


Source : Wutt Hmone Shwe Yi,CRD-Cele Gabar

UNICODE

“ဖြုံဘူးရွာသူရွာသားတွေရဲ့ ရိုးသားပြီးဖော်ရွှေမှုကြောင့် ဖြုံဘူးရွှာမှာ အပျော်ကြီးပျော်နေတဲ့ ရွှေကစ်လေး”

ဝတ်မှုန်ရွေရည်ကတော့ အနုပညာလောကမှာ သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေကတော့ သူမကို ရွှေကစ်လေးလို့ချစ်စနိုးနဲ့ ခေါ်ဆိုကြတာပဲဖြစ်ပါတယ်။ရွှေကစ်လေးကတော့ ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Model Festival ပွဲမှာလည်း Asia Special Awardဆုကြီးကို ရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

ရွှေကစ်လေးကတော့ အကယ်ဒမီဆုကြီး (၂)ဆုကို လည်းရရှိပိုင်ဆိုင်ထားတာဖြစ်ပြီး လတ်တလောမှာလည်း “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ “ခင်နှောင်း”ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင် ရိုက်ကူးသွားမှာဖြစ်ကြောင်းသိရပါတယ်။ရွှေကစ်လေးဟာ ဇာတ်ကားကြီး ရိုက်ကူးဖို့အတွက် ရေစကြိုမြို့တစ်ဖက်ကမ်းမှာရှိတဲ့ ဖြုံဘူးရွာကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဖြုံဘူးရွာသူရွာသားတွေရဲ့ ရိုးသားပွင့်လင်းတဲ့ ချစ်စဖွယ်အမူအရာ လေးတွေကြောင့် ဖြုံဘူးရွာမှာ အပျော်ကြီး ပျော်နေတာပဲဖြစ်ပါတယ်။

“ခင်နှောင်းအတွက် ဝိတ်တင်နေတယ်။ ပျော်စရာ ကောင်းလိုက်တာ။ ရွာသူ ရွာသားတွေကလည်း အရမ်းကူညီ ပြီး ပြည့်ဝလိုက်ကြတာ။ ပိုက်ဆံ ဘယ်လောက်ရှိရှိ လောဘ မောဟ မာန်မာန မရှိ ဘဝကို ရွာထဲမှာ ရိုးသားစွာ ဖြတ်သန်းနေလိုက်ကြတာ။ ချစ်လိုက်တာ တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်နှုတ်ဆက်ရတာ လည်း ဓလေ့တဲ့။ ရွာထဲ လှည့်ရတာလည်း ခံစားချက်အသစ်။ ဒီမယ် ဒီရွာသူဖြစ်ရတာ ကြိုက်တာဆိုအေ။”လို့ ချစ်စရာကောင်းတဲ့ ဖြုံဘူးရွာသူလေးတစ်ယောက်ရဲ့ လေယူလေသိမ်းလေးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဖြုံဘူးရွာမှာပျော်နေတဲ့ ရွေကစ်လေး အတွက်မှတ်ချက်လေးတွေရေးပေးခဲ့ပါဦးနော်။