



UNICODE

မာဖီးယားမြို့တော်ဇာတ်ကားကြီးမှာ ထိမိတဲ့အိုက်တင်တွေနဲ့ အထာကျကျသရုပ်ဆောင်နေတဲ့ မြင့်မြတ်ရဲ့ရိုက်ကွင်းပုံရိပ်တွေ

ပြည်သူချစ် အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသားချော မြင့်မြတ်ကတော့ အရမ်းကိုလူချစ်လူခင်ပေါများလွန်းသူပဲ ဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး ဟန်ဆောင်မှုတွေကင်းစင်တဲ့ မြင့်မြတ်ရဲ့ပုံစံကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင့် မြင့်မြတ်က ကျရာဇာတ်ရုပ်မရွေး သဘာဝကျအောင် ပုံဖော်ပြီး သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြင့်မြတ်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ အခုလည်း မြင့်မြတ်က ဒါရိုက်တာယုန်လေး ရိုက်ကူးနေတဲ့ ”မာဖီးယားမြို့တော်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ မြင့်မြတ်က နေ့မနား ညမနား ကြိုးစားပမ်းစား ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြင့်မြတ်ရဲ့အိုက်တင်တွေကလည်း အရမ်းကိုထိမိပြီး အထာကျနေတာ တွေ့ရပါတယ်။ ပရိသတ်တွေကတော့ မြင့်မြတ်ရဲ့ဇာတ်ရုပ်အသစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပြီပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရိုက်ကွင်းပေါ်က မြင့်မြတ်ရဲ့ အမိုက်စား ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Myat Wai Tun;crd-myanmar load