Loading...




Photo – သဉ္ဇာနွယ်ဝင်း,CRD-Myanmarload

UNICODE

ပရိသတ်ကြီးရေ..အောင်မြင်ကျော်ကြားတဲ့ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေအခိုင်အမာရရှိထားပေမယ့်အိမ်ထောင်ပြုပြီးနောက်ပိုင်းအနုပညာအလုပ်တွေနည်းပါးသွားတဲ့ပြည်သူ့အသည်းကျော်သရုပ်ဆောင်မင်းသမီးချောကတော့သဉ္ဇာနွယ်ဝင်းပဲဖြစ်ပါတယ်နော်..။ပရိသတ်တွေရဲ့အချစ်တွေအပြင်ချစ်စရာသားသားလေးနဲ့အတူသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ သူမကတော့ ခင်ပွန်းဖြစ်သူအတွက်လည်း Surprise လေး ပြုလုပ်တတ်တာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့အချစ်တော်လေးသဉ္ဇာကတော့မေလ(၁၄)ရက်နေ့ကကျရောက်ခဲ့တဲ့ခင်ပွန်းဖြစ်သူအတွက်မွေးနေ့ဆုတောင်းစကားလေးနဲ့ မွေးနေ့ Surprise လေးတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်..။သူမတို့ ဇနီးမောင်နှံလေး ဖွင့်လှစ်ထားတဲ့ Hip Hop City အလုံဆိုင်ခွဲလေးမှာလည်း ဝန်ထမ်းတွေနဲ့အတူတူ ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ Surprise လေး ပြုလုပ်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း မျှဝေထားပါတယ်နော်..။

အားလုံးပျော်ပျော်ပါးပါးပြုလုပ်ပေးကြတဲ့မွေးနေ့Surpriseလေးမှာအမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေနဲ့ဗီဒီယိုဖိုင်လေးကလည်းပရိသတ်တွေကိုအပျော်လေးကူးစက်စေမှာပါနော်..။ဒီကနေ့လေးမှာတော့ချစ်ခင်ပွန်းအတွက် မွေးနေ့ Surprise လေး ပြုလုပ်ပေးခဲ့တဲ့ သဉ္ဇာနဲ့ဆိုင်ဝန်ထမ်းတွေရဲ့ ကြည်နူးပျော်ရွှင်စရာ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။