ပရိသတ္ေတြအားက်ရတဲ့ စံုတြဲေလး တတြဲျဖစ္တဲ့ ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴတို႔ကေတာ့ လက္တေလာမွာ အႏုပညာလႈပ္ရွားမႈေတြ ကိုယ္စီလုပ္ေနၾကျပီး ပြဲေတြ တက္ျဖစ္ေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ေရႊထူး၊ ေရႊမႈံရတီ၊ ေနျခည္ဦးတို႔ ပါဝင္ရိုက္ကူးထားတဲ့ ဧည့္သည္ ဆိုတဲ့ ဇာတ္ကားေလးကို လာေရာက္ၾကည့္ရႈခဲ့ျပီး ေရႊထူး ေရႊမႈံရတီတို႔နဲ႔ ပတ္သက္ျပီးလည္း ေျပာၾကားသြားခဲ့ပါတယ္။

ရဲရင့္ေအာင္နဲ႔ ဧျငိမ္းျဖဴကေတာ့ ဆန္းေဒးနဲ႔ အင္တာဗ်ဴးမွာေတာ့ ေရႊႏွစ္ေရႊနဲ႔ ပတ္သက္ျပီး “သူတို႔က ဇာတ္ကားထဲမွာမွ မဟုတ္ဘူး။ အျပင္မွာလည္း ရုိေနတဲ့ စံုတြဲဆိုေတာ့ ခ်စ္ဖို႔ေကာင္းတယ္။ သူတို႔လည္း ခ်စ္ၾကတယ္ဆိုတာေလးကို ျမင္မိတာေပါ့။ ရိုတာမရိုတာေတာ့ မသိဘူး။ ေရႊထူးကေတာ့ က်ေနာ္နဲ႔ေတြ႔ရင္ အျမဲတမ္းသူ႔မိန္းမကို ၾကြားတယ္။ မသိဘူး မ်က္ႏွာခ်င္းဆိုင္ေတြ႔ရင္ ေရႊထူးက ဟား ရဲရင့္ ဒီမွာ ငါ့မိန္းမဆိုျပီးေတာ့ ၾကြားေနတာပဲ။ ရိုမရိုေတာ့ မသိဘူး။ စပ္ျဖဲျဖဲနဲ႔ က်ေနာ္ကလဲ”

ဧျငိမ္းျဖဴကေတာ့ “ညီမတို႔က်ေတာ့ မိဘေတြသိေနေတာ့ ဘာလုပ္လုပ္အဆင္ေျပတယ္။ လြတ္လြတ္လပ္လပ္ရွိတယ္။ ရိုးသားၾကတယ္။ တေယာက္ကို တေယာက္ ပြင့္လင္းၾကတယ္။ ျပီးရင္ အေမတို႔ ျပန္လာဆိုတဲ့အခ်ိန္ဆို ျပန္လာတယ္။ အေမတို႔ စကားနားေထာင္ေတာ့ ၾကာလာေတာ့ သေဘာတူၾကပါတယ္။ ၾကိဳးစားရဦးမွာေပါ့”

ရဲရင့္ေအာင္ကေတာ့ “က်ေနာ္အမ်ားၾကီး ၾကိဳးစားရဦးမွာပါ။ Plan ေလးေတြလည္း ေသခ်ာစဥ္းစားရမွာေပါ့။ Plan ဆိုကတည္းက တည္ေဆာက္ရမွာေပါ့ေနာ္။ က်ေနာ္က ရိုးရိုးရွင္းရွင္းေလး ေနခ်င္တယ္။ ရိုးရိုးရွင္းရွင္းသမားျဖစ္တယ္။ စိတ္ခ်မ္းသာခ်င္တယ္။ ႏွစ္ေယာက္လံုး အပူအပင္မရွိပဲ ေအးေအးခ်မ္းခ်မ္းေလးပဲ ေနခ်င္တယ္။ အဲ့လိုပါပဲ။ က်ေနာ့္သီခ်င္းေခြကေတာ့ မၾကာေတာ့ပါဘူး။ ေခြမထြက္ခင္မွာလည္း လာေတာ့မယ့္ အရာေတြ ရွိပါတယ္။ ဒါကိုေတာ့ သိပ္အမ်ားၾကီး မေျပာေတာ့ပါဘူး။ ေက်းဇူးတင္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

UNICODE

CRD-nanmalgyi

ရွှေထူးက သူ့မိန်းမကို အမြဲတမ်းကြွားတယ်ဆိုတဲ့ ရဲရင့်အောင်

ပရိသတ်တွေအားကျရတဲ့ စုံတွဲလေး တတွဲဖြစ်တဲ့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ကိုယ်စီလုပ်နေကြပြီး ပွဲတွေ တက်ဖြစ်နေကြပါတယ်။ သူတို့နှစ်ယောက်ကတော့ ရွှေထူး၊ ရွှေမှုံရတီ၊ နေခြည်ဦးတို့ ပါဝင်ရိုက်ကူးထားတဲ့ ဧည့်သည် ဆိုတဲ့ ဇာတ်ကားလေးကို လာရောက်ကြည့်ရှုခဲ့ပြီး ရွှေထူး ရွှေမှုံရတီတို့နဲ့ ပတ်သက်ပြီးလည်း ပြောကြားသွားခဲ့ပါတယ်။

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူကတော့ ဆန်းဒေးနဲ့ အင်တာဗျူးမှာတော့ ရွှေနှစ်ရွှေနဲ့ ပတ်သက်ပြီး “သူတို့က ဇာတ်ကားထဲမှာမှ မဟုတ်ဘူး။ အပြင်မှာလည်း ရိုနေတဲ့ စုံတွဲဆိုတော့ ချစ်ဖို့ကောင်းတယ်။ သူတို့လည်း ချစ်ကြတယ်ဆိုတာလေးကို မြင်မိတာပေါ့။ ရိုတာမရိုတာတော့ မသိဘူး။ ရွှေထူးကတော့ ကျနော်နဲ့တွေ့ရင် အမြဲတမ်းသူ့မိန်းမကို ကြွားတယ်။ မသိဘူး မျက်နှာချင်းဆိုင်တွေ့ရင် ရွှေထူးက ဟား ရဲရင့် ဒီမှာ ငါ့မိန်းမဆိုပြီးတော့ ကြွားနေတာပဲ။ ရိုမရိုတော့ မသိဘူး။ စပ်ဖြဲဖြဲနဲ့ ကျနော်ကလဲ”

ဧငြိမ်းဖြူကတော့ “ညီမတို့ကျတော့ မိဘတွေသိနေတော့ ဘာလုပ်လုပ်အဆင်ပြေတယ်။ လွတ်လွတ်လပ်လပ်ရှိတယ်။ ရိုးသားကြတယ်။ တယောက်ကို တယောက် ပွင့်လင်းကြတယ်။ ပြီးရင် အမေတို့ ပြန်လာဆိုတဲ့အချိန်ဆို ပြန်လာတယ်။ အမေတို့ စကားနားထောင်တော့ ကြာလာတော့ သဘောတူကြပါတယ်။ ကြိုးစားရဦးမှာပေါ့”

ရဲရင့်အောင်ကတော့ “ကျနော်အများကြီး ကြိုးစားရဦးမှာပါ။ Plan လေးတွေလည်း သေချာစဉ်းစားရမှာပေါ့။ Plan ဆိုကတည်းက တည်ဆောက်ရမှာပေါ့နော်။ ကျနော်က ရိုးရိုးရှင်းရှင်းလေး နေချင်တယ်။ ရိုးရိုးရှင်းရှင်းသမားဖြစ်တယ်။ စိတ်ချမ်းသာချင်တယ်။ နှစ်ယောက်လုံး အပူအပင်မရှိပဲ အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်။ အဲ့လိုပါပဲ။ ကျနော့်သီချင်းခွေကတော့ မကြာတော့ပါဘူး။ ခွေမထွက်ခင်မှာလည်း လာတော့မယ့် အရာတွေ ရှိပါတယ်။ ဒါကိုတော့ သိပ်အများကြီး မပြောတော့ပါဘူး။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။