


CRD-Momolay

UNICODE

ပထမဆုံး ပြက္ခဒိန်ရိုက်တုန်းက ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တဲ့ နန္ဒာလှိုင်

မဟာဆန်တဲ့အလှတရားကြောင့် တစ်ခေတ်တစ်ခါက ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးခဲ့တဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ လက်ရှိမှာ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ် သမီးလေးတွေရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန္ဒာလှိုင်က သူမမော်ဒယ်စဖြစ်ခါစက ပထမဦးဆုံး ပြက္ခဒိန်ရိုက်ခဲ့တဲ့ ပုံလေးတစ်ပုံကို အမှတ်တရတင်လိုက်တာ တွေ့ရပါတယ်။ မော်ဒယ်ဖြစ်ခါစတုန်းက မင်းသမီးချောလေး နန္ဒာလှိုင်ရဲ့ပုံရိပ်ကတော့ နုပျိုလင်းလက်တဲ့ အလှတရားနဲ့ တောက်ပနေတာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုလှရက်လွန်းတဲ့ နန္ဒာလှိုင်ရဲ့ငယ်ငယ်ကပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။နန္ဒာလှိုင်ကတော့ “ပထမဆုံးပြက္ခဒိန်” ဆိုပြီး ပထမဦးဆုံး ပြက္ခဒိန် ရိုက်တုန်းက သူမရဲ့အလှပုံရိပ်လေးကို လူမှုကွန်ယက်မှာ အမှတ်တရတင်ထားတာပဲ ဖြစ်ပါတယ်။ သူမတူတဲ့ အလှတရားကြောင့် နာမည်ကြီးတဲ့ နန္ဒာလှိုင်ကတော့ ကျောင်းသူဘဝတုန်းကလည်း Queen အဖြစ် သတ်မှတ်ခံခဲ့ရသူလေးပါ။

အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ ပိုပိုပြီး နုပျိုလာဆဲဖြစ်တဲ့ နန္ဒာလှိုင်…။ပရိသတ်တွေအရမ်းချစ်ကြတဲ့ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့တာ နှစ်ပေါင်းကြာနေပြီဆိုပေမယ့်လည်း သူမရဲ့အကြောင်းကို ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ရှိနေကြဆဲပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို သမီးလေးတွေရဲ့လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေအတွက် ဝေမျှပေးလေ့ရှိတဲ့ မေမေနန္ဒာလှိုင်ကတော့ သမီးလေးတွေကိုလည်း အရမ်းချစ်တာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းတဲ့ ငယ်ဘဝပုံရိပ်လေးကို ချပြလိုက်တဲ့ နန္ဒာလှိုင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။