Loading...





UNICODE

ယနေ့တိုင် ဖြူစင်တဲ့ အပြုံးလေးတွေနဲ့ ဆယ်ကျော်သက်လေးလို လှပနေဆဲ ဖြစ်တဲ့ မင်းသမီးချောလေး မေကဗျာ

မေကဗျာကတော့ အောင်မြင်တဲ့အနုပညာရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သရုပ်ဆောင်မှုတွေပီပြင်ခဲ့လို့ ပရိသတ်တွေအသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။လက်တလောမှာအနုပညာလှုပ်ရှားမှုတွေနည်းနေပေမယ့်လည်း ပရိသတ်တွေကတော့သူမကို ယနေ့တိုင်ချစ်ခင်နေကြဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုလဲ ရရှိနေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မေကဗျာကတော့ ရုပ်ရှင်ဇာတ်ကားတော်တော်များများရိုက်ကူးထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။သူမဟာသရုပ်ဆောင်တစ်ယောက်သာမကပဲ ဇာတ်သဘင်၊အငြိမ့်တွေမှာဆိုလည်း သူမရဲ့ကပြမှုတွေက ပရိသတ်လက်ခံမှုတွေရရှိသဖြင့် အနုပညာအရည်အချင်းပြည့်ဝတဲ့သူတစ်ယောက်လို့ပြောရင်လည်းမမှားပါဘူး။

ယနေ့မှာတော့ မေကဗျာဟာ မေမြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပြီး ယနေ့တိုင် ဖြူစင်တဲ့ အပြုံးလေးတွေနဲ့ ဆယ်ကျော်သက်လေးလို လှပနေဆဲ ဖြစ်ပါတယ်။ သူမကတော့ ” ပုံလေးတွေ လာsave တာပါYu Nandar Latt ကျေးဇူးပါရှင့် ဦးထုပ်လေးလက်ဆောင်ပေးလို့မေမြို့ကအေးနေတာပဲ ယမုံနာစွယ်တာလေး နဲ့ပါရှင့် ” ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံလေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

SOURCE; မေကဗျာ,CRD-Myanmar Load