The Voice Myanmar 2019 ခုႏွစ္ Season 2 ရဲ႕ ပရိသတ္ေတြအခ်စ္ဆံုးၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္ၿပီး အဆိုေကာင္းေကာင္းနဲ႔ ၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ပန္ပန္ေၾကးမံုကို ေတာ့အားလံုး သိၾကမွာပါ။ သူနဲ႔ေပၚျပဴလာဂ်ာနယ္နဲ႔အင္တာဗ်ဴးမွာ The Voice ၿပိဳင္ပြဲဝင္ေနတုန္းက ႀကံဳခဲ့ရတဲ့ ဝမ္းနည္းစရာေကာင္းတဲ့ အျဖစ္အပ်က္တစ္ခုကိုေျပာျပသြားခဲ့ပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကိုပရိတ္ေတြသိရေအာင္ျပန္ေျပာျပေပးလိုက္ရပါတယ္။

ပန္ပန္ေၾကးမံုက “စိတ္ထိခိုက္ဝမ္းနည္းေနတာဆိုတာကေတာ့ ေမာင္ႏွမေတြကေတာ့အကုန္လံုးကခ်စ္ၾကတဲ့မိသားစုေတြမ်ားတာေပါ့။ ဒါေပမယ့္အစ္မတို႔မွာက်ေတာ့ အေဖက ၂၀၁၀မွာဆံုးသြားတယ္။ အိမ္မွာက ေယာက္်ားသားရယ္လို႔အားကိုးစရာ အစ္ကိုပဲ႐ိွတာေလ။ အဲ့ဒါေၾကာင့္ တစ္ခုခုဆို႐ွင္ အိမ္မွာက မပန္ကနည္းနည္းေယာက္်ားေလးဆန္တယ္ဆိုေတာ့ တစ္ခုခုအိမ္မွာတစ္ခုခုဆိုရင္ အားကိုးစရာ အစ္မပဲက်န္တယ္ ။အဲ့ဒီက်ေတာ့ ဘယ္လိုျဖစ္ေနသလဲဆိုေတာ့ ကိုႀကီးဆံုးသြားတဲ့အခ်ိန္မွာ အစ္မဒီတစ္ေခါက္ ဒီမွာ ရီဟာဇယ္လာတိုက္ရတဲ့အခ်ိန္မွာ ကိုႀကီးက ေဆး႐ံုတင္ထားရတယ္။ အစ္မက၇ရက္ေန႔လာတယ္ ကိုႀကီးက ၈ရက္ေန႔ခြဲရတယ္။ ခြဲေတာ့ၾကားထဲမွာသူအေျခအေနသိပ္မေကာင္းဘူးေပါ့ေနာ္။ ေမ်ာေနတယ္ဆိုေတာ့ ၁၄ရက္ေန႔မွာ အင္တာဗ်ဴးေျဖရမွာေတြဘာေတြကို ခဏရပ္ၿပီးေတာ့ မႏၱေလးကိုခဏျပန္ေျပးရတယ္ ။အသက္မီေအာင္ေပါ့ေနာ္ ေျပးတဲ့အခ်ိန္မွာလည္း အစ္မဝမ္းနည္းတာေပါ့ေလျဖစ္ႏိုင္ရင္ေတာ့ အိမ္ထဲမွာပဲငိုေနခ်င္တာေပါ့ ။

ဘာျဖစ္လို႔လဲဆိုေတာ့ အစ္ကိုဆံုးထားတာလည္းမေန႕ကမွရက္လည္ထားတာဆိုေတာ့ ။ ဒါေပမယ့္ အစ္မျပန္စဥ္းစားတယ္ ။ သြားတဲ့သူကေတ့ာ သြားၿပီ အစ္မကထိုင္ငိုေနေတာ့လည္း အစ္မတို႔အေမတို႔ေနာက္မပန္ရဲ႕အစ္မရယ္ဆိုေတာ့ သူတို႔ေ႐ွ႕မွာ အစ္မအရမ္းလည္း ၿပိဳလဲေနလို႔မရဘူး ၿပီးေတာ့ မပန္ကို ေမွ်ာ္လင့္ေနတဲ့ အားေပးေနတဲ့ သူေတြ အကုန္လံုးကလည္း Facebookေတြ မွာလည္းအားေပးတယ္ ဖုန္းနဲ႔လည္းအားေပးတယ္ ။သူတို႔ေတြအစ္မကို စိတ္အားငယ္သြားမွာ အားေလ်ာ့သြားမွာေၾကာက္တယ္။ ကိုယ့္စိတ္နဲ႔ကိုယ္ဆိုရင္ေတာ့ ဝမ္းနည္းေနတာေပါ့ေနာ္။ ဒါေပမယ့္လည္း ဆက္သြားရမွာပဲ ။လူဆိုတာက ဒါကမေမွ်ာ္လင့္ဘဲျဖစ္သြားတယ္ဆိုေတာ့ ။

မပန္က ၂၀၁၁မွာ Melody World ဝင္ၿပိဳင္တယ္ဆိုေတာ့ အစ္မအေဖဆံုးၿပီးေပါ့ေနာ္။ အိမ္ကအေမနဲ႔အေဖမွာက အေဖက နည္းနည္းေအးတယ္ေလ ေအးရာေအးေၾကာင္းပဲေနတာ ။ အဲ့ဒီခါက်ေတာ့ အစ္မကရန္ကုန္ကိုသြားမယ္ တစ္ေယာက္တည္းသြားၿပိဳင္မယ္ဆိုတဲ့အခ်ိန္မွာ ငါ့သမီးက အဆက္သြယ္လည္းမ႐ိွဘူးေက်ာေထာက္ေနာက္ခံလည္းမ႐ိွဘူး ။ ၿပီးေတာ့ အစ္မတို႔မိသားစုကလည္းဝန္ထမ္းျဖစ္တဲ့အခါက်ေတာ့ သိပ္ၿပီးေတာ့ Supporting မေပးႏိုင္ဘူး ။ အ့ဲဒါေၾကာင့္မၿပိဳင္ပါနဲ႔လို႔ေတာ့ အစ္မအေဖကေျပာတယ္။ ၂၀၁၀ အေဖဆံုးသြားၿပီး နည္းနည္းလည္း စိတ္ထိခိုက္ေနတဲ့အခ်ိန္မွာ အစ္မ Melody ကိုဝင္ၿပိဳင္ျဖစ္တယ္ေပါ့ ။ အခုက အစ္မတို႔ဝင္ၿပိဳင္တဲ့အခ်ိန္မွာ အိမ္ကအစ္ကိုမွာ ေရာဂါ႐ိွေနတယ္ဆိုလည္းမသိဘူး ။ၿပိဳင္ေတာ့အစ္မတို႔အစ္ကိုကလည္းအရမ္းအားေပးတယ္။ အခုသူ႔ဆိုရင္ေဆး႐ံုတက္ရတယ္ေပါ့ေနာ္ ။ Resultေတြထြက္လာတယ္ အစ္မကိုမေျပာခိုင္းဘူး သူ႔ဘာသာၿပိဳင္ပါေစ သြားပါေစ သူ႔ကိုေနာက္ဆံတင္းေအာင္မလုပ္နဲ႔ ဆိုၿပီးအေမ့ကိုတားခဲ့တာ”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

CRD-Nanmalgyi

UNICODE

အဆိုပြိုင်ပွဲပြိုင်တိုင်းချစ်ရတဲ့သူတွေ ဆုံးရှုံးရတဲ့အကြောင်းပြောလာတဲ့ ပန်ပန်ကြေးမုံ

The Voice Myanmar 2019 ခုနှစ် Season 2 ရဲ့ ပရိသတ်တွေအချစ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး အဆိုကောင်းကောင်းနဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ပန်ပန်ကြေးမုံကို တော့အားလုံး သိကြမှာပါ။ သူနဲ့ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာ The Voice ပြိုင်ပွဲဝင်နေတုန်းက ကြုံခဲ့ရတဲ့ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပရိတ်တွေသိရအောင်ပြန်ပြောပြပေးလိုက်ရပါတယ်။

ပန်ပန်ကြေးမုံက “စိတ်ထိခိုက်ဝမ်းနည်းနေတာဆိုတာကတော့ မောင်နှမတွေကတော့အကုန်လုံးကချစ်ကြတဲ့မိသားစုတွေများတာပေါ့။ ဒါပေမယ့်အစ်မတို့မှာကျတော့ အဖေက ၂၀၁၀မှာဆုံးသွားတယ်။ အိမ်မှာက ယောက်ျားသားရယ်လို့အားကိုးစရာ အစ်ကိုပဲရှိတာလေ။ အဲ့ဒါကြောင့် တစ်ခုခုဆိုရှင် အိမ်မှာက မပန်ကနည်းနည်းယောက်ျားလေးဆန်တယ်ဆိုတော့ တစ်ခုခုအိမ်မှာတစ်ခုခုဆိုရင် အားကိုးစရာ အစ်မပဲကျန်တယ် ။အဲ့ဒီကျတော့ ဘယ်လိုဖြစ်နေသလဲဆိုတော့ ကိုကြီးဆုံးသွားတဲ့အချိန်မှာ အစ်မဒီတစ်ခေါက် ဒီမှာ ရီဟာဇယ်လာတိုက်ရတဲ့အချိန်မှာ ကိုကြီးက ဆေးရုံတင်ထားရတယ်။ အစ်မက၇ရက်နေ့လာတယ် ကိုကြီးက ၈ရက်နေ့ခွဲရတယ်။ ခွဲတော့ကြားထဲမှာသူအခြေအနေသိပ်မကောင်းဘူးပေါ့နော်။ မျောနေတယ်ဆိုတော့ ၁၄ရက်နေ့မှာ အင်တာဗျူးဖြေရမှာတွေဘာတွေကို ခဏရပ်ပြီးတော့ မန္တလေးကိုခဏပြန်ပြေးရတယ် ။အသက်မီအောင်ပေါ့နော် ပြေးတဲ့အချိန်မှာလည်း အစ်မဝမ်းနည်းတာပေါ့လေဖြစ်နိုင်ရင်တော့ အိမ်ထဲမှာပဲငိုနေချင်တာပေါ့ ။

ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုဆုံးထားတာလည်းမနေ့ကမှရက်လည်ထားတာဆိုတော့ ။ ဒါပေမယ့် အစ်မပြန်စဉ်းစားတယ် ။ သွားတဲ့သူကတေ့ာ သွားပြီ အစ်မကထိုင်ငိုနေတော့လည်း အစ်မတို့အမေတို့နောက်မပန်ရဲ့အစ်မရယ်ဆိုတော့ သူတို့ရှေ့မှာ အစ်မအရမ်းလည်း ပြိုလဲနေလို့မရဘူး ပြီးတော့ မပန်ကို မျှော်လင့်နေတဲ့ အားပေးနေတဲ့ သူတွေ အကုန်လုံးကလည်း Facebookတွေ မှာလည်းအားပေးတယ် ဖုန်းနဲ့လည်းအားပေးတယ် ။သူတို့တွေအစ်မကို စိတ်အားငယ်သွားမှာ အားလျော့သွားမှာကြောက်တယ်။ ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင်တော့ ဝမ်းနည်းနေတာပေါ့နော်။ ဒါပေမယ့်လည်း ဆက်သွားရမှာပဲ ။လူဆိုတာက ဒါကမမျှော်လင့်ဘဲဖြစ်သွားတယ်ဆိုတော့ ။

မပန်က ၂၀၁၁မှာ Melody World ဝင်ပြိုင်တယ်ဆိုတော့ အစ်မအဖေဆုံးပြီးပေါ့နော်။ အိမ်ကအမေနဲ့အဖေမှာက အဖေက နည်းနည်းအေးတယ်လေ အေးရာအေးကြောင်းပဲနေတာ ။ အဲ့ဒီခါကျတော့ အစ်မကရန်ကုန်ကိုသွားမယ် တစ်ယောက်တည်းသွားပြိုင်မယ်ဆိုတဲ့အချိန်မှာ ငါ့သမီးက အဆက်သွယ်လည်းမရှိဘူးကျောထောက်နောက်ခံလည်းမရှိဘူး ။ ပြီးတော့ အစ်မတို့မိသားစုကလည်းဝန်ထမ်းဖြစ်တဲ့အခါကျတော့ သိပ်ပြီးတော့ Supporting မပေးနိုင်ဘူး ။ အဲ့ဒါကြောင့်မပြိုင်ပါနဲ့လို့တော့ အစ်မအဖေကပြောတယ်။ ၂၀၁၀ အဖေဆုံးသွားပြီး နည်းနည်းလည်း စိတ်ထိခိုက်နေတဲ့အချိန်မှာ အစ်မ Melody ကိုဝင်ပြိုင်ဖြစ်တယ်ပေါ့ ။ အခုက အစ်မတို့ဝင်ပြိုင်တဲ့အချိန်မှာ အိမ်ကအစ်ကိုမှာ ရောဂါရှိနေတယ်ဆိုလည်းမသိဘူး ။ပြိုင်တော့အစ်မတို့အစ်ကိုကလည်းအရမ်းအားပေးတယ်။ အခုသူ့ဆိုရင်ဆေးရုံတက်ရတယ်ပေါ့နော် ။ Resultတွေထွက်လာတယ် အစ်မကိုမပြောခိုင်းဘူး သူ့ဘာသာပြိုင်ပါစေ သွားပါစေ သူ့ကိုနောက်ဆံတင်းအောင်မလုပ်နဲ့ ဆိုပြီးအမေ့ကိုတားခဲ့တာ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။