Loading...

မိန္းကေလးပရိသတ္ေတြ သည္းသည္းလႈပ္ခ်စ္ၾကတဲ့ မင္းသားေခ်ာ ေဒါင္းက အခုခ်ိန္မွာေတာ့ သူ့ရဲ့ ဆန္းအတက္ဆံုးအခ်ိန္ကုိ ေရာက္ရိွေနတာ ျဖစ္ပါတယ္။ “ပုဂံျမိဳ့သူ” ၊ “လိပ္ျပာစံအိမ္” စတဲ့ ဇာတ္လမ္းေတြ ျပသျပီးတဲ့ေနာက္မွာေတာ့ ေဒါင္းက အားေပးသူပရိသတ္ အခိုင္အမာကို ရရိွခဲ့တာ ျဖစ္ပါတယ္။ အခုလက္ရိွမွာလည္း ေဒါင္းက သူခ်စ္တဲ့ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ လုပ္ကို္င္ေနလ်က္ ရိွပါတယ္။

ေဒါင္းက လက္ရိွမွာေတာ့ ေရစၾကဳိျမဳိ႕နယ္​ ျဖဳံဘူး႐ြာကို ေရာက္ရိွေနတာပဲ ျဖစ္ပါတယ္။ မျကာခင္မွာ သူသရုပ္ေဆာင္ရေတာ့မယ့္ “ဝတ္လဲေတာ္ ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္” ရုပ္ရွင္ဇာတ္ကားၾကီးအတြက္ အခုကတည္းက ျဖဳံဘူး႐ြာေလးမွာ ေနထိုင္ရင္း ဇာတ္ေကာင္စရိုက္ ပီျပင္ဖို့အတြက္ ရြာသူရြာသားေတြရဲ့ ေနထိုင္ပံု ဓေလ့စရိုက္ေတြကို ေလ့လာရင္း ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

“ဝတ္လဲေတာ္ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ေဒါင္းက ကိုက်ီးညိဳ ဆိုတဲ့ ဇာတ္ေကာင္ေနရာက သရုပ္ေဆာင္ရမွာျဖစ္ျပီး ကိုက်ီးညိဳရဲ့ ကာရိုက္တာအရ သူရင္းငွား လွည္းသမားစတဲ့ ေတာင္သူအလုပ္ေတြကို ေလ့က်င့္ေနတာပဲ ျဖစ္ပါတယ္။

သူရင္းငွား ကိုက်ီးညိဳပီသဖို့ လယ္ထြန္နည္းေတြ သင္ယူေနတဲ့ ေဒါင္း

ျဖဳံ႐ြာ ေတာင္​သူႀကီး ဦးဝင္​းေဌး ဦးစိန္​ရင္​ တို႔ကုိ ႏြားၾကင္​အင္​ လကၡဏာမ်ားကို ေမးျမန္းေနတဲ့ ေဒါင္း

နြားလွည္းေမာင္းတာကို ေသေသခ်ာခ်ာ သင္ယူေနတဲ့ ေဒါင္း

“ဝတ္လဲေတာ္ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္” ရုပ္ရွင္ဇာတ္ကားၾကီးကို ဒါရိုက္တာ မီးပြားက ရို္က္ကူးပံုေဖာ္မွာ ျဖစ္ျပီး ေဒါင္း၊ ဝတ္မႈံေရႊရည္နဲ့ ေအးဝတ္ရည္ေသာင္းတို့က အဓိက ပါဝင္သရုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ေဒါင္းကလည္း သူသရုပ္ေဆာင္မယ့္ ကိုက်ီးညိဳ ကာရိုက္တာအတြက္ ရိုက္ကူးေရး မစတင္ခင္ကတည္းက ၾကိုးစားျပီး ေလ့လာသင္ယူေနတာပဲ ျဖစ္ပါတယ္။ ေဒါင္း ၾကိုးစားထားတဲ့ “ဝတ္လဲေတာ္ေရႊပုဆိုး တန္းထိုးလို့ၾကိဳမယ္” ရုပ္ရွင္ဇာတ္ကားၾကီး ထြက္ရိွလာရင္လည္း အားေပးၾကပါဦး ပရိသတ္ၾကီးေရ။

Source: U Phoe Swe’s fb,CRD-MOMOLAY

UNICODE

ကိုကျီးညို ဇာတ်ရုပ်အတွက် အညာသားတစ်ယောက်လို နေထိုင်နေတဲ့ ဒေါင်း

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော ဒေါင်းက အခုချိန်မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ “ပုဂံမြို့သူ” ၊ “လိပ်ပြာစံအိမ်” စတဲ့ ဇာတ်လမ်းတွေ ပြသပြီးတဲ့နောက်မှာတော့ ဒေါင်းက အားပေးသူပရိသတ် အခိုင်အမာကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဒေါင်းက သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။

ဒေါင်းက လက်ရှိမှာတော့ ရေစကြိုမြို့နယ် ဖြုံဘူးရွာကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ သူသရုပ်ဆောင်ရတော့မယ့် “ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် အခုကတည်းက ဖြုံဘူးရွာလေးမှာ နေထိုင်ရင်း ဇာတ်ကောင်စရိုက် ပီပြင်ဖို့အတွက် ရွာသူရွာသားတွေရဲ့ နေထိုင်ပုံ ဓလေ့စရိုက်တွေကို လေ့လာရင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။

“ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါင်းက ကိုကျီးညို ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင်ရမှာဖြစ်ပြီး ကိုကျီးညိုရဲ့ ကာရိုက်တာအရ သူရင်းငှား လှည်းသမားစတဲ့ တောင်သူအလုပ်တွေကို လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။

သူရင်းငှား ကိုကျီးညိုပီသဖို့ လယ်ထွန်နည်းတွေ သင်ယူနေတဲ့ ဒေါင်း

ဖြုံရွာ တောင်သူကြီး ဦးဝင်းဌေး ဦးစိန်ရင် တို့ကို နွားကြင်အင် လက္ခဏာများကို မေးမြန်းနေတဲ့ ဒေါင်း

နွားလှည်းမောင်းတာကို သေသေချာချာ သင်ယူနေတဲ့ ဒေါင်း

“ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်မှာ ဖြစ်ပြီး ဒေါင်း၊ ဝတ်မှုံရွှေရည်နဲ့ အေးဝတ်ရည်သောင်းတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒေါင်းကလည်း သူသရုပ်ဆောင်မယ့် ကိုကျီးညို ကာရိုက်တာအတွက် ရိုက်ကူးရေး မစတင်ခင်ကတည်းက ကြိုးစားပြီး လေ့လာသင်ယူနေတာပဲ ဖြစ်ပါတယ်။ ဒေါင်း ကြိုးစားထားတဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြပါဦး ပရိသတ်ကြီးရေ။

Source: U Phoe Swe’s fb,CRD-MOMOLAY