မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို အခိုင္အမာရရွိထားတဲ့သူေတြျဖစ္တဲ့ ေဒါင္းနဲ႕ ထူးေအာင္တို႕ကေတာ့ ရုပ္ရွင္ရိုက္ကူးေရးအတြက္ ျဖံဳဘူးရြာကို ေရာက္ရွိေနတာျဖစ္ပါတယ္။ သူတို႕ႏွစ္ေယာက္ကေတာ့ “ဝတ္လဲေတာ္ေရႊပုဆိုးတန္းထိုးလို႔ႀကိဳမယ္” ဆိုတဲ့ ဇာတ္ကားမွာ အတူပါဝင္သရုပ္ေဆာင္ေတာ့မွာျဖစ္ပါတယ္။

သူတို႕ႏွစ္ေယာက္ကေတာ့ အဲဒီရုပ္ရွင္ကားမွာ နာမည္ေက်ာ္ သရုပ္ေဆာင္မင္းသမီး ဝတ္မႈန္ေရႊရည္နဲ႔အတူ သရုပ္ေဆာင္ၾကမွာျဖစ္ပါတယ္။ ရုပ္ရွင္ဇာတ္ေကာင္ပီျပင္ဖို႔အတြက္ ျဖံဳဘူးရြာသားဘဝကို ကိုယ္တိုင္ေလ့လာသင္ယူေနတဲ့ ထူးေအာင္နဲ႔ ေဒါင္းတို႕ကေတာ့ ျဖံဳဘူးရြာသားေတြနဲ႔အတူ တစ္သားတည္း ရိုးရာျခင္းခတ္ေနၾကတာျဖစ္ပါတယ္။

အျမဲႀကိိဳးစားေနတဲ့ ပရိိသတ္ေတြရဲ႕ အခ်စ္ေတာ္ မင္းသားႏွစ္ေယာက္ကေတာ့ ရြာမွာ ဘယ္လိုမ်ိဳးေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ရြာသားဘဝကို ျဖတ္သန္းေနၾကလဲဆိုတာ ၾကည့္လိုက္ပါဦးေနာ္။

CRD-Auntymay

UNICODE

ဖြုံဘူး ရွာသားတွေနဲ့အတူ ခြင်းခတ်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော်ဒေါင်းနဲ့ထူးအောင်

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့သူတွေဖြစ်တဲ့ ဒေါင်းနဲ့ ထူးအောင်တို့ကတော့ ရုပ်ရှင်ရိုက်ကူးရေးအတွက် ဖြုံဘူးရွာကို ရောက်ရှိနေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ “ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်” ဆိုတဲ့ ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်တော့မှာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့ အဲဒီရုပ်ရှင်ကားမှာ နာမည်ကျော် သရုပ်ဆောင်မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့အတူ သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကောင်ပီပြင်ဖို့အတွက် ဖြုံဘူးရွာသားဘဝကို ကိုယ်တိုင်လေ့လာသင်ယူနေတဲ့ ထူးအောင်နဲ့ ဒေါင်းတို့ကတော့ ဖြုံဘူးရွာသားတွေနဲ့အတူ တစ်သားတည်း ရိုးရာခြင်းခတ်နေကြတာဖြစ်ပါတယ်။

အမြဲကြိုးစားနေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားနှစ်ယောက်ကတော့ ရွာမှာ ဘယ်လိုမျိုးပျော်ပျော်ပါးပါးနဲ့ ရွာသားဘဝကို ဖြတ်သန်းနေကြလဲဆိုတာ ကြည့်လိုက်ပါဦးနော်။