



ယူနီကုဒ်ဖြင့်ဖတ်ရန်

” မင်္ဂလာမဆောင်ဘဲSingle Mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ်လို့ဝေဖန်တိုက်ခိုက်တဲ့သူတွေကို လိမ်မာပါးနပ်စွာတုံ့ပြန်လိုက်တဲ့ အေသင်ချိုဆွေ “

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။နှစ်အနည်းငယ်လောက်အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အပြင် စိတ်ခံစားချက်များကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမကို Single Mother ဖြစ်တာနဲ့ပတ်သတ်ပြီး ဝေဖန်တိုက်ခိုက်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်သူတွေကို “တခါကအစ်ကိုတစ်ယောက်ဥပမာပေးပြီးဆုံးမတဲ့ ရှင်ဘုရင်နဲ့ စားတော်ကဲ ပုံပြင်လိုပဲ။ဘာမဟုတ်တဲ့ စားတော်ကဲ ရဲ့ စကားတွေကိုယုံကြည်စိတ်ချမိခဲ့တဲ့ အတွက် အစတည်းက အတွေ့အကြုံရှိပြီး ခံယူချက်ပြင်းထန်တဲ့တိကျသေချာပြီး ပြောပြီးဖြစ်အောင်လုပ်ပေးနိုင်တဲ့ အပေါ်ယံ `လေ´မဟုတ်ဘဲ လေးလေးနက်နက်စိတ်နှစ်ထားပေးနိုင်မ့ယ့်လူမျိုးတွေနဲ့ပဲ အလုပ်တွဲလုပ်ခဲ့ရမှာ။ကိုယ့်ကလမ်းလျှောက်ရင်း လမ်းပျောက်နေပါတယ်ဆိုမှ လမ်းပြနဲ့ မတွေ့ပဲ ဘယ်နှယ့် သောက်ကျိုးနည်း နဲ့မှတိုးတယ်။ဒါလည်းငါသောက်သုံးမကျတာပါ။ယုံလွယ်တတ်တဲ့သောက်ကျင့် ။

မပြတ်သားနိုင်တဲ့သောက်ကျင့် ။လေ့လာမှုအားနည်းတဲ့သောက်ကျင့်။ကိုယ့်ထက် အရိုန်အဝါကြီးတဲ့ လူတွေဆီ ချည်းကပ်ဖို့ ကြောက်တဲ့ သောက်ကျင့်။ပြောရင် ကုန်မှာမဟုတ်ဘူး။ပြီးတော့ ကျွန်မကို မင်္ဂလာမဆောင်ဘဲSingle mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ် စသဖြင့်ပေါ့။သူတို့ သုံးတဲ့ အသုံးအနှုန်းကဒီထက်ရိုင်းပါတယ်။ ပြောနေ ရေးနေကျတဲ့ အမျိုးသမီးများအားလုံးကိုလည်း တခုလောက်ပြောပါရစေ။IDGAF ( I don’t give a fuck ) သင်တို့သာ တန်ဖိုးရှိတဲ့ မိန်းမကောင်းများဖြစ်ကြပါစေ။” ဆိုပြီး ဝေဖန်သူတွေကိုတုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရော အေသင်တို့သားအမိကိုချစ်ရင် အားပေးစကားပြောသွားပါဦးနော်။

Source : Athen Cho Swe,[email protected]