


CRD-CELE GABAR

UNICODE

ဆရာကြီး မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်နဲ့ စနေမောင်မောင်ရုပ်ရှင်ဇာတ်ကားကြီးအတွက် သရုပ်ဆောင်ဖို့ကမ်းလှမ်းခံရတဲ့ ဒိတ်ဒိတ်ကျဲမင်းသားများ

မြန်မာ့ စာပေလောကရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ဆရာကြီး မင်းသိင်္ခ ရေးသားခဲ့သော ဝထ္တုများစွာထဲက နာမည်ကြီးတဲ့ ဝတ္ထုတွဲတွေဖြစ်တဲ့ ” ဆားပုလင်း နှင်းမောင်” နဲ့” စနေမောင်မောင် ” တို့ရဲ့ ဝတ္ထုတွေဟာ စာဖတ်သူ ပရိသတ်များစွာကြား လူသိများ နာမည်ကြီးခဲ့တဲ့ ဝတ္ထုတွဲဖြစ်ပါတယ်။ ပရိသတ်တွေကြိုက်နှစ်သက်ခဲ့တဲ့ ဒီ ” ဆားပုလင်း နှင်းမောင်” နဲ့” စနေမောင်မောင် ” တို့ရဲ့ ဝတ္ထုတွဲ ဇာတ်ကောင်အားလုံးကို “Golden Hour Film Production ” ထုတ်လုပ်ရေးက ဝယ်ယူခဲ့ပြီး လာမဲ့ (၂၀၂၀) ခုနှစ်မှာ ရုပ်ရှင်အဖြစ် အသက် သွင်းရိုက်ကူးမယ်လို့ လည်း သိရပါတယ်။

ပရိသတ်များစွာ စိတ်စားမှု မြင့်တက်နေတဲ့ ဒီဇာတ်ကောင်တွေနဲ့ ပတ်သက်လို့ ဖြစ်တည်လာမဲ့ ရုပ်ရှင်ကားကြီးရဲ့ နာမည်ကတော့ ” ဆားပုလင်း နှင်းမောင် နဲ့ စနေမောင်မောင် ” ဖြစ်ပြီး ဆားပုလင်း နှင်းမောင် အဖြစ် မင်းသားချောလေး ဒေါင်း ၊ စနေမောင်မောင် အဖြစ် မင်းသား နိုင်နိုင်း ၊ သိဒ္ဓိ အဖြစ် အောင်မြင့်မြတ် နဲ့အောင်ထွန်း အဖြစ် ပြေဇင် တို့ကို အသီးသီး ရွေးချယ်လိုက်တာလည်းဖြစ်ပါတယ်။

သရုပ်ဆောင်ဖို့ကမ်းလှမ်းခံရတဲ့ ဒိတ်ဒိတ်ကျဲမင်းသားများ ဖြစ်တဲ့ မင်းသား နိုင်နိုင်း ၊ဒေါင်း ၊ အောင်မြင့်မြတ်နဲ့ ပြေဇင်တို့ဟာလည်း ဒီရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ အချိန်ကာလ နှစ်ဝက်ခန့် ကြိုတင်ပြင်ဆင်သွားမှာ ဖြစ်ပြီး ဇာတ်ကားထဲတွင် ထပ်မံ ပါဝင်သွားမဲ့ သရုပ်ဆောင်များကိုလည်း ထပ်မံကြေညာမဲ့အကြောင်း ထုတ်လုပ်ရေးမှ ထုတ်ပြန်လိုကတာဖြစ်ပါတယ်။္ဘပရိသတ်ကြီးကော ” ဆားပုလင်း နှင်းမောင် နဲ့ စနေမောင်မောင် ” ရုပ်ရှင်ဇာတ်ကားကြီး အပေါ် ကြည့်ရှူဖို့ ရင်ခုန်စိတ်လှုပ်ရှားနေပြီမဟုတ်လားနော်..။

CRD-CELE GABAR