ေကာင္းေကာင္းဟာ သူ႔ရဲ႕ ပတ္ဝန္းက်င္၊ သူ႔ရဲ႕ မိသားစုေတြအတြက္ အေကာင္းဆုံး လူသားတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားမယ္လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ မိသားစုကိုလည္း အခ်ိန္ေပးရင္း ဂီတအလုပ္ေတြလည္း လုပ္ေဆာင္ေနသူ တစ္ဦးျဖစ္ပါတယ္။အဆိုေတာ္ ေကာင္းေကာင္းရဲ႕ ဂီတလႈပ္ရွားမႈေတြကိုေတာ့ ေစ့ေစ့စပ္စပ္ ျမင္ေတြ႕လာရၿပီျဖစ္ပါတယ္။ သူပိုင္ဆိုင္ထားတဲ့ မိသားစု ဘဝေလးအတြက္ အလုပ္ေတြ ပိုႀကိဳးစားမယ္လို႔ ဆိုပါတယ္။

‘’ဘဝသံသရာတံတားေပၚမွာ ေထြရာေလးပါးေတြးမိပါတယ္။ ငါ့မိသားစုအေပၚမွာ အေကာင္းဆုံးႀကိဳးစား အသက္ရွင္တယ္။ သူငယ္ခ်င္းမိတ္ေဆြေတြအေပၚေကာင္းေအာင္ ႀကိဳးစားအသက္ရွင္တယ္။ ၿပီးေတာ့လူတိုင္းအေပၚ ငါ့ဘဝေနဝင္သည္အထိ ႀကိဳးစားရအုံးမယ္။ မွိန္ေနတဲ့အလင္းေရာင္ေလးနဲ႔ လိုေနသူေတြအတြက္ မီးစာကုန္သည္အထိ လင္းေနမွာပါ။ YOU ALL’’ ဆိုၿပီးေတာ့ ေမလ ၂၈ ရက္ေန႔ ည ၉ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

ေကာင္းေကာင္းရဲ႕ ဂီတအႏုပညာအလုပ္အေပၚမွာလည္း ဇနီးေခ်ာေလးက အျပည့္အဝ ပံ့ပိုးကူညီအႀကံေပးတာေတြရွိတယ္လို႔ ဆိုပါတယ္။ သူ႔အတြက္ေတာ့ အရမ္းကို ျပည့္စုံတဲ့ ဇနီးေခ်ာေလးကို ပိုင္ဆိုင္ထားရသလိုပါပဲ။

‘’ေရေရလည္လည္ေကာင္းပါတယ္ခင္ဗ်။ ေျပာရင္ ႂကြားရက်ဦးမယ္။ သူက ကြၽန္ေတာ့္အတြက္ အရာအားလုံးပဲ။ ကြၽန္ေတာ္စားသည္ျဖစ္ေစ၊ သြားသည္ျဖစ္ေစ၊ လာသည္ျဖစ္ေစ၊ ေျပာသည္ျဖစ္ေစ၊ သူက အၿမဲတမ္းကြၽန္ေတာ့္ကို Control လုပ္ေပးႏိုင္တယ္။ ကိုကို ဘယ္ေနရာမွာ အားနည္းခ်က္ရွိတယ္၊ ကိုကို အဲဒါျပင္ေပါ့။ သူျပင္လို႔မရတာ အစားအေသာက္တစ္ခုပဲရွိတယ္။ ကြၽန္ေတာ့္အမ်ိဳးသမီးက ကြၽန္ေတာ့္အတြက္ အရမ္းခ်စ္ဖို႔ေကာင္းပါတယ္’’ လို႔ ဆက္လက္ေျဖဆိုခဲ့ပါတယ္။

အဆိုေတာ္ ေကာင္းေကာင္းဟာ လက္ရွိမွာ သူခ်စ္ရတဲ့ ဇနီးေလးနဲ႔ အတူ အိုမဟာလို႔ ေခၚတဲ့ သားေလးတစ္ေယာက္ပိုင္ဆိုင္ေနၿပီျဖစ္ပါတယ္။ ဂီတနဲ႔ ပတ္သက္ၿပီးေတာ့လည္း သီခ်င္းအသစ္ေတြ ဖန္တီးေနပါတယ္တဲ့။ သူ႔ရဲ႕ သီခ်င္းအသစ္ တစ္ပုဒ္ျဖစ္တဲ့ ‘’ေပ်ာ္ေနပါ’’ သီခ်င္းေလးကလည္း လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ သီခ်င္းတစ္ပုဒ္ဆိုလည္း မမွားပါဘူး။

ေကာင္းေကာင္းဟာ ဂီတအလုပ္ေတြကို အရင္ကထက္ပိုၿပီး လုပ္ကိုင္လာတာကို ေတြ႕ရပါတယ္။ လက္ရွိမွာေတာ့ ေဖ်ာ္ေျဖပြဲေတြမွာ ပါဝင္သီဆိုေနတယ္လို႔ သိရပါတယ္။ ေကာင္းေကာင္းဟာ ၂၀၀၈ ခုႏွစ္ Melody World သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ ပရိသတ္အားေပးမႈအမ်ားႀကီး ရရွိလာတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္ပါတယ္။

CRD_duwun

UNICODE

မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့ ကောင်းကောင်း

ကောင်းကောင်းဟာ သူ့ရဲ့ ပတ်ဝန်းကျင်၊ သူ့ရဲ့ မိသားစုတွေအတွက် အကောင်းဆုံး လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မိသားစုကိုလည်း အချိန်ပေးရင်း ဂီတအလုပ်တွေလည်း လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။

အဆိုတော် ကောင်းကောင်းရဲ့ ဂီတလှုပ်ရှားမှုတွေကိုတော့ စေ့စေ့စပ်စပ် မြင်တွေ့လာရပြီဖြစ်ပါတယ်။ သူပိုင်ဆိုင်ထားတဲ့ မိသားစု ဘဝလေးအတွက် အလုပ်တွေ ပိုကြိုးစားမယ်လို့ ဆိုပါတယ်။

‘’ဘဝသံသရာတံတားပေါ်မှာ ထွေရာလေးပါးတွေးမိပါတယ်။ ငါ့မိသားစုအပေါ်မှာ အကောင်းဆုံးကြိုးစား အသက်ရှင်တယ်။ သူငယ်ချင်းမိတ်ဆွေတွေအပေါ်ကောင်းအောင် ကြိုးစားအသက်ရှင်တယ်။ ပြီးတော့လူတိုင်းအပေါ် ငါ့ဘဝနေဝင်သည်အထိ ကြိုးစားရအုံးမယ်။ မှိန်နေတဲ့အလင်းရောင်လေးနဲ့ လိုနေသူတွေအတွက် မီးစာကုန်သည်အထိ လင်းနေမှာပါ။ YOU ALL’’ ဆိုပြီးတော့ မေလ ၂၈ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ကောင်းကောင်းရဲ့ ဂီတအနုပညာအလုပ်အပေါ်မှာလည်း ဇနီးချောလေးက အပြည့်အဝ ပံ့ပိုးကူညီအကြံပေးတာတွေရှိတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ အရမ်းကို ပြည့်စုံတဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားရသလိုပါပဲ။

‘’ရေရေလည်လည်ကောင်းပါတယ်ခင်ဗျ။ ပြောရင် ကြွားရကျဦးမယ်။ သူက ကျွန်တော့်အတွက် အရာအားလုံးပဲ။ ကျွန်တော်စားသည်ဖြစ်စေ၊ သွားသည်ဖြစ်စေ၊ လာသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ သူက အမြဲတမ်းကျွန်တော့်ကို Control လုပ်ပေးနိုင်တယ်။ ကိုကို ဘယ်နေရာမှာ အားနည်းချက်ရှိတယ်၊ ကိုကို အဲဒါပြင်ပေါ့။ သူပြင်လို့မရတာ အစားအသောက်တစ်ခုပဲရှိတယ်။ ကျွန်တော့်အမျိုးသမီးက ကျွန်တော့်အတွက် အရမ်းချစ်ဖို့ကောင်းပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

အဆိုတော် ကောင်းကောင်းဟာ လက်ရှိမှာ သူချစ်ရတဲ့ ဇနီးလေးနဲ့ အတူ အိုမဟာလို့ ခေါ်တဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းအသစ်တွေ ဖန်တီးနေပါတယ်တဲ့။ သူ့ရဲ့ သီချင်းအသစ် တစ်ပုဒ်ဖြစ်တဲ့ ‘’ပျော်နေပါ’’ သီချင်းလေးကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

ကောင်းကောင်းဟာ ဂီတအလုပ်တွေကို အရင်ကထက်ပိုပြီး လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ ဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုနေတယ်လို့ သိရပါတယ်။ ကောင်းကောင်းဟာ ၂၀၀၈ ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအများကြီး ရရှိလာတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။