Loading...

ကုသိုလ္ေရးနဲ႔ ပတ္သက္လာရင္ လက္မေႏွးသူ ခင္လႈိင္က ၄ ႀကိမ္ေျမာက္ ေရအလႉအတြက္ မေကြးတိုင္း၊ မေကြးခ႐ိုင္၊ ေခ်ာက္ၿမိဳ႕နယ္ရွိ စြယ္ေပါကၠံေက်း႐ြာမွာ ျပဳလုပ္ခဲ့ပါတယ္။

ခင္လႈိင္က သူကိုယ္တိုင္ ဦးေဆာင္တဲ့ ေရကုသိုလ္အက်ိဳးေတာ္ေဆာင္အသင္းကေနၿပီးေတာ့ ေရအခက္အခဲျဖစ္ေနတဲ့ ေဒသအတြက္ အလႉတစ္ခုျပဳခဲ့ျပန္ပါၿပီ။ ဒါကေတာ့ သူ႔အတြက္ ၄ ႀကိမ္ေျမာက္ ကုသိုလ္ျဖစ္ပါတယ္။

‘’ေရကုသိုလ္အက်ိဳးေတာ္ေဆာင္အသင္းႏွင့္ ၇ ရက္သားသမီးေရကုသိုလ္ရွင္မ်ားစုေပါင္းလႉဒါန္းမည့္ ၄ ႀကိမ္ေျမာက္ စက္ေရတြင္း၊ ေရစဥ္၊ ေရကန္၊ ေရစက္၊ မီးစက္ လႉဒါန္းမည့္ မေကြးတိုင္း၊ မေကြးခ႐ိုင္ ၊ ေခ်ာက္ၿမိဳ႕နယ္

စြယ္ေပါကၠံ( အေရွ႕႐ြာ)သို႔ ယေန႔ ၁၁.၇.၂၀၁၉ တြင္ ကြၽန္ေတာ္တိုု႔သြားေရာက္ၿပီး ကနဦး စရံေငြ ေပးေခ်ခဲ့ပါသည္’’လို႔ ဇူလိုင္လ ၁၁ ရက္ေန႔ ညေန ၁ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးခဲ့ပါတယ္။

အဲဒီေနာက္ ေရအက်ိဳးေတာ္ေဆာင္အသင္းအတြက္ လိုအပ္သည္မ်ားကို လႉဒါန္းေပးခဲ့ၾကတဲ့ အလႉရွင္ေတြကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါေသးတယ္။

‘’ကြၽန္ေတာ္တို႔ အသင္းႏွင့္အတူ ေရတြင္းတူးရန္ ေျမေနရာလႈဒါန္းေပးပါေသာ ဦးဘရီ+ေဒၚတင္ႏြဲ႕ မိသားစု စြယ္ေပါကၠံ(အေရွ႕႐ြာ)အားအထူးပဲေက်းဇူးတင္ရွိပါသည္။ ေရကုသိုလ္ အလႈရွင္မ်ား ၾကည္ႏူးပီတိျဖစ္ ေစရန္ တင္ျပအပ္ပါသည္အလႈရွင္မ်ားစာရင္းကိုထပ္ၿပီးတင္ျပသြားပါမည္ခင္ဗ်ာ။ ေရကုသိုလ္ အက်ိဳးေတာ္ေဆာင္အသင္း’’ ဆိုၿပီးေတာ့ ဆက္လက္ ေရးသားခဲ့ပါေသးတယ္။

ခင္လႈိင့္ရဲ႕ ပထမဆုံးအႀကိမ္ ေရတြင္းအလႉေတာ္အျဖစ္ မေကြးတိုင္းေဒသအတြင္းမွာ ေရျပတ္လတ္ ေနတဲ့ မေကြးတိုင္းၿမိဳ႕နယ္ ၾကာကန္ ေက်း႐ြာအုပ္စုမွာရွိတဲ့ ၾကာကုန္းတဲဘုန္းႀကီးေက်ာင္းတိုက္ကို စက္ေရတြင္းလႉဒါန္းခဲ့တာျဖစ္ပါတယ္။ဒုတိယအႀကိမ္ ေရအလႉကိုေတာ့ မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္ မဂၤလာ သီရိေက်း႐ြာမွာ လႉဒါန္းခဲ့တာျဖစ္ပါတယ္။ ေနာက္ထပ္လည္း ေရအခက္အခဲျဖစ္ ေနတဲ့ ေဒသေတြမွာ ေရတြင္းေတြ လႉဒါန္းသြားဦးမယ္လို႔လည္း ေဖ့စ္ဘြတ္ေပၚမွာ ေရးသားခဲ့ဖူးပါတယ္။

ခင္လႈိင္ဟာ အႏုပညာေလာကမွာလည္း ပရိသတ္အားေပးမႈ ရရွိထားသူ တစ္ဦးျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ႏိုင္မႈ ေတြ ေၾကာင့္ အႏုပညာေလာကမွာ ယခုခ်ိန္ထိ ရပ္တည္ေနႏိုင္ေနသူလည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း ႐ုံတင္ျပသလွ်က္ရွိတဲ့ ႐ုပ္ရွင္ဇာတ္ကား ႀကီးေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။

အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးသူတစ္ေယာက္လို႔ ေျပာရမွာပါ။ အၿမဲတမ္းလိုလို စတုဒီသာ အလႉေတြ ျပဳလုပ္လ်က္ ရွိၿပီး ၿပီးခဲ့ေသာလပိုင္းေလာက္က ေရရွားပါးေသာ ေနရာမ်ားကို သူကိုယ္တိုင္ဦးစီးၿပီး အလႉေငြမ်ားေကာက္ခံကာ သြားေရာက္လႉ ဒါန္းခဲ့တာ ကိုလည္း ေတြ႕ရပါတယ္။

CRD-CELE YATKWAT

UNICODE

၄ ကြိမ်မြောက် ရေကုသိုလ်အလှူပြုနိုင်ခဲ့တဲ့ ခင်လှိုင်

ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးသူ ခင်လှိုင်က ၄ ကြိမ်မြောက် ရေအလှူအတွက် မကွေးတိုင်း၊ မကွေးခရိုင်၊ ချောက်မြို့နယ်ရှိ စွယ်ပေါက္ကံကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။

ခင်လှိုင်က သူကိုယ်တိုင် ဦးဆောင်တဲ့ ရေကုသိုလ်အကျိုးတော်ဆောင်အသင်းကနေပြီးတော့ ရေအခက်အခဲဖြစ်နေတဲ့ ဒေသအတွက် အလှူတစ်ခုပြုခဲ့ပြန်ပါပြီ။ ဒါကတော့ သူ့အတွက် ၄ ကြိမ်မြောက် ကုသိုလ်ဖြစ်ပါတယ်။

‘’ရေကုသိုလ်အကျိုးတော်ဆောင်အသင်းနှင့် ၇ ရက်သားသမီးရေကုသိုလ်ရှင်များစုပေါင်းလှူဒါန်းမည့် ၄ ကြိမ်မြောက် စက်ရေတွင်း၊ ရေစဉ်၊ ရေကန်၊ ရေစက်၊ မီးစက် လှူဒါန်းမည့် မကွေးတိုင်း၊ မကွေးခရိုင် ၊ ချောက်မြို့နယ်

စွယ်ပေါက္ကံ( အရှေ့ရွာ)သို့ ယနေ့ ၁၁.၇.၂၀၁၉ တွင် ကျွန်တော်တို့သွားရောက်ပြီး ကနဦး စရံငွေ ပေးချေခဲ့ပါသည်’’လို့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးခဲ့ပါတယ်။

အဲဒီနောက် ရေအကျိုးတော်ဆောင်အသင်းအတွက် လိုအပ်သည်များကို လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

‘’ကျွန်တော်တို့ အသင်းနှင့်အတူ ရေတွင်းတူးရန် မြေနေရာလှုဒါန်းပေးပါသော ဦးဘရီ+ဒေါ်တင်နွဲ့ မိသားစု စွယ်ပေါက္ကံ(အရှေ့ရွာ)အားအထူးပဲကျေးဇူးတင်ရှိပါသည်။ ရေကုသိုလ် အလှုရှင်များ ကြည်နူးပီတိဖြစ် စေရန် တင်ပြအပ်ပါသည်အလှုရှင်များစာရင်းကိုထပ်ပြီးတင်ပြသွားပါမည်ခင်ဗျာ။ ရေကုသိုလ် အကျိုးတော်ဆောင်အသင်း’’ ဆိုပြီးတော့ ဆက်လက် ရေးသားခဲ့ပါသေးတယ်။

ခင်လှိုင့်ရဲ့ ပထမဆုံးအကြိမ် ရေတွင်းအလှူတော်အဖြစ် မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ် နေတဲ့ မကွေးတိုင်းမြို့နယ် ကြာကန် ကျေးရွာအုပ်စုမှာရှိတဲ့ ကြာကုန်းတဲဘုန်းကြီးကျောင်းတိုက်ကို စက်ရေတွင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ဒုတိယအကြိမ် ရေအလှူကိုတော့ မန္တလေးတိုင်း မတ္တရာမြို့နယ် မင်္ဂလာ သီရိကျေးရွာမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ်လည်း ရေအခက်အခဲဖြစ် နေတဲ့ ဒေသတွေမှာ ရေတွင်းတွေ လှူဒါန်းသွားဦးမယ်လို့လည်း ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

ခင်လှိုင်ဟာ အနုပညာလောကမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှု တွေ ကြောင့် အနုပညာလောကမှာ ယခုချိန်ထိ ရပ်တည်နေနိုင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသလျှက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကား ကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။

CRD-CELE YATKWAT