



UNICODE

“ချစ်ရတဲ့ ပရိသတ်တွေကို ချစ်စနိုး နာမည်လေး ပေးခဲ့တဲ့ ပိုင်တံခွန်”

နူတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပိုင်တံခွန်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသားတစ်ယောက် ပဲဖြစ်ပါတယ်။ သူရဲ့ ဘော်ဒီတောင့်ဖြောင့်ပြီး စမတ်ကျမှုတွေကြောင့် မြန်မာကောင်မလေးတွေရဲ့ ပါးစပ်ဖျားမှာသာမက ထိုင်းက နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာပါ နေရာအပြည့်ယူထားနိုင်တဲ့ မင်းသားချောလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကတော့ တစ်နေ့တာဖြတ်သန်းမှုတွေ၊ ဗီဒီရိုဖိုင်လေးတွေကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလေ့ရှိသူတစ်ဦး ပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဟာဆိုရင် ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက် ၊တီဗွီချန်နယ်တော်တော်များများမှာ နာမည်ကြီးလူသိများလာခဲ့ပြီး ထိုင်းသာမက ဗီယက်နမ်မှာပါ အောင်မြင်လူသိများပြီး နေယူအပြည့် ယူနိုင်တဲ့ မင်းသားတစ်ယောက်လို့လည်းဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေကို

“ကျွန်တော်ပရိသတ်တွေကို Kalico လို့ခေါ်မယ်နော်။ပရိသတ်တချို့က Fandom name လေးပေးပါလို့ အမြဲ တောင်းဆိုလို့ ကျွန်တော်ပေးထားတာ ” ဆိုပြီးတော့ ပိုင်တံခွန်က ချစ်ရတဲ့ ပရိသတ်တွေကို နာမည်ပြောင်လေး ပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ ကောင်မလေးတွေအသဲယားစရာ အမူအရာလေးတွေနဲ့ ချစ်ရတဲ့ ပရိသတ်တွေကို နာမည်လေးတွေပေးခဲ့တဲ့ ပိုင်တံခွန်အတွက် မှတ်ချက်လေးပြောပြခဲ့ပါဦး။

Source: Paing Takhon,CRD-CELE GABAR