Loading...




CRD-SHWEMOM

UNICODE

“Frequency “ ရုပ်ရှင်ကားအထူးပွဲကို အလှဆုံးတက်ရောက်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်ကတော့ အမာခံပရိသတ်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ကြိမ်နှုန်း”ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“ကြိမ်နှုန်း”ဇာတ်ကားရဲ့ အထူးပွဲကိုတော့ ဇူလိုင်လ ၁၀ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပြီး အိန္ဒြာကျော်ဇင်ကလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ “ကြိမ်နှုန်း”ဇာတ်ကားထဲက သူမရဲ့ ဇာတ်ကောင်အတိုင်း ဝတ်စားဆင်ယင်ပြီး တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

မြန်မာဆန်ပြီး ကျက်သရေရှိတဲ့အလှနဲ့ အရမ်းကို လှလွန်းနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ “ကြိမ်နှုန်း”ဇာတ်ကားကတော့ ဝိညာဉ်လောက နှင့် လူ့လောကကြားကို ရိုက်ပြထားတာဖြစ်ပြီး လာမယ့် ၁၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

CRD-SHWEMOM