလား တစ်ယောက်တည်းရိုက်ရမှာလား ညီမသေချာမသိသေးဘူးပေါ့နော်”လို့ ဖြေကြားပေးထားပါတယ်။

လောလောဆယ် ပြင်ဆင်လှုပ်ရှားနေမှုတွေကို သက်ထားသူဇာက “ညီမလောလောဆယ်တော့ Denmark မှာ Training နှစ်လလာဆင်းတာပေါ့နော်။ ဒီနှစ်လအတွင်းမှာလည်း ညီမက ပြိုင်ပွဲသုံးပွဲသွားဖို့ရှိတယ်ပေါ့နော်။ ပထမဆုံးပွဲက ညီမ Nigeria သွားစရာရှိတယ်။နောက်လကျလို့ရှိရင်လည်း Greece နဲ့ Bulgaria သွားစရာရှိတယ်”လို့ ပြောထားပြီး ဒီလိုပြိုင်ပွဲတိုင်းနီးပါး အနိုင်ရဗိုလ်စွဲနေတဲ့လျို့ဝှက်ချက်အားသာချက်ကိုတော့ သက်ထားသူဇာက “အဓိကကတော့ ညီမ အခြေခံပေါ့နော်။ ကြက်တောင်တင်မဟုတ်ပါဘူး။ အခြားကစားနည်းတွေမှာလည်း အခြေခံကောင်းမှ လက်ရွေးစင်အဆင့်ရောက်သွားရင် နားသွားလို့ရှိရင်လည်းပြန်ရိုက်ရင်လက်မပျက်ဘူးပေါ့နော်။ ညီမအတွက်က အခြေခံကောင်းနေပြီးသား၊ အဖေအမေတွေရဲ့ supporting လည်းပေးတယ်ပေါ့နော်။ အားပေးတဲ့လူတွေလည်းရှိလို့ အဲဒါတွေပေါင်းပြီးတော့မှ ညီမအတွက်ဆုဆိုတာရလာတာပါ”လို့ ပြောပြထားပါတယ်။

သက်ထားသူဇာက မြန်မာနိုင်ငံမှာရိုက်မယ့်ပွဲလည်းရှိသေးတာမို့ မကြာခင်ပရိသတ်တွေအားပေးခွင့်ရတော့မှာဖြစ်ကြောင်း “ညီမကတော့ မြန်မာနိုင်ငံကို စက်တင်ဘာငါးရက်နေ့မှာ Denmark ကနေပြန်လာမှာပေါ့နော်။ခြောက်ရက်နေ့မှရောက်မယ်။ ပြီးရင်မြန်မာနိုင်ငံမှာလည်း ဆယ်ရက်နေ့မှာ ပွဲရှိတယ်ပေါ့နော်။ အဲဒီပွဲညီမရိုက်ဖြစ်မယ်ပေါ့။ ညီမကိုအားပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ ညီမကို ဆက်ပြီးအားပေးပါဦး။ ညီမတင်မဟုတ်ဘူး။ နောက်တက်လာမယ့်ဂျူနီယာကစားသမားတွေကိုလည်းဆက်ပြီးအားပေးပါဦးလို့ပြောချင်ပါတယ်”လို့ ပြောသွားပါတယ်။