


CRD-CELE GABAR

UNICODE

” အိမ်ထောင်မပြုဘဲ အပျိုကြီးတကယ်လုပ်မယ်လို့ဆိုလာတဲ့ မြိုင် “

မေမီကိုကိုဟာဆိုရင် လူကြီးလူငယ်မရွေး အားပေးခံရတဲ့ MRTV -(4) ရဲ့ ပင်တိုင်မင်းသမီးလေးတစ်ယောက် ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျားရည်အိုင်ရုပ်သံဇာတ်လမ်းတွဲဟာ လူငယ်တွေသာမက လူကြီးတွေပါ အားပေးနှစ်ခြိုက်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်တဲ့အပြင် မြိုင်ဆိုတဲ့ ဇာတ်ကောင်နဲ့ အနုပညာလောမှာ အသိအမှတ်ပြုခံရလာတယ်ဆိုတာ မမှားပါဘူးနော်။

Star Awards 2018 မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အလေးထားတတ်သူမို့ ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံလေးကြောင့်ယောကျာ်းလေးပရိသတ်တွေ ရဲ့အသည်းကျော် တစ်ဦး ဖြစ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ အလှပုံရိပ်လေးတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို သူမရဲ့လူမှုကွန်ရက်ကနေ ဖော်ပြလေ့ရှိပါတယ်။

လတ်တလောမှာတော့ ဇာတ်လမ်းတွဲမင်းသားလပြည့်နဲ့ Tik Tok ဆော့ထားတဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအား သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းတွဲမင်းသားလပြည့်နဲ့ ဟန်ချက်ညီညီTikTokဆော့ထား ပုံလေးကတော့ အပျိုကြီးလုပ်မယ်ဆိုတဲ့မေမီကိုကို ကို သရုပ်ဆောင်လပြည့်က အပျိုကြီးမလုပ်စေချင်တဲ့ အကြောင်းကို ပြောပြထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ TikTokလေးကို ကြည့်ပြီး တစ်ခုခုမှတ်ချက်ပေးခဲ့ပါဦးနော်။

CRD-CELE GABAR