Loading...

ထိုင္း႐ုပ္ရွင္ေလာကမွာ ျပည္တြင္းသာမက ျပည္ပကိုပါ ထိုးေဖာက္ႏိုင္တဲ့ ဇာတ္ကားပုံစံမ်ိဳးက သရဲကား၊ ေမွာ္ကား၊ စုန္းကားေတြပဲ ျဖစ္တယ္ဆိုတာ အားလုံးသိၾကမွာပါ။ ထိုင္းသရဲကားေတြဟာ ေၾကာက္လန႔္ျခင္း ရသကိုေပးစြမ္းႏိုင္တဲ့အျပင္ ၾကည့္ရႈ႕သူပရိသတ္ကို ႐ိုးမသြားေအာင္ ဟာသေလးေတြလည္း ေရာေႏွာထားတတ္တာမို႔ ႏိုင္ငံတကာမွာ ထိုင္းသရဲကားေတြကို လူႀကိဳက္မ်ားပါတယ္။

အခုလည္း ထိုင္းနဲ႔ ျမန္မာ ပူေပါင္းၿပီး “ မဖဲဝါ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ေမလ ဒုတိယအပတ္မွာပဲ စတင္ ႐ိုက္ကူးေနၿပီး အဆိုပါ ဇာတ္ကားကို ျမန္မာ၊ ထိုင္းနဲ႔ ႏိုင္ငံတကာမွာပါ ျပသရန္စီစဥ္ထားေၾကာင္း သိရပါတယ္။ “ မဖဲဝါ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ထိုင္းႏိုင္ငံမွ ဒါ႐ိုက္တာ Pakphum Wongjinda မွ ႐ိုက္ကူးေနၿပီး ထိုင္းမင္းသား Nararphat Stary ၊ ထိုင္းဟာသသ႐ုပ္ေဆာင္ Kohtee Aramboy တို႔နဲ႔ ခါရာ၊ ပက္ထရစ္ရွာ၊ အကယ္ဒမီ ေမသၪၨာဦး၊ ေနာ္ေဖာအယ္ထား၊ လီလီေက်ာ္ခိုင္နဲ႔ ထိုင္းသ႐ုပ္ေဆာင္မ်ားစြာတို႔ပါဝင္ေၾကာင္း သိရပါတယ္။

ပက္ထရစ္ရွာက “ မဖဲဝါဇာတ္ကားက ဇာတ္ၫႊန္းဖတ္တည္းက ေၾကာက္ခဲ့ရတဲ့ ဇာတ္ကားေပါ့။ ထိုင္းက ဒါ႐ိုက္တာ႐ိုက္ကူးၿပီး ထိုင္းက သ႐ုပ္ေဆာင္ေတြနဲ႔ တြဲဖက္႐ိုက္ကူးရမွာဆိုေတာ့ စိတ္လႈပ္ရွားတယ္။ ဒီဇာတ္ကားမွာ ညီမရဲ႕ခ်စ္သူက ထိုင္းေကာင္ေလးေပါ့။ သူနဲ႔ဆိုရင္ ထိုင္းဘာသာစကားနဲ႔ေျပာရမွာဆိုေတာ့ ထိုင္းဘာသာစကားကို ေသခ်ာႀကိဳၿပီးသင္ထားရတယ္။ သူနဲ႔တကယ္ ရင္းႏွီးမႈရွိေအာင္လည္း ဂိမ္းအတူ ေဆာ့ခိုင္းတာမ်ိဳးေတြ လုပ္ခိုင္းတယ္။ တကယ္႐ိုက္မယ့္ အခ်ိန္မွာလည္း စကားေျပာကို အာ႐ုံစိုက္ရင္း အမူအရာ လြတ္သြားတာမ်ိဳးျဖစ္မွာ စိုးတယ္။ ဒါေၾကာင့္ ေသခ်ာႀကိဳၿပီး ျပင္ဆင္ေနပါတယ္။ အဝတ္အစားနဲ႔ မိတ္ကပ္ပိုင္းကိုေတာ့ သိပ္စိတ္မပူဘူး။ ထိုင္းက အဖြဲ႕ေတြက Costume Designer နဲ႔ မိတ္ကပ္ပိုင္းေတြကို တစ္ခါတည္းျပင္ဆင္ေပးထားမွာပါ။ ဒီဇာတ္ကားက ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံအျပင္ အျခားႏိုင္ငံေတြမွာလည္း ႐ုံတင္မွာဆိုေတာ့ အရမ္းလည္း တာဝန္ႀကီးသလို အရမ္းလည္း ေပ်ာ္ပါတယ္ ” လို႔ ေျပာပါတယ္။

“ ထိုင္းမွာ သရဲဇာတ္ကားေတြ ႐ိုက္ကူးၾကတာ အရမ္းမ်ားတယ္။ အခုျမန္မာေတြနဲ႔ ပူးေပါင္းၿပီး ဇာတ္ကား႐ိုက္ဖို႔ စီစဥ္တဲ့အခါမွာ ဒီဇာတ္ကားရဲ႕ ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီး စိတ္ဝင္စားတာနဲ႔႐ိုက္ျဖစ္သြားတာပါ။ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးစားသြားပါမယ္ ” လို႔ ဒါ႐ိုက္တာႀကီး Pakphum ေျပာပါတယ္။ အခု႐ိုက္ကူးေနတဲ့ “ မဖဲဝါ ” ႐ုပ္ရွင္ဇာတ္ကားႀကီးဟာ သည္းထိတ္ရင္ဖိုေၾကာက္ဖို႔ေကာင္းတဲ့ ဇာတ္ကားႀကီးျဖစ္တဲ့အျပင္ ဟာသေလးေတြလည္း ေရာေႏွာထားတာမို႔ ျမန္မာပရိသတ္ႀကီးလည္း အႀကိဳက္ေတြ႕ေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

CRD-We media

UNICODE

“ မဖဲဝါ ” ဇာတ်ကားကြီးကို ထိုင်းနဲ့ မြန်မာပူးပေါင်းကာ စတင်ရိုက်ကူးနေပြီး နိုင်ငံတကာမှာ ပြသရန်စီစဉ်ထား

ထိုင်းရုပ်ရှင်လောကမှာ ပြည်တွင်းသာမက ပြည်ပကိုပါ ထိုးဖောက်နိုင်တဲ့ ဇာတ်ကားပုံစံမျိုးက သရဲကား၊ မှော်ကား၊ စုန်းကားတွေပဲ ဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ထိုင်းသရဲကားတွေဟာ ကြောက်လန့်ခြင်း ရသကိုပေးစွမ်းနိုင်တဲ့အပြင် ကြည့်ရှု့သူပရိသတ်ကို ရိုးမသွားအောင် ဟာသလေးတွေလည်း ရောနှောထားတတ်တာမို့ နိုင်ငံတကာမှာ ထိုင်းသရဲကားတွေကို လူကြိုက်များပါတယ်။

အခုလည်း ထိုင်းနဲ့ မြန်မာ ပူပေါင်းပြီး “ မဖဲဝါ ” ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ဒုတိယအပတ်မှာပဲ စတင် ရိုက်ကူးနေပြီး အဆိုပါ ဇာတ်ကားကို မြန်မာ၊ ထိုင်းနဲ့ နိုင်ငံတကာမှာပါ ပြသရန်စီစဉ်ထားကြောင်း သိရပါတယ်။ “ မဖဲဝါ ” ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံမှ ဒါရိုက်တာ Pakphum Wongjinda မှ ရိုက်ကူးနေပြီး ထိုင်းမင်းသား Nararphat Stary ၊ ထိုင်းဟာသသရုပ်ဆောင် Kohtee Aramboy တို့နဲ့ ခါရာ၊ ပက်ထရစ်ရှာ၊ အကယ်ဒမီ မေသဉ္ဇာဦး၊ နော်ဖောအယ်ထား၊ လီလီကျော်ခိုင်နဲ့ ထိုင်းသရုပ်ဆောင်များစွာတို့ပါဝင်ကြောင်း သိရပါတယ်။

ပက်ထရစ်ရှာက “ မဖဲဝါဇာတ်ကားက ဇာတ်ညွှန်းဖတ်တည်းက ကြောက်ခဲ့ရတဲ့ ဇာတ်ကားပေါ့။ ထိုင်းက ဒါရိုက်တာရိုက်ကူးပြီး ထိုင်းက သရုပ်ဆောင်တွေနဲ့ တွဲဖက်ရိုက်ကူးရမှာဆိုတော့ စိတ်လှုပ်ရှားတယ်။ ဒီဇာတ်ကားမှာ ညီမရဲ့ချစ်သူက ထိုင်းကောင်လေးပေါ့။ သူနဲ့ဆိုရင် ထိုင်းဘာသာစကားနဲ့ပြောရမှာဆိုတော့ ထိုင်းဘာသာစကားကို သေချာကြိုပြီးသင်ထားရတယ်။ သူနဲ့တကယ် ရင်းနှီးမှုရှိအောင်လည်း ဂိမ်းအတူ ဆော့ခိုင်းတာမျိုးတွေ လုပ်ခိုင်းတယ်။ တကယ်ရိုက်မယ့် အချိန်မှာလည်း စကားပြောကို အာရုံစိုက်ရင်း အမူအရာ လွတ်သွားတာမျိုးဖြစ်မှာ စိုးတယ်။ ဒါကြောင့် သေချာကြိုပြီး ပြင်ဆင်နေပါတယ်။ အဝတ်အစားနဲ့ မိတ်ကပ်ပိုင်းကိုတော့ သိပ်စိတ်မပူဘူး။ ထိုင်းက အဖွဲ့တွေက Costume Designer နဲ့ မိတ်ကပ်ပိုင်းတွေကို တစ်ခါတည်းပြင်ဆင်ပေးထားမှာပါ။ ဒီဇာတ်ကားက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ရုံတင်မှာဆိုတော့ အရမ်းလည်း တာဝန်ကြီးသလို အရမ်းလည်း ပျော်ပါတယ် ” လို့ ပြောပါတယ်။

“ ထိုင်းမှာ သရဲဇာတ်ကားတွေ ရိုက်ကူးကြတာ အရမ်းများတယ်။ အခုမြန်မာတွေနဲ့ ပူးပေါင်းပြီး ဇာတ်ကားရိုက်ဖို့ စီစဉ်တဲ့အခါမှာ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး စိတ်ဝင်စားတာနဲ့ရိုက်ဖြစ်သွားတာပါ။ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားသွားပါမယ် ” လို့ ဒါရိုက်တာကြီး Pakphum ပြောပါတယ်။ အခုရိုက်ကူးနေတဲ့ “ မဖဲဝါ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ သည်းထိတ်ရင်ဖိုကြောက်ဖို့ကောင်းတဲ့ ဇာတ်ကားကြီးဖြစ်တဲ့အပြင် ဟာသလေးတွေလည်း ရောနှောထားတာမို့ မြန်မာပရိသတ်ကြီးလည်း အကြိုက်တွေ့စေမယ်လို့ မျှော်လင့်မိပါတယ်။