Loading...

ႏုိင္ငံေက်ာ္ျပည္သူခ်စ္အႏုပညာရွင္္ထက္ထက္မိုးဦးကေတာ့ တေခတ္တခါတုန္းက အရမ္းနာမည္ၾကီးခဲ့ျပီး ပရိသတ္ အားေပးမႈ အျပည့္အဝ ရရွိထားတဲ့ ေၾကာ္ျငာဘုရင္မ တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာလုပ္ငန္းေတြကို ႏွစ္အေတာ္ၾကာရပ္နားၿပီးေနာက္လက္ရွိမွာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ေဆာင္ေနတဲ့ ထက္ထက္ကို ယေန့အခ်ိန္ထိ အားေပးၿပီး ခ်စ္ေနတဲ့သူေတြ အမ်ားႀကီး ရွိေနဆဲပဲ ျဖစ္ပါတယ္။ က်န္းမာေရးခ်ိဳ့ယြင္းမႈေၾကာင့္ေဆးရုံတက္ခဲ့ရၿပီး ေနေကာင္းေပ်ာက္ခါစမွာေတာ့ အႏုပညာအလုပ္ေတြနဲ့ပြဲတက္ေတြကို အရင္ကထက္ပိုဆက္တိုက္လုပ္ေတာ့မယ္လို့လည္းသိရပါတယ္။

ဒီေန႔ဟာ ျပည္သူ႕အခ်စ္ေတာ္ မင္းသားတစ္လက္ျဖစ္တဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒြး(ကိုသားႀကီး)က ခ်စ္တဲ့သူေတြကိုခြဲခြာသြားတဲ့ေန႕ တစ္ေန႕ျဖစ္တဲ့အတြက္ ထက္ထက္ကိုယ္တိုင္ကလည္း လုပ္ေဖာ္ကိုင္ဖက္ျဖစ္တဲ့ ေဒြးကို သတိရတမ္းတမိေၾကာင္း ရင္ဖြင့္လာတာျဖစ္ပါတယ္။ထက္ထက္နဲ့ ေဒြးတို့ဟာ (၁၉၉၀) နဲ႔ (၂၀၀၀ ) ဆယ္စုႏွစ္အေစာပိုင္းေလာက္က ျမန္မာ့ရုပ္ရွင္သမိုင္းမွာ ေစ်းကြက္နဲ႕ ျမန္မာ့စီးပြားေရးေၾကာ္ျငာ အေတာ္မ်ားမ်ားကို အတူတူလက္ခံရုိက္ကူးခဲ့ရတဲ့ အေအာင္ျမင္ဆံုးလုပ္ေဖာ္ကိုင္ဖက္ အႏုပညာစံုတြဲျဖစ္ပါတယ္။

သူတို႕နွစ္ေယာက္ရဲ႕ရဲ႕တီဗီေၾကာ္ျငာပံုရိပ္ေတြဟာလည္း ယေန႕အခ်ိန္အထိပရိသတ္ရဲ ႕ ရင္ထဲစြဲထင္က်န္ရစ္ဆဲပဲ ျဖစ္ၿပီးရုပ္ရွင္ကားအေတာ္မ်ားမ်ားကိုလည္း လိုက္ဖက္ညီညီသရုပ္ေဆာင္ခဲ့ရာ အထင္ရွားဆံုးဇာတ္ကားေတြကေတာ့ ႏွစ္ေယာက္တစ္အိပ္မက္ ၊ လ်ွိဳ႕ဝွက္ရင္ခုန္သံ ၊ ေမာင့္မူပိုင္ရွင္ ၊ အခ်စ္ဆိုေသာအရာ ၊ ရင္ထဲမွာဘာညာဘာညာ ၊ငွက္ကေလးရဲ႕ဒဏၰာရီ ၊ ဆန္႕က်င္ဘက္ျမားႏွစ္စင္း၏ ခ်စ္ျခင္းဆံုမွတ္ တို႕ပဲျဖစ္ၾကပါတယ္။ထက္ထက္ကေတာ့ သူနဲ႕အတြဲညီခဲ့တဲ့ ကိုသားႀကီး အတြက္ သတိတရနဲ႕အမွတ္တရ ေၾကာ္ျငာပံုရိပ္ေလးေတြကိုျပန္လည္ေဖာ္ျပခဲ့တာပဲ ျဖစ္သလိုကြယ္လြန္ခဲ့ၿပီျဖစ္တဲ့ ကိုသားႀကီးကို သတိတရ တမ္းတေနတာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးေရာ (၁၂)ျပည့္သြားၿပီျဖစ္တဲ့ ကြယ္လြန္ျခင္းအထိမ္းအမွတ္ကို သတိရရဲ့လားဆိုတာမွတ္ခ်က္ေပးခဲ့ပါဦးေနာ္။

Source:Htet Htet Moe Oo Only,CRD-CELE GABAR

UNICODE

” ရုပ်ရှင်လောကမှာ ခွဲမရအောင် အတွဲညီခဲ့တဲ့ ကိုသားကြီးကို သတိတရ တမ်းတလိုက်တဲ့ ထက်ထက်မိုးဦး “

နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်ထက်ထက်မိုးဦးကတော့ တခေတ်တခါတုန်းက အရမ်းနာမည်ကြီးခဲ့ပြီး ပရိသတ် အားပေးမှု အပြည့်အဝ ရရှိထားတဲ့ ကြော်ငြာဘုရင်မ တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေကို နှစ်အတော်ကြာရပ်နားပြီးနောက်လက်ရှိမှာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေတဲ့ ထက်ထက်ကို ယနေ့အချိန်ထိ အားပေးပြီး ချစ်နေတဲ့သူတွေ အများကြီး ရှိနေဆဲပဲ ဖြစ်ပါတယ်။ ကျန်းမာရေးချို့ယွင်းမှုကြောင့်ဆေးရုံတက်ခဲ့ရပြီး နေကောင်းပျောက်ခါစမှာတော့ အနုပညာအလုပ်တွေနဲ့ပွဲတက်တွေကို အရင်ကထက်ပိုဆက်တိုက်လုပ်တော့မယ်လို့လည်းသိရပါတယ်။

ဒီနေ့ဟာ ပြည်သူ့အချစ်တော် မင်းသားတစ်လက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဒွေး(ကိုသားကြီး)က ချစ်တဲ့သူတွေကိုခွဲခွာသွားတဲ့နေ့ တစ်နေ့ဖြစ်တဲ့အတွက် ထက်ထက်ကိုယ်တိုင်ကလည်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒွေးကို သတိရတမ်းတမိကြောင်း ရင်ဖွင့်လာတာဖြစ်ပါတယ်။ထက်ထက်နဲ့ ဒွေးတို့ဟာ (၁၉၉၀) နဲ့ (၂၀၀၀ ) ဆယ်စုနှစ်အစောပိုင်းလောက်က မြန်မာ့ရုပ်ရှင်သမိုင်းမှာ ဈေးကွက်နဲ့ မြန်မာ့စီးပွားရေးကြော်ငြာ အတော်များများကို အတူတူလက်ခံရိုက်ကူးခဲ့ရတဲ့ အအောင်မြင်ဆုံးလုပ်ဖော်ကိုင်ဖက် အနုပညာစုံတွဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ရဲ့တီဗီကြော်ငြာပုံရိပ်တွေဟာလည်း ယနေ့အချိန်အထိပရိသတ်ရဲ့ ရင်ထဲစွဲထင်ကျန်ရစ်ဆဲပဲ ဖြစ်ပြီးရုပ်ရှင်ကားအတော်များများကိုလည်း လိုက်ဖက်ညီညီသရုပ်ဆောင်ခဲ့ရာ အထင်ရှားဆုံးဇာတ်ကားတွေကတော့ နှစ်ယောက်တစ်အိပ်မက် ၊ လျှို့ဝှက်ရင်ခုန်သံ ၊ မောင့်မူပိုင်ရှင် ၊ အချစ်ဆိုသောအရာ ၊ ရင်ထဲမှာဘာညာဘာညာ ၊ငှက်ကလေးရဲ့ဒဏ္ဏာရီ ၊ ဆန့်ကျင်ဘက်မြားနှစ်စင်း၏ ချစ်ခြင်းဆုံမှတ် တို့ပဲဖြစ်ကြပါတယ်။ထက်ထက်ကတော့ သူနဲ့အတွဲညီခဲ့တဲ့ ကိုသားကြီး အတွက် သတိတရနဲ့အမှတ်တရ ကြော်ငြာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြခဲ့တာပဲ ဖြစ်သလိုကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ကိုသားကြီးကို သတိတရ တမ်းတနေတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော (၁၂)ပြည့်သွားပြီဖြစ်တဲ့ ကွယ်လွန်ခြင်းအထိမ်းအမှတ်ကို သတိရရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်။

Source:Htet Htet Moe Oo Only,CRD-CELE GABAR